Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဩဂုတ်လ၊ ဒုတိယအပတ်၌ ဘားအံမြို့၊ ကမ်းနားလမ်းယာယီဈေးရှိ ငါး/ပုစွန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာ

  ကရင်ပြည်နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများဈေးရောင်း/ဈေးဝယ်များအဆင်ပြေလွယ်ကူစေရေးအတွက် အမှတ်(၁)၊ ရေပေါ်စံပြဈေးအား အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းယာယီဈေးသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်းသိရသည်။

   အဆိုပါဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်အတွင်းဖြစ်ပေါ်နေသော ငါးမျိုးစုံ၏ဈေးနှုန်းများမှာ ငါးကြင်းဖြူတစ်ပိဿာလျှင် ၁၄၇၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ တီလားဗီးယားငါးတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငါးခုံးမကြီးတစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ငါးခုံးမသေးတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ငါးမဲလုံးတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမှုန့်တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ပလာတူးတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ မွေးမြူရေးငါးခူတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ရေချိုငါးခူတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊  ငါးဖယ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးနုသန်းတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်၊ ရေချိုပုစွန်ထုပ်သေးတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ရေချိုပုစွန်ထုပ်ကြီးတစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ ဂျော့ပုစွန် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ဩဂုတ်လ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် အနည်းငယ်မြင့်တက်လာခဲ့ကြောင်း ငါးအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ကရင်)

မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

    မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီး ဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

   စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်း ဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။

    မုံရွာခရိုင်အတွင်း (၃.၇.၂၀၂၃) ရက်နေ့မှ (၉.၇.၂၀၂၃ ရက်နေ့ထိ စားအုန်းဆီ ပိဿာချိန်(၁၃၂၀၀) ပိဿာခန့် တစ်ပိဿာလျှင် ၄၆၀၀ ကျပ်ဖြင့်လည်းကောင်း၊  (၁၀.၇.၂၀၂၃) ရက်နေ့မှ (၃၀.၇.၂၀၂၃) ရက်နေ့ ထိ စားအုန်းဆီပိဿာချိန် (၄၆၂၀၀) ပိဿာခန့် တစ်ပိဿာလျှင် ၄၇၀၀ ကျပ်ဖြင့် လည်းကောင်း ၊ (၃၁.၇.၂၀၂၃) ရက်နေ့တွင်စားအုန်းဆီပိဿာချိန် (၂၂၀၀) ပိဿာခန့် တစ်ပိဿာ လျှင် ၄၈၀၀ ကျပ်ဖြင့် လည်းကောင်း  စုစုပေါင်း ပိဿာချိန် (၆၁၆၀၀) ပိဿာခန့်အား လူစည်ကားရာ ရပ်ကွက်များ၊ ဈေးများ အပြင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည် ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းအခြေအနေ

      မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပါကြောင်း သိရပါသည်။

     မုံရွာမြို့၏ ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်း စပါးတင် ၁၀၀ လျှင် ကျပ် ၃၀၀၀၀၀၀ မှ ၃၁၀၀၀၀၀၊ ဧရာမင်းဆန်  ၂၄ ပြည်ပါ တစ်အိတ်လလျှင် ၁၁၀၀၀၀ မှ ၁၁၅၀၀၀ ထိ၊ မနောသုခစပါးတင် ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ မနောသုခဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ပေါ်ဆန်း စပါးတင် ၁၀၀ လျှင် ကျပ် ၃၂၀၀၀၀၀၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀ မှ ၁၂၀၀၀၀ ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိပါသည်။

      ယခင်လ ပထမအပတ် စပါး/ဆန်ဈေးနှုန်းများနှင့် ယခုလ ပထမအပတ် ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ဧရာမင်းစပါးတင် ၁၀၀ လျှင် ၅၀၀၀၀၀ ကျပ် ၊ ဧရာမင်းဆန်  ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀ ကျပ် ၊ မနောသုခစပါးတင် ၁၀၀ လျှင် ၂၀၀၀၀၀ ကျပ် ၊ မနောသုခဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀  ကျပ် ပေါ်ဆန်းစပါးတင် ၁၀၀ လျှင် ၃၅၀၀၀၀ ကျပ် ၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀  ကျပ် တို့ ဈေးနှုန်းမြင့်တက်ကြောင်း‌ မုံရွာမြို့နေ ဆန်စက်ပိုင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကယားပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

   ကယားပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်လက်လီဈေးနှုန်းများမှာ ဧည့်မထဆန် (၁)အိတ်လျှင်  (၉၁၀၀၀)ကျပ်၊  ငစိန်ဆန်(၁)အိတ်လျှင်  (၆၈၀၀၀)ကျပ်၊  ပဲဆီ (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်၊  စားအုန်းဆီ(၁)ပိဿာလျှင် (၈၈၀၀)ကျပ်၊ နှမ်းဆီ(၁)ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ နေကြာဆီ (၁)ပိဿာလျှင် (၁၄၅၀၀)ကျပ်၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင် (၃၃၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်စ) (၁)ပိဿာလျှင် (၇၂၀၀)ကျပ်၊ နနွင်းတက်(၁)ပိဿာလျှင် (၅၅၀၀)ကျပ်၊ ချင်း(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ဆား(၁)ပိဿာလျှင် (၈၀၀)ကျပ်၊ မြေပဲဆန်(၁) ပိဿာလျှင် (၈၀၀၀) ကျပ်၊  ကုလားပဲဝါ(၁)ပိဿာလျှင် (၆၈၀၀)ကျပ်၊ မန်ကျည်းသီး(၁)ပိဿာလျှင် (၃၇၀၀)ကျပ်၊ အာလူး (၁)ပိဿာလျှင် (၃၅၀၀)ကျပ်၊ သကြား(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကန်စွန်းရွက် (၁)စည်း လျှင် (၂၀၀)ကျပ်၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် (၁၈၀၀)ကျပ်၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် ( ၈၀၀ ) ကျပ်၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၁၈၀၀)ကျပ်၊ ပဲသီး(၁)စည်းလျှင်(၈၀၀)ကျပ်၊ ပဲနီလေး(၁)ပိဿာလျှင် (၅၅၀၀) ကျပ်၊ ကြက်သား(၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ဝက်သား(၁)ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ အမဲသား (၁) ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ဆိတ်သား(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ ငါးမြစ်ချင်း(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်း(၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ငါး ခူ(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကြက်ဥ (၁) လုံးလျှင် (၂၅၀)ကျပ်၊ ဘဲဥ(၁)လုံးလျှင် (၃၃၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ကယား)

 

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

    ၂၀၂၃ ခုနှစ် ဩဂုတ်လ ဒုတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၄၈၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၄၈၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား လက်လီဈေးမှာ အကြီး /အသေးပါ်မူတည်၍တစ်ပိသာလျှင်(၂၀၀၀/၂၅၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးသေး တစ်ပိသာ (၈၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၉၀၀၀) ကျပ် ယခင်အပတ်ထက်အနည်းငယ်လျော့ကျလျက်ရှိပါသည်။ ဂျင်း တစ်ပိသာလျှင်(၇၀၀၀/၈၀၀၀)ကျပ် ဖြစ်နေပြီး ယခင် အပတ်အတိုင်းတည်ငြိမ်လျှက်ရှိပါသည်။ ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူး အသေး/အကြီး အမျိုး အစား အလိုက် တစ်ပိသာ(၃၀၀၀/၃၃၀၀)ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

   ငရုတ်သီးစိမ်း တစ်ပိသာ (၄၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ (၂၂၀၀/၂၃၀၀)ကျပ် ယခင် အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ခရမ်းသီး  တစ်ပိသာ (၁၈၀၀) ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းဂေါ်ဖီ တစ်ပွင့်  (၁၅၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင်(၁၅၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်လျော့ကျလျှက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၆၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၅၀၀၀)ကျပ် ယခင် အပတ်အတိုင်းတည်ငြိမ်လျက်ရှိနေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၅၀) ကျပ် မှ (၁၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ လောလောဆယ် တည်ငြိမ်လျှက်ရှိနေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၈၀)ကျပ်၊ (အသေ)တစ်လုံး (၂၇၀) ကျပ် ၊ ဘဲဥ တစ်လုံ (၂၈၀/၃၀၀)ကျပ်ရှိသည် ။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိ သာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ် ယခင် ဇူလိုင်လ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ ကြက်သား၊ အမဲသား ဈေးများမှာ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရ ပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၅၀၀) ကျပ် မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၅၀၀၀)ကျပ် ၊ အလတ် တစ်ပိသာ (၆၀၀၀) ကျပ်၊ အကြီး တစ်ပိသာ (၇၅၀၀)  ငါးဈေးများမှာ ယခင်ထက် အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိသာလျှင် (၁၀၅၀၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံး လျှင် (၁၀၄၀၀၀)ကျပ်  ယခင်အပတ်ထက် တစ်ပိသာ(၉၆၀၀)ကျပ် ပြန်လည်မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကရင်ပြည်နယ်၏ စက်သုံးဆီလက်လီဈေးနှုန်းများ

