Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၉.၈.၂၀၂၃ )

   ၉.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

   ၂၀၂၃ ခုနှစ် ဩဂုတ်လ ပထမအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၄၃၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၄၃၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား လက်လီဈေးမှာ အကြီး /အသေးပါ်မူတည်၍တစ်ပိသာလျှင်(၂၀၀၀/၂၅၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်း အဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးသေး တစ်ပိသာ (၈၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၁၀၀၀၀) ကျပ် ယခင်အပတ်ထက်အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ဂျင်း တစ်ပိသာလျှင်(၇၀၀၀/၈၀၀၀)ကျပ် ဖြစ် နေပြီး ယခင် အပတ်အတိုင်းတည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျှက်ရှိကာ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ အာလူး အသေး/အကြီး အမျိုး အစား အလိုက် တစ်ပိသာ(၂၈၀၀/၃၃၀၀)ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။

    ငရုတ်သီးစိမ်း တစ်ပိသာ (၂၅၀၀/၃၀၀၀)ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်လျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ (၂၀၀၀/၂၂၀၀)ကျပ် ယခင် အပတ်အတိုင်းတည်ငြိမ်နေပါသည်။ ခရမ်းသီး  တစ်ပိသာ (၁၈၀၀) ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းဂေါ်ဖီ တစ်ပွင့်  (၂၅၀၀/၂၀၀၀) ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ် လျှင်(၁၈၀၀/၂၀၀၀)ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ပြီး လျှက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၆၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၅၀၀၀)ကျပ် ယခင် အပတ်အတိုင်းတည်ငြိမ်လျက်ရှိနေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၅၀) ကျပ် မှ (၁၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ လောလောဆယ် တည်ငြိမ်လျှက်ရှိနေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၈၀)ကျပ်၊ (အသေ)တစ်လုံး (၂၇၀) ကျပ် ၊ ဘဲဥ တစ်လုံ (၂၈၀/၃၀၀)ကျပ်ရှိသည် ။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိ သာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ် ယခင် ဇူလိုင်လ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ ကြက်သား၊ အမဲသား ဈေးများမှာ တည်ငြိမ်လျှက်ရှိကြောင်း တွေ့ရှိရ ပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၅၀၀) ကျပ် မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၄၈၀၀)ကျပ် ၊ အလတ် တစ်ပိသာ (၆၅၀၀) ကျပ်၊ အကြီး တစ်ပိသာ (၇၅၀၀)  ငါးဈေးများမှာ ယခင်ထက် အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင် အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျှက်ရှိပါသည်။ စားအုံးဆီ တစ်ပိသာလျှင် (၉၀၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံး လျှင် (၈၈၀၀၀)ကျပ်  ယခင် အပတ်ထက် တစ်ပိသာ(၃၀၀၀)ကျပ်ပြန်လည်ကျဆင်းလာပြီး အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

   ၂၀၂၃ခုနှစ် ဩဂုတ်လ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၅၂၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၀၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၂၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

   ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

    စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၈၃၀၀ ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

စားသုံးသူပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့်စားသောက်ကုန်စည်များရောင်းချပေး

     မွန်ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသောက်ကုန်စည်များကို ဈေးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်စေ​ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်ဆန်လုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်းတို့အပြင် အသားငါးဟင်းသီးဟင်းရွက်ဈေးသည်များပူးပေါင်းကာ ဆန်၊ စားသုံးဆီ၊ အခြေခံစားကုန်အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ မြို့နယ်အလိုက် အခွန်လွတ်ဈေးများဖွင့်လှစ်၍ ​ရောင်းချပေးလျက်ရှိပါသည်။

