Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ခရမ်းသီးစိုက်ပျိုးဝင်ငွေတိုး”

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရှိ စိုက်ပျိုးရေးလုပ်ကိုင်နေကြသော တောင်သူ ကြီးများသည် ပဲ၊ ပြောင်း၊ နှမ်း၊ စပါး၊ ကြက်သွန်၊ ဝါသီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြပါ သည်။ ထိုသီးနှံများအပြင် စားဖိုဆောင်သီးနှံများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပြီး ခရမ်းသီးပင် များကိုလည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ခရမ်းပင်ကို ကျောက်ဆည်မြို့နယ် ကျောင်းကုန်း ကျေးရွာတွင် စိုက်ပျိုးလျှက်ရှိပြီး မျိုးအနေဖြင့် စိန်းညိုလုံးကြီးမျိုး၊ ၇၈၉မျိုး နှင့်(၅၅၅)မျိုးများကို စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ခရမ်းပင်စိုက်ပျိုးမည်ဆိုပါက ပထမဦးဆုံးပျိုးအရင်ထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲသားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီး (၂)လ၊ (၃)လအကြာတွင် ခရမ်းသီးများ စတင်ခူးဆွတ်ရကြောင်း၊ တစ်ဧက တစ်ပတ်အထွက်နှုန်းမှာ ပိဿာ(၁၅၀)မှ (၂၀၀)အထိ ထွက်ရှိကြောင်း သိရှိရပါသည်။ သက်တမ်းအနေဖြင့် (၅)လအထိ ခရမ်းသီးများ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧက သွင်းအားစု ကုန်ကျစရိတ်မှာ (၈၀၀၀၀/-) ကျပ် ခန့်ရှိပြီး စတင်ခူး ဆွတ်ချိန်မှ ဖျက်သိမ်းချိန်အထိ ခရမ်းသီးထွက်ရှိမှု စုစုပေါင်း(၂၀၀၀)ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းသီး တစ်ပိဿာလျှင် လက်လီဈေးအနေဖြင့် (၁၂၀၀/-)ကျပ် ရှိပြီး ကုန်စိမ်းပွဲစားများမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြကြောင်း၊ လက်ကားဈေး အနေဖြင့် တစ်ပိဿာလျှင်(၉၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ် အနေဖြင့်(၁၀၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ တောင်သူများအနေဖြင့် အကျိုးအမြတ် ရရှိသည့် ခရမ်းသီး သီးနှံကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်း ရေသားတင်ပြအပ်ပါသည်။

DOCA (မန္တလေး)                                                                                         