    (၁၁-၈-၂၀၂၃) ရက်နေ့၌ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နေ့စဉ် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများမှာ Octane 92 (1 Liter) လျှင ၂၃၅၀ကျပ်၊ Octane 95 (1 Liter) လျှင်  ၂၄၆၀ကျပ်၊ P Diesel (1 Liter)လျှင် ၂၆၁၅ကျပ်၊ Diesel (1 Liter)လျှင် ၂၅၄၀ကျပ်ဖြစ်ပြီး  ကရင်ပြည်နယ်၊ သာမညတွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများမှာ Octane 92 (1 Liter) လျှင် ၂၃၆၀ကျပ်၊ Octane 95 (1 Liter) လျှင် ၂၄၇၀ကျပ်၊ P Diesel    (1 Liter) လျှင် ၂၆၂၅ကျပ်၊ Diesel (1 Liter) လျှင် ၂၅၅၀ကျပ်တို့ဖြင့်ရောင်းချနေကြောင်း သိရသည်။

 စက်သုံးဆီဝယ်ယူသုံးစွဲမှုနှင့်ပတ်သက်၍ သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဖုန်းနံပါတ်များ (၀၆၇-၄၀၉၈၈၁၊ ၀၆၇-၄၁၁၁၂၉၊ ၀၉-၆၉၉၆၁၁၁၆၊ ၀၉-၄၄၀၄၃၃၅၃၃) သို့ လုံခြုံစိတ်ချစွာတိုက်ကြားနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ကန့်ဘလူမြို့၏ ဩဂုတ်လ ဒုတိယပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ တီလားဗီးယား အကောင်ကြီး တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀) ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်(မာကြား) တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ငါးဈေးနှုန်းများအား ဩဂုတ်လပထမပတ်နှင့်နှိုင်းယှဉ်ပါက    တီလားဗီးယားအကောင် သေးတစ်ပိဿာလျှင်(၂၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာ ဈေးအတွင်း ရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့ နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

   ၂၀၂၃ခုနှစ်၊ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊ ပန်းသီး(ယိုးဒယားအကြွပ်) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁) ပိဿာလျှင် (၁၆၀၀၀)ကျပ်၊  မာလကာသီး (၁)လုံးလျှင် (၃၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံး လျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်ထိ၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိ၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်ထိ၊ မြစ်ကြီးနားမှထွက်ရှိသော ခွန်စိမ်းငှက်ပျော သီး(၁)ဖီးလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်ထိ၊ ဖရဲသီးအသေး(၁)လုံးလျှင် (၄၀၀၀)ကျပ်၊ ဖရဲသီးအကြီး (၁)လုံးလျှင် (၅၀၀၀)ကျပ်၊ ကြက်မောက်သီး (၁)တွဲလျှင် (၁၅၀၀)ကျပ် ၊နာနတ်သီး (အသေး) (၁)လုံးလျှင် (၁၀၀၀)ကျပ်၊ နာနတ်သီး (အကြီး) (၁)လုံးလျှင် (၁၅၀၀)ကျပ်၊ နဂါးမောက်သီး (၁)လုံးလျှင် (၅၀၀ မှ ၇၀၀)ကျပ်၊ ဒူးရင်းသီး(၁)လုံးလျှင် (၁၃၀၀၀)ကျပ်၊ ရင်ကွဲသရက်သီး (၁)လုံး လျှင် (၂၀၀မှ၂၅၀)ကျပ်ထိဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

       မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက် ရှိကြောင်း သိရပါသည်။

      ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော် (၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ (၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၂၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

    မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

        ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာ လျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း