တောင်ငူမြို့တွင် ဧည့်မထဆန်နှင့်မတ်ပဲ ဈေးပြန်ကျ
တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ် ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ဧည့်မထ (မိုးဆန်)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၈၃၀၀၀ ကျပ်၊ ဧည့်မထ(နွေဆန်)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၆၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။
မိုးစပါး တင်း ၁၀၀ လျှင် ၂၃၀၀၀၀၀ ကျပ်၊ နွေစပါး တင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၈၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်၊ ဖွဲနုမှာ ၂၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
မတ်ပဲ(၃၀ ပိဿာအိတ်) ယခင်အပတ်က တစ်အိတ်လျှင် ၁၂၃၇၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၁၇၀၀၀ ကျပ်ဖြင့် ဈေးပြန်လည်ကျဆင်းပါသည်။ ပဲလွန်းဖြူနှင့် ပဲတီစိမ်းမှာ အရောင်းအဝယ်မရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)