    မုဒုံမြို့နယ်တွင် (၃-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၆း၀၀) နာရီခွဲအချိန်မှစ၍ ဆီ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၇၅၀၀) ကျပ်ဈေးဖြစ်နေသော်လည်း ၁ပိဿာလျှင် (၅၀၀၀) ကျပ်ဖြင့် (၁၆၅) ပိဿာ၊ ကြက်သား၁ပိဿာ ပြင်ပပေါက်ဈေးမှာ (၁၂၀၀၀) ကျပ်ဖြစ်သော်လည်း  တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ဖြင့် (၅၀) ပိဿာ၊ ဝက်သား ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၁၈၀၀၀) ကျပ်ဖြစ်သော်လည်း  (၁၃၅၀၀) ကျပ်ဖြင့် (၅၂)ပိဿာ၊ ဆိတ်သား ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၂၃၀၀၀) ကျပ်ဖြစ်သော်လည်း (၂၁၀၀၀) ကျပ်ဖြင့် (၂၀) ပိဿာ၊ အမဲသား ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၂၀၀၀၀) ကျပ်ဖြစ်သော်လည်း  (၁၃၀၀၀) ကျပ်ဖြင့် (၁၀) ပိဿာ၊ ကြက်ဥ (၁) လုံးလျှင် ပြင်ပပေါက်ဈေးမှာ (၃၀၀) ကျပ်ဖြစ်သော်လည်း (၂၅၀) ကျပ်ဖြင့် (၃၀၀) လုံး၊ ကအစ်ငါး ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၁၅၀၀၀) ကျပ်ဖြစ်သော်လည်း  (၁၀၀၀၀) ကျပ်ဖြင့် (၅) ပိဿာ၊ ကင်းပုစွန် (လတ်) ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၂၅၀၀၀) ကျပ်ဖြစ်သော်လည်း  (၂၀၀၀၀) ကျပ်ဖြင့် (၁၀) ပိဿာ၊ ကင်းပုစွန် (သေး) ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၁၅၀၀၀) ကျပ်ဖြစ်သော်လည်း (၁၀၀၀၀) ကျပ်ဖြင့် (၅) ပိဿာ၊ ရုံးပတီသီး ၁ပိဿာလျှင် ပြင်ပပေါက်ဈေးမှာ (၂၀၀၀) ကျပ်ဖြစ်နေသော်လည်း  (၁၅၀၀) ကျပ်ဖြင့် (၄) ပိဿာ၊ မုန်ညှင်း ၁ပိဿာလျှင် ပြင်ပပေါက်စျေးမှာ (၃၀၀၀) ကျပ်ဖြစ်သော်လည်း (၂၅၀၀) ကျပ်ဖြင့် (၅) ပိဿာ၊ နံနံပင် ၁ပိဿာလျှင် ပြင်ပပေါက်စျေးမှာ (၅၀၀၀) ကျပ်ဖြစ်သော်လည်း  (၂၀၀၀) ကျပ်ဖြင့် (၁.၅) ပိဿာ၊ ပဲငပိ ၁ပိဿာလျှင် ပြင်ပပေါက်စျေးမှာ (၄၀၀၀) ကျပ်ဖြစ်သော်လည်း  (၃၀၀၀) ကျပ်ဖြင့် (၄) ပိဿာတို့ကို အထက်ပါ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရပါသည်။

     အခြေခံစားသောက်ကုန်များကို ဇူလိုင်လ ၈ရက်နေ့၊ နံနက်ပိုင်းအချိန်မှစတင်၍ အပတ်စဥ် စနေနေ့နှင့် တနင်္ဂနွေနေ့အားလပ်ရက်တိုင်းတွင် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ သံလွင်ဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းလည်းသိရှိရပါသည်။

DOCA(မွန်)

 

ကန့်ဘလူမြို့၏ ဩဂုတ်လ ပထမပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ဩဂုတ်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ တီလားဗီးယား အကောင်ကြီး တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀) ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ဆိတ် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။

  ငါးဈေးနှုန်းများအား ဇူလိုင်လစတုတ္ထပတ်နှင့် နှိုင်းယှဉ်ပါက    ဆလားဗီးယားအကောင်သေး တစ်ပိဿာလျှင်(၈၀၀)ကျပ်၊ ဆလားဗီးယားအကောင်လတ် တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်း မြင့်တက်ပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ တစ်နိုင်တစ်ပိုင်ဆူးပုတ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုး”

