Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၄.၂.၂၀၂၄ )

    ၁၄.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ရွှေဘိုမြို့တွင် ဖေဖော်ဝါရီလ ပထမပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၈၃၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၀၂၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

      ယခု ၂၀၂၄ခုနှစ် ဖေ‌ဖော်ဝါရီလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၄၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၉၃၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၈၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၅၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၈၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၈၅)ကျပ် ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၃၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅)ကျပ်ဖြင့် အသီးသီး ဈေးနှုန်းကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

                                               

ကြည့်မြင်တိုင်မြို့နယ်၊ ဗားဂရာငှက်ပျောသီးအသင်းသို့ ငှက်ပျောသီးဝင်ရောက်မှုနှင့်ဈေးနှုန်းများ

     ဗားဂရာငှက်ပျောသီးအသင်းမှ (၃၀-၁-၂၀၂၄) ရက်နေ့မှ (၅-၂-၂၀၂၄) ရက်နေ့အထိ ငှက်ပျောသီးဝင်ရောက်မှုစာရင်းနှင့် ဈေးနှုန်းများမှာ ဧရာဝတီတိုင်းမှ ငှက်ပျောသီးဝင်ရောက်မှုများကြောင်း၊ ဧရာဝတီတိုင်းမှ သီးမွှေးများမှာ ဈေးကျကြောင်း၊  တောင်ငူနယ်မှ ငှက်ပျောသီးဝင်ရောက်မှုမှာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အဝင်နည်းကြောင်းသိရှိရပါသည်။ဧရာဝတီတိုင်း၊ ပဲခူးအနောက်နှင့် ရန်ကုန်တိုင်းတို့မှ ရခိုင်ငှက်ပျောသီး၊ ဖီးကြမ်း၊ ရွှေငှက်ပျောသီး၊ သီးမွှေး၊ ငှက်ပျောချဉ်များဝင်ရောက်ပါသည်။ ရန်ကုန်တိုင်းမှဝင်ရောက်သော ငှက်ပျောသီးဈေးနှုန်းများမှာ ရခိုင်တစ်ဖီးလျှင် (၅၀၀မှ ၁၅၀၀) ကျပ်၊ ဖီးကြမ်းတစ်ဖီးလျှင် (၈၀၀မှ ၂၅၀၀) ကျပ်၊ ရွှေငှက်ပျောသီးတစ်ဖီးလျှင် (၁၀၀၀မှ ၄၅၀၀) ကျပ်၊ သီးမွှေး တစ်ဖီးလျှင် (၇၀၀မှ ၃၅၀၀) ကျပ်၊ ငှက်ပျောချဉ်မှာ ခိုင်ပြတ်ရောင်းဈေး (၃၀၀၀မှ ၁၀၀၀၀) ကျပ်ရှိပြီး ဧရာဝတီတိုင်းနှင့် ပဲခူးအနောက်မှ ငှက်ပျောသီးဈေးနှုန်းများမှာ ရန်ကုန်တိုင်းမှ ငှက်ပျောသီးဈေးနှုန်းများအတိုင်းဖြစ်ကြောင်းသိရှိရပါသည်။ နေပြည်တော်မှဝင်ရောက်သော ဖီးကြမ်းငှက်ပျောတစ်ဖီးဈေးနှုန်းမှာ (၁၀၀၀မှ ၂၅၀၀) ကျပ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်နယ်မှထွက်ရှိသော ဖီးကြမ်းတစ်ဖီးမှာ (၁၅၀၀မှ ၃၅၀၀) ကျပ်၊ မန္တလေးတိုင်းမှ ဖီးကြမ်းတစ်ဖီးလျှင် (၁၅၀၀မှ ၃၅၀၀) ထိရှိကြောင်းသိရှိရပါသည်။ ယခုနှစ်ငှက်ပျောသီးဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်များထက် အဝင်နည်းကြောင်း၊ သယ်ယူစရိတ်များခြင်း၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် ဝင်ရောက်မှုနည်းကြောင်း ငှက်ပျောသီးအသင်း၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

     ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၃၀-၁-၂၀၂၄) ရက်နေ့မှ (၅-၂-၂၀၂၄) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ မြောင်းမြ၊ ဘိုက‌လေး၊ မော်ကျွန်း၊ ကျိုက်လတ်၊ဓနုဖြူ၊ ဟင်္သာတ၊ လပ္ပတ္တာ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၁၁၁၀၄၀) အိတ်၊ ပေါ်ကျွဲ (၁၂၃၆၀) အိတ်၊ ဧည့်မထ (၂၃၁၇၆၀) အိတ်နှင့် ဆန်ကွဲ (၅၄၂၇၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး (အရှေ့) ညောင်လေးပင်နှင့် ဖြူးမြို့နယ်များမှ ဧည့်မထ (၁၆၅၇၃) အိတ်နှင့် ပဲခူး(အနောက်)၊ သာယာဝတီ၊ လက်ပံတန်း၊ သုံးဆယ်မြို့နယ်များမှ ဧည့်မထ (၅၃၆၂၀) အိတ်၊ ငစိန် (၃၃၁၅) အိတ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ တိုက်ကြီး၊ ပျော်ဘွယ်၊ ဥက္ကံမြို့နယ်များမှ ဧည့်မထ (၄၆၀၆၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

     ရန်ကုန်တို်ငးဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများကို  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် ပွဲရုံ (၁၀) ရုံအား Random စနစ်ဖြင့် မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေကို နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဇန်နဝါရီလ (၃၀) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၅)ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သား၊ တောင်တွင်းဒေသတို့မှ ကြက်သွန်နီ (၁၁၁၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၄၄၄၀၀၀)ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ မြင်းခြံကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၈၀၀၊ အသန့်မှာ ကျပ်၁၃၀၀၊ အကြီးမှာ ကျပ်၁၇၀၀၊ မြစ်သားကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၆၀၀၊ အကြီးမှာ ကျပ်၂၇၀၀၊ ရှယ်မှာ ကျပ်၂၅၀၀၊  ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၉၀၀၊ အသန့်မှာ တစ်ပိဿလျှင် ကျပ်၁၄၀၀၊ အကြီးမှာ ကျပ်၂၀၀၀၊ ရှယ်မှာ ကျပ်၂၀၀၀၊  တောင်တွင်းကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၉၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၁၄၀၀၊ အကြီးမှာ ကျပ်၁၉၅၀၊ ရှယ်မှာ ကျပ်၂၀၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်းစုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများထုတ်ပေးလျက်ရှိ

     ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMES စီးပွားရေးလုပ်ငန်းရှင်များ စားအုန်းဆီများဝယ်ယူမှုအဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းကာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းရှင်များအတွက် စက်မှုကုန်ကြမ်းသုံးစားအုန်းဆီများကို Htoo ဆီကန်မှ ၁ပိဿာလျှင် ၆၁၁၈ကျပ်ဈေးနှုန်းဖြင့် (၂၉-၁-၂၀၂၄) ရက်နေ့မှ (၃-၂-၂၀၂၄) ရက်နေ့ထိ ဆီပေပါအလုံးရေစုစုပေါင်း ၇၇၉၆လုံးထုတ်ပေးခဲ့ပြီး (၅-၂-၂၀၂၄) ရက်နေ့မှစ၍ စားအုန်းဆီများကို ၁ပိဿာလျှင် ၆၀၉၀ကျပ်ဈေးနှုန်းဖြင့် ကြည်မြင့်တိုင်မြို့နယ်ရှိ HTOO စားအုန်းဆီကန်အပါအဝင် အခြားဆီကန်များမှ စီးပွားရေးလုပ်ငန်းရှင်များသို့ ထုတ်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆိပ်ဖြူကုန်စည်ဒိုင်၌ ဖေဖော်ဝါရီလ(ပထမပတ်)တွင် မိုးကြက်သွန်နီများ ဈေးအနည်းငယ်မြင့်တက်

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင် ကြက်သွန်နီဈေးကွက်သို့ မိုးကြက် သွန်နီများ ဖေဖော်ဝါရီလ(၁)ရက်မှ (၈)ရက်နေ့ထိ ကြက်သွန်နီလှိုင်လှိုင်တူးဖော်လျက်ရှိသော ဒေသများဖြစ်သော ဆိပ်ဖြူမြို့အနောက်ပိုင်း၊ ရွာသစ်ရပ်ကွက်၊ ကိုးတောင့်အုပ်စု၊ ချင်တောင်အုပ်စု၊ မြင်ကဝအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ဆင်ဖြူကျွန်း၊ တညောင်၊ စလင်း၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများကုန်စည်ဒိုင်သို့ နေ့စဉ်ပိဿာ(၆)သောင်းခန့် တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၄) သိန်းခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

     ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မိုးကြက်သွန်နီ(ဂျွန်)တစ်ပိဿာလျှင် ထိပ်စ အမြင့်ဈေး ကျပ် (၁၇၅၀-၁၇၂၅-၁၇၀၀)၊ အလတ်စကျပ်(၁၆၅၀-၁၆၀၀-၁၅၀၀)၊ အနိမ့်စကျပ်(၁၃၀၀-၁၂၀၀-၁၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇန်နဝါရီ(စတုတ္ထပတ်)အနှောင်းပိုင်းတွင် ကြက်သွန်နီ ထိပ်စတစ် ပိဿာလျှင် အမြင့်ဈေးမှာ ကျပ်(၁၅၅၀-၁၅၂၅-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုတစ်ပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ထိပ်စ ကျပ်(၂၀၀)၊ အလတ်စနှင့်အသေးစ ကျပ်(၁၀၀)ခန့် ဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုတစ်ပတ်တွင် မိုးကြက်သွန်နီများ ပြည်ပ အဝယ်လိုက်၍ ဈေးအနည်းငယ်မြင့်တက်ကြောင်း၊ ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်၊ ပုသိမ်မြို့နှင့် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ကြက်သွန်နီကုန်ချိန် ပိဿာ(၅)သိန်းခန့်၊ တန်ချိန်(၈၁၆)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့၌ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ ဆိပ်ဖြူမြို့တွင် စက်သုံးဆီအရောင်းဆိုင် (၁၁)ဆိုင်၊ ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ(ပထမပတ်) စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၂၈၁၀)၊ ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၂၈၃၅)၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ကျပ်(၂၆၀၀)၊ ဒီဇယ်ပရီမီယမ် တစ်လီတာလျှင် ကျပ်(၂၆၄၅)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိ ရပါသည်။

      ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၂၇၅၀)၊ ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၂၈၉၅)၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ကျပ်(၂၅၀၀)၊ ဒီဇယ်ပရီမီယမ် တစ်လီတာလျှင် ကျပ်(၂၅၆၅)ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၆၀)၊ ဓါတ်ဆီ(95) တစ်လီတာ လျှင် ကျပ်(၄၀)၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ကျပ်(၁၀၀)၊ ဒီဇယ်ပရီမီယမ် တစ်လီတာလျှင် ကျပ် (၈၀)ဖြင့် ဈေးနှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

 

 

တောင်တွင်းကြီးမြို့နယ်ရှိ ဝါစိုက်တောင်သူများ စျေးကောင်းရရှိပြီး အဆင်ပြေလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ဝါစိုက်ဧက(၇၄၄၅) ဧက စိုက်ပျိုးထားရှိပြီး ဝါစိုက်တောင်သူများအနေဖြင့် အိန္ဒိယမျိုးဖြစ်သော ရာကာ (၆၆၆)ဝါမျိုးစေ့ကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

   ဝါစိုက်တောင်သူများသည် ယခုနှစ်တွင် (၁)ဧကလျှင် အထွက်နှုန်း(၃၀၀)ပိဿာ ထွက်ရှိကြောင်း၊  ဝါကောက်ချိန်ပထမအပတ်တွင် ဝါ တစ်ပိဿာလျှင် ကျပ်(၃၂၀၀-၃၃၀၀)၊ (ဒုတိယပတ်)တွင် ကျပ်(၃၃၀၀-၃၄၀၀)၊ (တတိယပတ်)တွင် ဝါဖွေးပြီးကောင်းလျှင် ကျပ်(၃၆၀၀)၊ ဝါမကောင်းလျှင် ကျပ်(၃၀၀၀)စျေးရရှိကြောင်း၊ နှစ်(၂)နှစ်ကိုနှိုင်းယှဉ်ပါက ယခင်နှစ်တွင် အထွက်နှုန်းကောင်း၍ စျေးနှုန်းမကောင်းသော်လည်း ယခုနှစ်တွင် ဝါအထွက်နှုန်းနည်းပြီး စျေးကောင်းရ၍ ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့နယ်၌ ဖူးစားပြောင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ် ကျေးရွာ၌ ဖူးစားပြောင်း(ခေါ်) သကြားပြောင်းနှင့် ပြောင်းစီးများ ဈေးကောင်းရရှိကာ ပြောင်းစိုက် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

