Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

     မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

     ယခုဩဂုတ်လ တတိယအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ (၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး (၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

      မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ်မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

      ယခုဩဂုတ်လ တတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀) ၊ အာပြဲခြောက် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက် (၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တို့တွင် ရာသီစာ မန်ကျည်းသီးစိမ်းများ အရောင်းအဝယ်ဖြစ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တို့တွင် ဒေသထွက် ရာသီစာ မန်ကျည်းသီးစိမ်းများကို ဇူလိုင်လဝက်လောက်မှ စတင်ရောင်းချနေပီဖြစ်၍ ယခုအချိန်တွင် မန်ကျည်းသီးစိမ်းများ လှိုင်လှိုင်ပေါနေပြီဖြစ်ကာ မိသားစု တဖက်တလမ်းမှ ဝင်ငွေရရှိနေအောင် ခူးဆွတ်ရောင်းချနေကြပါသည်။

    မန်ကျည်းပင်သည် ရာသီဥတုပူသော နွေရာသီ၌ အေးမြသောအရိပ်ပေးနိုင်ပါသည်။ လူသားများ အတွက် မန်ကျည်းပင်သည် အရွက် ၊ အပွင့်၊ အသီးအနု၊ အသီးအရင့်၊ အသီးအမှည့်၊ ပင်စည်ကို စင်းနီတုန်း အဖြစ် ပြုလုပ်ရောင်းချခြင်းနှင့် အပင်မှ အခေါက်များပါမကျန် မန်ကျည်းတစ်ပင်လုံးနီးပါး အသုံးဝင်ပါသည်။ မန်ကျည်းပင်သည် နှစ်ရှည်ပင်ဖြစ်၍  သဘာဝအရ အလေ့ကျပေါက်ရောက်ပီး အရိပ်ရအပင်ဖြစ်ပါသည်။ ကျေးလက်တောရွာများတွင်မူ ခြံစည်းရိုအဖြစ် စိုက်ပျိုးကြပါသည်။

    ယခုအချိန်တွင် မိုးရာသီရောက်ရှိနေပြီး ဖြစ်သည့်အတွက် ရာသီစာဟင်းကြမ်းတစ်ခုအနေဖြင့် မန်ကျည်းသီးစိမ်းကို အထောင်းသက်သက်ပြုလုပ်၍လည်းကောင်း၊ ပုစွန်ဆိတ်ဖြင့်ကြော်၍လည်းကောင်း၊ မန်ကျည်းသီးစိမ်းငပိချက်ချက်၍လည်းကောင်း၊ မန်ကျည်းသီးစိမ်းနဲ့မျှစ်တို့ကြော်၍လည်းကောင်း အရန် ဟင်းတစ်ခွက်အဖြစ် စားသောက်ကြပါသည်။ မန်ကျည်းသီးစိမ်းဟာဆိုလျှင် ဗီတာမင်ဓါတ်များ ပါဝင်မှုများသလို သံဓါတ်၊ အမျှင်ဓါတ်၊ ပိုတက်စီယမ်ဓါတ် စသည့်အဟာရဓါတ်များ ပါဝင်သည်။ ခန္တာကိုယ်အလေး ချိန်ကိုလျော့ချပေးသလို သွေတွင်းအချိုဓါတ်များကိုလည်း ထိန်းညှိပေးပါသည်။ မန်ကျည်းသီးစိမ်းကို သံဓါတ်ချို့တဲ့သူများ၊ ဆီးချိုရောဂါရှိသူများ ပိုမိုစားသုံးသင့်ပြီး ရင်ကြပ်ရောဂါရှိသူများအနေနဲ့ အများကြီး မစားသုံးသင့်ကြောင်း ဆေးပညာစာအုပ်များတွင် တွေ့ရှိရပါသည်။

