Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံသို့ ဇန်နဝါရီမှ သြဂုတ်လအတွင်း အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်း တင်ပို့မှု ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့

      ကမ္ဘောဒီးယားနိုင်ငံသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ တင်ပို့သည် ၂၀၂၅ ခုနှစ်၊ ပထမ (၈)လတွင် ကန်ဒေါ်လာ ၁၀.၉၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလ ထက် ကန်ဒေါ်လာ ၉.၂၁ ဘီလီယံမှ ၁၉ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၇.၇၃ ဘီလီယံ တန်ဖိုးရှိ အထည်အလိပ်များ တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၉ ရာခိုင်နှုန်း တိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြုစုထားသည့် အစီရင်ခံစာအရသိရသည်။ ထို့အပြင် ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ ဖိနပ်များ တင်ပို့ခဲ့ပြီး ၂၈ ရာခိုင်နှုန်း တိုးမြင့်လာကာ ခရီးသွား ကုန်ပစ္စည်းများနှင့် အိတ်များသည် ဒေါ်လာ ၁.၃၉ ဘီလီယံနှင့် ညီမျှသော နိုင်ငံတကာ ဈေးကွက်များသို့တင်ပို့ခဲ့ပြီး ၆ ရာခိုင်နှုန်းနီးပါး ရောင်းချခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထား သည်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က အထည်ချုပ်၊ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်း လုပ်ငန်းအတွက် လစဉ် အနိမ့်ဆုံး လုပ်ခလစာကို လက်ရှိ ၂၀၈ ဒေါ်လာမှ ၂၁၀ ဒေါ်လာသို့ ၂၀၂၆ ခုနှစ်တွင် တိုးမြှင့်မည်ဟု ၁၇-၉-၂၀၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။ 

DOCA (ရန်ကုန်)

 

 

ကမ္ဘောဒီးယားနှင့် ပြင်သစ်တို့က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်ရန် ကတိပြုခဲ့

       ကမ္ဘောဒီးယားနှင့် ပြင်သစ်နိုင်ငံတို့သည် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင်၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် အပါအဝင် နယ်ပယ်များစွာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရေးတိုးချဲ့ရန် ကတိကဝတ်ကို အတည်ပြုခဲ့ကြသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် ပြင်သစ် သံအမတ်ကြီး Olivia Richard တို့ ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်၌ တွေ့ဆုံစဉ် ကတိပြု ခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ်ပြင်သစ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နှစ်များတစ်လျှောက် ဆက်တိုက်တိုးချဲ့လာခဲ့သည့် နီးကပ်သော မိတ်ဖက်ဆက်ဆံရေးကို ကာလကြာရှည်စွာ ခံစား ခဲ့ရကြောင်း သံအမတ်ကြီး Richard က အလေးပေးပြောကြားခဲ့သည်။  ဆက်လက်၍ ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် သာယာဝပြောရေးတို့အတွက် ကမ္ဘောဒီးယားနိုင်ငံရှိ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် အဆင်သင့် ရှိကြောင်း အခိုင်အမာပြောကြားခဲ့သည်။   ဒေသတွင်း ကိစ္စရပ်များတွင် Hun Manet က ကမ္ဘောဒီးယားနှင့် ထိုင်းတို့ကြား အပစ်အခတ်ရပ်စဲရေးကို ထောက်ခံအားပေးမှုအတွက် ပြင်သစ်သမ္မတ Emmanuel Macron အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ သည်။  ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ရှိ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ သံအမတ်ကြီးအား ရှင်းလင်းတင်ပြပြီး နှစ်နိုင်ငံသဘောတူညီချက်များ၊ စာချုပ်များနှင့် နိုင်ငံတကာဥပဒေများနှင့်အညီ အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကတိပြုခဲ့သည်။

DOCA (ရန်ကုန်)

