Super Shine ငရုတ်ဆီကိစ္စ

၁၉.၆.၂၀၁၈ ရက်နေ့၌ ရန်ကုန်တောင်ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်း စစ်ဆေးရာ၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကွင်းဆင်း စစ်ဆေး စဉ်က တားမြစ်ထားသော Super Shine အမှတ်တံဆိပ် ငရုတ်ဆီအား သုံးခွမြို့မစျေးတွင် ပစ္စည်းဖြန့်ဖြူးရောင်းချရန်ကားဖြင့် လာရောက်သည်ကို စစ်ဆေးတွေ့ရှိရ၍ Super Shine အမှတ်တံဆိပ် ငရုတ်ဆီအိပ်(၈၄)လုံးပါဖာ(၁၅၀)ခန့်ပါရှိ၍ အမှတ် တံဆိပ်တွင် သက်တမ်းကုန်ဆုံး ရနှင့် ဖုန်းနံပါတ်သာပါရှိ၍ စားသုံးရန်သင့်/မသင့် ရန်ကုန်တိုင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၆/၂၀၁၈)၏ ဆုံးဖြတ်ချက်အရ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၉၊ ပုဒ်ခွဲ(ဃ)အရ ရန်ကုန်တိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲသို့ စားသုံးရန်သင့်/မသင့် စစ်ဆေးပေးရန် ပေးပို့ခဲ့ပါသည်။