Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၏ မိုးစပါးများအောင်မြင်ဖြစ်ထွန်းမှုနှင့် ဈေးနှုန်းဈေးကွက်

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် စပါးနှင့် မတ်ပဲသီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး မိုးသီးနှံဖြစ်သော မိုးစပါးကိုလည်း အဓိကထားစိုက်ပျိူးကြသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၃၇.၅သိန်းရှိပြီး ယခင်နှစ်ထက် ပိုမိုဖြစ်ထွန်းကြောင်း ကန်ကြီးထောင့်မြို့နယ်၊ လျှော်ကုန်းကျေးရွာအုပ်စုရှိ မိုးစပါးစိုက်တောင်သူတစ်ဉီး၏ ပြောကြားချက်အရသိရှိရပါသည်။

        ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်လအတွင်း ပေါ်ဆန်းစပါး ၄၆ပေါင်ပါ ၁တင်းလျှင် ၃၀၆၆၀ကျပ်ခန့်၊ ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်ဈေးနှုန်းနှင့် မိုးဧည့်မထစပါး ၄၆ပေါင်ပါ ၁တင်းလျှင် ၂၁၁၆၀ကျပ်ခန့်၊ ဆန်တစ်အိတ်လျှင် (၈၅၀၀၀/၈၇၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

       ဧပြီလတွင်  ပေါ်ဆန်းဆန်တစ်အိတ်လျှင် ၉၀၀၀ကျပ်ခန့် မြင့်တက်ခဲ့ပြီး မိုးဧည့်မထဆန်ဈေးတွင် ဆန်တစ်အိတ်လျှင် (၂၀၀၀/၃၀၀၀)ကျပ်ဈေးနှုန်းမြှင့်တက်လျက်ရှိပြီး ရန်ကုန်နှင့် အထက်အညာဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဆန်စပါးဈေးကွက်မှသိရသည်။

       ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်နှင့် အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မတ်လတွင် ဆန်အိတ် ၃၄သိန်းကျော်စီးထွက်ခဲ့ပြီး၊ ဧပြီလတွင် အိတ်ရေ ၁၃သိန်းကျော်စီးထွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၏ မတ်ပဲဈေးနှုန်း

       ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့သည် စိုက်ပျိုးသီးနှံအဖြစ် ဆန်စပါးနှင့် မတ်ပဲကို ဦးစားပေးစိုက်ပျိုးသော မြို့ဖြစ်ပြီး မတ်ပဲကို နွေရာသီတွင် အဓိကထား စိုက်ပျိုးကြသည်။

       ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့တွင် ယခင်နှစ်၌ မတ်ပဲစိုက်ဧကစုစုပေါင်း (၂၁၆၀၀) ဧကခန့်စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းမှာ (၁၀)တင်းခန့်ထွက်ရှိကာ မတ်ပဲဈေးနှုန်းမှာ တစ်တင်းလျှင် (၆၈၀၀၀)ကျပ်ခန့်ရှိခဲ့သည်။ မတ်ပဲကို ယခင်နှစ်စိုက်ဧကအတိုင်းသာ  စိုက်ပျိုးခဲ့သော်လည်း တစ်ဧကအထွက်နှုန်းမှာ (၁၄) တင်းခန့်တိုးတက်ထွက်ရှိခဲ့သည့်အပြင် ယခုနှစ်မတ်ပဲဈေးနှုန်းမှာလည်း တစ်တင်းလျှင် (၁) ကျပ်သိန်းခန့်ထိ ဈေးနှုန်းကောင်းမွန်လာခဲ့ကြောင်းတွေ့ရှိရသည်။

     ဈေးနှုန်းကောင်းမွန်လာသောကြောင့် တောင်သူဦးကြီးများအနေဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေး ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြပြီး ကန်ကြီးထောင့်မြို့၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထောက်ခံချက်ရရှိထားသည့် မျိုးကောင်းမျိုးသန့်များနှင့် ဒေသထွက်မျိုးကောင်းမျိူးသန့်များကိုသာ ဉီးစားပေးစိုက်ပျိုးကြသည်ဟု တောင်သူ ဦးချမ်းငြိမ်းအောင်ထံမှ မေးမြန်းစုံစမ်းသိရှိရပါသည်။ မတ်ပဲသည် နိုင်ငံတကာဝယ်လိုအားများသည့် သီးနှံဖြစ်၍ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်္ကာပူနိုင်ငံများသို့ အများဆုံးတင်ပို့ထားပြီး အီးယူနိုင်ငံသို့လည်း တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၀.၅.၂၀၂၄ )

