Main menu

HighLight News

Powered by Drupal

ပေါက်ခေါင်းမြို့နယ်၌ ဆပ်ပြာဆီနှင့် ဆပ်ပြာအမျိုးမျိုးထုတ်လုပ်လျက်ရှိ

       ပေါက်ခေါင်းမြို့နယ်၌ MSMEs လုပ်ငန်းအဖြစ် ဆပ်ပြာနှင့် ဆပ်ပြာအမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိပါသည်။ ထိုအထဲတွင် ဖြူစင်ရှင်းသန့် ဆပ်ပြာဆီလုပ်ငန်းလုပ်ကိုင်သည့် ဒေါ်သီတာနှင့်သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဒေါ်သီတာသည် ပေါက်ခေါင်းမြို့နယ်၊ ကမ္မကြီးကျေးရွာ၊ ငါးခူအိုင်အုပ်စုတွင်နေထိုင်၍ ၂၀၂၃ခုနှစ်မှစတင်၍ ဆပ်ပြာဆီလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ ဆပ်ပြာကုန်ကြမ်းများကို ပြည်မြို့ရှိ စိန်ရတီစတိုးဆိုင်မှဝယ်ယူပြီး ဆပ်ပြာခရင်မ်၊ ဘက်စုံသုံးဆပ်ပြာနှင့် ရှားစောင်းမျက်နှာသစ်ဆပ်ပြာအမျိုးမျိုးကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် ဆပ်ပြာခရင်မ် (၁၆)ဘူး၊ ဘက်စုံသုံးဆပ်ပြာရေ (၁၅)ဘူးနှင့် ရှားစောင်းလက်ပတ်မျက်နှာသစ်ဆပ်ပြာခဲ (၁၅)ခဲခန့်ထုတ်လုပ်နိုင်ပြီး မြို့နယ်အတွင်းရှိကျေးရွာများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ရောင်းချသောဈေးနှုန်းများအနေဖြင့် သြဂုတ်လ၊ တတိယအပတ်တွင် ဆပ်ပြာခရင်မ်တစ်ဘူးလျှင် ၂၅၀၀ကျပ်၊ ဘက်စုံသုံးဆပ်ပြာတစ်ဘူးလျှင် ၁၂၀၀ကျပ်၊ ရှားစောင်းမျက်နှာသစ်တစ်ခဲလျှင် ၃၀၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့ပေါ်ရပ်ကွက်များရှိ ဆန်စက်နှင့်ဆန်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်ချက်အရ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီပါ အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ အဖွဲ့ဝင်များလိုက်ပါ၍ (၁၆-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်မှ နေ့လယ်(၁၂:၃၀)နာရီအချိန်ထိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရွှေတောင်မြို့ပေါ်ရပ်ကွက်ရှိ ဆန်စက်များ၊ ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် သတ်မှတ်ထားသောဈေးနှုန်းများထက်ကျော်လွန်ပြီး ရောင်းချမှုရှိ/မရှိ၊ ဆန်စက်နှင့်ဆန်ဆိုင်များတွင် သတ်မှတ်ထားသော စပါး/ဆန်ကျော်လွန်သူများ မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် စပါးများအား ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေး‌နွေးခြင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၅-၈-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ နဝင်းရပ်ကွက်ရှိ ဝါရုံအခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ဒေါ်ခင်ဆွေဦး (ဒု-ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များနှင့် ကျောင်းသား/ ကျောင်းသူများအား အစားအသောက်များဝယ်ယူစားသောက်ရာတွင် မြန်မာစာကုန်အညွှန်းပါသည့် မုန့်များကိုသာ အဓိကထားပြီး ဝယ်ယူသုံးစွဲကြရန်၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးရက်စွဲများအား သေချာကြည့်ရှုပြီးဝယ်ယူကြပါရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမ (၈)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၁၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီးမှူး ကုန်မျိုးစုံ လက်လီ/ လက်ကားရောင်းချသူများနှင့်တွေ့ဆုံ

