Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်္ဂလာတောင်ညွန်မြို့နယ်၊ ကြက်/ဘဲဈေးရှိ ဈေးနှုန်းများ

     မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊  အရောက်ပို့စနစ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက်လျက်ရှိရာ ကြက်/ဘဲဈေးတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း အရောင်း အဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင်  (၁၆၀၀၀ /၁၇၀၀၀) ကျပ်နှင့် ကုန်အဝင်ပိဿာ (၂၉၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ၇၂၀၀ /၇၃၀၀ ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၅၆၀၀၀)၊ မွေးမြူရေးကြက်(ထီး/မ) ၁ပိဿာလျှင် ကျပ် (၆၀၀၀ / ၁၀၀၀၀) ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၂၇၀၀၀) ၊ ဘဲအရှင် ၁ပိဿာလျှင် ကျပ်(၉၅၀၀/ ၁၀၀၀၀) ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၂၀၀)၊ ချယ်ရီ/ဘယ်ရီဘဲ ၁ပိဿာလျှင် (၆၅၀၀/၇၀၀၀) ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၇၀၀) တို့ဖင့် စုစုပေါင်းကုန်အဝင်ပိဿာချိန် (၈၆၈၀၀) ရှိကြောင်းသိရှိရပါသည်။  

    အဆိုပါဈေးနှုန်းများကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် အသားတိုးကြက်နှင့် မွေးမြူရေးကြက်ဈေးနှုန်းများမှာ ဈေးနှုန်းမြင့်တက်လာပြီး ကုန်အဝင်ပိဿာပြောင်းလဲခြင်းမရှိဘဲ  ပုံမှန်အတိုင်း ကုန်စည်စီဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေပြည်သာမြို့နယ်ရှိ သံချောင်းဈေးနှုန်းအခြေအနေ

     မြောက်ပိုင်းခရိုင်အတွင်းရှိ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်ရှိသော အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းချနေသော ရွှေမေတ္တာဆိုင်သို့သွားရောက်၍ (၅-၂-၂၀၂၄) ရက်နေ့တွင် သံချောင်းဈေးနှုန်းများမေးမြန်းခဲ့ရာ သံချောင်းအမျိုးအစားများဖြစ်သော HRB 400 Local နှင့် H Bean, Hollow Original သာရောင်းချကြောင်းသိရှိရပါသည်။ HRB 400 တွင် 10M, 12M, 16M, 18M, 20M, 25M ရှိပြီး ယခင်အပတ်ထက် ယခုအပတ်တွင် တစ်မျိုးလျှင် (၅)သောင်းကျပ်မှ (၁)သိန်းကျပ်ခန့်ဈေးနှုန်းမြင့်တက်လာခဲ့ပြီး H Bean နှင့် Hollow Original မှာလည်း (၁)သိန်းကျပ်မှ (၁)သိန်း၊(၅)သောင်းကျပ်ခန့်ဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။ ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများကို တွင်ကျယ်စွာလုပ်ကိုင်လာသောကြောင့်ဖြစ်သည်ဟု စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုက်ကြီးမြို့၏ သီးထပ်စွမ်းအား (ဆောင်းသီးနှံ) စိုက်ပျိုးမှု

