Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုခရိုင်အတွင်း ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ တတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ သြဂုတ် ဒုတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၂၅၀၀၊ မန္တလေးသို့ အိတ်ရေ၂၆၉၀၀၊ နေပြည်တော် သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၅၄၅၀၀၊ တန်အားဖြင့် ၂၇၂၅တန် စီးထွက်ခဲ့ ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄၀၀၀၊မန္တလေးသို့ အိတ်ရေ ၂၆၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၅၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၄၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၅၅၀၀၀၊ တန်အားဖြင့် ၂၇၅၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၊ တန်အားဖြင့် ၂၅တန် ပို၍ စီးထွက်ခဲ့ပါသည်။

     ရွှေဘိုမြို့၏ ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၅၀၀၀ ၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၈၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကံမမြို့နယ်၊ ကျေးရွာများ၌ မိုးစပါးများစိုက်ပျိုးလျက်ရှိ

   ကံမမြို့နယ်၊ ပတ်ဝန်းကျင်ကျေးရွာများသည် မဒေးဆည်ရေလှောင်တမံမှရရှိသော ဆည်ရေများဖြင့် နွေစပါး၊ မိုးစပါးများစိုက်ပျိုးလျက်ရှိရာ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးစပါးလျာထားဧကမှာ (၂၄၂၆၂)ဧကဖြစ်ပြီး ဩဂုတ်လ(ဒုတိယပတ်)အထိ စိုက်ပျိုးပြီးစီးမှုဧကမှာ (၁၈၇၂၁)ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

     စပါးများစိုက်ပျိုးရာတွင် စပယ်ခြုံကျေးရွာ၌ ဆာဖိုးသာစပါးမျိုးကို နွေစပါးအဖြစ် (၇)ဧကစိုက်ပျိုးထားရာ (၁)ဧကလျှင် အထွက်နှုန်း(၁၅၂.၈၆)တင်းထွက်ရှိကြောင်း၊ အထွက်တင်းအနေဖြင့် (၁၀၇၀)တင်းရရှိပြီး တင်း(၈၀၀)ကို မျိုးစပါးအနေဖြင့် ဒေသခံတောင်သူအချင်းချင်းဖြန့်ဝေရောင်းချကြပါကြောင်း၊ ဧည့်မထအုပ်စုတွင်ပါဝင်၍ ဆန်မှာ စီး၍လူကြိုက်များပါကြောင်း၊ ဆာဖိုးသာစပါးမျိုး (၁)တင်းလျှင် ကျပ်(၂၅၀၀၀)ဖြင့် တောင်သူအချင်းချင်းဖလှယ်၍ ရောင်းချပါကြောင်း တောင်သူများထံမှသိရှိရပါသည်။ ဆာဖိုးသာစပါးမျိုးမှာ အထွက်နှုန်းကောင်းမွန်သောကြောင့် မိုးစပါးအဖြစ် ဧက(၂၀၀)လျာထားကြောင်း၊ ကျောက်မဲကျေးရွာတွင် ဧက(၁၀၀) စိုက်ပျိုးပြီး အခြားကျေးရွာများ၌ (၅၂)ဧကစိုက်ပျိုးလျက်ရှိရာ ဩဂုတ်လ(ဒုတိယပတ်)ထိ ဧက (၁၅၂)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၌ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ပခုက္ကူမြို့၌ စက်သုံးဆီအရောင်းဆိုင်(၁၅)ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်(ပထမပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် (၂၂၂၀)ကျပ်၊ 95 တစ်လီတာလျှင် (၂၃၃၅)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၄၉၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် (၂၅၇၀)ကျပ်ဈေးနှုန်းများဖြင့်ရောင်းချခဲ့ပြီး            ဩဂုတ်လ(ဒုတိယပတ်)တွင်  92 တစ်လီတာလျှင် (၂၃၃၀) ကျပ်၊ 95 တစ်လီတာလျှင် (၂၄၄၅)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၅၈၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် (၂၅၀၅)ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။