     မန်ကျည်းသီးစိမ်းများကို ဇူလိုင်လဝက်လောက်တွင် စတင်ခူးဆွတ် ရောင်းချရပြီး ရေနွေးကြမ်း ပန်းကန်တစ်လုံးစာ တစ်ပုံလျှင်(၅၀၀)ကျပ်ခန့် ရောင်းချရပြီး ယခုဩဂုတ်လ တတိယပတ်၌ လှိုင်လှိုင် ပေါလာပြီဖြစ်၍ နို့ဆီတစ်ဘူးစာလျှင်(၅၀၀)ကျပ် ၊ တစ်ပြည်လျှင် (၃၅၀၀)ကျပ်ဈေးနှုန်းဖြင့် ဈေးအနည်းငယ်လျော့နည်းလာကြောင်း သိရပါသည်။ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိပြီး မန်ကျည်းသီးများကို လက်လီ/လက်ကားရောင်းချခြင်း လုပ်ကိုင်နေသူများအနေဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်ဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

မတ္တရာမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်းများဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများသက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေး၊ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်နေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် စနစ်တကျဝယ်ယူနိုင်ရေးတို့အတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

    မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ (၁၁-၈-၂၀၂၃)ရက်နေ့တွင် ပြင်ဦးလွင်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်းပြီး စားသုံးသူပြည်သူများထံသို့ စျေးကားများဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် (၄၆၅၀/-)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ကွင်းဆင်းကြီးကြပ်ရာတွင် မတ္တရာမြို့နယ်တာဝန်ခံနှင့်အတူ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်း (၂)ဦး၊ ရပ်ကွက်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြပြီး စားသုံးသူပြည်သူများမှာလည်း သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိခြင်းအတွက် ဝမ်းသာပီတိဖြစ်လျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ခရိုင်အတွင်းရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းမြို့နယ်များရှိ စည်ပင်သာယာဈေးများ  တွင် ၂၀၂၃ခုနှစ်၊ သြဂုတ်လ၊ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသောအခြေခံစားကုန်များမှာ ဧရာပဒေသာဆန်တစ်ပြည်လျှင် (၅၅၀ဝိ/-)ကျပ်၊ ဧရာပဒေသာဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-) ကျပ်၊ မနောသုခဆန်တစ်ပြည်လျှင် (၃၈၀ဝိ/-)ကျပ်၊ မနောသုခဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၉၂၀၀ဝိ/)ကျပ် ခရမ်းချဉ်သီး(ရှမ်း)လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၄၀ဝိ/-) ကျပ်၊ ကြက်သွန်နီလက်လီဈေးနှုန်းမှာ (ကြီး) တစ်ပိဿာလျှင် (၂၈၀ဝိ/-)ကျပ်၊ (လတ်)တစ်ပိဿာလျှင် (၂၆၀ဝိ/-)ကျပ်၊ (အသေး) တစ်ပိဿာလျှင် (၂၄၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူလက်လီ(ဗမာ)တစ်ပိဿာလျှင် (၉၅၀ဝိ/-)ကျပ်၊ (ရှမ်း)တစ်ပိဿာလျှင်(၈၀၀ဝိ/-)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၈၀ဝိ/-)ကျပ်၊ မန်ကျည်းသီး (ဟောင်း) တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ်၊ မန်ကျည်းသီး(သစ်)တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၇၀၀ဝိ/-)ကျပ်၊ ဆားတစ်ပိဿာလျှင် (၅၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၆၀၀ဝိ/-)ကျပ်၊ ကြက်သား(CP)တစ်ပိဿာလျှင် (၁၂၀၀ဝိ/-)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၆၀၀ဝိ/-)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀ဝိ/-)ကျပ်နှင့် ငါးအုံတုံတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၅၀ဝိ/-)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၄၅၀ဝိ/-)ကျပ်၊ နေကြာဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှင့် စားဆီတစ်ပိဿာလျှင် (၁၀၀၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ယခင်ဇူလိုင်လ၊ နောက်ဆုံးအပတ်နှင့်နှိုင်းယှဉ်ပါက ဆန်၊ ပဲဆီ၊ စားအုန်းဆီနှင့် ခရမ်းချဉ်သီးစျေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပြီး အာလူးစျေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ကန့်ဘလူမြို့နယ်၌ ဩဂုတ်လအတွင်း ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသော သီးနှံများ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါ သည်။

