Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

အရေးယူဆောင်ရွက်ခြင်း(Enforcement)

၂၀၁၆ခုနှစ်၊ ဇူလိုင်လအတွင်း ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ရောင်းချနေသောထမင်းကြော်၊ ခေါက် ဆွဲကြော်၊ မုန့်တီသုပ်များကိုဝယ်ယူစားသုံးသူ(၆၂)ဦး အော့အန်ခြင်း၊ ရင်ကြပ်ခြင်း၊ သတိလစ် ခြင်းများဖြစ်ခဲ့သဖြင့် စားအုန်းဆီ ပေးပို့ရောင်းချသော ပွဲရုံ ပင်ရင်းသို့ ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာရန်ကုန်မြို့၊ ညောင်ပင်လေး ဈေးရှိပွဲရုံမှ တစ်ဆင့်ဝယ်ယူရောင်းချသောစားအုန်းဆီမှ အစာအဆိပ်သင့်မှုဖြစ်ကြောင်းသိရှိခဲ့ရပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ တစ်ဆင့်ခံစားအုန်းဆီဖြန့်ချီသည့် နေရာများသို့ ဝင်ရောက် စစ်ဆေးခဲ့ရာ စားအုန်းဆီများ သယ်ဆောင်ရာတွင် အသုံးပြုသည့် ပေပါများကြောင့်ဖြစ်ကြောင်း စစ်ဆေးသုံးသပ်ခဲ့ရပါသဖြင့်စားအုန်းဆီ ရောင်းချသော ပွဲရုံလုပ်ငန်းရှင်များအား ပေပါများ၊ ပုံးခွံများ သန့်ရှင်းစေရေး အစဉ်အမြဲဆောင်ရွက်သွားကြရန် သတိပေးခဲ့ခြင်း၊ စားသုံးဆီ တင်သွင်းရောင်းချသူများ အသင်းနှင့် ညှိနှိုင်း ၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် သန့်ရှင်းသော ထုတ်ပိုးပစ္စည်းများ သုံးစွဲသွားရန် အသီးသီးတာဝန်ယူ ကြပ်မတ်သွားကြရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

စေ့စပ်ညှိနှိုင်းခြင်း(Mediation)

၂၀၁၆ ခုနှစ် ဇွန်လအတွင်းတွင် မန္တလေးမြို့နေ စားသုံးသူတစ်ဦး ဝယ်ယူခဲ့သော LCD-TV မှာ အာမခံသက်တမ်းတစ်နှစ်မပြည့်မီပျက်စီးသွားသဖြင့် အရောင်းစင်တာသို့ ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ရာတွင် အရောင်းဆိုင်မှ ပြင်ဆင်ဆောင်ရွက်ပေးခြင်းနှင့်အစားထိုးလဲလှယ်ပေးခြင်း ငြင်းဆန်ခဲ့ပြီး သုံးစွဲသူ၏အားနည်းချက်ကြောင့် ပျက်စီးခြင်းဖြစ်ကြောင်းအကြောင်းပြခဲ့သဖြင့် ထိခိုက်နစ်နာသူမှ သူ၏ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် postတင်ခဲ့ပါသည်။
ယင်း Post အား မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရှိပြီး နစ်နာဆုံးရှုံးသည့် စားသုံးသူနှင့့် ဆက်သွယ်တွေ့ဆုံ၍ ထိခိုက်နစ်နာမှုအပေါ် စိစစ်ခဲ့ပြီး နောက် လုပ်ငန်းရှင်နှင့်ဝယ်ယူသုံးစွဲသည့် စားသုံးသူများ အကြားအငြင်းပွားမှု အပေါ် TV အသစ် တစ်လုံး အစားထိုးလဲလှယ်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