    ဩဂုတ်လ(ပထမပတ်)နှင့် (ဒုတိယပတ်)ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် 92 တစ်လီတာလျှင် (၁၁၀)ကျပ်၊ 95 တစ်လီတာလျှင် (၁၁၀)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၈၅)ကျပ်ဈေးနှုန်းများဖြင့် အသီးသီးဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ပရီမီယမ်ဒီဇယ်ဈေးမှာ တစ်လီတာလျှင် (၆၅)ကျပ်ဖြင့် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်နေကြကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)

နတ်တလင်းခရိုင်အတွင်း ရွှေနံသာပေါ်ဆန်းမွှေးစပါးများ စမ်းသပ်စိုက်ပျိုးပြီးစီးမှု

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း (၁၄..၂၀၂၃)ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်/ မြောင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန စက်မှုလယ်ယာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပါဝင်သောပူးပေါင်းအဖွဲ့သည် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ သဲကုန်းမြို့နယ် ပွဲပြည့်စိုက်ပျိုးရေးခြံ၊ ပေါင်းတည်မြို့နယ် စိုက်ခြံသို့သွားရောက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ရွှေနံသာ ပေါ်ဆန်းမွှေးစပါး လျာထားချက်အပေါ် တမန်းနှိုးပြီး အခြေအနေ၊ ဓါတ်မြေဩဇာထည့်သွင်းမှုအခြေအနေ၊ စိုက်ပျိုးပြီးစီးမှု၊ ပျိးထောင်စိုက်ခင်း၊ ကြဲခင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ခြင်း၊ Drum Seederများနှင့် စိုက်ပျိုးခြင်းတို့ကို လေ့လာကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     နတ်တလင်းခရိုင်အတွင်း ရွှေနံသာပေါ်ဆန်းစပါးစိုက်ပျိုးမှုမှာ နတ်တလင်းမြို့နယ်တွင် (၁၆)ဧက၊ ဇီးကုန်းမြို့နယ်တွင် ()ဧက၊ သဲကုန်းပွဲပြည့်တွင် ()ဧက၊ ပေါင်းတည်မြို့နယ်တွင် ()ဧက စုစုပေါင်း (၂၈)ဧက စမ်းသပ်စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

ဩဂုတ်လအတွင်း ဇီးကုန်းမြို့နယ်တွင် ဖြစ်ပေါ်နေသောမတ်ပဲဈေးနှုန်း

    ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပွဲရုံများတွင် ယခုဩဂုတ်လ (ဒုတိယပတ်)တွင် ရောင်းဝယ်နေသောမတ်ပဲဈေးနှုန်းများမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၇၅၅၀၀) ကျပ်ဈေးဖြစ်သဖြင့် ယခုဇူလိုင်လ (တတိယပတ်)ဈေးနှုန်းဖြင့်နှိုင်းယှဉ်ပါက ဈေးနှုန်းပြန်လည်မြင့်တက်လာသည်ကို တွေ့ရပါသည်။

    ယခင် ဇူလိုင်လ (တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးမှာပိဿာ(၂၀)  တစ်တင်းလျှင်(၇၄၀၀၀)ကျပ် ဖြစ်ခဲ့ပြီး စတုတ္တပတ်တွင် တစ်တင်းလျင်(၇၃၅၀၀) ကျပ် ထိဈေးကျ ဆင်းခဲ့ပါသည်။ ယခုဩဂုတ်လ ပထမပတ်တွင် ရောင်းဝယ်ခဲ့သောဈေးနှုန်းမှာ ပိဿာ(၂၀) တစ်တင်းလျှင်  (၇၄၅၀၀ )ကျပ်ဖြစ်ခဲ့ပြီး ယခုဒုတိယပတ်တွင် (၇၅၅၀၀)ကျပ်ဖြင့် အရောင်း အဝယ်  ဖြစ်နေကြောင်း သိရှိရပါသည်။

 ဇူလိုင်လ (တတိယပတ်)ဈေးနှုန်း ပိဿာ(၂၀)တစ်တင်းလျှင်(၇၄၀၀၀)ကျပ်ဈေး နှင့် ဩဂုတ်လ(ဒုတိယပတ်)ဈေးနှုန်း (၇၅၀၀၀)ကျပ်ကို နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်အမြင့်ဖြင့်သာ ရောင်းဝယ်နေသည်ကို တွေ့ရပြီး ရောင်းဝယ်မှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ ပုံမှန်တစ်ရက်လျှင်  ပိဿာ (၂၀)ဝင်အိတ်၊ အိတ်(၂၀၀-၂၅၀)အထိ တင်ပို့နေရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

   နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် အပတ်စဉ်သောကြာနေ့တိုင်း အခြေခံစားကုန်များကိုရောင်းချပေးလျက်ရှိပါသည်။ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စာသုံးသူရေးရာဦးစီးဌာနတို့မှ  ပူးပေါင်းစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ပေါင်းတည်မြို့နယ် ဘုရားကြီးလမ်းတွင်ယခု ဩဂုတ်လတွင် ရောင်းချပေးနေသော အခြေခံစားကုန်များနှင့် ဈေးနှုန်းများမှာ  ဆန်တစ်ပြည် (၂၅၀၀) ကျပ် ၊ ကြက်ဥတစ်လုံး (၂၅၀)ကျပ်၊ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(ဗမာ)တစ်ပိဿာ (၁၃၀၀၀)  ကျပ်၊ ကြက်သားcp တစ်ပိဿာ (၁၁၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၂၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ (၁၃၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၃၀၀၀)ကျပ်ဖြင့် ရောင်းချပေးနေပါသည်။ ဟင်းသီးဟင်းရွက်များမှာ ခဝဲသီး (ရှည်)တစ်တောင့် (၁၅၀)ကျပ်၊ ပဲသီး(၁၀)တောင့်ပါတစ်စည်း (၁၀၀)ကျပ်  ၊  ကန်စွန်းရွက် တစ်စည်း (၁၀၀)ကျပ်၊ ရွှေဖရုံသီးတစ်လုံး (၃၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်လုံး(၁၀၀)ကျပ်၊ ခရမ်းသီး (အကြီး)တစ်လုံး (၁၀၀)ကျပ်၊ မြင်းခွာရွက် သုံးစည်း (၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်း   (၅၀)ကျပ် တိုဖြင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို အပါတ်စဉ် သောကြာနေ့တိုင်း ရောင်းချပေးနေကြောင်းသိရ  ပါသည်။

DOCA(ပဲခူး)

 

ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်မှ ဝင်ရောက်လာသော ခရမ်းချဉ်သီးများ အရောင်းအဝယ်ဖြစ်

    မြန်မာနိုင်ငံတွင် ခရမ်းချဉ်ပင်ကို နေရာအနှံအပြားတွင်စိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် ခရမ်းချဉ်ကို မိုးရာသီတွင် စိုက်ပျိုးခြင်းမရှိဘဲ၊ ဆောင်းရာသီတွင်သာ စိုက်ပျိုးကြပါသည်။ မြန်မာဟင်းအမျိုးမျိုးချက်ပြုတ်ရာတွင် ထည့်သွင်း၍ ချက်ပြုတ်ကြပါသည်။ ခရမ်းချဉ်သီးကို ဟင်းလိမ်မာသီးဟူ၍လည်း ခေါ်ဆိုကြပါသည်။

    ယခုလို မိုးရာသီတွင် ပြည်ဒေသ၍ ခရမ်းချဉ်သီးများစိုက်ပျိုးခြင်းမရှိသဖြင့် စားသုံးသူများ စားသုံးရန်အတွက် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်ဘက်မှ မှာယူတင်သွင်းရောင်းချကြောင်း သိရပါသည်။ စားသုံးသူများအနေဖြင့်လည်း ခရမ်းချဉ်သီးကို ဟင်းချက်ရာတွင် ဟင်းအနှစ်အဖြစ်လည်းချက်၍ စားသုံးကြသဖြင့် ဝယ်ယူစားသုံးမှုများရှိကြပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသော ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသော ကိုင်းခရမ်းချဉ်သီးအဝိုင်းများမှာ ဩဂုတ်လပထမပတ်တွင် တစ်ပိဿာကို (၄၀၀၀)ကျပ်၊ ရိုးရိုးခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၄၀၀)ကျပ်ဖြင့် ဈေးများတွင်ရောင်းချလျက်ရှိပါသည်။ ခရမ်းချဉ်သီးများထွက်ပေါ်ချိန်မဟုတ်သဖြင့် ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရပါသည်။ မိုးတွင်းတွင် ထွက်ပေါ်လာသော ခရမ်းချဉ်သီးမှာ ဈေးကောင်းသဖြင့် မိမိတို့ ပြည်ခရိုင်တွင်စိုက်ပျိုးနိုင်မည်ဆိုပါက အခြားပြည်နယ်များမှ ဝယ်ယူစရာမလိုဘဲ ဒေသတွင်း ဖူလှုံစွာစားသောက်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းချိုသာစွာဖြင့်လည်း ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်တွင် ပဲကြီးစေ့မှ ပဲကြော်လုပ်ငန်းများအဆင်ပြေလျက်ရှိ

   ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ဒေါင်းမြတ်နားအုပ်စု၊ မြောင်ရှည်ကျေးရွာတွင် "ထက်ကောင်းမွန် "တံဆိပ်ဖြင့် ပဲကြော်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ရောင်းဝယ် ဖောက်ကားလျက်ရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေး နှင့် ဝန်ထမ်းများအဖွဲ့သည် (၁၁.၈.၂၀၂၃)နေ့ နံနက် (၁၀:၀၀)အချိန်တွင် သွားရောက်၍ ပဲကြော်ဈေးနှုန်း၊ ဈေးကွက် အခြေအနေကို ဆွေးနွေးခဲ့ပါသည်။

      ထိုသို့ ပဲကြော်လုပ်ငန်းရှင် ဦးရန်နိုင်ဌေး နှင့် တွေ့ဆုံ၍ မေးမြန်းရာ ပဲကြော်လုပ်ငန်း လုပ်ကိုင် ရာတွင် ပဲကြီးစေ့ အစိမ်းကိုရေ(၈)နာရီခန့် စိမ်ပြီးနောက် ပဲအခွံချွတ်စက်ဖြင့် ပဲကြီးစေ့များကို အခွံ ချွတ်ရပါသည်။ အခွံချွတ်ပြီးသားပဲကြီးစေ့ကို ဂျုံနှင့် ကော်မှုန့် အနည်းငယ်ဖြင့် လူးနယ်ပြီး ဆီဖြင့် ကြော်ရကြောင်း သိရပါသည်။ ပဲကြီး အချိန် ပိဿာ(၃၀)လျှင် အဓိက ကော်မှုန့်(၂)ပိဿာနဲ့ လူးနယ် ရပါသည်။ ဆီသုံးစွဲမှုအနေဖြင့် တစ်ခါကြော်လျှင် စားအုန်းဆီပိဿာချိန် (၂၀)ခန့် သုံးစွဲရကြောင်းသိရပြီး ပဲကြော်ဈေးကွက်အနေဖြင့် ပန်းတောင်းမြို့နယ်အတွင်းရှိ ပဲကြီး၊ ကမြိုင်၊ ကွင်းလှ၊ ဥသျှစ်ပင်၊ ပန်းတောင်းမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များနှင့် ဆင်ထဲမြို့သို့ ဖြန့်ဖြူးရောင်းချကြောင်း သိရပါသည်။

    ပဲကြော်ဈေးနှုန်းများအနေဖြင့် လက်ကားဈေးမှာ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်နှင့်၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချကြောင်း သိရပါသည်။ ပဲကြော် လုပ်ငန်းရှင်များအနေဖြင့် ရောင်းအားကောင်းပြီး အရောင်းသွက်သဖြင့် လုပ်ငန်းလုပ်ကိုင်ကြရာတွင် အကျိုးအမြတ်များရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