   ကန့်ဘလူပွဲရုံများအနေဖြင့် ဇူလိုင်လနှင့် ဩဂုတ်လ လဆန်းပိုင်းတို့တွင် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ အဝင် /အထွက် တင်း/တန်များ၏ အရောင်းအဝယ်ဖြစ်မှု အခြေ အနေများမှာ ပဲတီစိမ်း (၁၀၅)တင်း/(၉.၆၅)တန် ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်းလျှင် (၅၃၀၀၀/၅၅၀၀၀) ဈေးရှိပါသည်။ မတ်ပဲ (၇၅)တင်း/(၆.၈၉)တန် ဈေးနှုန်းမှာ မတ်ပဲ တစ်တင်းလျှင်(၇၅၀၀၀)ဈေးရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။     ကုလားပဲအမျိုးအစား (၄)မျိုးရှိရာ (929)အမျိုးအစားပဲမှာ(၄၅) တင်း/(၄.၂၁)တန် ဝင်ရောက်ပြီး ဈေးနှုန်းမှာ (၈၂၀၀၀)ကျပ်၊ (v7) အမျိုးအစားပဲမှာ(၇)တင်း/(၀.၆၅)တန်၊ ဈေးနှုန်းမှာ(၈၄၀၀၀)ကျပ်၊ (v2)အမျိုးအစားပဲမှာ (၃၀)တင်း/ (၂.၈၁)တန်၊ ဈေးနှုန်းမှာ(၈၄၀၀၀)ကျပ်၊ ၊ ထိုင်ဝမ်အမျိုးအစားပဲမှာ (၇)တင်း/(၀.၆၅)တန်၊ ဈေးနှုန်းမှာ (၇၈၀၀၀)ကျပ်ရှိပါသည်။ ပဲစဉ်းငုံ (၃၀)တင်း/ (၂.၇၆)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၁၀၀၀၀)ဈေးရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ကြက်ဆူ (၄)တင်း/(၀.၂၃)တန် ဈေးနှုန်းမှာ(၃၅၀၀၀)ကျပ်၊ နေကြာ (၃)တင်း/(၀.၁၃)တန် ဈေးနှုန်းမှာ (၄၀၀၀၀)ကျပ်၊ ဘိလပ်စေ့(၁၀)တင်း/(၀.၇၃)တန် ဈေးနှုန်းမှာ(၃၀၀၀၀)ကျပ်နှင့်နှမ်းနက်(၁၀)တင်း/ (၀.၇၃) တန် ဈေးနှုန်းမှာ(၁၂၀၀၀၀)ကျပ်ဖြစ်ပြီး အဝင်/အထွက်နည်းသောသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ပဲစင်းငုံ၊ နေကြာ၊ နှမ်းနက်တို့သည် တောင်သူများမျိုးကျန်များ ထုတ်ရောင်းကြတာဖြစ်သည့်အတွက် အနည်းငယ်သာ အဝင်/အထွက်ရှိကြောင်းနှင့်   မိမိတို့ပွဲရုံမှ သီးနှံများကို မန္တလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မြစ်သားမြို့နယ်တွင် ကြက်သွန်နီပျိုးများ စတင်ပျိုးထောင်လျက်ရှိ

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် ဆောင်းကြက်သွန်များကို စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများ၌ စိုက်ပျိုးနိုင်ရန်အတွက် ယခုဩဂုတ်လဆန်းမှစတင်၍ ကြက်သွန်ပျိုးများကိုး စတင်ပျိုးထောင်လျက်ရှိပါသည်။ ကြက်သွန်ပျိုး(၁)ဧကလျှင် စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ထွန်ရက်ခြင်း၊ ရေသွင်းခြင်း၊ ရေထုတ်ခြင်း၊ မြေဩဇာပက်ခြင်း၊ ဆေးဖြန်းခနှင့် မျိုးအပါအဝင် (၅၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုး မျိုးမှန်(၁)ပြည်လျှင် (၇၀-၈၀)ကျပ်သားကို (၂၀၀၀၀၀/-)ကျပ်နှင့် မျိုးမှား ရွှေဖလားထိပ်မောက်(၁)ပြည်လျှင် (၁၈၀၀၀၀/-)ကျပ်ဈေးနှုန်းများဖြင့် ဝယ်ယူပျိုးထောင်ရကြောင်း၊ (၁)ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့် (၂)ပြည်ပျိုးထောင်ရကြောင်း၊  ကြက်သွန်ပျိုးထောင်သက်တမ်း (၁)လခွဲ (သို့) (၂)လအကြာတွင် စတင်စိုက်ပျိုးနိုင်ကြောင်း၊ ကြက်သွန်ဧကအများအပြားစိုက်သော တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်အကုန်အကျများသော်လည်း ကြက်သွန်များပေါ်ဦးပေါ်စတွင် ဈေးနှုန်းများကောင်းမွန်ရန်မျှော်လင့်ကြောင်း ကြက်သွန်အများဆုံးစိုက်ပျိုးသော ကသဲကုန်းကျေးရွာမှ တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

