Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါင်းတည်မြို့နယ်၏ ကွမ်းစိုက်ပျိုးမှုအခြေအနေ

    နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း တောင်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သောခြံမြေများပေါ်တွင် ကွမ်းရွက်ပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြပါသည်။ ကွမ်းစိုက်တောင်သူများအနေဖြင့် ကွမ်းတိုင်တစ်ထောင် စတင်စိုက်ပျိုးချိန်၌ ကုန်ကျငွေသိန်း(၂၀)ကျပ်ကုန်ကျစရိတ်ရှိပြီး စတင်စိုက်ပျိုးပြီးနောက် (၃)လကျော်သည့်အခါ  (၁၅) ရက်လျှင်တစ်ကြိမ် ခူးဆွတ်ရကာ တစ်ကြိမ်ခူးလျှင် တိုင်တစ်ထောင်အနေဖြင့် ဆောင်းရာသီအချိန်တွင် ပိဿာချိန် (၈၀)မှ (၁၀၀)အထိထွက်ရှိပြီး  မိုးရာသီအချိန်တွင် ပိဿာချိန် (၁၀၀)မှ ပိဿာချိန် (၁၂၀)အထိ၊ နွေရာသီတွင် ပိဿာချိန်(၄၀)မှ ပိဿာချိန် (၅၀) အထိထွက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် ကွမ်းရွက်တစ်ပိဿာလျှင် ပေါက်ဈေးမှာ (၃၀၀၀) ကျပ်ခန့်ရှိသော်လည်း နွေရာသီတွင် (၁၀၀၀၀) ကျပ်ခန့်ရှိသဖြင့် ကွမ်းစိုက်တောင်သူများမှာ ပုံမှန်ဝင်ငွေရလျက်ရှိကြပါသည်။

     ပေါင်းတည်မြို့နယ်အတွင်းမှထွက်ရှိသော ကွမ်းရွက်များကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(ပဲခူး)

 

ညောင်လေးပင်ဈေးရှိ ကြက်ဥဒိုင်များရောင်းချနေသော ကြက်ဥဈေးနှုန်းအခြေအနေ

   ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ညောင်လေးပင်ခရိုင်တွင်  အခြေခံစားသုံးကုန်ဖြစ်သောကြက်ဥများကို စီးပွားဖြစ်လုပ်ကိုင်နေကြပါသည်။ကြက်ဥကို အဓိကစီးပွားလုပ်ငန်းအနေဖြင့်လုပ်ကိုင်လျက်ရှိပြီး စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကြက်ဥများမှာ အရွယ်အစားအလိုက် စျေးနှုန်းများလည်းကွာခြားလျက်ရှိသည်။ ညောင်လေးပင်မြို့မဈေးအတွင်းရှိ ကြက်ဥဒိုင်များရောင်းချနေသော ကြက်ဥတစ်လုံးစျေးနှုန်းများမှာ ကြက်ဥအကြီးတစ်လုံးလျှင် (၃၀၀) ကျပ်ခန့်၊ ကြက်ဥအလတ်တစ်လုံးလျှင် (၂၈၀) ကျပ်ခန့်၊ ကြက်ဥအသေးတစ်လုံးလျှင် (၂၆၀) ကျပ်ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

   ညောင်လေးပင်ခရိုင်အတွင်းရှိ  ကြက်ဥဒိုင်ကြီးများသည် မြို့နယ်အတွင်းသာမက ကျောက်တံခါးမြို့နယ်အတွင်းသို့ပါ ဖြန်ဖြူးရောင်းချလျက်ရှိပြီး နီးစပ်ရာကျေးရွာများသို့လည်  ကြက်ဥကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သြဂုတ်လ၊ ဒုတိယအပတ်တွင် ညောင်လေးပင်မြို့၌ ဖြစ်ပေါ်နေသော အသားငါးစျေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့မဈေးကြီးတွင် အသားငါး၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အလှကုန်လူသုံးကုန်ပစ္စည်းများ စသည်တို့ကို စည်ကားသိုက်မြိုက်စွာရောင်းချလျက်ရှိပါသည်။