စားသုံးသူရေးရာဦးစီးဌာန

ခြံစည်ရိုးမှ ဝင်ငွေများရရှိတဲ့ တစောင်းဖူး

    မြန်မာနိုင်ငံရှိ ကျေးလက်ဒေသအချို့တွင် တစောင်းပင်ကို ခြံစည်းရိုးအပင်အဖြစ် စိုက်ပျိုးကြပါသည်။ ထိုတစောင်းပင်မှ ထွက်ရှိလာသောတစောင်းဖူးသည် ကြာဖူးနှင့်ဆင်သဖြင့် တချို့က ပဒုမ္မာဖူး၊ ရွှေကြာဖူးဟူ၍ခေါ်ဆိုကြပါသည်။ တစောင်းဖူးကို မိုးရာသီတွင်သာဖူးကြသဖြင့် ရာသီစာအဖူးတစ်မျိုး ဖြစ်ပါသည်။ ထိုတစောင်းဖူးကို အချို့ကအရံဟင်းတစ်ခွက်အဖြစ်ကြော်၍ အဆင်ပြေ သလိုချက်၍လည်း စားသောက်ကြပါသည်။ အရသာမှာ မှိုအရသာကို ချိုသောအရသာရှိပါသည်။ တစောင်းဖူးကိုချက်ပြုတ်၍ စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပြီး သွေးတိုးရောဂါကို သက်သာစေပါသည်။

   တစောင်းဖူးကို ချက်ပြုတ်၍စားသောက်မည်ဆိုလျှင် အဖူးကိုထက်ခြမ်းခွဲ၍ အထဲက ဝတ်ဆံများကို ဖယ်ရှားရပါသည်။ အချို့ကပွင့်ချပ်ကိုလည်း အချွဲဓါတ်ရှိ၍ ဖယ်၍ချက်ပြုတ်ကြပါသည်။ တစောင်းဖူးကိုချက်ပြုတ်ရာတွင် မချွဲအောင် သင်ပြီးသားများကို တစ်နေလောက်နေပြပြီးမှ ချက်ပြုတ်ကြပါသည်။ ထို့ကြောင့် တစောင်းဖူးကို စားဖူးသူများက ဝယ်ယူ၍ စားသောက်ကြသဖြင့် ဈေးကွက်တွင် ချိုးယူ၍ရောင်းချကြပါသည်။ ပြည်ဒေသရှိဈေးများသို့ အနီးတဝိုက်ရှိ ကျေးရွာများမှ တစောင်းဖူးများကိုလာရောက်ရောင်းချကြသဖြင့်ဈေးမှာ အဖူး(၅)ဖူးပါ တစ်စည်းလျှင် (၁၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ အစောင်းဖူးကို အခြားအသီးအရွက်များကဲ့သို့ စိုက်ပျိုးရန်မလိုဘဲ ခြံစည်းရိုးအဖြစ် စိုက်ပျိုးကြသဖြင့် မိမိအိမ်အတွက် အကာအရံ အတားအဆီးလည်းရသလို ရရှိလာသည့် အဖူးများကိုလည်း ဈေးကွက်တင်ရောင်းချကြသဖြင့် မိသားစု ဝင်ငွေများလည်းရရှိကြောင်း သိရပါသည်။ ထိုကြောင့် ခြံစည်းရိုးမှ ဝင်ငွေများရရှိနိုင်သဖြင့် စိုက်ပျိုးရန်သင့်တော်သော အဖူးဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ပဲလှော်၊ ပဲကြော်လုပ်ငန်းများနှင့် စားအုန်းဆီဈေးနှုန်းဈေးကွက် အခြေအနေအား မြေပြင်ကွင်းဆင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းများသည် စားသုံးဆီဈေးနှုန်းမြင့်တက်လာ၍ အကြော်လုပ်ငန်းများ ရပ်နားထားမှုရှိ/မရှိ နှင့် စားသုံးဆီဈေးနှုန်းမြင့်တက်လာ၍ ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်းမြင့်တက်လာ၍ ဈေးကွက်အတွင်း စားသုံးဆီပြတ်လပ်မှုမရှိစေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ရန် ခရိုင် ဦးစီးမှူး၏ လမ်းညွှန်အရ (၁၄.၈.၂၀၂၃) ရက်နေ့ နံနက် (၈:၃၀) အချိန်တွင် ပြည်မြို့အတွင်းရှိ ပဲလှော်၊ ပဲကြော်လုပ်ငန်းများနှင့် စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ လတ်တလော စားသုံးဆီ ဈေးနှုန်းများမြင့်တက်လာမှုကြောင့် ပဲလှော်၊ ပဲကြော်လုပ်ငန်းများ ရပ်နားထားရှိမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းဈေးကွက် အခြေအနေနှင့် ဆီပြတ်လပ်မှုမရှိစေရေး လက်ကျန်စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း