စားသုံးဆီဈေးများ မြင့်တက်

       စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ဩဂုတ်လ ဒုတိယပတ်တွင်  ရွှေဘိုမြို့၌ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

    ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး သြဂုတ်လ ဒုတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၉၂၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုဩဂုတ်လ တတိယအပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၁၀၅၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၈၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျှင် (၁၃၀၀)ကျပ်၊ပဲဆီသန့် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် နှမ်းဆီသန့် တစ်ပိဿာလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း  စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

စက်သုံးဆီဈေးနှုန်းများ အနည်းငယ် မြင့်တက်

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် သြဂုတ်လ ဒုတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၂၅၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၃၇၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၃၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၁၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

     ယခု ဩဂုတ်လ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၃၂၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၄၃၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၅၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၃၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၆၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၆၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀)ကျပ်ဖြင့် ဈေးနှုန်းအသီးသီး မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကသာဈေးကွက်၌ ခရမ်းချဉ်သီး ဈေးနှုန်းမြှင့်တက်လျက်ရှိ

     ကသာမြို့နယ် ဒေသထွက် ခရမ်းချဉ်သီးများမှာ နှစ်စဉ် အောက်တိုဘာလမှ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး  ဒီဇင်ဘာလတွင် စတင်ခူးဆွတ်ရောင်းချကြသည်။ ဒေသထွက် ခရမ်းချဉ်သီးများမှာ ဇွန်လခန့်မှစ၍ ဈေးကွက်အတွင်း လက်ကျန်နည်းပါးသွားသည့်အတွက် ယခုအချိန်တွင် မန္တလေးဈေးကွက်မှ ခရမ်းချဉ်သီးများ ကသာမြို့သို့ ဝင်ရောက်လျက်ရှိကြောင်းနှင့် ဈေးနှုန်းမှာ အထိုက်အလျောက် မြှင့်တက်မှုရှိကြောင်း သိရှိရသည်။

     ကသာမြို့တွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဩဂုတ်လ ဒုတိယအပတ်အတွင်း ခရမ်းချဉ်သီး လက်လီတစ်ပိဿာ အလုံး အသေး/အကြီးပေါ် မူတည်၍ ကျပ် (၃၀၀၀မှ ၃၂၀၀) ထိရှိခဲ့ပြီး ဩဂုတ်လ တတိယအပတ်တွင် ခရမ်းချဉ်သီး လက်လီဈေးနှုန်းများမှာ တစ်ပိဿာ (၃၂၀၀ မှ ၃၅၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ဩဂုတ်လ ဒုတိယအပတ်နှင့် တတိယအပတ် ဈေးနှုန်း အတက်/အကျ နှိုင်းယှဉ်ကြည့်ပါက ကျပ်(၂၀၀ မှ ၃၀၀)ခန့် မြှင့်တက်လာသည်ကို တွေ့ရှိရပြီး ကသာမြို့နယ်အတွင်း ဒေသထွက် ခရမ်းချဉ်သီး ထွက်ရှိမှုမရှိသည့်အပြင် သယ်ယူပို့ဆောင်စရိတ် (တန်ဆာခ) များမှာ  ယခင်ထက် ဈေးနှုန်းမြှင့်တက်လာခြင်းကြောင့် ကုန်စည်များမှာလည်း ဈေးနှုန်းမြှင့်တက်လာရခြင်းဖြစ်ကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း