    ညောင်လေးပင်မြို့မစျေးရှိ အသားငါးစျေးနှုန်းများကိုစုံစမ်းခဲ့ရာ ၂၀၂၃ခုနှစ်၊ သြဂုတ်လ၊ ဒုတိယအပတ်တွင် ဒေသကြက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊    မွေးမြူရေးကြက်သားတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ဝက်သားသုံးထပ်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ဝက်သားအသားသီးသန့်တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ငါးကြင်းဖြူတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင်   ၂၅၀၀၀ကျပ်ရှိပါသည်။

     ပုစွန်အလတ်တစ်ပိဿာလျှင်  ၃၀၀၀၀ကျပ်၊  ပုစွန်အသေးတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊  ဆိတ်သားတစ်ပိဿာလျှင် ၂၂၀၀၀ကျပ် စသည့်ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်တွင် နွေစပါးများရိတ်သိမ်းခြွေလှေ့

   ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နွေစပါးများစိုက်ပျိုးထားသော ကွင်းအမှတ် (၉၇)၊ နွေစပါးများရိတ်သိမ်းခြွေလှေ့သောနေရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားအုပ်စု၊ ဒေါင်းမြတ်နားကျေးရွာရှိ နွေစပါးစိုက်ပျိုးသော တောင်သူ ဦးစောမြင့်နှင့်တွေ့ဆုံ၍ မေးမြန်းခဲ့ရာ နွေစပါးကို တစ်ဧကစိုက်ပျိုးထားရှိပြီး စိုက်ပျိုးသည့်စပါးမျိုးမှာ ထိုင်းနှံကောက်စပါးမျိုးဖြစ်ပြီး တစ်ဧကလျှင် တင်း(၇၀)ခန့်ထွက်ရှိကြောင်းသိရပါသည်။ တစ်ဧကလျှင် ရိတ်သိမ်းခြွေလှေ့စက်ခအနေဖြင့် (၉၀၀၀၀)ကျပ်ကုန်ကျကြောင်းသိရပါသည်။ ယခုအချိန်တွင် စပါးဈေးအနေဖြင့် ခြွေလှေ့စက်မှထွက်ရှိလာသော စပါးအစို (၅၄) ပေါင်ပါ တင်း(၁၀၀)လျှင် (၁၆၀၀၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ နွေစပါးအထွက်နှုန်းမှာ တခြားမြို့နယ်များထက်နည်းသော်လည်း ဈေးပိုရသောကြောင့် တောင်သူများအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အချို့ ဈေးနှုန်းအတက်အကျရှိ

      တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး)မှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လဒုတိယပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းပါသည်။ ငရုတ်သီး စိမ်း(မိုးထောင်သီး)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်ရှိရာမှ ယခု သြဂုတ်လဒုတိယပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပြီး ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ဖြင့်  ဈေးနှုန်း တည်ငြိမ် နေပါသည်။ 

      ခရမ်းသီး (အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ် ရှိရာမှယခုသြဂုတ်လဒုတိယပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ၊ ခရမ်းသီး (အညို)မှာ ယခင် အပတ်က တစ်ပိဿာလျှင်  ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လ ဒုတိယပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

       ဒေသသခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၀၀ ကျပ်မှ ၈၀၀ ကျပ်အထိရှိရာမှ ယခုသြဂုတ်လဒုတိယပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်အထိ၊ ရှမ်းပြည်သခွား သီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လဒုတိယပတ် တွင် တစ်ပိဿာလျှင် ၁၂၀၀ ကျပ်မှ ၁၄၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ဂေါ်ဘီမှာ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ခရမ်းချဉ်သီး(ရှမ်းပြည်သီး)မှာ တစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (ဒေသသီး)မှာ ယခင်သြဂုတ်လဒုတိယပတ်က တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၃၅၀၀ ကျပ်ရှိရာမှ ယခု သြဂုတ်လဒုတိယပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်ပါသည်။

       နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မုန်ညင်းဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိရှိရာမှ ယခုသြဂုတ်လ ဒုတိယပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၂၈၀၀ ကျပ်၊ မုံလာဥဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လဒုတိယပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ၊ မုံလာဥနီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လဒုတိယပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။

      ကန်စွန်းရွက်မှာ တစ်စည်း ၁၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၂၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၆၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၁၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၂၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် အခြေခံစားကုန်အချို့ဈေးတက်

    တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ယခင်အပတ်က  တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်ရှိရာမှ ၂၀၂၃ခုနှစ်၊ သြဂုတ်လ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ် ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပါသည်။

       ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၂၀၀ ကျပ်၊ အလတ် ၂၄၀၀ ကျပ်၊ အကြီး ၂၆၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၂၆၀၀ ကျပ် ရှိရာမှ ယခုသြဂုတ်လဒုတိယပတ်တွင် တစ်ပိဿာ လျှင် အသေး ၂၄၀၀ ကျပ်၊ အလတ် ၂၈၀၀ ကျပ်နှင့် အကြီး ၃၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် တက်လာပါသည်။

        ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၇၅၀၀ ကျပ်၊ အလတ် ၈၀၀၀ ကျပ်နှင့် အကြီး ၉၀၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လဒုတိယပတ်တွင် တစ်ပိဿာလျှင် အသေး ၁၀၀၀၀ ကျပ်၊ အလတ် ၁၁၅၀၀ ကျပ်နှင့် အကြီး ၁၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတက်လာပြီး တရုတ် ကြက်သွန်ဖြူ ၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

        အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၈၀၀ ကျပ်၊ အလတ် ၃၀၀၀ ကျပ်၊  အကြီး ၃၅၀၀ ကျပ်၊ တရုတ်အာလူး ၃၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ငရုတ်သီးခြောက် အပုမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ် အထိရှိရာမှ ယခုသြဂုတ်လ(ဒုတိယပတ်)တွင် တစ်ပိသာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်၊ ငရုတ်သီးခြောက် အရှည်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လဒုတိယပတ်တွင်  တစ်ပိသာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ငရုတ်သီးခြောက် အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည် ငြိမ်နေပါသည်။

      မြေပဲဆံ(အနီ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၈၀၀ ကျပ်ရှိရာမှ ယခု သြဂုတ်လ ဒုတိယပတ်တွင် တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ မြေပဲဆံ(အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၆၀၀ ကျပ် ရှိရာမှ ယခုသြဂုတ်လ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ၇၈၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်တက်ခဲ့ပြီး ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၈၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း တောင်ငူမြို့ကုန်စုံဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

 

 

ပေါက်ခေါင်းမြို့နယ်တွင် မိုးနှမ်းများစတင်ရိတ်သိမ်း

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ၂၀၂၃ခုနှစ်၊ဩဂုတ်လမှစ၍ မိုးနှမ်းများစတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ မိုးနှမ်းများစိုက်ပျိုးချိန်တွင် ပေါက်ခေါင်းမြို့နယ်အနေဖြင့် မိုးနှမ်းစိုက်ပျိုးဧကမှာ (၃၈၀၀၀)ကျော်စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးသည့်မျိုးမှာ နှမ်းနက်အမျိုးအစားဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ်တွင် ရာသီဥတုမမှန်ခဲ့၍ တစ်ယောက်စိုက်လျှင် (၇)တင်းခန့်ထွက်ရှိကြောင်းသိရပါသည်။ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်၍ အပင်ပေါက်ကောင်းသဖြင့် အထွက်နှုန်းလည်းကောင်း၍ တစ်ယောက်စိုက်လျှင် (၁၀)တင်းခန့်ထွက်ရှိသဖြင့် တစ်ဧကလျှင် တင်း(၄၀)ခန့်ထွက်ရှိကြောင်းသိရပါသည်။  နှမ်းဈေးနှုန်းအနေဖြင့်လည်း ယခင်နှစ်တွင် နှမ်းနက်တစ်တင်းလျှင် (၇၀၀၀၀-၈၀၀၀၀)ကျပ်ခန့်ရှိသော်လည်း ယခုနှစ်၊ မိုးနှမ်းစတင်ပေါ်ခါစတွင် နှမ်းနက်တစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်ခန့်ဈေးပေး၍ ဝယ်ယူလျက်ရှိကြောင်းသိရပါသည်။

