Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၂.၉.၂၀၂၃ )

   ၁၂.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဥတုမရွေးစိုက်ပျိုးနိုင်သည့် ရုံးပတီသီး

    တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ရုံးပတီသီးများကို တွင်ကျယ်စွာ စိုက်ပျိုးကြပါသည်။ ရုံးပတီသီးများ စိုက်ပျိုးရာတွင် စိုက်ပျိုးမည့်မြေနေရာကို ပထမဦးဆုံး ထွန်ယက်ရပါသည်။ ပြီးလျှင် နည်းလမ်းနှစ်သွယ်ဖြင့် စိုက်ပျိုးနိုင်ပါသည်။

     ထွန်ယက်ပြီးသားမြေကို ပေါက်တူးဖြင့် တစ်ကျင်းစီပေါက်ဆွ၍ဖြစ်စေ ၊ ထယ်သွားဖြင့် မြောင်းဖော်၍ဖြစ်စေ ရုံးပတီသီးမျိုးစေ့အား တစ်ကျင်းလျှင် ၄ စေ့၊ ၅ စေ့နှုန်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ တစ်ကျင်းနှင့်တစ်ကျင်းကြား တစ်ပေခန့်ခွာ၍ စိုက်ပျိုးကြပါသည်။ တစ်တန်းနှင့် တစ်တန်းကြား အကွာအဝေးမှာ နှစ်ပေခန့်ထားရှိပါသည်။

      ရုံးပတီကို ရာသီမရွေး စိုက်ပျိုးနိုင်ပါသည်။ စတင်စိုက်ပျိုးသည့်အချိန်မှ ၁၅ ရက်ပြည့်လျှင် အပင်အား မြေဩဇာကျွေးပြီး ဘောင်ဆွဲရပါသည်။ မိမိနှစ်သက်ရာ အပင်အားဆေးကို တစ်ပတ်လျှင် တစ်ကြိမ် ကျွေးနိုင်ပါသည်။

   စတင်စိုက်ပျိုးချိန်မှ ရက် ၆၀ ပြည့်လျှင် ဆွတ်ခူးနိုင်ပါသည်။ နှစ်ရက်ခြားတစ်ကြိမ် ဆွတ်ခူးနိုင်ပါသည်။ ရုံးပတီသီး ၁၀ တောင့်ပါ တစ်စည်းလျှင် ၃၀၀ ကျပ်ဖြင့် တောင်ငူမြို့ ညောင်ပင်ဈေးသို့ လက်ကားရောင်းချလျက်ရှိပါသည်။ လက်လီမှာ တစ်စည်းလျှင် ၄၀၀ ကျပ်ရောင်းရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးနှုန်းမြင့်တက်ပြည်ကြက်သွန်ဈေးကွက်

       ယခု ဩဂုတ်လ စတုတ္ထပတ်တွင် ပြည်ကြက်သွန်နီဈေးများမှာ ဩဂုတ်လဆန်းပိုင်းနှင့်ယှဉ်လျှင် တစ်ပိဿာကို ပျမ်းမျှ ကျပ်(၁၁၀၀-၁၃၀၀)ခန့် မြင့်တက်သွားကြောင်း သိရပါသည်။ ကြက်သွန်နီ အဓိကထွက်ရှိရာ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ ယခုအချိန်သည် ကြက်သွန်နီ ဈေးကောင်းရနေချိန်ဖြစ်သဖြင့် ရန်ကုန်၊ မော်လမြိုင် ဝယ်လက်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ပဝယ်လက်များမှ အဆွဲများနေသည့်အတွက် ပြည်ဈေးကွက်သို့ ဝင်ရောက်မှုနည်း သွားကြောင်း သိရပါသည်။ ပြည်ဈေးကွက်သို့ ဆိတ်ဖြူ၊ ကျောက်ပန်း၊ အောင်လံဘက်မှ ပိဿာချိန် (၄၅၀၀)ခန့်ကို ရက်ခြားသာအဝင်ရှိနေပြီး အရောင်းအဝယ်မှာလည်း အဝင်နည်း ကာ ဈေးမြင့်သည့်အတွက် အရောင်းအဝယ်အေးနေကြောင်း သိရပါသည်။ ဝါတွင်းကာလ အလှူပွဲပြုလုပ်သည့် အလှူရှင်များ၊ ဒေသတွင်းအိတ်ဆွဲဝယ်ရောင်းသမားများ ပန်းတောင်း၊ ဧရာဝတီ၊ ရခိုင်နှင့် သာယာဝတီတို့သို့ နယ်ကျော်၊ တိုင်းကျော် စီးဆင်းမှုများအဖြစ် ရောင်းဝယ်မှုရှိနေပါသည်။ ဈေးနှုန်းများမှာ ပွဲရုံ (လက်ကား)ဈေးတစ်ပိဿာကို ကြီး/လတ်/ သေးကျပ် (၃၂၀၀/၃၄၀၀/၃၅၀၀)နှုန်းတို့ရှိပြီး လက်လီဈေးအသေးများတွင် ကျပ်(၃၆၀၀/ ၃၇၀၀-၃၈၀၀/ ၃၉၀၀-၄၀၀၀)နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ်မှုရှိနေကြောင်း သိရပါသည်။