၂၀.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၀.၅.၂၀၂၄ )

၂၀.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၀.၅.၂၀၂၄ )

၂၀.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပခုက္ကူမြို့ပေါ်၌ မေလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော စားသုံးဆီဈေးကွက်အခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ် (၁၄၅၀၀)၊ စက်ပဲဆီသန့် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၂၅၀၀)ဖြစ်ပြီး၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၈၅၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် (၆၁၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ် (၁၅၀၀၀) ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ယခင်ဧပြီလ(ဒုတိယပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် မေလ(ဒုတိယပတ်)တွင် မြေပဲဆီ၊ နှမ်းဆီများမှာ ဈေးငြိမ်လျက်ရှိကြောင်း၊ နေကြာဆီတစ်ပိဿာလျှင် ကျပ်(၅၀၀) ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း စားသုံးဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

     ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာ အဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များကလည်း မြေပဲဆန်၊ မြေပဲဆီများထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားသို့ မြေပဲဆီများထုတ်လုပ်တင်ပို့ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်းသိရှိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့မဈေးတွင် စပျစ်သီးနှင့်လိမ္မော်သီးများ အရောင်းအဝယ်သွက်လျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် သစ်သီးဝလံများဖြစ်သော ပန်းသီး၊ လိမ္မော်သီး၊ သရက်သီး၊ မာလကာသီး၊ ငှက်ပျောသီး၊ သကြားဖရဲသီးနှင့် စပျစ်သီးများ နေ့စဉ်ရောင်းချလျက်ရှိပါသည်။ အသီးများစွာရောင်းချလျက်ရှိရာ စပျစ်သီး၊ သကြားဖရဲသီးနှင့် လိမ္မော်သီးတို့မှာ ရာသီစာများအနက် ရောင်းအားအကောင်းဆုံးသစ်သီးများဖြစ်ကြောင်း၊ ယခုအချိန်အခါသည် ပူပြင်းသောနွေရာသီဖြစ်၍ ချွေးထွက်များခြင်းကြောင့် အရည်ရွှန်းသောသီးနှံများကို စားသုံးမှုများလျက်ရှိခြင်းကြောင့် အရောင်းအဝယ်သွက်နေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

       ပခုက္ကူမြို့ပေါ်ရှိ သစ်သီးဈေးကွက်အနေဖြင့် သီးနှံအမျိုးအစား၊ အရွယ်အစား၊ အရည်အသွေးလိုက်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း၊ စပျစ်သီးတစ်ပိဿာလျှင် ကျပ်(၈၀၀၀-၁၂၀၀၀)၊ ပျားလိမ္မော်သီး(အသေး)တစ်ပိဿာလျှင် ကျပ်(၈၀၀၀-၁၀၀၀၀)နှင့် သကြားဖရဲသီးတစ်လုံးလျှင် ကျပ် (၂၀၀၀မှ ၄၀၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီး၊ လိမ္မောသီးနှင့် သကြားဖရဲသီးများမှာ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ပခုက္ကူဈေးကွက်သို့ အများဆုံးဝင်ရောက်လျက်ရှိကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီဈေးကွက်အခြေအနေ

       မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ပခုက္ကူမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၅)ဆိုင်ရှိရာ ၎င်းဆိုင်များမှာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ကျပ်(၂၇၄၀)၊ 95 တစ်လီတာလျှင် ကျပ်(၂၈၄၅)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၂၄၅၀)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ် (၂၄၀၅) ဈေးနှုန်းအသီးသီးဖြင့်ရောင်းချခဲ့ပြီး (ပထမပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၂၉၀၀)၊ 95 တစ်လီတာလျှင် ကျပ်(၃၀၁၀)၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ကျပ် (၂၅၁၅) နှင့် ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၄၆၅)ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ မေလ(ပထမပတ်)နှင့် (ဒုတိယပတ်)ဈေးနှုန်းများကိုနှိုင်းယှဉ်ပါက ယခုမေလ(ဒုတိယပတ်)တွင် 92 နှင့် 95 မှာ တစ်လီတာလျှင် ကျပ်(၁၆၀)ဈေးနှုန်းကျဆင်းနေပြီး ပရီမီယမ်ဒီဇယ်မှာ တစ်လီတာလျှင် ကျပ်(၆၅) နှင့် ဒီဇယ်ရိုးရိုးမှာ တစ်လီတာလျှင် ကျပ်(၆၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်‌နေကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့မဈေးတွင် ချင်း(ဂျင်း)တက်များ ဈေးတက်နေ