ဆေးဖက်ဝင်ဉာဏ်ပင်

      ဉာဏ်ပင်သည် အလေ့ကျပေါက်ပင် တစ်မျိုးဖြစ်သည်။ ယခုလို မိုးရာသီကာလတွင် ဉာဏ်ပင်များအရွက်နုများထွက်ပေါ်လျက်ရှိပါသည်။ဉာဏ်ပင်သည ်ပိတ်စွယ်ဟုခေါ်သော ဆီမီးတောက် ပင်များ နည်တူ ရွံ့ ၊နွံ၊ရေအိုင် လယ်ကွင်းပြင်များတွင်  ပေါများစွာပေါက်ရောက်သည်။ ဉာဏ်ရွက်နု ကလေးများကို ခူးယူ၍ ဈေးကွက်သို့ တင်ပို့ရောင်ချ လျက်ရှိသည်။ ငပိရည်နှင့် တို့စရာ အဖြစ် ၎င်း၊ အရွက်ပြုတ်ကို အသုတ် သုတ်၍သော်လည်ကောင်း စားသုံးကြသည်။ဉာဏ်ပွင့်နဲ့ဉာဏ်ရွက်သည် ဆေးဖက်ဝင်ပါသည်။အသက်ရှူ လမ်းကြောင်းကျန်းမာစေခြင်း၊အစာအိမ်အူလမ်းကြောင်းကျန်းမာ စေခြင်း၊ အရေပြားကျန်းမာစေခြင်း၊ အဖျား သက်သာစေခြင်းနှင့် ရာသီလာချိန်နာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်ပါသည်။ဉာဏ်ရွက်ကို သုပ်စားလို့ ရသလို ဉာဏ်ပွင့်ကိုလည်း သုပ်စား တို့စားကြ သည်။ ဉာဏ်ပင်ဆိုသည်မှာ အရွက် စိမ်းစိမ်း၊ ရွက်ဆိုင်ထွက်တဲ့ အရွက်တွေနဲ့ အပွင့်ဝါဝါလေးတွေ ပွင့်တတ်သော အပင်တစ်မျိုးဖြစ်သည်။  အလေ့ကျပေါက်ပင် တစ်မျိုးဖြစ် ပြီး စပါးခင်းတွေထဲမှာ လည်း စပါးရိတ်ပြီးချိန်တွေမှာ အလေ့အတိုင်း ပေါက်တတ်ပါသည်။ ရှေးယခင် ကာလတွေကတည်းက ဉာဏ်ပင်၊ ဉာဏ်ပွင့်စတာတွေကို ပိုးသတ်ဖို့၊ အရေပြား ကျန်းမာစေဖို့၊ သွေးတွင်း သကြားဓာတ် ထိန်းနိုင်စေဖို့၊ အကိုက်အခဲသက်သာပြီး အရောင်ကျစေဖို့ အသုံးပြုကြပါသည်။ဉာဏ်ရွက်၊ ဉာဏ်ပွင့်တွေကို ချောင်းဆိုးတာ၊ လေပြွန်ရောင်တာနဲ့ ပန်းနာရင်ကြပ်တို့ကို သက်သာစေဖို့နဲ့ အသက်ရှူ လမ်းကြောင်း ကျန်းမာစေဖို့ အသုံးပြုကြသည်။အစားစားချင်စိတ် ဖြစ်စေပြီး အစာကြေ စေဖို့ထောက်ကူပေး သလို ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းကိုက်တာတွေကိုပါ သက်သာစေပါသည်။ အဖျားသက်သာစေဖို့နဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ဖို့အတွက် ဉာဏ်ပွင့်ဉာဏ်ရွက်တွေကို စားလို့ရပါတယ်။ ဉာဏ်ပွင့်၊ ဉာဏ်ရွက်တွေကို ပုံမှန်စားပေးပါက အမြင်အာရုံ ကောင်းစေပါသည်။ ဉာဏ်ပွင့်နဲ့ ဉာဏ်ရွက်တို့က သင့်တင့်ရုံစားရင် ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် အများကြီး စားမယ်ဆိုရင်တော့သွေးတွင်း သကြားဓာတ်ကျတာ၊ လေချုပ်တာ၊ သွေးကျဲတာမျိုးတွေ ဖြစ်နိုင်ပါသည်။ ဉာဏ်ပွင့်နဲ့ ဉာဏ်ရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မေမေတွေ၊ ဆီးချိုရှိသူတွေ၊ ခွဲစိတ်ခံမယ့်လူနာတွေအနေနဲ့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ စားသင့်ပါကြောင်း ကျန်းမာရေးဗဟုသုတမှ လေ့လာသိရှိရသည်။

DOCA (မန္တလေး)                                                                                

ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးကွက်

       မန္တလေးတိုင်းဒေသကြီး၊မြို့ဟောင်းဈေးတွင် ရောင်းချလျှက် ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်း ကြက်ခြံ၊ ဘဲခြံများ နှင့် ပြင်ဦးလွင်ဒေသမှ  ဝယ်ယူရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ ဇူလိုင်လ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်ဥ၊ ငုံးဥ၊ ဘဲဥဈေးနှုန်းများမှာ အလုံးအကြီး အသေး ပေါ်မူတည်၍ ကြက်ဥတစ်လုံးလျှင်(၄၀၀/၄၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၆၀၀/၇၀၀)ကျပ်၊ ငုံးဥ(၁၀) လုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ပါသည်။ ယခု ဩဂုတ်လ ဆန်းပိုင်းတွင် ကြက်ဥတစ်လုံးလျှင်(၃၅၀/၄၀၀) ကျပ်၊ ဘဲဥတစ်လုံးလျှင်(၅၀၀/၆၀၀)ကျပ်၊ ငုံးဥ (၁၀)လုံးလျှင် (၉၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခင်လနှင့် ယခုလ နှိုင်းယှဉ်ပါက ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ရောင်းချသူ ထံမှ သိရှိရသည်။