DOCA(ပဲခူး)

မိုးနှမ်းစိုက်ပျိုးသူများထဲတွင် နှမ်းနက်စိုက်ပျိုးသူပိုမိုများပြား

       ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် နှမ်းသီးနှံကို ယခင်နှစ်ကာလတူတွင် ဈေးကောင်းများစွာ ရရှိခဲ့ပြီး  လက်ရှိနွေရာသီနှင့် ဆောင်းရာသီတွင် အဓိက စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။

   လက်ရှိ မိုးကြိုနှင့် မိုးနှမ်းတွင် နှမ်းနက်ကို ပိုမိုစိုက်ပျိုးကြောင်း သိရပါသည်။ သဲကုန်းမြို့နယ်တွင် လက်ရှိနှမ်းစိုက်ဧက (၃၆၈) ဧကစိုက်ပျိုးအောင်မြင် ဖြစ်ထွန်းရိတ်သိမ်း လျက်ရှိပြီး နှမ်းစိုက်တောင်သူများလည်း များပြားလာပါသည်။ နှမ်းစိုက်ပျိုးရာတွင် တစ်ဧက ကုန်ကျစရိတ်အနေဖြင့် (မျိုး၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုး၊ ရိတ်ခြွေ၊ ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေး)အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်    (၄၅၀၀၀၀)  ကျပ်ခန့်ကုန်ကျပါသည်။ တစ်ဧကအထွက်နှုန်း (၈)တင်းခန့် ထွက်ရှိပြီး ယခုလက်ရှိ နှမ်းနက်တစ်တင်း ပေါက်ဈေးမှာ (၁၂၀၀၀၀) ရှိသဖြင့် တစ်ဧက (၉၆၀၀၀၀)ကျပ် ခန့်ရရှိပြီး တစ်ဧကအကျိုးအမြတ် (၅၁၀၀၀၀) ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ်တွင်ရွှေဖရုံသီးများလှိုင်လှိုင်ထွက်ရှိနေ

