Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်ရှိ ပဲနီလေးနှင့် ပဲနီပြားဈေး  

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲနီပြားနှင့် ပဲဖြူပြားများ စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များ မှာဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲနီပြားများကို ဒေသတွင်းရှိ ပွဲရုံများမှ  ဝယ်ယူရောင်းချကြပါသည်။

    ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲနီပြားဈေးနှုန်းမှာ ()ပြည် လျှင်(၁၁၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၇၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီပြား(၁)ပြည် လျှင်(၉၅၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲနီပြား()ပြည်လျှင် (၅၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊ ဈေးကွက်အတွင်း ဩဂုတ်လ၊ ပထမအပတ်တွင် ရောင်းချသည့် ပဲနီလေး ဈေးနှုန်းမှာ ()ပြည်လျှင် (၁၆၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၆၄၀၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင် အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလေး(၁)ပြည်လျှင် (၁၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ပဲကြားဈေးနှင့် ပဲတီဆံ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲကြားစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲကြားများကို ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

     ရွှေဘိုမြို့ဈေးကွက်အတွင်း ဩဂုတ်လ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲကြားဈေးနှုန်းမှာ ()ပြည် လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲကြား(၁)ပြည် လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အတွင်း ဩဂုတ်လ၊ ပထမအပတ်တွင် ရောင်းချသည့် ပဲတီဆံဈေးနှုန်းမှာ ()ပြည်လျှင် (၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ(၁) ပြည်လျှင် (၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တူညီပြီး ဈေးငြိမ်နေကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ တရုတ်ပဲကြီးနှင့်ပုဂံပဲ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ တရုတ်ပဲကြီးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာ လမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် တရုတ်ပဲကြီးများကို ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ပထမ အပတ်တွင်ရောင်းချသည့် တရုတ်ပဲကြီးဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တို့ကို နှိုင်းယှဉ်ပါ ယခင်အပတ်၌ တရုတ်ပဲကြီး(၁)ပြည်လျှင် (၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင် အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးတူညီကြောင်း၊ ပုဂံပဲဈေးနှုန်းမှာ ()ပြည် လျှင်(၉၅၀ဝိ/-) ကျပ်နှင့်တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပုဂံပဲ(၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော် ရောင်းသည့် ပဲကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် စားတော်ပဲဈေးအနည်းငယ်တက်ပြီး စားတော်ပဲလုံးရေစိမ်ဈေး ပုံမှန်ဖြစ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများ ကိုဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

စားတော်ပဲ

     ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၁၁၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၈၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှုန်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ (၁)ပြည်လျှင်(၁၁၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် စားတော်ပဲ ()ပြည်လျှင်(၅၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲ လမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

စားတော်ပဲရေစိမ်

     ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံးရေစိမ် ဈေးနှုန်းမှာ ()ပြည်လျှင်(၅၅၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၅၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  နေ့စဉ်စားတော်ပဲ(၈)ပြည်ခန့် ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ရောင်းချသည့်ကုလားပဲဆံနှင့် ကုလာပဲလုံးဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံ များထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို ဒေသတွင်းရှိ ပွဲရုံများမှဝယ်ယူရောင်းချကြပါသည်။

ကုလားပဲဆံ

        ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ပထမအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ ()ပြည်လျှင်(၈၃၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၂၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ(၁)ပြည် လျှင်(၈၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူ ကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ကုလားပဲလုံး

      ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ ပထမအပတ်တွင်ရောင်းချသည့် ကုလားပဲလုံးဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင် နှင့်အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး(၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိတွင် ရောင်းချနေသည့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် မီးသွေးအိတ်နှင့်ထင်းရှုးဆီဈေးနှုန်းများ

