Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၏ ဩဂုတ်လ တတိယပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာ လျှင် (၅၀၀၀)ကျပ်၊ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ တီလားဗီးယား အကောင်ကြီး တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀) ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်(မာကြား) တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။

   ငါးဈေးနှုန်းများအား ဩဂုတ်လဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက   ဈေးနှုန်းတည်ငြိမ်ပြီးပုံမှန် အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိ သော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့ နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

   ၂၀၂၃ခုနှစ်၊ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ မှာ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊ ပန်းသီး(ယိုးဒယားအကြွပ်) (၁)လုံး လျှင် (၂၀၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁) ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက် ပျောသီး (၁)ဖီးလျှင် (၁၃၀၀)ကျပ်၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၁၂၀၀)ကျပ်၊ ဖရဲသီး(၁)လုံးလျှင် (၄၀၀၀)ကျပ်၊ ကြက်မောက်သီး (၁)တွဲလျှင် (၁၅၀၀)ကျပ် ၊နာနတ်သီး (အသေး) (၁)လုံးလျှင် (၁၀၀၀)ကျပ်၊ နာနတ်သီး (အကြီး) (၁)လုံးလျှင် (၁၅၀၀)ကျပ်၊ နဂါးမောက်သီး (၁)လုံးလျှင် (၅၀၀ မှ ၁၀၀၀)ကျပ်ထိ၊ ရင်ကွဲသရက်သီး (၁)လုံးလျှင် (၅၀၀ မှ၇၀၀)ကျပ်ထိဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ ကုန်းဘောင်ဈေးတွင် ဩဂုတ်လ တတိယပတ်၌ ဖြစ်ပေါ်နေသော သစ်သီးဝလံဈေးနှုန်းများ

    ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဩဂုတ်လ တတိယပတ်၌ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာမှ  မှာယူရောင်းချသည့် မာလကာ သီးတစ်လုံးလျှင်(၂၀၀)ကျပ်မှ(၃၅၀)ကျပ်ထိ၊ ရမည်းသင်းမြို့မှ မှာယူရောင်းချသည့်  စပျစ်သီး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ စစ်ကိုင်းမြို့မှ မှာယူရောင်း ချသည့်  နှင်းသီး တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊  ပန်းသီးတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ကျွဲကောသီး တစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ ၊မန္တလေး ပွဲရုံများမှ မှာယူရောင်းချသည့်  နာနတ်သီး (သီပေါသီး) တစ်လုံးလျှင် (၆၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ၊ ပင်မှည့်သီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်း ရွာမှ မှာယူရောင်းချသည့်  ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊ ဖရဲသီး တစ်လုံးလျှင် (၁၅၀၀)ကျပ် ၊ ပုပ္ပါးမြို့မှ မှာယူရောင်းချသည့်  နဂါးမောက်သီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိ၊ ဒူးရင်းသီး တစ်လုံးလျှင် (၄၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ထောပတ်သီး တစ်လုံးလျှင် (၈၀၀)ကျပ်၊  ဒေသတွင်းမှ ထွက်ရှိသည့် ဩဇာသီး တစ်လုံး (၃၅၀)ကျပ်၊ မင်းကွတ်သီး တစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့်   အသီးသီး အရောင်းအဝယ ဖြစ်နေကြောင်း ကုန်းဘောင်ဈေး အတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

                                     

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၀၆၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ မှ ဩဂုတ်လ ၂၇ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၀၆၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

        အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၀.၈.၂၀၂၃ )

    ၂၀.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

     နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉.၈.၂၀၂၃ )

    ၁၉.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၈.၈.၂၀၂၃ )

     ၁၈.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း