Main menu

HighLight News

Powered by Drupal

ကုန်မျိုးစုံဆိုင်များ၌ စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာရှိ/ မရှိ စစ်ဆေးခြင်း

            ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်ခွဲရုံးမှဝန်ထမ်းများသည် မှော်ဘီမြို့မဈေးစည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           အဆိုပါ စားသုံးဆီအမျိုးမျိုးအားစစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိသောစားသုံးဆီများ ရောင်းချခြင်းရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့် ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရောင်းချနေသော အမေထွား (မြေပဲဆီ)၊ Sunar (နေကြာဆီ)၊ ရန်ကုန်(ပဲဆီသန့်)၊ Cook(ပဲပိစပ်ဆီ)အမှတ်တံဆိပ်ဖြင့် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်၌ အသင့်သောက်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် မှော်ဘီမြို့မဈေး အတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်သောက်ကော်ဖီ၊ လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့မဈေးအတွင်း ရောင်းချနေသော အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကော်ဖီနှင့်လက်ဖက်ရည်ထုပ်ရောင်းချမှုရှိ/ မရှိတို့အားစစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား များကို ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် ၉.၁၂.၂၀၂၄ ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့် ပူးပေါင်းပါဝင်၍ တိုက်ကြီးမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းချသောဆိုင်များသို့ ကွင်းဆင်း၍ ဓါတ်မြေဩဇာများ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားမှုမရှိစေရေး၊ တရားမဝင်ဓါတ်မြေဩဇာများ၊ ပိုးသတ်ဆေးများရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးရဲလင်းထက် (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးဆောင်သည့် စစ်ဆေးရေးအရာရှိများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပါဝင်သောအဖွဲ့တို့သည် ၄-၁၂-၂၀၂၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မန္တလေးမြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ မန္တလေးတိုင်းဒေသကြီးအတွင်း ဦးစားပေးကုန်စည်အဖြစ် သတ်မှတ်ထားသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ   ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေအနေများအား အသိပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဒီဇင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို  ဆောင်ရွက်ရာ၌ ဦးစားပေးကုန်စည် (၁၀)မျိုးအား မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌထံတင်ပြ၍ ခွင့်ပြုချက်အရ သတ်မှတ်ထားပါသည်။ ၎င်းရွေးချယ်ထားသော ဦးစားပေး ကုန်စည်(၁၀)မျိုးမှာ အသင့်သောက်အချိုရည်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်စားခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ ကလေးနှင့် လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုးတို့အား လျာထားချက်ထက်ကျော်လွန်အောင် မြို့နယ်အလိုက်ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက သတ်မှတ်ထားသောကာလ၌ သတ်မှတ်ထားသော ဦးစားပေးကုန်စည်ကို အဓိကထား၍ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

             ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲ မှ ဦးစီးမှူးဦးတင်ချစ်ကောင်းနှင့် ဝန်ထမ်းသည် မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆေးအရောင်းဆိုင်များတွင် ဆေးဝါးများပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။ထို့နောက်ဆေးရောင်းချသော ဆိုင်ရှင်များအား ဆေးဝါးများကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် ပြစ်မှု၊ပြစ်ဒဏ်များအား သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေအနေများအား အသိပညာပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး”