    အိမ်ရှင်မများအတွက် မဖြစ်မနေအသုံးကျသည့် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် မီးသွေးအိတ်၊ ထင်းရှုးဆီများကို ရွှေဘိုမြို့ရှိ ဈေးများ၊ ကုန်စုံဆိုင်များ၊ အိမ်ဆိုင်များတွင် ရောင်းချလျက်ရှိရာ မီးသွေးအိတ်နှင့် ထင်းရှုးဆီများကို မိုးရာသီတွင် အရောင်းသွက်ကြောင်း၊ မီးသွေးကို (၁)တင်းခွဲဝင် အိတ်သော်လည်းကောင်း၊ (၁)ပြည်ဝင်အိတ် သော်လည်း ကောင်း ရောင်းချကြ ကြောင်း၊ မီးသွေးကို အခဲ၊ အလတ်ကွဲဟူ၍လည်း ရောင်းချကြကြောင်း၊  ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော မီးသွေးနှင့်ထင်းရှုးဆီဈေးနှုန်းမှာ မီးသွေး (၁)တင်းခွဲဝင် (၁)အိတ်လျှင်(၁၆၀၀ဝိ/-) ကျပ် မှ (၁၇၀ဝဝိ/-) ကျပ်ဖြင့် ရောင်းချကြကြောင်း၊  မီးသွေးအခဲ(၁) ပြည်ဝင်အိတ် (၁)ထုပ်လျှင် (၁၀၀ဝိ/-)ကျပ် မီးသွေး အလတ်ကွဲ(၁)ပြည်ဝင်အိတ်(၁)ထုပ်လျှင် (၅၀ဝိ-/) ဖြင့်ရောင်း ချကြောင်း မီးမွှေးစာအဖြစ် အသုံးပြုကြသည့် ထင်းရှုးဆီဈေးနှုန်းမှာ  ထင်းရှုးဆီ အတို(၅) ချောင်းပါ (၁)စည်းလျှင် (၂၀ဝိ/-)ကျပ်၊ အရှည် (၅)ချောင်းပါ (၁)စည်းလျှင် (၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်သရက်ချဉ် ပြုလုပ်ရောင်းချမှု ဈေးနှုန်းအခြေအနေ

     မအူပင်မြို့နယ်တွင် သရက်ပင်များ စီးပွားဖြစ်စိုက်ပျိုးသူများ ရှိပြီး၊ နေအိမ်များတွင်လည်း သရက်ပင် စိုက်ပျိုးသူများပြားသည်။ သရက်သီးများ ဧပြီလတွင် ပိုမိုထွက်ရှိပြီး သရက်ချဉ်ပြုလုပ်၍ မိုးတွင်းကာလတွင် ရောင်းချသူ များပေါများသည်။ သရက်ချဉ်ပြုလုပ်၍ နှစ်စဉ် ရောင်းချသူများပြား၍ ဝင်ငွေရရှိကြောင်း သိရသည်။

          သရက်သီးများကို သရက်ချဉ်ပြုလုပ်ရန်အကောင်းဆုံးအရွယ်အနေအထားတွင် လိုက်လံခူးယူပြီး ပုတ်တောင်ဖြင့် စိမ်ထားကြောင်း၊ ပုတ်တောင်းတစ်ခုတွင် သရက်သီးအလုံး ၈၀၀ခန့် ဝင်ဆန့်ကြောင်း၊ ပုတ်ဆောင်း ၁၅ပုတ်ခန့် ဖြင့် နှစ်စဉ်သိုလှောင်ထားပြီး ၄လအကြာတွင် သရက်ချဉ်ထုတ်၍ ဈေးကွက်အတွင်းရောင်းချကြသည်။ သရက်ချဉ်ပြုလုပ်သူများပြား ကြောင်းလဲသိရသည်။ သရက်ချဉ်ကို အလုံးလိုက်သာ ရောင်းချကာ ၁လုံးလျှင် ၃၀၀ကျပ်ဈေးရသည်။ သရက်ချဉ် နည်းပါးလာပါက ဈေးပိုကောင်းကြောင်း ၁လုံးလျှင် ၅၀၀ကျပ်ထိ ဈေးရကြောင်း သရက်ချဉ်ပြုလုပ်ရောင်းချသူမှ ပြောပြ၍ သိရသည်။ သရက်သီးစိုက်ပျိုးရာမှ သရက်သီးမှ ဝင်ငွေအမျိုးမျိုးရရှိလျက်ရှိသည်၊ သရက်သီးစိမ်းရောင်းချခြင်း၊ သရက်သီးမှည့်ရောင်းချခြင်း၊ သရက်ပျဉ်ပြုလုပ်ရန် ရောင်းချခြင်း၊ သရက်ချဉ်ပြုလုပ်ရန်ရောင်းချခြင်း များ ရှိသဖြင့် နှစ်စဉ် ဝင်ငွေရရှိသော သရက်ပင်ဖြစ်သောကြောင့် စိုက်ပျိုးသူများပြားကြောင်းခဲသိရသည်။

