Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဩဂုတ်လ၊ ဒုတိယပတ်တွင် ဓါတ်မြေဩဇာဈေးများ အနည်းငယ် အတက်၊ အကျရှိပြီး ပိုးသတ်ဆေးဈေးနှုန်းများ ဈေးငြိမ်နေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

     ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေး လုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၂၀၂၃ခုနှစ်၊ဩဂုတ်လ၊ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၄၄၀၀ဝိ/-)၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၂၀၀၀ဝိ/-)၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင်(၆၅၅၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၈၀၅၀ဝိ/-)၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၇၈၀၀ဝိ/-)ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 1Literတစ်ဗူးလျှင် (၁၅၅၀ဝိ/-)၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၂၅၀ဝိ/-)၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250ccတစ်ဗူးလျှင် (၂၈၅၀ဝိ/-)၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဗူးလျှင် (၂၉၅၀ဝိ/-)၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် 500gတစ်ဗူးလျှင် (၉၀၀ဝိ/-)ဖြစ်ကြောင်း၊  ယခုတစ်ပတ်တွင်  အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာနှင့် ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာများမှာ ယခင်အပတ်ထက် ဈေးအနည်းငယ်မြင့်တက်လာပြီး ကျန်အမှတ်တံဆိပ် ဓါတ်မြေဩဇာများမှာ ဈေးအနည်းငယ်ကျ၍ ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းများအတိုင်း အတက်၊ အကျမရှိဘဲ ဈေးငြိမ်နေပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခင်အပတ်ကဲ့သို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကသာမြို့တွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် ဩဂုတ်လ ဒုတိယအပတ်တွင် ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ဧရာမင်း ဆန်တစ် အိတ် (၁၁၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၄၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၁၀၀၀၀)ကျပ် ရှိကြောင်း သိရသည်။

    စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး အသေး/အကြီးပေါ် မူတည်၍ တစ်ပိဿာ (၂၅၀၀ မှ ၃၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၂၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ(၃၂၀၀)ကျပ်၊ ဂျင်းတစ်ပိဿာ (၇၀၀၀)ကျပ်၊ ကုလား ပဲတစ်ပိဿာ(၇၂၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာ(၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု)တစ်ပိဿာ(၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၃၂၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။

     အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၁၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၂၄၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာ(၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဩဂုတ်လ ပထမအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ် ကြည့်ပါက ရွှေဘိုပေါ်ဆန်းနှင့် ဧည့်မထ (ဆင်း-၃) ဆန်များမှာ ကျပ်(၁၀၀၀၀)ခန့်၊ ဧရာမင်းဆန်မှာ ကျပ် (၁၄၀၀၀)ခန့် မြှင့်တက်လာပြီး စားအုန်းဆီဈေးနှုန်းမှာ ကျပ်(၇၀၀)ခန့် ဈေးနှုန်းမြှင့်တက်လာသည်ကို တွေ့ရှိရသည်။ စားဖိုဆောင်သီးနှံများဖြစ်သည့် ကုလားပဲ၊ ပဲနီလေးနှင့် ငရုတ်ခြောက်(ပု) ‌ဈေးနှုန်းမှာ ကျပ်(၄၀၀)၊ ကျပ်(၈၀၀)နှင့် ကျပ်(၁၀၀၀)ခန့် အနည်းငယ်မြင့်တက်လာပြီး ကြက်သားဈေးနှုန်းမှာ ကျပ် (၁၀၀၀)ခန့် ဈေးနှုန်းကျဆင်းကာ ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း တွေ့ရှိရပါသည်။

DOCA(စစ်ကိုင်း)

                  

ရွှေဘိုခရိုင်အတွင်း ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ ဒုတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှု မှာ သြဂုတ် ပထမပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၂၀၀၀၊ မန္တလေးသို့ အိတ်ရေ၂၃၄၀၀၊ နေပြည်တော် သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၄၉၀၀၀၊ တန်အားဖြင့် ၂၄၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၂၅၀၀၊မန္တလေးသို့ အိတ်ရေ ၂၆၉၀၀၊ နေပြည်တော်သို့ အိတ်ရေ၅၅၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၄၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၅၄၅၀၀၊ တန်အားဖြင့် ၂၇၂၅တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၅၀၀၊ တန်အားဖြင့် ၂၇၅တန် ပို၍ စီးထွက်ခဲ့ပါသည်။

      ရွှေဘိုမြို့၏ ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ် ၃၂၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀ ၊ ဧရာမင်း စပါး  တင်း၁၀၀လျှင် ကျပ် ၂၇၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၈၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၇၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်း

    မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ရွှေဘိုမြို့၌ စက်သုံးဆီဆိုင် (၁၉) ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ သြဂုတ်လ၊ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၃၁၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၄၂၅) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၄၇၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅၅၅) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

     ယခုဩဂုတ်လ၊ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၂၅၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၃၇၀) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၄၃၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅၁၀) ကျပ်ဖြင့်ရောင်းချနေပြီး ယခင်အပတ်ဈေးနှန်းများနှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ (92) တစ်လီတာလျှင် (၆၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၅၅) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၄၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၄၅) ကျပ်ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                            

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၂၈/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ရွှေဘိုမြို့၌ စားသုံးဆီဈေးများ အနည်းငယ်မြင့်တက်

   စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင်  ရွှေဘိုမြို့၌ စားအုန်းဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

     ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီလက်လီ/လက်ကားရောင်းချသောဆိုင် (၁၂) ဆိုင်ရှိပြီး သြဂုတ်လ၊ ပထမအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၈၃၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဩဂုတ်လ၊ ဒုတိယအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၉၂၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်အပတ်နှင့် ယခုအပတ်တို့၏ စားသုံးဆီတစ်ပိဿာဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၉၀၀) ကျပ်ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး ပဲဆီသန့်နှင့် နှမ်းဆီသန့်ဈေးနှုန်းတို့မှာ ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း  စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                                         

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၅.၈.၂၀၂၃ )

    ၁၅.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

“ဇူလိုင်လအတွင်း သိမ်ဖြူဈေးတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီ လက်ကားဈေးနှုန်းများ”

      ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအားကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ဇူလိုင်လပထမပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၂၈၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၀၅၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၃၀၀ ကျပ်ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၈၀၀ ကျပ်မှ ၇၃၀၀ ကျပ်ထိရှိခဲ့ပါသည်။ ဇူလိုင်လဒုတိယပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၄၂၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၉၀၀)ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေး မှာ ၁ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေး မှာ ၁ပိဿာလျှင် ၆၄၀၀ ကျပ်မှ ၈၀၀၀ ကျပ်ထိ ဖြစ်ခဲ့ပါသည်။ ဇူလိုင်လတတိယပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၇၈၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၇၄၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေး မှာ ၁ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၆၀၀ ကျပ်ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၈၅၀၀ ကျပ် ထိရှိခဲ့ပါသည်။ ဇူလိုင်လစတုတ္ထ ပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၈၆၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေး မှာ ၁ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၉၀၀ ကျပ်ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေး မှာ ၁ပိဿာလျှင် ၇၂၀၀ ကျပ်မှ ၈၅၀၀ ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်နီ ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိ၍ ကြက်သွန်ဖြူဈေးနှုန်းမှာ ဆက်လက်မြင့်တက်လျက်ရှိနေကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း