စင်္ကာပူနိုင်ငံ၏ ဒုတိယသုံးလပတ်၌ နိုင်ငံသားများအလုပ်အကိုင်ရရှိမှုနှုန်းမြင့်တက်လာ

          စင်္ကာပူနိုင်ငံ၏ အလုပ်သမားစျေးကွက်သည် ဒုတိယသုံးလပတ်တွင် ဆက်လက်တည်ငြိမ်နေပြီး စုစုပေါင်းအလုပ်အကိုင်သည် ပထမသုံးလပတ်တွင် ၂၃၀၀ တိုးတက်ခဲ့သည်နှင့် နှိုင်းယှဉ်ပါက ၁၀၄၀၀ တိုးတက်လာကာ ၃၇၅၇၃၀၀ သို့ရောက်ရှိခဲ့ကြောင်း လူ့စွမ်းအားဝန်ကြီး ဌာနက စက်တင်ဘာလ ၁၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

           စင်္ကာပူနိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်သူများ၏ အလုပ်အကိုင်သည် ၂၆၀၀ တိုးတက် ခဲ့ပါသည်။ နိုင်ငံခြားသား အလုပ်အကိုင်သည် ၇၈၀၀ အတိ တိုးလာခဲ့ပြီး အဓိကအားဖြင့် ဆောက်လုပ်ရေးလုပ်သားများနှင့် ယာဉ်မောင်းများဖြစ်ပါသည်။

        ဒုတိယသုံးလပတ်အတွင်း အလုပ်ခန့်ထားမှုနှင့် နုတ်ထွက်မှုနှုန်းများသည် ယခင်စံချိန်တင်ထားသော ပျမ်းမျှနှုန်းများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်ခန့်ထားမှုနှင့် နုတ်ထွက်မှုနှစ်ခုစလုံးတိုးလာခဲ့ကြောင်း သိရှိရပါသည်။

         အနာဂတ်တွင် ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများသည် အလုပ်ခန့်ထားမှုနှင့် လုပ်ခလစာအပေါ်သက်ရောက်မှု ဖြစ်မည်ဟု ခန့်မှန်းရပါသည်။ အဆိုပါအစီအရင်ခံစာပါ ကိန်းဂဏန်း အချက်အလက်များသည် ရွှေ့ပြောင်းလုပ်သမားများကို ထည့်တွက်ထားခြင်းမရှိကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားသည် အိန္ဒိယဈေးကွက်နှင့်အတူ စိုက်ပျိုးရေးပို့ကုန် အခွင့်အလမ်းများကို မျက်စိကျနေ

          ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယသို့ လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန် အခွင့်အလမ်းများကို ရှာဖွေလျက်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန (MAFF) ၏ ပြောရေးဆိုခွင့်ရှိသူ Khim Finan ၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံသည် အထူးသဖြင့် ကမ္ဘောဒီးယား သီဟိုဠ်စေ့များအတွက် အလားအလာကောင်းသော ဈေးကွက်ကို ကိုယ်စားပြုနေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည် သီဟိုဠ်စေ့၊ ဆန်နှင့် နနွင်းမှုန့် အပါအဝင် ဟင်းခတ်အမွှေးအကြိုင်များစွာကို အိန္ဒိယဈေးကွက်သို့ တင်ပို့နိုင်ခြေကို ရှာဖွေနေကြောင်း Finan က ဆက်လက်ပြောကြားခဲ့သည်။   အိန္ဒိယ၏ ကျယ်ပြောလှသော ဈေးကွက်သည် လူဦးရေ ၁.၄ ဘီလီယံရှိသော်လည်း နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏမှာ အကန့်အသတ်ရှိနေဆဲဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လအထိ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၄၈ သန်းသာ ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၆၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း  Finan က ဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အိန္ဒိယသို့ ကုန်စည်တင်ပို့မှုမှ ဒေါ်လာသန်း ၉၀ (၂၃.၃၅ ရာခိုင်နှုန်း) လျော့ကျခဲ့ပြီး အိန္ဒိယမှ သွင်းကုန်ပမာဏမှာ ကန်ဒေါ်လာ ၁၅၈ သန်း၊ (၂၇.၂၅ ရာခိုင်နှုန်း) မြင့်တက်ခဲ့‌ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