    တိုက်ကြီးမြို့နယ်၌ သီးထပ်စွမ်းအားဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် စပါးနှင့် အခြားသီးနှံများကိုလည်းစိုက်ပျိုးပါသည်။ (၂၀၂၂-၂၀၂၃) ခုနှစ်တွင် နွေစပါး (၄၄၇၆၁)ဧက စိုက်ပျိုးခဲ့ပြီး (၂၀၂၃-၂၀၂၄) ခုနှစ်တွင် (၄၆၄၉၂)ဧကလျာထား၍ (၂-၂-၂၀၂၄) ရက်နေ့ထိ (၃၅၂၈၉)ဧကစိုက်ပျိုးပြီးစီးပြီး (၁၁၂၀၃)ဧကစိုက်ရန်ကျန်ရှိပါသည်။ မြေပဲကို (၇၁၉)ဧကစိုက်ပျိုးပြီးစီးခဲ့ပြီး ယခုနှစ်တွင် နေကြာ (၅၄၂)ဧက၊ မတ်ပဲ (၃၅၈၇၃)ဧကလျာထားသော်လည်း (၄၄၇၉၄)ဧကအပြင် (၈၉၂၁)ဧကတိုး၍ စိုက်ပျိုးနိုင်ခဲ့ပါသည်။ ပဲတီစိမ်းကို (၂၅၀၀)ဧက လျာထားသော်လည်း (၄၂၀)ဧကစိုက်ပျိုးပြီးစီးပြီး (၂၀၈၀)ဧကကျန်ရှိကြောင်း၊ ပိုက်ဆံလျော်ကိုမူ (၅၀၀)ဧကလျာထားခဲ့ပြီး (၂၆၆)ဧကစိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ် ရာသီကုန်၌ လယ်မြေ(၁၂၄၁၄၃)ဧကတွင် သဲဆန်ကုန်းကြော (၈၉၆၀)ဧကနုတ်ပြီး စိုက်ပျိုးနိုင်သောလယ်မြေ (၁၁၅၁၈၃)ဧကတွင် လယ်သီးထပ် (၂-၂-၂၀၂၄) ရက်နေ့ထိ (၈၈၇၇၈) ဧကစိုက်ပျိုးပြီး နွေစပါးလျာထားချက်အပေါ် ကျန်ဧက (၁၁၂၀၃)ဧကစိုက်ပျိုးပြီးပါက (၉၉၉၈၁)ဧကစိုက်ပျိုးနိုင်မည်ဖြစါသဖြင့် လယ်ယာ မြေပေါ် သီးထပ်စွမ်းအား (၈၆.၈၀%)ထိ တိုက်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်နေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

နို့စားနွားမွေးမြူခြင်းလုပ်ငန်း

    မှော်ဘီမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ အင်ကြင်းလမ်းတွင် နို့စားနွားမွေးမြူခြင်းလုပ်ငန်းကို ခြံပိုင်ရှင် ဉီးမင်းမင်းက ၁၉၉၉ခုနှစ်တွင် စတင်မွေးမြူခဲ့ရာ ခြံအကျယ်အဝန်း (၀.၄၅)ဧကကျယ်ဝန်းပြီး နွားအမျိုးအစားမှာ ဖရစ်ရှန်(နိုင်ငံခြား) နွားမျိုးကို အဓိကထားမွေးမြူထားပါသည်။ နွားအကောင်ရေ (၂၈)ကောင်ရှိရာ နွားမကြီး(၁၄)ကောင်၊ မဒန်း(၆)ကောင်၊ (၁)နှစ်ခွဲအသေး (၈)ကောင်၊ (၆)လသားအရွယ်နွားများမွေးမြူထားပြီး (၃)နှစ်သားရောက်လျှင် နို့ညှစ်၍ရပါသည်။ နွားမကြီး(၁၄) နှစ်သားထိ နို့ညှစ်ယူ၍ရပြီး နို့ထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် မျိုးပွားရန် မျိုးစပ်ရာတွင် မေထုန်မဲ့သားစပ်နည်းဖြင့်သားစပ်၍ သားတင်ရပါသည်။ နွားထီးမွေးပါက ရောင်းချရန်အရွယ်ရောက်လျှင် ပြန်လည်ရောင်းချပါသည်။ နွား(၁)ကောင်၏ တန်ဖိုးမှာ ကျပ်(၁၈) သိန်းမှ ကျပ်(၂၂)သိန်းအထိဈေးရှိကြောင်း၊ (၁)နှစ်လျှင် (၁)သားကျပြီး နွားအစာ (၂)မျိုးကျွေးပါသည်။ အစာတောင့်နှင့် ဘီယာဖတ်ကျွေး၍ ဘီယာဖတ် (၁)တန်လျှင် (၂၀၀၀၀၀)ကျပ်၊ CP အစာတောင့် (၁)အိတ်လျှင် (၆၀၀၀၀)ကျပ်ဈေးနှုန်းဖြစ်ပြီး တစ်ရက်လျှင် မနက်၊ ည (၁၂၈)ပိဿာ ကျွေးရပါသည်။ ဘီယာဖတ် (၁၂၂)ပိဿာ၊ အစာတောင့် (၆)ပိဿာဖြစ်ပြီး နွားနို့မှာ တစ်ရက်လျှင် (၄၀)ပိဿာထွက်ရှိပါသည်။ ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ခြံသို့ နွားနို့များကိုလာရောက်ဝယ်ယူပြီး အင်းစိန်မြို့နယ်ရှိ နို့ဈေးတွင် ပြန်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)        