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ သင်တောရိုး ကျေးရွာ၊ ပေါက်ကုန်ကျေးရွာ၊ လွင်ပြင်‌ကျေးရွာနှင့် အခြားကျေးရွာတော်တော်များများတွင် ရွှေဖရုံးသီး များစိုက်ပျိုးကြပြီး အသီးများလှိုင်လှိုင်ထွက်ရှိနေကြောင်း စိုက်ပျိုးသူ တောင်သူများထံမှ သိရပါသည်။ ‌‌ရွှေဖရုံးမျိုးစေ့ ရွေးချယ် စိုက်ပျိုးရာတွင် အခွံဝါမျိုး‌စေ့များကို ရွေးချယ် စိုက်ပျိုးရပြီး ပင်တန်းခြား ခြောက်ပေပတ်လည် နှစ်ပတ်လည်ကို သုံးပင်နှုန်းဖြင့် ကျင်းတူး၍ စီးပွားဖြစ် စိုက်ပျိုးကြပါသည်။  ရွှေဖရုံသီး တစ်ကျိုး စိုက်ပျိုးရန်အတွက် ကုန်ကျစရိတ် အနေဖြင့် စိုက်ခင်း မြေပြုပြင်ခ၊ မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ စင်ပြုလုပ်စရိတ်၊ လုပ်အားခ စုစုပေါင်း (၂၇၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ အထွက်နှုန်း အနေဖြင့် သီးနှံသက်တမ်း(၇၅)ရက်မှ (၉၀)ရက်အတွင်း ၁ရက်ခြား ၂ရက်ခြားလျှင် ၁ကြိမ် ခူးဆွတ်ရပါသည်။ ယခုအခါရွှေဖရုံသီးကို အကြီးတစ်လုံးလျှင် ၂၅၀၀ကျပ် ဈေးရှိပြီး အလတ် တစ်လုံးလျှင် ၁၆၀၀ကျပ် အသေးတစ်လုံးလျှင် ၄၀၀/၅၀၀ကျပ်ခန့်ဖြင့် ကုန်စိမ်းဒိုင်များမှ လာရောက် ဝယ်ယူလျက်ရှိပါသည်။ ပေါ်စအချိန်တွင် အထွက်နှုန်းနည်းသော်လည်း ယခုလှိုင်လှိုင်ပေါ်ချိန်တွင် ၇၅ / ၈၀ လုံးလောက် ထွက်ရှိပြီး  တစ်ကျိုးလျှင် ပျမ်းမျှအလုံးရေ  ၁၅၀၀လုံး လောက် ထွက်ရှိနိုင်ပါကြောင်း သိရှိရပါသည်။ ရွှေဖရုံသီးတစ်ကျိုးလျှင် ရရှိငွေမှာ ၆၇၅၀၀၀/ ကျပ် ရရှိနိုင်သဖြင့် အကျိုးအမြတ်အနေဖြင့် ၄၀၅၀၀၀/ကျပ် အကျိုးအမြတ်ရရှိနိုင်ပါကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

                                                                  

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ (စက်တင်ဘာလ ပထမအပတ်)

    ၂၀၂၃ ခုနှစ် စက်တင်ဘာလ ပထမအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၅၅၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၅၅၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီမြစ်သား အမျိုးအစား လက်လီဈေးမှာ အကြီး /အသေးပါ်မူတည်၍တစ်ပိသာလျှင်(၃၀၀၀/၃၂၀၀)ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးသေး တစ်ပိသာ (၉၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၉၀၀၀) ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ဂျင်း တစ်ပိသာလျှင်(၇၀၀၀/၈၀၀၀)ကျပ် ဖြစ် နေပြီး ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူး အသေး/အကြီး အမျိုးအစားအလိုက် တစ်ပိသာ(၃၂၀၀/၃၀၀၀)ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ငရုတ်သီးစိမ်း တစ်ပိသာ (၃၅၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်လျော့ကျလျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ အကြီး/ အသေးပေါ်တူတည်ပြီး (၂၃၀၀/၂၄၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ် ပြန်လည်ကျဆင်းလျက်ရှိပါသည်။ ခရမ်းသီး  တစ်ပိသာ (၂၅၀၀) ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းဂေါ်ဖီ တစ်ပွင့်  (၁၅၀၀/၁၈၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၁၅၀၀/၁၈၀၀) ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၆၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၅၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်ကျဆင်းလျက်ရှိနေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၅၀) ကျပ် မှ (၁၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စည်းလျှင် (၁၅၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ လောလောဆယ် အနည်းငယ်မြင့်တက်လျက်ရှိနေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၃၀၀)ကျပ်၊ (အသေ)တစ်လုံး (၂၈၀) ကျပ် ၊ ဘဲဥ တစ်လုံး (၃၀၀/၃၅၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသား တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၅၀၀) ကျပ် ယခင် ဩဂုတ်လဈေးနှုန်းအတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်းတွေ့ရှိရပါသည်။ ငါးကြင်း အကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၅၀၀) ကျပ် မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၄၈၀၀)ကျပ် ၊ အကြီး တစ်ပိသာ (၇၀၀၀)  ငါးဈေးများမှာ ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၅၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ် စက်တင်ဘာလ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၅၂၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၆၂၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီလက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၃၇၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၃၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၅၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

     စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၄၈၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။   

DOCA(စစ်ကိုင်း)

သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှုအခြေအနေ

    သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်/ မြို့နယ်များသို့ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၃၂၀၀) အိတ်ခန့်၊ စုစုပေါင်း ( ၆၇၀၀ ) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၃၂၃)တန်စီးထွက်ခဲ့ပါသည်။ ယခုစက်တင်ဘာလ၊ ပထမအပတ်တွင် မော်လမြိုင်သို့ (၃၂၀၀)အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၃၄၀၀)အိတ်ခန့်၊ စုစုပေါင်း (၆၆၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၃၁၈) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်ပထမအပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍  စီးထွက်ခဲ့ပါသည်။

    သထုံခရိုင်အတွင်းသို့ ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ ( ၁၅၀၀ ) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၄၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် ( ၁၄၀ ) တန်ခန့်စီးဝင်ခဲ့ပြီး ဧပြီလ၊ နောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ( ၁၀၀၀)အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ ( ၁၅၀၀ )အိတ်ခန့်၊ စုစုပေါင်း ( ၂၅၀၀ ) အိတ်ခန့်၊ တန်ချိန်အားဖြင့် ( ၁၂၀ ) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်ပထမအပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးဝင်ခဲ့ပါသည်။

     သထုံခရိုင်အတွင်း၌  စက်တင်ဘာလ၊ ပထမအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေးမှာ ကျားပျံဟိုတယ် (၃၂၀၀၀၀ဝိ/-) ကျပ်ခန့်၊  ပေါ်ဆန်းဝါ ( ၂၉၅၀၀၀ဝိ/-) ကျပ်ခန့်၊  ကမာကြည်  (၂၆၅၀၀၀ဝိ/-) ကျပ်ခန့်နှင့်    ( ၂၄ ) ပြည်ဝင်    ဆန်တစ်အိတ်လျှင်         ကျားပျံဟိုတယ်  (၁၀၅၀၀ဝိ/-) ကျပ်ခန့်၊ ပေါ်ဆန်းဝါ ( ၁၀၀၀၀ဝိ/- ) ကျပ်ခန့်၊ ကမာကြည် ( ၉၅၀၀ဝိ/- ) ကျပ်ခန့်၊ ဧည့်မထ ( ၇၂၀၀ဝိ/- )  ကျပ်ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အနည်းငယ် အကျဘက်သို့ ဦးတည်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

    ၂၀၂၃ခုနှစ်၊စက်တင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်း များမှာ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၁၀၀၀မှ ၁၂၀၀)ကျပ်ထိ၊ ပန်းသီး(ယိုးဒယားအကြွပ်) (၁)လုံး လျှင် (၂၅၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊  ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျော သီး (၁)ဖီးလျှင် (၁၂၀၀မှ ၁၅၀၀)ကျပ်ထိ၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်ထိ၊ ဖရဲ သီး (၁)လုံးလျှင် (၃၀၀၀မှ၄၀၀၀)ကျပ်ထိ၊ သခွားမွှေး (၁)လုံးလျှင် (၄၀၀၀)ကျပ်၊  နဂါးမောက်သီး (၁)လုံးလျှင် (၅၀၀ မှ ၇၀၀)ကျပ်ထိ၊ ကျွဲကောသီး (၁)လုံးလျှင် (၁၅၀၀)ကျပ်၊ မက်မန်းသီး (၁) ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် အသီးသီးအရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ချောင်းဆုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေ

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၆-၉-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်၊ မဟာကန်တော်ကြီးအရှေ့ ပျံကျဈေးဝင်းအတွင်း သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ရောင်းချပေးရာတွင် ဧည့်မထဆန်တစ်ပြည်လျှင် (၂၉၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၈၀) ကျပ်၊ ပိန်းဥတစ်ပိဿာလျှင် (၃၈၀၀) ကျပ်၊ မုန်လာဥတစ်ပိဿာလျှင် (၈၀၀) ကျပ်၊ ပဲတောင့်တစ်ပိဿာလျှင် (၂၈၀၀) ကျပ်၊ ကန်စွန်းရွက်တစ်ပိဿာလျှင် (၄၀၀) ကျပ်၊ ခဝဲသီးတစ်ပိဿာလျှင် (၈၀၀) ကျပ်၊  ဘူးသီးတစ်လုံးလျှင် (၅၀၀) ကျပ်နှင့် ရွှေဖရုံသီးတစ်လုံးလျှင် (၆၀၀) ကျပ်တို့ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း