Source: Khmer Times                                                                                    

ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် ခရီးသွားလာရေးဆိုင်ရာ ဆက်ဆံမှုများ ပိုမိုမြှင့်တင်ရန် သဘောတူညီခဲ့ကြ

          ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား တရုတ်ခရီးသွားလုပ်ငန်းနှင့် လေကြောင်းဆက်သွယ်မှု သိသိသာသာ တိုးမြင့်လာစေရန် အသေးစိတ် လုပ်ဆောင်မှု အစီအစဉ်တစ်ရပ်ကို ၁၅-၉-၂၀၂၅ ရက်နေ့က ကတိပြုခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံနှင့် တရုတ်ခရီးသွား ကုမ္ပဏီများအဖွဲ့တို့ အကြား virtual စနစ်ဖြင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ အစည်းအဝေး၏ အဓိကဦးတည်ချက်မှာ ကမ္ဘောဒီးယားသို့ တရုတ်ဧည့်သည်များ လည်ပတ်မှုတိုးမြင့်လာစေရန် အထူးအလေးပေးကာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် တိုးတက်မှုရလာဒ်များကို မြင်တွေ့နိုင်ရန် မျှော်မှန်းထားသည်။ အသစ်ဖွင့်လှစ်ထားသော Techo အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် ကမ္ဘောဒီးယားနိုင်ငံရှိ အဓိကလေဆိပ်များသို့ တိုက်ရိုက်နှင့် ပုံမှန်လေကြောင်းခရီးစဉ်များ တိုးမြှင့်ရန် နှစ်ဖက်စလုံးမှ တရုတ်လေကြောင်းလိုင်းများကို တွန်းအားပေးရန် သဘောတူညီခဲ့ကြ သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားကဏ္ဍအတွင်း ဝန်ဆောင်မှုများနှင့် လူ့စွမ်းအား အရင်းအမြစ်များ အရည်အသွေးမြှင့်တင်ရာတွင်လည်း တရုတ်ခရီးသွားများအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခုပေးရန် လိုအပ်ကြောင်းကိုလည်း တရုတ်ခရီးသွားအဖွဲ့က ပြောကြားခဲ့သည်။ တွေ့ဆုံပွဲတွင် ခရီးသွားလာရေးဝန်ကြီး Huot Hak မှ တရုတ်နိုင်ငံ သံအမတ်ကြီး Wang Wenbin ၊ Jiangsu နှင့် Yunnan ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဦးစီးဌာနများ အပါအဝင် တရုတ်ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံရှိ ၎င်းတို့၏ ပြည်နယ်များမှ လေကြောင်းလိုင်းများကို ဆွဲဆောင်ကာ ကမ္ဘောဒီးယားနိုင်ငံ အဓိက ခရီးသွား နေရာများဖြစ်သည့် Siem Reap နှင့် Preah Sihanouk ပြည်နယ်များသို့ တိုးချဲ့ပျံသန်းပြေးဆွဲ နိုင်ရေးကူညီပေးရန် တောင်းဆိုခဲ့သည်။ ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ တရုတ်ခရီးသွားဝင်ရောက်မှုသည် ၂၀၂၅ ခုနှစ် ပထမ (၇)လတွင် ၄၈.၂ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ဧည့်သည် ၆၉၀,၀၀၀ နီးပါး ဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

DOCA(ရန်ုကုန်)

Source: Khmer Times

ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှုသည် ယခုနှစ်တွင် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိ(P) ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်တွင် ဆန်တန်ချိန် ၇ သိန်းကျော် တင်ပို့ရန် လမ်းကြောင်းပေါ်ရှိနေပြီဖြစ်ပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍအတွက် သိသာထင်ရှားသော တိုး