    ဆူးပုတ်ကြီးပင် (သို့) ဆူးရစ်ပင်ကို ရုက္ခဗေဒနာမည်အားဖြင့် အကေးရှားအင်နာတာ (Acacia Pennata) ဟုခေါ်သည့် မျိုးရင်းမှာ “လီဂူမီနိုးစီအီး” Leguminsae Jussieu ဖြစ်သည်။ ဆူးရစ်ပင်ကို မြန်မာနိုင်ငံအရပ်ရပ်၌တွေ့ရပြီး မြန်မာအမည်မှာ ဆူးပုတ်ကြီး၊ အင်္ဂလိပ်အမည်မှာ SUE POKE ဖြစ်သည်။

ဆူးပုတ်ရွက်နှင့် ကျန်းမာရေး

    ဆူးပုတ်ပင်၏အနုအညွန့်များမှာ စားသုံးနိုင်ပြီး အရွက်များနူးညံ့ကာ ကြွပ်ကြွပ်လေးနှင့် အရသာအနေဖြင့် နည်းနည်းသက်ပြီး အရွက်အနံ့မှာ နည်းနည်းပြင်းပါသည်။ ဆူးပုတ်ရွက်၏ ကျန်းမာရေးကောင်းကျိုးများမှာ အရွက်တင်သာမက ပင်စည်၊ အခေါက်များကအစ ဆေးဖက်ဝင်ပါသည်။ ဆူပုတ်ရွက်တွင် ဗီတာမင် A၊ ကယ်လီဆီယမ်၊ ဖော့စဖရိတ်၊ ဗီတာမင် B၊ ဗီတာမင် C၊ အမျှင်ဓာတ်နှင့် သံဓာတ်နှင့် ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေခြင်း၊ သံဓာတ်ပါဝင်ခြင်းကြောင့် သွေးအားကောင်းစေခြင်း၊ ကယ်လ်ဆီယမ်ပါဝင်ခြင်းကြောင့် သွားများကိုကြံ့ခိုင်စေပြီး သွားဖုံးများကိုပါကျန်းမာစေခြင်း၊ အရိုးသန်မာခြင်း၊ ပန်းနာရင်ကြပ်ရောဂါများကိုသက်သာစေခြင်း၊ အစာခြေစနစ်ကျန်းမာစေသဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်သည့် အရွက်တစ်မျိုးဖြစ်ပါသည်။

     ဆူးပုတ်ရွက်သည် ကျန်းမာရေးအတွက် အကျိုးများသော်လည်း အလွန်အကျွံစာသုံးမည်ဆိုလျှင် အော့အန်ခြင်း၊ မအီမသာနှင့် စိတ်ခံစားမှုမကောင်းခြင်းများကိုခံစားရနိုင်ပြီး ဆူးပုတ်ရွက်ကို ဆီချိုရောဂါရှိသူ၊ သွေးတိုးရောဂါ၊ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ရှောင်ကျဉ်သင့်ပါသည်။

ရေမြေရာသီဥတု

    ဆူးပုတ်ကြီးသည် မြန်မာပြည်အနှံ့အပြား၌ ရာသီဥတုမရွေးဖြစ်ထွန်းသော အပင်တစ်မျိုးဖြစ်ပြီး ရေဝပ်သည့်စိမ်စွဲမြေမျိုးကိုနှစ်သက်ပြီး ရေနုတ်အားကောင်းသောမြေမျိုးတွင် ကောင်းမွန်စွာဖြစ်ထွန်းပါသည်။ ဆူးပုတ်ပင်ကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြပါသည်။

ဆူးပုတ်မျိုးများ

    ဆူးပုတ်ကလေးမျိုးနှင့် ဆူပုတ်ကြီးမျိုးဟူ၍ နှစ်မျိုးရှိပြီး ဆူးပုတ်ကြီးမျိုးမှာ ဆူးကျဲမျိုး၊ ဆူးလတ်မျိုး၊ ဆူးစိပ်မျိုးဟူ၍ (၃) မျိုးရှိပါသည်။