    ထို့ကြောင့် မိုးနှမ်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် မိုးနှမ်းများမှာ အထွက်ကောင်း၊ ဈေးလည်းကောင်းသဖြင့် အကျိုးအမြတ်များစွာရရှိကြောင်းသိရှိရပါသည်။ နှမ်းစိုက်တောင်သူများအနေဖြင့်လည်း ပင်ပန်းသလောက် အကျိုးအမြတ်များစွာရရှိသဖြင့် နောက်နှစ်တွင်လည်း တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

                  

ကန့်ဘလူခရိုင်အတွင်း ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအား ထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန် စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေး သုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူးသစ်(50)kg တစ်အိတ်လျှင် (၉၃၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၃၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၃၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၄၇၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၅၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၃၀၀၀)ကျပ်၊ မိုရယ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၃၅၀၀) ကျပ်၊ ဒီမင်း (၁)လီတာ တစ်ဘူးလျှင် (၂၀၅၀၀)ကျပ် ၊ အမ်မို (၁)လီတာ တစ်ဘူးလျှင် (၂၁၅၀၀)ကျပ် ဖြင့် ရောင်းချပေးလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ ဆန်စီးထွက်နှင့် ဈေးနှုန်း၊ဈေးကွက် အခြေအနေ

    “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း  ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

       ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃၅၀၀၀၀၀၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ကျပ် ၃၀၀၀၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ဖြစ်ပြီး  ယခင်အပတ်ထက် ဈေးအနည်းငယ် မြင့်တက်လျက်ရှိပါကြောင်း ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့ အိတ်ရေ ၁၅၀၀ အိတ်၊ မြစ်ကြီးနားသို့ အိတ်ရေ ၅၀၀ နှင့် ရန်ကုန်သို့ အိတ်‌ရေ ၁၀၀၀ စုစုပေါင်းအိတ်ရေ ၃၀၀၀ အိတ်၊ တန်အားဖြင့် (၁၅၀)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက် လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရာသီစာမန်ကျည်းသီးစိမ်းများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်သာယာဈေးတွင် ရာသီစာမန်ကျည်းသီးစိမ်းများကို ဇူလိုင်လဆန်းပိုင်းမှစ၍ ရောင်းချနေပြီဖြစ်ရာ ယခုအချိန်တွင် မန်ကျည်းသီးစိမ်း တစ်ပြည်လျှင် ကျပ် ၃၅၀၀-၄၀၀၀ ဖြင့် ရောင်းချရကြောင်း မန်ကျည်းသီးစိမ်း ခူးယူရောင်းချသူများထံမှ သိရသည်။
    ရာသီစာ မန်ကျည်းသီးစိမ်းများကို အိမ်ရှင်မတိုင်း ဝယ်ယူတတ်ကြပြီး မန်ကျည်းသီးစိမ်းကို ကြေညက်စွာထောင်းပြီး မြေပဲနှင့်သုပ်စားခြင်း၊ ပုစွန်၊ ငါးပိတို့ဖြင့်ရောကာ မန်ကျည်းသီးစိမ်းငါးပိချက်၊ ပုစွန်မန်ကျည်းသီးစိမ်းချက် စသည်ဖြင့် ပုံစံမျိုးစုံချက်ပြုတ်စားကြကြောင်း၊ ပူပြင်းပြီးလူတိုင်းနီးပါး အစားအသောက်ပျက်ချိန် ရာသီစာမန်ကျည်းသီးစိမ်းဖြင့် ဟင်းအမယ်စုံချက်စားခြင်းမှာ ခံတွင်း မြိန်စေကြောင်းလည်း သိရသည်။ လူကြိုက်များ၍ စားသုံးမှုများသော ရာသီစာမန်ကျည်းသီးစိမ်းများကို ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း  မန်ကျည်းသီးစိမ်းခူးယူရောင်းချနေသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း