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်တွင် ဆန်တန်ချိန် ၇ သိန်းကျော် တင်ပို့ရန် လမ်းကြောင်းပေါ်ရှိနေပြီဖြစ်ပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍအတွက် သိသာထင်ရှားသော တိုးတက်မှုတစ်ခုအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) မှ ထုတ်ပြန်ထားသည်။ CRF ၏ အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ သြဂုတ်လအထိ ပြည်ပဈေးကွက်များသို့ ဆန် ၄၇၂,၈၀၃ တန် တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄.၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ယခုနှစ် ပထမ (၈) လ အတွင်း စပါးနှင့် ဆန်တင်ပို့မှုမှ စုစုပေါင်း ကန်ဒေါ်လာ ၁၄၆၂ သန်း ရရှိခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ CRF ၏ ဥက္ကဋ္ဌ Lay Chhun Hour က အပြုသဘော ဆောင်သော အလားအလာသည် အဓိက နိုင်ငံတကာဈေးကွက်များမှ ဝယ်လိုအားနှင့် အစိုးရ၏ ပံ့ပိုးကူညီမှု အပါအဝင် အကြောင်းရင်းများ ပေါင်းစပ်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ အစိုးရ သည် လယ်သမားများအတွက် အခြေခံအဆောက်အအုံနှင့် နည်းပညာဆိုင်ရာအကူအညီများ မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားဆန်အမှတ်တံဆိပ်ကို မြှင့်တင်ရန် အစပျိုးလုပ်ဆောင်မှုများမှ တစ်ဆင့် ဆန်စပါးကဏ္ဍကို ပံ့ပိုးကူညီခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။  ကမ္ဘောဒီးယား၏ ဆန်စပါး အဓိက စျေးကွက်များမှာ EU နိုင်ငံများ၊ တရုတ်၊ အာဆီယံနိုင်ငံများ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဆန်တင်ပို့မှု ဝင်ငွေ ကန်ဒေါ်လာ ၁,၁၁၄ သန်းကျော် ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Source: Khmer Times                                

DOCA(ရန်ကုန်)

Battambang ပြည်နယ်တွင် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင် ရန် ခေတ်မီစိုက်ပျိုးရေးအဖွဲ့အစည်း (၃) ခု စတင်ဖွဲ့စည်း

            ကမ္ဘောဒီးယားနိုင်ငံ၏ Battambang ပြည်နယ်၏ ခရိုင် ၃ ခု၌ အနာဂတ်တွင် နိုင်ငံအနှံ့အပြား၌ အလားတူအသိုက်အဝန်းအဖွဲ့အစည်းများဖန်တီးရေးကို အားပေးရန် ခေတ်မီ ဆန်စပါးစိုက်ပျိုးသည့် အဖွဲ့အစည်း ၃ ခုကို ထူထောင်ခဲ့သည်။ Moung Ruessei၊ Banan နှင့် Thmor Koul ခရိုင်တို့တွင် ခေတ်မီစပါး စိုက်ပျိုးသည့် အဖွဲ့အစည်း ၃ ခုကို ဖွဲ့စည်းခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Khim Finan က ပြောကြားခဲ့သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၏ ခေတ်သစ်စိုက်ပျိုးရေး လုပ်ငန်းအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ခေတ်မီစပါး စိုက်ပျိုးရေးအဖွဲ့ ပထမအကြိမ် အထွေထွေ စည်းဝေး Finan မှ အဖွဲ့ ဖွဲ့စည်းခြင်း၏အကျိုးကျေးဇူးများကို အသိအမှတ်ပြုပြောကြားခဲ့ပြီး ခေတ်မီစပါးစိုက်ပျိုးရေး အသိုက်အဝန်းများ ဖွဲ့စည်းတည်ထောင်ခဲ့ကြသော တောင်သူ လယ်သမားများအား ဝမ်းမြောက်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အဆိုပါ အဖွဲ့အစည်းများသည် တောင်သူလယ်သမားများအား စျေးကွက်ပေါက်ဈေးကြိုတင် လုံခြုံစေရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချရန်နှင့် အရင်းအနှီးပံ့ပိုးမှုရရှိရန် ကူညီပေးကြောင်း Finan က မှတ်ချက်ပြုခဲ့သည်။ အစိုးရအနေဖြင့် လက်ရှိနိုင်ငံတစ်ဝှမ်းတွင် ခေတ်မီစိုက်ပျိုးရေး အသိုက်အဝန်း ၁၂ ခုကို ထူထောင်ထားပြီး Siem Reap၊ Kampong Thom၊ Takeo၊ Kandal၊ Kampong Chhnang၊ Tboung Khmum နှင့် Pursat ပြည်နယ်အပါအဝင် ပြည်နယ်ခုနစ်ခုတွင် တရားဝင်မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း Finan က ဆက်လက်ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါအသိုင်းအဝိုင်းများသည် ဆန်၊ ဟင်းသီးဟင်းရွက်၊ သီဟိုဠ်စေ့နှင့် ငရုတ်ကောင်း စသည့် သီးနှံ လေးမျိုးအပေါ် အာရုံစိုက်ထားပြီး နှစ်စဉ် ထုတ်လုပ်မှုတန်ဖိုး ကန်ဒေါ်လာ ၁၉.၇၇ သန်းရရှိလျက်ရှိသည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် EU နှင့် အာဆီယံသို့ တင်ပို့မှုတိုးတက်

      ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၈ လတာ ကာလအတွင်း ဥရောပသမဂ္ဂနှင့် အာဆီယံသို့ တင်ပို့မှု ပို့ကုန်များ double-digit တိုးတက်ခဲ့ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်သော တရားဝင်အစီရင်ခံစာအရသိရှိရပါသည်။

          စီးပွားရေးဝန်ကြီးဌာနက ပြုစုခဲ့သော အဆိုပါအစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံသည် ဇန်နဝါရီ- ဩဂုတ် ကာလအတွင်း EU ဈေးကွက်သို့ အမေရိကန်ဒေါ်လာ ၃.၃၆ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလ ဒေါ်လာ ၂.၉ ဘီလီယံမှ ၁၅ ရာခိုင်နှုန်း ကျော် တိုးတက်ခဲ့ကြောင်း သိရပါသည်။

          ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ဒေါ်လာ ၃.၉၈ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများတင်ပို့ခဲ့ရာ ယခင်ဒေါ်လာ ၃.၄၃ ဘီလီယံ မှ ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အစီ ရင်ခံစာတွင် ဖော်ပြထားပါသည်။

          ကမ္ဘောဒီးယားနိုင်ငံမှ EU သို့ အဓိက တင်ပို့သည့် ထုတ်ကုန်များမှာ အထည်အလိပ်၊ ဖိနပ်၊ ခရီးသွားအသုံးအဆောင်၊ အိတ်၊ စက်ဘီး၊ ကားတာယာနှင့် အီလက်ထရောနစ်ပစ္စည်းအပြင် ဆန်၊ သိဟိုဠ်စေ့၊ ငှက်ပျောသီးကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များဖြစ်ပါသည်။ အာဆီယံသို့ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ အဝတ်အထည်၊ ဖိနပ်၊ ခရီးသွားအသုံးအဆောင်၊ အိတ်၊ ကားတာယာ၊ အီလက်ထရောနစ်ပစ္စည်း၊ စိုက်ပျိုးရေးကုန်စည်များ ပါဝင်ကြောင်းသိရှိရပါသည်။

  DOCA(ရန်ကုန်) 