စိုက်ခင်းမြေပြုပြင်ခြင်း

   ဆူးပုတ်ကြီးစိုက်ခင်းပြုလုပ်မည့်နေရာသည် မြေရိုင်းဖြစ်ပါက မိုးမကျမီအချိန်တွင် သစ်ပင်၊ သစ်ပုတ်များကို ပြောင်အောင်ရှင်းလင်းရမည်ဖြစ်ပြီး မိုးကျလျှင် ထယ်တစ်လွှာထိုး၍ ထွန်မွှေပြီး မြေညက်အောင် ညှိထားရပါသည်။ စိုက်မြောင်းများကို (၄ပေ/ ၅ပေ) ခြားဆွဲရပါသည်။

စိုက်ပျိုးခြင်း

     မြောင်းဆွဲထားသော စိုက်မြောင်းပေါ်တွင် အတက် (၈) လက်မနှင့် အကျယ် (၄) လက်မခန့်ကျင်းများတူးရပြီး မြေထုပ်စည်းကို ကျင်းထဲတွင် (၄) လက်မမြှုပ်၍စိုက်ရသည်။ မြေပြင်ဖုံးရပြီး အပင်ခြေရင်းတွင် ရေမဝပ်စေရန်အလို့ငှာ မြေမာအောင်ပြုလုပ်ရပါသည်။ စိုက်ပျိုးရာတွင် ပျိုးပင်များစိုက်ပျိုးခြင်းနှင့် ကိုင်းခုတ်စိုက်ပျိုးခြင်းများရှိပြီး ပျိုးပင်စိုက်ပျိုးခြင်းကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။

မြေသြဇာကျွေးခြင်း

    စိုက်ပျိုးပြီး (၁) ရက်အကြာတွင် နွားချေးနှင့် မြေသြဇာတို့ကိုထည့်ပြီး ရေဝအောင်လောင်းပေးရပါသည်။ ရေသွင်းခြင်းကို တစ်ပတ်လျှင် (၁) ကြိမ်သွင်းပေးရသည်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် နွားချေးနှင့် မြေသြဇာကျွေးခြင်း၊ ရေသွင်းခြင်းများပြုလုပ်ပြီး ကိုင်းများကိုဖြတ်ပေးရပါသည်။

အပင်ပြုစုခြင်း

  ဆူးပုတ်ကြီးစိုက်ခင်းတွင် ပျိုးပင်စိုက်ပြီး (၆) လခန့်အကြာတွင် ထိပ်ညွန့်များကိုဖြတ်ပေးရသည်။ ခူးလျှင် အောက်ရွက်တစ်လက်ချန်၍ခူးမှသာ အညွန့်သစ်ထပ်မံလိုက်မည်ဖြစ်ပါသည်။ စိုက်ပျိုးပြီး (၁) နှစ်ခန့်ရှိမှသာ စတင်ခူးရပါသည်။

မျိုးပွားနည်း

    ကိုင်းဖြတ်စိုက်ပျိုးခြင်းတွင် မျိုးကိုင်းအဖြစ် မြေထုပ်စည်းခြင်းကို သြဂုတ်လနှင့် စက်တင်ဘာလတို့တွင်ပြုလုပ်ပြီး နောက်တစ်လခန့်အကြာမှသာ မြေထုပ်စည်းကိုင်းကိုဖြတ်၍ စိုက်ကြရပါသည်။

