Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၈.၂.၂၀၂၄ )

    ၁၈.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၇.၂.၂၀၂၄ )

    ၁၇.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၆.၂.၂၀၂၄ )

၁၆.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

  နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁၆.၂.၂၀၂၄ )

    ၁၆.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” (၅-၂-၂၀၂၄) ရက်နေ့မှ (၁၀-၂-၂၀၂၄) ရက်နေ့အထိ

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ် များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီများနေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီကို ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက် ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၅-၂-၂၀၂၄)ရက်နေ့မှ (၁၀-၂-၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ (၂၁) ခုနှင့် စားအုန်းဆီတန်ချိန် (၇၀၂၃.၁၉၈)တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၆.၂.၂၀၂၄ )

   ၁၆.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

“ ကော့မှူးမြို့နယ်၌ စားအုန်းဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်အတွင်း၌ စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီအမျိုးမျိုးကိုဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့သွားရောက်၍ ဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများအနေဖြင့် အဓိကစားသောက်ပစ္စည်းဖြစ်သော စားအုန်းဆီအမျိုးမျိုးတို့ကိုဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် စံချိန်၊ စံညွှန်းနှင့်ကိုက်ညီမှုရှိသောစားအုန်းဆီများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ပြည့်စုံစွာဖော်ပြပါရှိသော စားအုန်းဆီများကိုသာ အမှန်တကယ်ရောင်းချကြရန်၊ စားအုန်းဆီအမျိုးမျိုးနှင့်စားသောက်ကုန်ပစ္စည်းများတွင် သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်ပစ္စည်းများ၊ သက်ဆိုင်ရာဌာနများက တားမြစ်ထားသောကုန်ပစ္စည်းများ၊ သက်တမ်းကုန်နေသော စားသောက်ကုန်ပစ္စည်းများအား မိမိတို့၏ဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းမပြုစေရေး စသည့်စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အကြံပြုဆွေးနွေးရှင်းလင်းပြောကြားခဲ့ပြီးနောက် ဈေးကွက်အတွင်းရှိ စားအုန်းဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အခြေခံစားကုန် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး ဈေးနှုန်းအနည်းငယ်ကျ

   အခြေခံစားကုန်ဈေးနှုန်း ဈေးကွက်ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအား ဘားအံမြို့ ရေပေါ်ဈေးကို အခြေခံ၍ ကုန်ဈေးနှုန်းစာရင်းများ ကောက်ယူလျက်ရှိရာ ၁-၂-၂၀၂၄ မှ ၁၃-၂-၂၀၂၄ ရက်နေ့ထိ  ဖြစ်ပေါ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ  ဧည့်မထဆန် တစ်ပြည် ၃၅၀၀ကျပ်၊ ပေါ်ဆန်း (သထုံ)မွှေးဝါ တစ်ပြည် ၅၄၀၀ ကျပ်၊ စားအုန်းဆီ  တစ်ပိဿာ ၅၉၀၀ကျပ်၊ ငရုတ်ခြောက်ရှည် ၁၃၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၈၀၀ ကျပ်၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၁၀၅၀၀ ကျပ်၊ ဝက်သား ၁၅၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၈၀၀၀ ကျပ်၊ အာပြဲခြောက် တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၂၇၀ ကျပ်၊ ဘဲဥ တစ်လုံး ၃၅၀ ကျပ်၊ ကုလားပဲ တစ်ပိဿာ ၇၀၀၀ ကျပ် ဖြစ်ကြောင်းနှင့် အာလူး တစ်ပိဿာ ၂၈၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

     ဈေးနှုန်းနှိုင်းယှဉ်ချက်များအရ ယခုအပတ်တွင် ကြက်သွန်နီ ၁ ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၂၈၀၀ ကျပ်သို့လည်းကောင်း၊ ကြက်သွန်ဖြူ(ရှမ်းစ)မှာ ၁ ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်သို့လည်းကောင်း၊ အာလူးတစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၂၈၀၀ ကျပ်သို့လည်းကောင်း ဈေးနှုန်းအသီးသီး ကျဆင်းခဲ့ပြီး ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း နှင့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ယခုနှစ် အသစ်ပေါ်ထွက် လာသော ကြက်သွန်အသစ်များကို ထွက်ရှိရာဒေသမှ တိုက်ရိုက်ဝယ်ယူ၍ ပြည်နယ်အတွင်း ဖြန့်ဖြူးသောကြောင့် ဈေးနှုန်းသက်သာပြီး ဈေးကျရခြင်းဖြစ်ကြောင်းနှင့် အာလူးမှာ ကုန်အသစ် ပေါ်၍ ဝယ်ဈေးသက်သာသောကြောင့် ဈေးနှုန်းကျရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ကရင်)

 

                            

ဘားအံမြို့၏ စက်သုံးဆီ လက်လီဈေးနှုန်းများ

    မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကား ဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ကရင်ပြည်နယ် ဘားအံမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၇)ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဖေဖော်ဝါရီလ တတိယအပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၇၂၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၈၄၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၇၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၁၀)ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်းသိရသည်။

    စက်သုံးဆီဝယ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီ ဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ၏ (၀၉-၄၄၀၄၃၃၅၃၃၃၊ ၀၉-၆၉၉၆၁၁၁၆၊ ၀၆၇-၄၁၁၁၂၉၊ ၀၆၇-၄၀၉၈၈၁) လုံခြုံစိတ်ချစွာဖြင့် တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း