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” (၂၉-၁-၂၀၂၄) ရက်နေ့မှ (၃-၂-၂၀၂၄) ရက်နေ့အထိ

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီများ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအရ လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ်  (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၂၉-၁-၂၀၂၄)ရက်နေ့မှ (၃-၂-၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ(၂၁)ခုနှင့် စားအုန်းဆီတန်ချိန် (၅၉၃၄.၂၃၈)တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကန့်ဘလူခရိုင်တွင် မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များ ဈေးနှုန်းပြန်ကျ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များ ပေါများစွာရောင်းချနေကြသည်။ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် စိုက်ပျိုးကြပြီး ယခုအခါ ခူးဆွတ်ရောင်းချလာသောကြောင့် ဈေးကွက်အတွင်း စားသုံးသူများအတွက် ဈေးနှုန်း ကျဆင်းလာသည်။ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်စိုက်ပျိုးသူများအနေဖြင့် ကန့်ဘလူမြို့မဈေးရှိ ကုန်စိမ်းရောင်းချသည့် ဈေးသည်များအား ဖောက်သည်ဈေး ပန်းမုံလာ တစ်ပွင့်လျှင် ၃၅၀ ကျပ်မှ ၄၀၀ ကျပ်နှင့် မုန်လာထုပ် တစ်ထုပ်လျှင် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဖြင့်ရောင်းချရပြီး စားသုံးသူများအား ပြန်လည်ရောင်းချရာတွင် ပန်းမုံလာ တစ်ပွင့်လျှင် ၅၀၀ကျပ်မှ၇၀၀ကျပ်နှင့် မုန်လာထုပ် တစ်ထုပ်လျှင် ၇၀၀ ကျပ်မှ ၉၀၀ ကျပ်ဖြင့် အသေး၊အကြီးပေါ်မူတည်၍ ရောင်းချနေကြောင်းနှင့် ယခင်ဇန်နဝါရီလနှင့် နှိုင်းယှဉ်မည်ဆိုပါက ဈေးနှုန်းကျဆင်းလာကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ ကြက်သွန်နီဈေးကွက်တွင် ဈေးနှုန်းကျဆင်းလျက်ရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော်လည်း ကြက်သွန်နီစိုက်ပျိုးသူများ အလွန်နည်းပါးကြသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီဥများမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  မုံရွာခရိုင်၊ကန့်ဘလူခရိုင်နှင့် အနီးတဝိုက်ဒေသများမှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှလည်းကောင်းမှာယူ၍ ပြန်လည်ရောင်းချကြောင်း  သိရသည်။

     ယခုအခါ ကြက်သွန်နီများလှိုင်လှိုင်ထွက်ရှိနေသောကြောင့် ဈေးကွက်အတွင်းကုန်စ္စည်း အများအပြားဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းများကျဆင်းလာရာ မြစ်သားကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀ ၊ ကန့်ဘလူခရိုင်နှင့် အနီးတဝိုက်ဒေသများမှ ထွက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀၀ မှ ၂၅၀၀ ခန့်သာရှိသောကြောင့် ယခင်ဇန်နဝါရီလနှင့် နှိုင်းယှဉ်လျှင် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၅၀၀ ခန့်ဈေးနှုန်းပြန်လည်ကျဆင်းလာကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်းဖြစ်ပေါ်လျက်ရှိသောစားသုံးဆီဈေးနှုန်းများအခြေအနေ

     စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဖေဖော်ဝါရီလ ပထမပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

     ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဇန်နဝါရီလ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၅၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ နှမ်းဆီသန့် တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဖေဖော်ဝါရီလ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၇၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ပဲဆီသန့် တစ်ပိဿာလျှင်  (၁၀၀၀)ကျပ် ၊စားအုန်းဆီ တစ်ပိဿာလျှင် (၂၀၀)ကျပ် ဈေးနှုန်း မြင့်တက်ခဲ့ပြီး နှမ်းဆီသန့် ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကားအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁၄.၂.၂၀၂၄ )

   ၁၄.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၄.၂.၂၀၂၄ )

   ၁၄.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း