Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ သုံးခွမြို့နယ်၏ ဈေးကွက်တွင်ရောင်းချနေသောအခြေခံစားကုန် ကုန်ခြောက်ဈေးနှုန်းများ ”

    ဩဂုတ်လ ပထမပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားကုန်များဖြစ်သော (ကုန်ခြောက်) ပစ္စည်းအမျိုးအစားအလိုက် အနေဖြင့် ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၁၅၀၀မှ ၂၂၀၀)ကျပ် ထိ၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ ငရုတ်ရှည်တစ်ပိဿာ (၁၁၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ မန်းကျီးသီး တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် အလုံး အကြီးအသေး ပေါ်မူတည်၍ (၅၀၀၀မှ ၅၅၀၀)ကျပ်ထိ၊ သကြားတစ်ပိဿာလျှင် (၅၃၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

      အခြေခံစားကုန်(ကုန်ခြောက်) ဈေးနှုန်းများအနေဖြင့် ဝယ်ယူရရှိသည့် ကုန်စည်အမျိုးအစားအလိုက် ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှုရှိသော်လည်း သိသာထင်ရှားစွာ ပြောင်းလဲမှု မရှိကြောင်း၊ ကုန်ခြောက်ပစ္စည်းများမှာ တစ်ရက်ခြားတစ်ခါ သုံးခွမြို့နယ် ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပြီး ကုန်ခြောက်ပစ္စည်းများအား ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူ၍ ရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ သုံးခွမြို့နယ်တွင် မိုးစပါးများ စိုက်ပျိုးပြီးစီး ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် လျာထားဧက အနေဖြင့် (၁၅၃၆၆၇)ဧကဖြစ်ပြီး ဩဂုတ်လအစတွင် မိုးစပါး (၁၅၃၆၁၀)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

    သုံးခွမြို့နယ်၌ ယခုနှစ်မိုးစပါး စိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံဖြိုးတိုးတက်စေရန် သာမက ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ သုံးခွမြို့နယ်ရှိ ဒေသခံတောင်သူများမှ တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက (၁၅၃၆၁၀)ဧက အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

    သုံးခွမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍနှစ် မိုးစပါးစိုက်ပျိုးရာသီချိန်တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ အထွက်နှုန်းကောင်းမွန်စေရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်မှုရှိစေရေး၊ သွင်းအားစု ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲတတ်စေရေးတို့အတွက် သက်ဆိုင်ရာ ဆက်စပ်ဌာနနှင့်စိုက်ပျိုးမှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့များပူးပေါင်း၍ ဒေသခံတောင်သူများအား စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မုံရွာမြို့ဒေသထွက်ပဲတောင့်ရှည်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီအလိုက် သီးနှံများ စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်စားသောက်ရာတွင် ပဲတောင့်ရှည်ကို တစ်နိုင် တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပဲတောင့်ရှည်ကို ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပါ သည်။ ပဲတောင့်ရှည်ကို ပျိုးပင်များပြုလုပ်၍လည်းကောင်း အချို့ဒေသများတွင် မျိုးစေ့ဖြင့် လည်း စိုက်ပျိုးကြသည်။ ပဲတောင့်ရှည်သည် လူတိုင်းကြိုက်ကြသည့် အသီးတစ်မျိူးလည်း ဖြစ်ပါသည်။ ပဲတောင့်ရှည်ကို အကြော်၊ အတို့၊ အမြုပ်၊ သီးစုံပဲဟင်း စသည်တို့ဖြင့် အမျိုးမျိုး စားသုံးကြသည်။

                    စိုက်ပျိုးထွက်ရှိသည့် ပဲတောင့်ရှည်များအား မုံရွာမြို့၊ မန်ကျည်းပင်ဈေးနှင့် သာစည်စျေးတွင် လာရောက်ရောင်းချကြပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမတွင် ဖြစ်ပေါ် နေသာ  ပဲတောင့်ရှည်စျေးနှုန်းမှာ တစ်ပိဿာလျှင် ၂၅၀၀- ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပျားသလက် နှင့် ပျားရည် ဈေးနှုန်း

    ကျွန်းမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများ ရှိသည့်အနက် တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် ပျားရည် နှင့် ပျားသလက် ရှာဖွေသည့်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပါသည်။

    ယခု ဩဂုတ်လ ပထမအပတ် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်နှုန်း၊ (၁၀) ကျပ်သားခန့် တစ်ပြားလျှင်(၁၀၀၀)ကျပ် နှင့် (၅)ကျပ်သားခန့် တစ်ပြားလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း၊ အလားတူပင် ပျားရည်ဈေးနှုန်းအနေဖြင့် ပျားရည်(၄၀)ကျပ်သားဝင် တစ်ပုလင်းကို(၂၀၀၀၀)ကျပ်၊ (၂၀)ကျပ်သားဝင် ဂျပ်ပြား တစ်ပုလင်းကို(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပျားသလက် နှင့် ပျားရည်ရောင်းချသူထံမှ သိရပါ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပန်းဈေးနှုန်းများ

   ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်လျက်ရှိရာ နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း ဂမုန်းပန်း စသည်တို့ကိုလည်း ရွှေဘိုမြို့ နှင့် မန္တလေးမြို့မှ ရောင်းချကြပါသည်။

               ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ရောင်းချနေသော နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ် နှင့် နှင်းပန်း(၁၀)စီး တစ်ထုံးလျှင် (၉၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး  ယခု ဩဂုတ်လ ပထမပတ်တွင် နှင်းပန်းဈေးနှုန်းများမှာ နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင်(၁၂၀၀)ကျပ်၊ (၁၀)စီး တစ်ထုံးလျှင်(၁၁၀၀၀)ကျပ်၊ အလားတူပင်  ပန်တိမ်ငို(ခေါ်) ပန်တိမ်မနိုင်ပန်းများ၏ ဈေးနှုန်းအနေဖြင့် (အဖြူရောင်/ခရမ်းရောင်) အခက် အကြီး()ခက်တစ်စည်းလျှင်(၇၀၀)ကျပ်၊ (အဖြူရောင်/ ခရမ်း ရောင်)အခက်သေး ()ခက်ပါ တစ်စည်း လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့်  ရောင်ချလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နွားနို့၊ နွားနို့ခဲ နှင့် ဒိန်ချဉ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မွေးမြူရေး နှင့်  စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ ရိုးရိုး ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင် တစ်နိုင် မွေးမြူလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ရောင်းချနေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်း များမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၀၀၀)ကျပ်၊ နွားနို့ခဲ(၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ် (၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့၏ ရာသီစာ တဇောင်းဖူး(ခေါ်)ပဒုမ္မာဖူး ဈေးနှုန်း

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများရှိ နေအိမ်ခြံစည်းရိုးများတွင် တဇောင်းပင်များ သဘာဝ အလျှောက် အလေ့ကျပေါက်ရောက်လေ့ ရှိသလို နေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးထားကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချလျက် ရှိသည့် တဇောင်းဖူး ဈေးနှုန်းများမှာ တဇောင်းဖူး(၁၀/၁၅)ဖူး တစ်ပုံလျှင်(၅၀၀)ကျပ်၊ တဇောင်းပွင့်(၁၀/၁၅)ပွင့် တစ်ပုံလျှင်(၃၀၀)ကျပ်၊ တဇောင်းပွင့်(၁၀/၁၅)ပွင့်(၂)ပုံလျှင်(၅၀၀)ကျပ် နှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော နှင်းဆီပန်း၊ ဇီဇဝါပန်း နှင့် ဇွန်ပန်း ဈေးနှုန်း

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ဈေးနှုန်းများမှာ  နှင်းဆီပန်း ဈေးနှုန်းအနေဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ (အလတ်)တစ်ပွင့် လျှင်(၅၀၀)ကျပ် (အသေး)တစ်ပွင့် လျှင်(၄၀၀) ကျပ်၊ ဇီဇဝါပန်း(၁၀)ပွင့်ပါ တစ်စီးလျှင် (၁၀၀၀)ကျပ်နှင့် ဇွန်ပန်း တစ်ကုံးလျှင်(၃၀၀)ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ရှင်မွေးလွန်းပန်း တစ်ကုံးလျှင်(၃၀၀)ကျပ်၊(၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)                                                                                                                                            

ကျွန်းလှမြို့၌ တည်ငြိမ်လျက်ရှိသော ငါးဖယ်ခြစ် နှင့် ငါးဖယ် ဈေးနှုန်း

    ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ငါးဖယ်ခြစ် ဈေးနှုန်းများမှာ ငါးဖယ်ခြစ် တစ်ပိဿာ လျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြစ်ပြီး ငါးဖယ် ဈေးနှုန်းများမှာ ငါးဖယ် အကောင်လိုက် လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ငှက်ပျောပင်စိုက်ပျိုး ဝင်ငွေတိုး

   ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို တစ်နိင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးလျက်ရှိရာ ငှက်ပျော စိုက်ပျိုးသည့် အမျိုးအစားများမှာ ဖီးကြမ်း (စိမ်း) ဖီးကြမ်း(ငှက်ပြာ) ကသည်း ငှက်ပျော(ခေါ်) ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော နှင့် ဝက်မလွတ် (ဘရာဇီး)ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုး လျက်ရှိပါသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ငှက်ပျောသီး ဈေးနှုန်းများမှာ ငှက်ပျောတစ်ဖီးလျှင် အဖီးလှ/မလှပေါ်မူတည်၍ (၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး) ငှက်ပျောအဖီး လှ/မလှ ပေါ်မူတည် (၂၅၀၀/၃၀၀၀)ကျပ်၊ ကသည်းငှက်ပျော(ခေါ်)ရခိုင် ငှက်ပျောသီး လှ/ မလှပေါ်မူတည်၍ တစ်ဖီးလျှင် (၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော တစ်ဖီးလျှင် (၂၀၀၀/၂၅၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီမရွေးစိုက်ပျိုးရောင်းချရသည့် နှစ်ရှည်သီးနှံပင် ဖြစ်သည့်အတွက်  စိုက်ပျိုးသင့် ငှက်ပျောစိုက်တောင်သူထံမှသိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း