တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်တချို့ဈေးတက်နေ
တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး စားအုန်းဆီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၇၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းဆက်လက်၍တက်နေပါသည်။
ကြက်သွန်နီမှာ အသေး/ အလတ်ရောတစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၂၅၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၂၅၀၀ကျပ်တို့ရှိခဲ့ရာမှ ယခုအပတ်တွင် အသေး/ အလတ်ရောတစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ အကြီး ၂၆၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၂၆၀၀ကျပ်အထိဖြင့် ဈေးနှုန်းများအနည်းငယ်မြင့်တက်လာခဲ့ပါသည်။
ကြက်သွန်ဖြူဈေးနှုန်းများမှာ အကြီးတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၇၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကြက်သွန်ဖြအကြီးမှာ ယခင်အပတ်တွင် ၈၀၀၀ကျပ်နှင့် တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၈၀၀၀ကျပ်တို့ရှိခဲ့ရာမှ ယခုအပတ်တွင် ကြက်သွန်ဖြူအကြီးတစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၈၅၀၀ကျပ်တို့ဖြင့် ဈေးနှုန်းများအနည်းငယ်တက်လာခဲ့ပါသည်။
အာလူးဈေးနှုန်းများမှာ အသေးတစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၃၂၀၀ကျပ်နှင့် တရုတ်အာလူးတစ်ပိဿာလျှင် ၃၂၀၀ကျပ်တို့ဖြင့် ဈေးနှုန်းများတည်ငြိမ်နေပါသည်။
ငရုတ်သီးခြောက်အပုဈေးနှုန်းမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိသာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ စသည်တို့ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပြီး ငရုပ်သီးခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ၊ ငရုပ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းများတည်ငြိမ်နေပါသည်။
မြေပဲဆံ (အနီ) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၉၂၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဖြင့်ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပြီး မြေပဲဆံ (အဖြူ) မှာ တစ်ပိဿာလျှင် ၇၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ကုလားပဲခြမ်းမှာ ယခင်လတွင် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်လာခဲ့ပြီး ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိနေကြောင်းတို့ကိုသိရပါသည်။
DOCA(ပဲခူး)