               စီးပွား‌‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်စီးမှူးရုံးသည် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဖြင့်နိုင်ငံ့ဖွံ့ဖြိုးတိုးတက်စေရန်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။ ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာ(၆)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ သာဂရ(န)ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းခွဲ၌ စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးမောင်မောင်မြင့် မှအဖွင့်အမှာစကားပြောကြာခဲ့ပြီး  ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ဦး‌ဇော်မင်းလတ် (ဦးစီးမှူး)မှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရမည့်အကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချလုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့်ကြောင်ငြာစာအမှတ်၅၀/၂၀၂၃အဖြစ်ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများမဖြစ်စေရန် ရှောင်ရန်၊ ဆောင်ရန်အချက်များအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း၊ ဦးစိုးမင်းထွန်း(ဒု-ဦးစီးမှူး)မှ စားသုံးသူ၏အခွင့်အရေးများနှင့် တာ၀န်များအကြောင်း အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှလည်း ယခုအခါတွင် ဝမ်းရောဂါဖြစ်ပွားနေသဖြင့် ဝမ်းပျက်ဝမ်းရောဂါ အကြောင်းအကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ ကျောင်းအုပ်ကြီးမှ ယခုလိုလာရောက်ဟောပြော ဆွေးနွေးပေးသောကြောင့် စားသုံးရန်မသင့်အစားအစာများနှင့် အစားအစာများကို မည်သို့ရွေးချယ် ဝယ်ယူစားသုံးရမည်ကိုသိရှိရသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ရှိ ပုန်းရည်ကြီးလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            ညောင်ဦးမြို့ရှိ ပုန်းရည်ကြီးလုပ်ငန်းများနှင့် ပုဂံလက်ဆောင်ပစ္စည်းဆိုင်များအား (၉.၁၂. ၂၀၂၄)  ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးမှုတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန (FDA)၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ သုံးစွဲထုတ်လုပ်ကြရန်၊ ထုတ်လုပ်သည့်လုပ်ငန်းစဉ်တစ်လျှောက်တွင် အသုံးပြုရသည့် ပစ္စည်းများသန့်ရှင်းစင်ကြယ်ရန်နှင့် ထုတ်လုပ်မှုလုပ်ငန်းခွင်ရှိ အစားအစာများကို ထိတွေ့ပြုလုပ်သူ လူပုဂ္ဂိုလ်များမှာလည်း သန့်ရှင်းသပ်ရပ်ပြီး၊ ကျန်းမာရေးကောင်းမွန်သူများနှင့်သာလုပ်ကိုင်ဆောင်ရွက်ရန်၊ MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ကူညီလုပ်ဆောင်လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ကြရန် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းရှင်များအားရှင်းလင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီဖော်ပြရမည့်အချက်များ၊ မိမိထုတ်လုပ်သော ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူမှတစ်စုံတစ်ခု ထိခိုက်နစ်နာဆုံးရှုံးမှုများရှိလာပြီး အရေးဆိုတိုင်ကြားလာသည့်အခါ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်းနှင့် ပုန်းရည်ကြီးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဖော်ပြပါဝင် ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ သိရှိလိုသည့်အချက်များ၊ လိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းခွင်များနှင့် အရောင်းဆိုင်များအားကြည့်ရှု့၍ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပေါင်းတည်မြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

            နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  (၁၀.၁၂.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍  ပေါင်းတည်မြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် ဆေးဝါးရောင်းချနေသော ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             ထိုသို့ကွင်းဆင်းစစ်‌ဆေးရာတွင် ဆီသွပ်ဗူးများတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာမှန်ကန်စွာ ပါဝင်ခြင်းရှိ/ မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ခြင်းမရှိပါက ရောင်းချခြင်းမပြုရန်နှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ၊ တိုင်းရင်းဆေးဝါးများတွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

             ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၁၀.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဝက်ထီးကန်မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၊ စတိုးဆိုင်များတွင် ရောင်းချနေသော အလှကုန်နှင့် ဆေးအမျိုးမျိုးရောင်းချကြသည့် ဆိုင်များသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ် အသားပါဝင်မှု ရှိ/ မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန် အလှကုန်နှင့် ဆေးဝါးများ ရောင်းချနေခြင်း ရှိ/ မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်အလှကုန်နှင့် ဆေးဝါးများကိုတွေ့ရှိ၍ ဖျက်ဆီးသိမ်းဆည်းစေခြင်း၊ ဆေးအမျိုးမျိုးရောင်းချကြသောဆိုင်များတွင် အပူချိန်တိုင်းကိရိယာ တပ်ဆင်ထား ရှိခြင်းများရှိ/ မရှိစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၌ပါရှိသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိခြင်းမရှိသော အလှကုန်နှင့် ဆေးအမျိုးအမျိုး၊ ဆေးနှင့်ဆက်စပ်ပစ္စည်းများ၊ ကလေး/ လူကြီး အာဟာရဖြည့်စွက်စာများ သက်တမ်းလွန်လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများကို ဆက်လက်ရောင်းချခြင်းမပြုလုပ်ရန် သတိပေးဆွေးနွေးပြောကြားခြင်းများပြုလုပ်၍ နံနက်(၁၁:၃၀) အချိန်တွင်ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ရပ်နားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News