မိတ္ထီလာမြို့နယ်၏ ဆူးပုတ်စိုက်ပျိုးခြင်း

 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကျောက်ဖူးကျေးရွာ၊ ရွှေစစ်သည် - အုံတုံကျေးရွာများလမ်းအနီး၊ တောမကျေးရွာများတွင် ဆူးပုတ်ကြီးကို တစ်နိုင်တစ်ပိုင်မိသားစုဝင်ငွေရလုပ်ငန်းအဖြစ် စိုက်ပျိုးကြပါသည်။ အဆိုပါ ကျေးရွာများတွင် အပင်ရေ (၅၀၀) မှ အပင်ရေ (၁၀၀၀) ခန့်အထိရှိသည့် ခြံပေါင်း (၈၀ - ၁၀၀) နီးပါးရှိပြီး ဒေသမျိုးဖြစ်သော ဗမာဆူးပုတ်ကြီးမျိုးပျိုးပင်များကိုအများဆုံးစိုက်ပျိုးကြပါသည်။ ဆူးပုတ်ကို ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပျိုးပင် (၈၀၀) ခန့်စိုက်ပျိုးနိုင်ပြီး (၄-၅) ပေတန်းခြား၍စိုက်ပျိုးကြပါသည်။ ပျိုးပင်များကို ပျိုးခြံမှတစ်ပင်လျှင် (၂၀၀-၃၀၀) ကျပ်နှုန်းဖြင့်ဝယ်ယူရပြီး မြေပြုပြင်ခြင်း၊ အစာကျွေးခြင်း၊ ရေသွင်းခြင်း၊ လုပ်သားခများအပါ ခူးဆွတ်ချိန်ထိ တစ်ဧကကုန်ကျစရိတ်မှာ စုစုပေါင်း (၆) သိန်းခန့်ကုန်ကျပါသည်။

     ခြံဟောင်းများမှာ မိုးရာသီကာလတွင် ဆူးပုတ်ရွက်လှိုင်လှိုင်ခူးရပြီး  (၃) ရက်ခြားလျှင် တစ်ကြိတ်ခူးရပြီး တစ်ကြိမ်ခူးလျှင် (၁၅) ပိဿာမှ (၂၀) ပိဿာအထိရရှိပါသည်။ တစ်နှစ်လျှင် (၈) လခန့်ခူးရပြီး ဒီဇင်ဘာလမှ မတ်လအထိခူးဆွတ်မှုနားရပြီး ကိုင်းဖြတ်ခြင်း၊ အစာကျွေးခြင်း၊ ရေသွင်းခြင်းတို့ပြုလုပ်ရပါသည်။     ၎င်းကျေးရွာများရှိ  ဆူးပုတ်ခြံများမှာ (၈) နှစ်၊  (၁၀) နှစ်သက်တမ်းရှိသည့်ခြံများပင် ယခုအချိန်ထိခူးနိုင်ကြောင်း၊ ဆူးပုတ်ကြီးပင်သက်တမ်းမှာ အနည်းဆုံး (၁၅) နှစ်ခန့်ရှိကြောင်းသိရှိရပါသည်။ ဆူးပုတ်ကြီးကို သီးသန့်ခြံအဖြစ်စိုက်ပျိုးခြင်းများအပြင် အိမ်ခြံဝန်းအတွင်းရှိ မြေလွတ်များ၊ အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးသူများမှာ အိမ်အလုပ်မပြတ်ဘဲ "အိမ်နောက်ဘေး စျေးဆိုင်တည်" ဆိုသည့်စကားပုံအတိုင်း မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေကြောင်း၊ နှစ်ရှည်စားပင်ဖြစ်သဖြင့် နှစ်စဉ် ဝင်ငွေရရှိ၍ စိုက်ပျိုးသူများမှာ တွက်ချေကိုက်မှုရှိကြောင်း၊ ဆူးပုတ်ကြီးရွက်စျေးကွက်အနေဖြင့် မိတ္ထီလာမြို့တွင် အဓိကရောင်းချကြပြီး ကုန်စိမ်းရောင်းချသူများက ခြံ (သို့) အိမ်အရောက်လာရောက်ဝယ်ယူကြကြောင်း၊  ဆူးပုတ်ကြီးလှိုင်လှိုင်ထွက်ချိန်တွင် တစ်ပိဿာလျှင် (၂၀၀၀ - ၂၅၀၀) ကျပ်ခန့်စျေးရရှိပြီး နောက်ပိုင်းတွင် တစ်ပိဿာလျှင် (၃၀၀၀ - ၄၀၀၀) ကျပ်စျေးအထိရရှိကြောင်း၊  တစ်နှစ်လျှင် ဆူပုတ်ကြီးတစ်ဧကမှာ (၂၅) သိန်းခန့်အကျိုးအမြတ်ရရှိသဖြင့် တစ်နိုင်တစ်ပိုင်ဆူးပုတ်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေများတိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

    မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၆၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၇၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၇၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၅၀၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၆၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခွဲခန့်မှ လေးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးထောင် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၁၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခုနှစ်သောင်းကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၃၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၇၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ခြောက်ထောင် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၅၄၇၅ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၉၅၀၀၊ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၅၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင်  တစ်ပိဿာလျှင် ကျပ် ၇၃၅၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ခန့်မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၆၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၆၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၄၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ ငါးသောင်းကျော်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ဩဂုတ်လ၊ ပထမပတ်တွင် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ အတက်အကျမရှိဘဲ ဈေးငြိမ်နေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

    ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဩဂုတ်လ၊ ပထမပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၄၀၀၀ဝိ/-)၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၁၅၀၀ဝိ/-)၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင်(၇၆၅၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၈၂၀၀ဝိ/-)၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၇၁၀၀ဝိ/-)ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 1Literတစ်ဗူးလျှင် (၁၅၅၀ဝိ/-)၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဗူးလျှင်(၁၂၅၀ဝိ/-)၊ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250ccတစ်ဗူးလျှင်(၂၈၅၀ဝိ/-)၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဗူးလျှင်(၂၉၅၀ဝိ/-)၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် 500gတစ်ဗူးလျှင် (၉၀၀ဝိ/-)ဖြစ်ကြောင်း၊ ယခုတစ်ပတ်အတွင်း ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းများအတိုင်း အတက်၊ အကျမရှိဘဲဈေးငြိမ်နေပြီး အရောင်းအဝယ် ဖြစ်မှုအနေဖြင့် ရွှေဘိုခရိုင်တွင် မိုးစပါးများပျိုးထောင်ပြီး၍ စိုက်ပျိုးချိန်နီးလာသည်နှင့်အမျှ တောင်သူများမှ ဓါတ်မြေဩဇာများ ကြိုတင်ဝယ်ယူထားကြသဖြင့် ယခင်အပတ်ထက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိပါသည်။

      ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး (ယိုးဒယားအကြွပ်) (၁) လုံးလျှင် (၂၀၀၀) ကျပ်၊ စပျစ်သီး (အလုံးသေး) (၁) ပိဿာလျှင် (၁၂၀၀၀) ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁) ပိဿာလျှင် (၁၆၀၀၀) ကျပ်၊  မာလကာသီး (၁) လုံး လျှင် (၂၀၀) ကျပ်၊ ပန်းသစ်တော်သီး (၁) လုံးလျှင် (၂၀၀၀) ကျပ်မှ ၂၅၀၀) ကျပ်အထိ၊  ဖီးကြမ်းငှက်ပျောသီး (၁) ဖီးလျှင် (၁၂၀၀) ကျပ်မှ (၁၅၀၀) ကျပ်အထိ၊ ခွန်စိမ်းရိုးရိုး (၁) ဖီးလျှင် (၈၀၀) ကျပ်မှ (၁၀၀၀) ကျပ်အထိ၊ ဖရဲသီးအသေး (၁) လုံးလျှင် (၄၀၀၀) ကျပ်၊ ဖရဲသီးအကြီး (၁) လုံးလျှင် (၅၀၀၀) ကျပ်၊ ကြက်မောက်သီး (၁) တွဲလျှင် (၁၅၀၀) ကျပ်၊ ရင်ကွဲသရက်သီး (၁) လုံးလျှင် (၂၀၀) ကျပ်မှ (၂၅၀) ကျပ်အထိ၊ နာနတ်သီး (သေး) (၁) လုံးလျှင် (၁၅၀၀) ကျပ်၊ နာနတ်သီး (အကြီး) (၁) လုံးလျှင် (၂၀၀၀) ကျပ်၊ နဂါးမောက်သီး (၁) လုံးလျှင် (၅၀၀) ကျပ်မှ (၈၀၀) ကျပ်အထိတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း