DOCA (မန္တလေး)                                                                                                

မင်းဂွတ်သီးဈေးကွက်

      မင်းဂွတ်သီးရဲ့အရောင်က အညိုဘက်သန်းတဲ့ အနီရောင်ရင့်ရင့်ဖြစ်သည်။ အခွံကိုနွှာပြီးမှာ အထဲက အဖြူရောင် အသားဆံတွေကိုစားသုံးရခြင်းဖြစ်ပါသည်။ မင်းဂွတ်သီးမှာရေ၊ စွမ်းအင်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် နဲ့အမျှင်ဓါတ် တွေကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက် အကူပြုပါသည်။  မင်းဂွတ်သီး အနှစ်က ဓါတ်မတည့်မှု ကို သက်သာစေပြီးရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်တဲ့ အာနိသင်ရှိပါသည်။ အရေပြားကို ကျန်းမာစေပါသည်။ ရောင်ရမ်းမှုကို တိုက်ဖျက် ပေးနိုင်သလို ဘက်တီးဂီးယားတွေ၊ မှိုပိုးတွေကိုလည်း သေစေနိုင်တဲ့အာနိသင်ရှိတဲ့အပြင် ဓါတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြား ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုတွေကို လျော့ပါး သက်သာ စေနိုင်တဲ့ အာနိသင်ရှိပါသည်။ မင်းဂွတ်သီးက ဝမ်းဗိုက်ဆိုင်ရာရောဂါတွေကို သက်သာစေပါသည်။ မင်းဂွတ်သီးက ဝမ်းလျှောတာနဲ့ ဝမ်းကိုက်ဝေဒနာတွေကို သိသိသာသာ သက်သာစေနိုင်စွမ်းရှိပါသည်။ မင်းဂွတ်သီးကလေဖြတ်တာနဲ့ နှလုံးကြွက်သားသေဆုံးတာမျိုးတွေဖြစ်နိုင်ခြေကို လျော့ကျစေပါသည်။ မင်းဂွတ်သီးမှာ နှလုံးဆိုင်ရာရောဂါကို ကာကွယ်ပေးနိုင်သော အာနိသင်လည်း ရှိနေပါသည်။ နေ့စဉ် စားသုံးတဲ့အစားအသောက်တွေထဲမှာ မင်းဂွတ်သီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို ကျဆင်းစေမှာဖြစ်ပါသည်။ မန္တလေးဈေးကွက်အတွင်းသို့  ဇူလိုင်လ ဆန်းပိုင်းမှ  မင်းဂွတ်သီးများစတင် ဝင်ရောက်ခဲ့ပြီး ဈေးကွက်အတွင်း၌ မင်းဂွတ်သီးတစ်လုံးလျှင်(၄၀၀/၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သစ်သီးမျိုးစုံအရောင်းဆိုင်မှ သိရှိရသည်။

DOCA (မန္တလေး)                                                                                                                                                                                         

