မက္ကဒေးမီးယား (ခေါ်) ချောကလက်သီး
မက္ကဒေးမီးယားအပင်သည် ဩစတေးလျနိုင်ငံမှ စတင်ထွက်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ မက္ကဒေးမီးယားကို စိုက်ပျိုးဖို့ နည်းလမ်း(၂)မျိုးသာရှိကြောင်း သိရ၍ အစေ့မှ ရိုးရိုးစိုက်ပျိုးခြင်းနှင့် ကိုင်းဆက်စိုက်ပျိုးခြင်းဟူ၍ ရှိပါသည်။ အစေ့မှ စိုက်ပျိုးမည်ဆိုလျှင် အစေ့အဆံရဖို့ (၇)နှစ်ခန့် အနည်းဆုံးကြာနိုင်ပါသည်။ ကိုင်းကူး ကိုင်းဆက်နည်းကတော့ (၂)နှစ်လျှင် အသီးသီးနိုင်ပါသည်။ မက္ကဒေးမီးယားအပင်များသည် ကိုင်းကူးကိုင်းဆက်လုပ်လျှင် အပင်ဖြစ်ထွန်းနည်းကြောင်း လေ့လာ သိရှိပါသည်။ ပရိုတိန်း အသားဓါတ်များ ပေါကြွယ်ဝပြီး သတ္တူဓါတ်များပါဝင်ပါသည်။ ကိုယ်လက် စထောများကိုလျော့ချပေးခြင်းကြောင့် နှလုံးသွေးကြောနှင့်ဆိုင်သောရောဂါများကို ကာကွယ် ပေးခြင်းနှင့် ကျန်းမာရေးအတွက်လိုအပ်သည့် ဗီတာမင်ဓါတ်များစွာ ပါဝင်ပါသည်။ ကိုယ်ဝန်ဆောင် မိခင်များအတွက် အိုမီဂါ(၃)ပါဝင်သောကြောင့် ရင်သွေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေကြောင်း သိရပါသည်။ ကျန်းမာရေးအတွက် အကျိုးပြုသည့် အာဟာရ ဓါတ်များစွာပါဝင်ပြီး အရသာလည်းကောင်းမွန်သောကြောင့် ဝယ်လိုအားမြင့်မားလျက်ရှိပါသည်။ မက္ကဒေးမီးယားအစေ့အဆံ ဈေးကြီးမြင့်ရခြင်းမှာ ရောင်းလိုအားအလွန်နည်းပါးပြီး လုံလောက် သောဝယ်လိုအားကို မပံ့ပိုးနိုင်သောကြောင့် ဖြစ်ပါသည်။ ကမ္ဘာတဝှမ်းမှာထွက်ရှိသော အစေ့အဆန် များ၏ (၁%) ကသာ မက္ကဒေးမီးယားဖြစ်ပါသည်။ မက္ကဒေးမီးယားက မြန်မာနိုင်ငံ၏ ရေခံမြေခံမှာ ကောင်းမွန်စွာရှင်သန်ပေါက်ရောက်နိုင်ပါသည်။ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရပါသည်။ အော်ဂဲနစ် အစေ့အဆန်နှင့် သစ်သီးခြောက်များကို စားသုံးကြသော စားသုံးသူများ၏ဈေးကွက်တွင် မက္ကဒေးမီးယားအစေ့လှော် (၂၅၀)ဂရမ်ပါ တစ်ထုပ်လျှင် (၆၀၀၀)ကျပ်နှင့် မက္ကဒေးမီးယားအသီး တစ်ကီလိုလျှင် (၇၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။ သိုဖြစ်ပါ၍ မက္ကဒေးမီးယားသည် နိုင်ငံခြားဝင်ငွေ အမြောက်အများရနိုင်သည့် ပြည်တွင်းစိုက်ပျိုး ထုတ်ကုန်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)