ဘရာဇီးနိုငံမှ အမေရိကန်နိုင်ငံသို့ အသင့်ဖျော်ကော်ဖီတင်ပို့မှုကျဆင့်

    ကမ္ဘာ့အကြီးဆုံးကော်ဖီထုတ်လုပ်တင်ပို့သည့် ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံသို့ အသင့် ဖျော်ကော်ဖီတင်ပို့ရာ ဩဂုတ်လတွင် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်း နီးပါးကျဆင်းခဲ့ပါသည။ ထိုသို့ကျဆင်းခြင်းမှာ ၅၀ ရာခိုင်နှုန်းသော ကုန်သွယ်ခွန်များ ဝါရှင်တန်မှ ချမှတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဒေသတွင်းကော်ဖီလုပ်ငန်းအဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့ က ပြောကြားခဲ့ပါသည်။ အမေရိကန်ဈေးကွက်သို့တင်ပို့မှုမှာ ဩဂုတ်လတွင် ၆၀ ကီလိုဂရမ်အိတ် ၂၆၄၆၀ အိတ် ရှိခဲ့ ပြီး ၂၀၂၄ ခုနှစ်၏ အလားတူကာလထက် ၅၉.၉ ရာခိုင်နှုန်းနှင့် ဇူလိုင်လထက် ၅၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ဘရာဇီးအသင့်ဖျော်ကော်ဖီလုပ်ငန်းအသင်း (ABICS) က ပြောကြားခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုသည် ဘရာဇီး၏ အဓိက အသင့်ဖျော် ကော်ဖီဝယ်ယူသူအဖြစ် ဆက်လက်တည်ရှိနေပြီး ယခုနှစ် ပထမ ၈ လအတွင်း ကော်ဖီအိတ် ၄၄၃၁၇၉ အိတ် ဝယ်ယူခဲ့ကာ အာဂျင်တီးနားနှင့် ရုရှားတို့အပေါ်တွင် ရပ်တည်လျက်ရှိပါသည်။ ဇန်နဝါရီလမှ ဩဂုတ်လအထိ ဘရာဇီးသည် နိုင်ငံပေါင်း ၈၈ နိုင်ငံသို့ အသင့်ဖျော်ကော်ဖီအိတ် စုစုပေါင်း ၂.၅ သန်း ရောင်းချခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ၃.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ ပါသည်။ သို့သော် ကော်ဖီဈေးနှုန်းနှင့် ငွေလဲနှုန်းအပြောင်းအလဲများကြောင့် ဘရာဇီး၏ ဝင်ငွေ သည် ၃၃ ရာခိုင်နှုန်းမြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၇၆၀.၈ သန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

  DOCA(ရန်ကုန်) 

နယူးဇီလန်နိုင်ငံ၏ စားသောက်ကုန်စျေးနှုန်းများ နို့ထွက်ပစ္စည်းများကြောင့် ၅ ရာခိုင်နှုန်းမြင့်တက်လာ

       နယူးဇီလန်၏ စားသောက်ကုန်စျေးနှုန်းများသည် ၂၀၂၅ ခုနှစ် သြဂုတ်လအထိ ၁၂ လတာ ကာလအတွင်း ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ ဇူလိုင်လက သတ်မှတ်ထားသည့် နှုန်းထားကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း စာရင်းအင်းဌာနက စက်တင်ဘာလ ၁၆ ရက်နေ့က‌ ပြော ကြားခဲ့ပါ သည်။

          အဆိုပါမြင့်တက်မှုသည် နို့ထွက်ပစ္စည်းစျေးနှုန်း သိသိသာသာ မြင့်တက်ခဲ့မှုကြောင့်ဖြစ် ကြောင်း Stats NZ က ပြောကြားခဲ့ပါသည်။ နို့ ၂ လီတာ ပျမ်းမျှစျေးနှုန်းသည် ၁၆.၄ ရာခိုင်နှုန်း တက်၍ စျေးအသက်အသာဆုံး ၄.၇၂ နယူးဇီလန်ဒေါ်လာ (အမေရိကန်ဒေါ်လာ ၂.၈၁) သို့ရောက် ရှိခဲ့ပြီး၊ ဒိန်ခဲစျေးနှုန်း ၂၆.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ထောပတ်စျေးနှုန်း ၃၁.၈ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း သိရှိရပါသည်။

          နို့ ၂ လီတာ၏ စျေးနှုန်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ၈၈ ဆင့်တိုးလာခဲ့ပါသည်။ အမဲ သား၊ ကြက်သား၊ ငါးတို့သည် ၈.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။

          တစ်နိုင်ငံလုံးရှိ အိမ်ငှားခစျေးနှုန်းများသည် သြဂုတ်လအထိ တစ်နှစ်တာအတွင်း ၂.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လနောက်ပိုင်း အနည်းဆုံးနှစ်စဉ် မြင့်တက်မှု ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်) 

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