      ချင်း(ဂျင်း)သည် အိမ်ရှင်မများအတွက် မပါမဖြစ်အသုံးဝင်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ လူအများစုက ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသားဟင်းများချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ ချင်းပေါက်များကို သုပ်၍စားသုံးခြင်းဖြင့် အသုံးပြုမှုများကြပါသည်။ ပခုက္ကူခရိုင်သည် ချင်းထွက်ရှိမှုမရှိ၍ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှထွက်ရှိသော ချင်းများမှာ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ချင်း(ဂျင်း)ဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)မှစ၍ ချင်းဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ဧပြီလ(စတုတ္ထပတ်)တွင် ချင်းတစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၅၀၀၀-၆၀၀၀)၊ မေလ(ပထမပတ်)တွင် ကျပ် (၈၀၀၀-၉၀၀၀)၊ မေလ(ဒုတိယပတ်)တွင် ကျပ်(၁၀၀၀၀)ထိဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ပခုက္ကူဈေးကွက်၌ ယခုလတွင် ချင်းပိဿာ(၁၀၀)ခန့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်လများထက်အရောင်းအဝယ်နည်းကြောင်း စားဖိုဆောင်သီးနှံ ရောင်းဝယ်ရေးဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့၌ ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဆန်လိုဒေသဖြစ်သောကြောင့် ဆန်စပါးအများဆုံး စိုက်ပျိုးထွက်ရှိရာဒေသများဖြစ်သော အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်များဝယ်ယူတင်သွင်းလျက်ရှိသောမြို့ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရှောက်တော၊ တောင်တွင်းကြီးမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုဒေသများ၏ ကုန်းလမ်းများမှ မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ဆန်(အသစ်နှင့်အဟောင်း)များ ဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။

       မေလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများမှာ ဆင်ဖြူကျွန်း ဧရာပဒေသာဆန်တစ်အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ စလင်းဆန် ဒို့ရွှေအိုး (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ စလင်းဆန် ဒို့ရွှေအိုး(အသစ်)တစ်အိတ်လျှင် ကျပ် (၁၅၅၀၀၀)၊ ဆင်ဖြူကျွန်း မနောသုခဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၃၀၀၀)၊ ဆင်ဖြူကျွန်း မနောသုခဆန် (အသစ်)တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ဆင်းသုခ ဆင်ဖြူကျွန်း(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ မနောသုခ ဆင်ဖြူကျွန်းဆန်(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ မနောသုခ ဆင်ဖြူကျွန်း ဆန်(အသစ်)တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ မြန်မာပြည်အောက်ပိုင်းရှိ မြောင်းမြ ဧရာပဒေသာဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၃၀၀၀)၊ မြောင်းမြရာပြည့် ဖန်သီးဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ မြောင်းမြဆန် စိန်ပုလဲသု(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဖန်သီး အောင်တံခွန်ဆန်(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်းမွှေး(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေး(အသစ်) တစ်အိတ်လျှင် ကျပ်(၁၆၈၀၀၀)၊ မြောင်းမြပေါ်ဆန်း(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ မြောင်းမြပေါ်ဆန်း(အသစ်) တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ကောက်ညှင်းဆန်(အသစ်) တစ်ပြည်လျှင် ကျပ်(၆၀၀၀)၊ ကောက်ညှင်းဆန်(အသစ်) တစ်အိတ်လျှင် ကျပ် (၁၄၀၀၀၀)၊ ငချိတ်ဆန်တစ်ပြည် လျှင် ကျပ်(၇၅၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။

        ယခင်မေလ(ပထမပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခုအပတ်တွင် ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရွှေဘိုပေါ်ဆန်း(အဟောင်း) တစ်အိတ်လျှင် ကျပ်(၅၀၀၀) ဈေးနှုန်းမြင့်တက်လာပြီး အခြားဆန်အမျိုးအစားများမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း
a