DOCA(ဧရာဝတီ)

အပတ်စဉ် ပြောင်းလဲနေသော စက်သုံးဆီဈေးနှုန်း

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ယခု  ဇူလိုင်လ နောက်ဆုံးအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၀၆၅)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၂၁)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၈၉)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၅၃၅)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု  ဩဂုတ် လ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၁၂၃)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၇၉)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၉၀)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၅၂၉)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ်လီတာလျှင်(၅၈)ကျပ်၊  95တစ်လီတာလျှင် (၅၈)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSDတစ်လီတာလျှင်(၁)ကျပ် ဈေးမြင့်တက်လျက်ရှိပြီး ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၆)ကျပ် ကျဆင်းလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

 

ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်လျက်ရှိ

     ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ယခင် ဇူလိုင်လ နောက်ဆုံးပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀) ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး ယခု ဩဂုတ်လ ပထမပတ်တွင် တစ်ပိဿာ လျှင်(၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၈၀၀) ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်မြင့်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မအူပင်ဒေသထွက် ငါးမြစ်ခြင်း ငါးဥ ဈေးကောင်းလျက်ရှိ

     မအူပင်မြို့နယ်တွင် ငါးမွေးမြူရေးလုပ်ငန်းများရှိသလို၊ မြစ်ချောင်းများမှ ဒေသထွက် မြစ်ငါးမျိုးစုံ ဖမ်းယူရရှိပြီး ဒေသတွင်းရောင်းချသလို ၊ ရန်ကုန်တင်ပို့မှုများလဲရှိသည်။ ငါးများမှ ငါးဥများကိုလည်း သီးသန့်ရောင်းချသူများလည်း ရှိသည်။

          မအူပင်မြို့နယ် ငါးဥရောင်းချသူများရှိ၍ ငါးဥဈေးနှုန်းအနေဖြင့် ၁ပိဿာလျှင် ၁၇၀၀၀ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ငါးဥရောင်းချသူများသည် တစ်နေ့လျှင် ပိဿာချိန် ၃၀-၅၀ ထိမှာယူရောင်းချရကြောင်း ယခင် ဇွန်လ ဈေးနှုန်း နှိုင်းယှဉ်ပါက ၃၀၀၀ကျပ် ဈေးကျဆင်းကြောင်း၊ ငါးဥ ရှားပါးချိန်တွင် ဈေးကောင်း၍ ငါးဥများများ ထွက်ရှိချိန် ဈေးအသင့်အတင့် ရရှိကြောင်း  ငါးမျိုးစုံရောင်းချသူထံမှ သိရသည်။ ငါးဥများကို ရန်ကုန်တင်ပို့မှု အနည်းငယ်သာရှိ၍ စီးပွားဖြစ်တင်ပို့ခြင်း မရှိကြောင်း၊ ရန်ကုန်သို့ တစ်ပါတ်လျှင် ၃ကြိမ် ၁ခါရေခဲပုံးဖြင့် တင်ပို့ပါက ပိဿာ ၅၀သာ ထမင်းဆိုင်ရောင်းချသူများထံ ပေးပို့ကြောင်း ၊  ရန်ကုန်တင်ပို့ဈေးနှုန်းမှာ ၁ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် တင်ပို့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း