ပြည်လုံးချမ်းသာပန်းပျိုးပင်ဈေးကွက်

    နေရာဒေသအလိုက်ပန်းအမည်အခေါ်အဝေါ် ကွဲပြာကြသည်။ ပြည်လုံးချမ်းသာပန်းကို Morning Flower ၊Lucky Flower ၊ ရှစ်နာရီပန်း ၊ကိုးနာရီပန်း၊မွန်းတည့်ပန်း၊အိမ်လုံးချမ်းသာ စသည်ဖြင့် မျိုးစုံ ခေါ်ဝေါ်ကြသည်။မွှေးသောပန်းများက ရနံ့ဖြင့် လူတွေ၏ စိတ်ကိုလန်းဆန်းသလို ပြည်လုံးချမ်းသာ ရောင်စုံပန်းလှကလေးများကလဲ ရနံ့မကြွယ်ပေမဲ့ သူတို့ရဲ့အလှနှင့် အိမ်တစ်အိမ်လုံ၏ ဂုဏ်ကို တင့်တယ်စေသည်။ ပြည်လုံးချမ်းသာပန်းပင်သည် အရိုးကျရှင်သန်ဖြစ်ထွန်သော ရွက်ကျပင်မျိုးဖြစ် သည်။ ပြည်လုံချမ်းသာပန်းပင်သည် မိုးကျသည်နှင့် တပြိုနက် အညွှန့်အတက်များ ထွက်ပေါ်လာပြီး ပန်းအလွန်ပွင့်သောအပင်မျိုးဖြစ်သည်။အဖြူရောင်၊အနီရောင်၊အဝါ၊ခရမ်းရောင်၊ အဝါကြားရောင် စသည်ဖြင့် အရောင်မျိုးစုံရှိသည်။ပြည်လုံးချမ်းသာပန်းလေးများသည် နံနက်နေထွက်ချိန်၌ပွင့် တက်ပြီး နေဝန်ချိန်၌ ညှိုးနွမ်းသွားတက်သည်။ နောက်နေ့နံနက် နောက်ထပ်ပန်းများပွင့်တက်သည် ပြည်လုံးချမ်းသာပန်းပွင့်များကို မိမိတို့ လိုအပ်သလို ဒီဇိုင်း ပုံဖေါ်ပြီးစိုက်ပျိုးမှုများလာခြင်းကြောင့် ရောင်းအားကောင်းလျက်ရှိပါသည်။ပန်းခြံများ အပန်းဖြေစခန်းများ ဘုရားကျောင်းကန်များ အိမ်ရှေ့ အလှပန်းအိုးများအဖြစ် စိုက်ပျိုးကြသည်။နေရောင်ဆမ်းမှ သူ့ဘဝသူ့အလှ ဖော်ပြနိုင်သည့် ပန်းကလေးများဖြစ်သည်။ စိတ်တွေမွန်းကြပ်နေလျှင် ပန်းပင်လေတွေရဲ့သဘာဝအလှတရား ခံစားကြည့်လိုက်ပါ စိတ်ပျော်ရွှင်ကြည်နူးစေမှာအမှန်ပင်ဖြစ်ပါသည်။ပြည်လုံးချမ်းသာ ပန်းအိုးခြင်း တစ်ခြင်းလျှင် အရွယ်စားပေါ်မူတည်၍ (၂၀၀၀-၃၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင် ဈေးကွက်မှ သိရှိရပါသည်။

DOCA (မန္တလေး)

(၅.၈.၂၀၂၅) ရက်နေ့ထိ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေး အတွင်းရှိ   အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်အမျိုးအစားများအနက် ဧည့်မထ တစ်ပြည်လျှင် ကျပ် ၃၅၀၀ မှ ၃၈၀၀ ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၄၀၀ မှ ၃၅၀၀ ထိ၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ထိ လည်း ကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၃၃၀ မှ ၆၅၃၀ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၆၀၀၀၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၅၀၀ မှ ၇၀၀၊ ချည်ပေါင်ရွက် တစ်စီး ကျပ် ၃၀၀ မှ ၅၀၀၊ မုန့်ညှင်းတစ်စီး ကျပ် ၅၀၀ မှ ၇၀၀၊ ကိုက်လန်တစ်စီး ကျပ် ၆၀၀ မှ ၇၀၀၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၂၀၀ မှ ၃၅၀၀၊ ဗူးသီးတစ်လုံး ကျပ် ၂၅၀၀ မှ ၄၀၀၀၊ အာလူး(တရုတ်)တစ်ပိဿာ ကျပ် ၃၈၀၀ မှ ၄၂၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၄၈၀၀ မှ ၅၂၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၄၀၀၀၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၁၀၀၀၀၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ ဆိတ်သားတစ် ပိဿာလျှင် ကျပ် ၄၀၀၀၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၂၃၀၀၀ မှ ၂၅၀၀၀၊ ပုဇွန်ထုပ်သေး တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀ ၊ငါးခူတစ်ပိဿာလျှင် ကျပ် ၂၃၀၀၀ မှ ၂၅၀၀၀၊ ငါးရံ့တစ်ပိဿာ  ကျပ် ၃၀၀၀၀ မှ ၃၂၀၀၀ တို့ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၃၆၅၊ ဘဲဥတစ်လုံး ကျပ် ၄၀၀ မှ ၆၀၀ တို့ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။       