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဩဂုတ်လ ၁၅ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့၊ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တောင်ငူမြို့ပေါ်ရှိ ကုန်မျိုးစုံ လက်လီ/လက်ကားရောင်းချသူများနှင့်တွေ့ဆုံပြီး ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သတ်မှတ်သည့် အမိန့်ထုတ်ပြန်ခြင်းနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ထုတ်ပြန်ခြင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

       ရှေးဦးစွာ ခရိုင်ဦးစီးမှူးသည် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က အမိန့်အမှတ် (၂/၂၀၂၄)ဖြင့် ထုတ်ပြန်သည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်တွင် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် လိုက်နာရမည့်အချက်များ၊ လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

      ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ဖြင့် ထုတ်ပြန်သည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားပြီးမှသာ လုပ်ကိုင်ရန်နှင့် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၊ မူလွန် ကန်တော်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဩဂုတ်လ ၁၆ရက်နေ့၊ မွန်းလွဲပိုင်းတွင် တောင်ငူမြို့ရှိ ကန်တော်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဌာနပေါ်ပေါက်လာပုံနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်ခြင်းများနှင့် ဖြေရှင်းဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၁၅၃ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ်၊ ဆွာမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မိုးအောင်တို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ရေတာရှည်မြို့နယ်၊ ဆွာမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်အရ ဩဂုတ်လ ၁၆ရက်နေ့၊ နံနက်ပိုင်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။

       ပူးပေါင်းအဖွဲ့သည် ဆွာဈေးနှင့် ဈေးပြင်ပကုန်စုံဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများ၌ တားမြစ်ဓာတုဆေးဝါးများပါဝင်မှုရှိ/မရှိနှင့် သက်တမ်းလွန်/မလွန်ကိုလည်းကောင်း၊ ဆေးဆိုင်များ၌ရောင်းချလျက်ရှိသော ဆေးဝါးများတွင် သက်တမ်းလွန်/ မလွန်နှင့် တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိကိုလည်းကောင်း ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သူသူဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆွာတိုက်နယ်ဆေးရုံမှ ဒေါက်တာပွင့်ဦး၊ ဇွန်ဝေလှိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆွာဈေးတာဝန်ခံ ဦးဗညားထွန်းတို့ဦးဆောင်သောဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၁၉-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကိုရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သနပ်ပင်မြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် သနပ်ပင်မြို့အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့်ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချခြင်းရှိ/ မရှိစစ်ဆေးရာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချမှုရှိကြောင်း ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့မှုများအရသိရှိရပါသည်။

DOCA(ပဲခူး)

သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်နည်းပညာအဆင့်မြင့်သင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများအား သင်တန်းပို့ချခြင်းဆောင်ရွက်

     စားသုံးသူ‌ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး(ဦးစီးအရာရှိ)၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၉-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာ၌ ပဲခူးတိုင်းဒေသကြီးအ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍  ဖွင့်လှစ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့သွားရောက်၍ သင်တန်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သင်တန်းပို့ချခဲ့ပါသည်။

         အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး(ဦးစီးအရာရှိ)နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း(ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်းသည့် ဖော်ပြရမည့်အကြောင်းအရာအချက်အလက်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စက်သုံးဆီစိစစ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ ၁၉-၈-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့တို့ရှိ စက်သုံးဆီ(၉)ဆိုင်အား ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ရာ ဆီဈေးနှုန်း၊ ကားဝင်ရောက်မှုဘောက်ဆာဝင်စာရင်း၊ ဆီဂါလံပါဝင်လာမှု၊ ပြန်လည်ရောင်းချမှုနှင့် ရောက်ရှိချိန်လက်ကျန်နှင့်တကွ စားသုံးသူပြည်သူများ စက်သုံးဆီ ဝယ်ယူရာတွင် ကားကြီး/ကားသေး/ (၃)ဘီးအိုးဝေ၊ ဆိုင်ကယ်များကို စည်းစနစ်တကျရောင်းချစေရေး၊ လက်ကျန်ဂါလံကန်များအား တိုင်းတာစစ်ဆေးခဲ့မှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - HighLight News