          ဥယျာဉ်ကျေးရွာတွင် ဖူးစားပြောင်းစိုက်ဧကမှာ(၃၀)ဧကရှိပြီး စိုက်တောင်သူမှာ(၂၅)ဦးခန့်ရှိ ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်တုံးဖြင့်ကြောင်းဆွဲပြီး တစ်ပေခန့်စီခြားကာ မျိုးစေ့ချ၍ စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ မိမိအနေဖြင့် သကြားပြောင်းနှင့် ပြောင်းစီးကိုရော၍ (၂)ဧကခန့်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးစဉ်တလျှောက် မြေအောက်ရေဖြင့် ရေ(၆)ကြိမ်သွင်းပေးရကြောင်း၊ တန်ဆောင်းမုန်းလဆန်း တွင် စတင်စိုက်ပျိုးပြီး တပို့တွဲလတွင်ခူးဆွတ်ကြောင်း၊ ပြောင်းမျိုးဈေးနှုန်းအနေဖြင့် ထိုင်းမျိုး ဖြစ်သော ပြောင်းစီးမျိုး(၁)ဘူးလျှင် ကျပ်(၃၅၀၀၀)၊ သကြားပြောင်းမျိုး(၁)ဘူးလျှင် ကျပ်(၄၃၀၀၀) ဖြင့် အထက်မင်းလှမြို့ စိုက်ပျိုးရေးဆေးဆိုင်များမှဝယ်ယူကြောင်း၊ သကြားပြောင်းမျိုး(၁)ဘူးတွင် မျိုးစေ့မှာ (၃၀၀၀)နီးပါးပါဝင်ပြီး ပြောင်းစီးမျိုးတစ်ဘူးလျှင် မျိုးစေ့(၁၇၀၀ မှ ၁၈၀၀)ထိပါဝင် ကြောင်း၊ (၁)ဧကစိုက်လျှင် သကြားပြောင်း မျိုး(၅)ဘူးမှ (၆)ဘူးအထိကုန်ကျပြီး ပြောင်းစီးမှာ မျိုး(၇)ဘူးမှ(၈)ဘူးအထိ ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် အဖူးရေ(၁၂၀၀၀) ထိထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မျိုးခ၊ အပင်စိုက်ခ၊ မြေပြုပြင်ခ၊ မြေအောက်ရေတင်ရန် ဓါတ်ဆီခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၄၀၀၀၀၀ မှ ၄၅၀၀၀၀) ထိကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ပေါ်ဦးပေါ်ဖျားအချိန်တွင် အဓိကအဖူး‌ချောလျှင် တစ်ဖူးလျှင် ဖောက်သည်ဈေး ကျပ်(၃၅၀)ဈေးရရှိသော်လည်း ပြောင်းဖူးခင်းများ လှိုင်လှိုင်ထွက်ရှိသည့်အချိန်တွင် တစ်ဖူးလျှင် ကျပ်(၂၇၀)ဈေးရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး တွင် ဖောက်သည်ပေးရောင်းချသည့်အပြင်  မြို့အနီး မလွန်ဘက်စုံရှိ ပြောင်းဖူးဝယ်ယူသည့်ဒိုင်သို့ လည်း တင်သွင်းရောင်းချကြောင်း၊ ပြောင်းသီးနှံမှာ အရင်းအနှီးကုန်ကျငွေနှင့် ဆတူအမြတ်ငွေ ပြန်လည်ရရှိတက်သောသီးနှံဖြစ်၍ ပြောင်းစိုက်တောင်သူများအတွက်လည်း အကျိုးအမြတ်ရရှိသော သီးနှံတစ်မျိုးပင်ဖြစ်ပါကြောင်း ဥယျာဉ်ကျေးရွာနေ ပြောင်းစိုက်တောင်သူ ဦးဇော်အောင်ထံမှ သိရှိရ ပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း