DOCA (ရန်ကုန်)

ကျွန်းလှမြို့တွင် ‌ရောင်းချနေသော သရက်သီးကုလားတည်ချဉ် နှင့် နှမ်းပတ်ချဉ် ဈေးနှုန်း

    ကျွန်းလှမြို့တွင် လက်လုပ်ချဉ်မျိုးစုံဖြစ်သည့် သရက်ချဉ်၊ သံပုရာချဉ်၊ ပဲတီပင်ပေါက်ချဉ်၊ မုံညှင်းချဉ်၊ သရက်ချဉ်၊ နှမ်းပတ်ချဉ် နှင့် မုံလာချဉ်တို့ကို ကိုယ်တိုင်လုပ်ပြီး ရောင်းချလျက်ရှိပါသည်။

    ဩဂုတ်လ ပထမပတ်အတွင်း ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော သရက်သီးကုလားတည်ချဉ် ဈေးနှုန်းမှာ လက္ကား တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာကို(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

လှိုင်မြို့နယ်၊ ရွှေပိတောက်ငါးဈေးအတွင်းရှိ ငါးဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးတွင် (၅.၈.၂၀၂၅) တွင် ဝင်ရောက်ခဲ့သော ရေချိုငါးများမှာ ငါးမြစ်ချင်း တစ်ပိဿာ အနိမ့်ဆုံး ၈၀၀၀ မှ အမြင့်ဆုံး ၁၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၁၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ငါးသလောက် တစ်ပိဿာ ၁၈၀၀၀ မှ ၈၀၀၀၀ ကျပ်၊ ငါးခေါင်းပွ တစ်ပိဿာ ၇၀၀၀ မှ ၁၀၅၀၀ ကျပ်၊ ငါးဘတ် တစ်ပိဿာ ၁၅၀၀၀ မှ ၃၀၀၀၀ ကျပ်၊ ကကတစ် တစ်ပိဿာ ၁၃၀၀၀ မှ ၂၆၀၀၀ ကျပ်၊ ငါးနုသန်း တစ်ပိဿာ ၁၅၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ငါးခူ တစ်ပိဿာ ၇၀၀၀ မှ ၂၇၀၀၀ ကျပ်၊ ငါးကျည်း တစ်ပိဿာ ၁၄၀၀၀ မှ ၂၅၀၀၀ ကျပ်၊ ငါးဖီးမ တစ်ပိဿာ ၇၀၀၀ မှ ၁၄၀၀၀ ကျပ်၊ ငါးမုတ် တစ်ပိဿာ ၆၀၀၀ မှ ၈၀၀၀ ကျပ်၊ ငါးတန်(မြစ်) တစ်ပိဿာ ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ငါးတန်(မွေး) တစ်ပိဿာ ၆၀၀၀ မှ ၉၀၀၀ ကျပ်၊ ငါးခုံးမ တစ်ပိဿာ ၄၀၀၀ မှ ၆၅၀၀ ကျပ်၊ ငါးရံ့ တစ်ပိဿာ ၈၀၀၀ မှ ၂၅၀၀၀ ကျပ်၊ ငါးပုတ်သင် တစ်ပိဿာ ၈၀၀၀ မှ ၁၇၀၀၀ ကျပ်၊ ငါးပုဏ္ဏား တစ်ပိဿာ ၁၂၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ပုဇွန်(ကျော့) တစ်ပိဿာ ၂၀၀၀၀ မှ ၆၀၀၀၀ ကျပ်၊ ပုဇွန် တစ်ပိဿာ ၁၈၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ငါးမျက်ကြယ် တစ်ပိဿာ ၆၅၀၀ မှ ၉၀၀၀ ကျပ်၊ ပီဇာ တစ်ပိဿာ ၆၀၀၀ မှ ၈၅၀၀ ကျပ်၊ ငါးနှပ်(အာပြဲခြောက်) တစ်ပိဿာ ၃၅၀၀ မှ ၅၀၀၀ ကျပ်၊ ကင်းမွန် တစ်ပိဿာ ၁၈၀၀၀ မှ ၃၅၀၀၀ ကျပ်၊ ပလာတူး တစ်ပိဿာ ၇၀၀၀ မှ ၀၀၀ ကျပ်၊ ရွှေငါး တစ်ပိသာ ၉၀၀၀ မှ ၁၁၀၀၀ ကျပ်၊ ပြည်ကြီးငါး တစ်ပိဿာ ၂၅၀၀၀ မှ ၅၀၀၀၀ ကျပ်တို့ရှိကြောင်း ရွှေပိတောက် ငါးဈေးထံမှ စုံစမ်းသိရှိရပါသည်။

DOCA (ရန်ကုန်)

၄.၈.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

     ၄.၈.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၁၀၈၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၅၀၀၊ အောင်ပန်းထူး-၂ ကျပ် ၄၀၀၀ ၊  အောင်ပန်းထူး-၃ ကျပ် ၅၂၀၀အောင်ပန်းထူး-၄ ကျပ် ၅၈၀၀အောင်ပန်းထူး-၅ ကျပ် ၆၃၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၇၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၅၀၀ ၊  ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၃၀၀၊ ဆိပ်ဖြူ(သစ်) လတ် ချော ကျပ် ၈၅၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၇၀၀ ၊ မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၄၀၀၊ မုံရွာ လတ်သန့် ကျပ် ၁၂၀၀၊  မုံရွာ လတ်ချော ကျပ် ၈၀၀ ၊ မြင်းခြံ (သစ်) ရှယ် ကျပ် ၁၄၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၂၀၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၉၅၀/၁၂၅၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၆၅၀/၇၅၀၊ ပခုက္ကူ(သစ်) ရှယ် ကျပ် ၁၆၀၀၊ ပခုက္ကူ (သစ်) လတ်ကြီး ကျပ် တောင်သာ(သစ်) လတ်ကြီး ကျပ် ၈၀၀၊ တောင်သာ(သစ်) လတ်သန့် ကျပ် ၆၀၀ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရ ပါသည်။ အာလူးတစ်ပိဿာဈေးနှုန်းများမှာ အောင်ပန်းအိုအေ ကျပ် ၄၂၀၀၊ အောင်ပန်း အက်စ်ဝမ်း ကျပ် ၄၃၀၀၊ တရုတ်အာလူး ကျပ် ၅၂၀၀ ရှိကြောင်းသိရှိရပါသည်။ ယခုတစ်ပတ် ကြက်သွန်ဖြူ ကြူကုတ်မှာ တစ်ပိဿာလျှင် ကျပ် ၃၀၀ မြင့်တက်လျက်ရှိပြီး ကြက်သွန်နီမြင်းခြံနှင့် မုံရွာမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀ မြင့်တက်လျက်ရှိကြောင်းနှင့် အာလူးဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀ ဈေးနှုန်းကျဆင်းကြောင်း   သိရှိရပါသည်။

DOCA (ရန်ကုန်)

၄.၈.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီးဈေးနှုန်းများ

     ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်တို့မှ ငရုတ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငရုတ်သီးဈေးနှုန်းများမှာ ၄.၈.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(သစ်) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ မြှားနီ(သစ်) အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံး ဈေး ကျပ် ၈၀၀၀ မှ အနိမ့်ဆုံး ကျပ် ၇၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၈၅၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ မြစ်ဝ (ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ငရုတ်သီးဈေးနှုန်းမှာ ယခင်ရက်သတ္တပတ်နှင့် ယခုရက်သတ္တပတ် တွင် ဈေးနှုန်းပြောင်းလဲမှု မရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း