Main menu

HighLight News

Powered by Drupal

အုတ်ဖိုဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

            ပဲခူးတိုင်းဒေသကြီး ၊သာယာတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံး၌  အုတ်ဖိုမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများ သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီလုပ်ငန်းလုပ်ကိုင်သူကုန်သည်ကြီးများ၊ စက်မှုလုပ်ငန်းလုပ်ကိုင်သူ ကုန်သည်ကြီးများ၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီလျှောက်ထားသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍လုပ်ငန်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

             မြို့နယ်တာဝန်ခံဦးအေးဇော်ထိုက်မှ အုတ်ဖိုမြို့နယ်အတွက် လုပ်ငန်းသုံးဆီခွဲဝေရရှိမှု အခြေအနေနှင့် ဖြန့်ဖြူးရမည့် သတ်မှတ်ဈေးနှုန်းများ ရှင်းလင်းပြောကြားပြီး မိမိတို့ခွဲတမ်းရရှိမှုအပေါ် မှန်မှန်ကန်ကန်သုံးစွဲကြရန် အသင်းမှချမှတ်ထားသော စည်းကမ်းချက်များအား တိတိကျကျမှန်မှန်ကန်ကန် သုံးစွဲကြရန်နှင့် အသင်းမှချမှတ်ထားသော စည်းကမ်းချက်များကိုလိုက်နာကြရန် ဆီလုပ်ငန်းရှင်နှင့် စက်မှုလုပ်ငန်းသုံးဆီ လျှောက်ထားသူများအားပြောကြားခဲ့ကြောင်းသိရသည်။

           မြို့နယ်ဆီကုန်သည်အသင်းဥက္ကဌမှလည်း အုတ်ဖိုမြို့နယ်၊စက်မှုလုပ်ငန်းသုံးဆီ ကိုယ်စားလှယ်များမှ ခွဲဝေဖြန့်ဖြူးပေးပြီး စနစ်တကျမှန်မှန်ကန်ကန် သုံးစွဲမှုရှိ/ မရှိကို တာဝန်ယူကြပ်မတ်ဆောင်ရွက်သွားကြရန် ထပ်ဆင့်အသိပေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့အတွင်းရှိ ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်လေးပင်မြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင်အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူများသည် (၁၀.၁၂.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ် ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအားကွင်းဆင်းကာ ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အ.ထ.ကကျောင်းမုန့်ဈေးတန်းများတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်ဦးဆောင်သော ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးရုံး၏ ညှိနှိုင်းချက်အရ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတူ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့် နံနက် (၀၉:၃၀) နာရီတွင် တောင်ငူမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌လည်းကောင်း၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌လည်းကောင်း ရောင်းချသည့်အသင့်စားမုန့်များ၊ အသင့်သောက်အချိုရည်များ၊ မြန်မာ့ရိုးရာမုန့်များနှင့် အသုတ်အမျိုးမျိုးတို့အား စစ်ဆေးကြည့်ရှုခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးက ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းမရှိသည့် အသင့်စားမုန့်များနှင့် အချိုရည်များကို ရောင်းချခြင်းမပြုရန်၊ မြန်မာ့ရိုးရာမုန့်များနှင့် အသုတ်အမျိုးမျိုးတို့တွင် ခွင့်မပြုဓါတုဆေးများပါဝင်သည့် စားသောက်ကုန်ပစ္စည်းများအသုံးမပြုရန်တို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။

           အဆိုပါ ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယ ကြီးကြပ်ရေးမှူး(အစားအသောက်) ဒေါ်ဇင်မေဌေး ဦးဆောင်သည့်ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ကျန်းမာရေးကြီးကြပ်(၁) ဦးမိုးကျော်ဦးဆောင်သည့်ဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိစားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၃၅)ပေပါ(သို့)ပိဿာ ၃၈၅၀ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ခွဲတမ်းရရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားဖြစ်ကြောင်း၊ လက်လီ/ လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/ လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံတို့သည် (၅.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ် (၅)ရပ်ကွက်ရှိ(ဝင်း)ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေပါစားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊  တိုင်းရင်းဆေးအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကြိုးနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေ သောလုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုမြို့နယ်တာဝန်ခံဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၅.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၅)ရပ် ကွက်ရှိ (သော်တာဝင်း) ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ဈေးကွက်အတွင်း ဆေးဝါးများပြတ်လတ်မှုရှိ/ မရှိ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် ရွှေဘိုမြို့နယ်တာဝန်ခံက ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀ဖြင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းကို တားမြစ်သည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားပြီးဖြစ်သဖြင့် ဆေးဝါးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်လိုသည့်အပြင်  အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းများကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး ဆေးဝါးများပြတ်လတ်မှုရှိ/ မရှိ၊ ဆေးဝါးရောင်းချခွင့်လိုင်စင်သက်တမ်းရှိ/ မရှိ၊ သက်တမ်းလွန်သည့် ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာရောင်းချရေး ပူးပေါင်းဆောက်ရွက်

           ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ် ဈေးကွက်အတွင်းဖြစ်ပေါ် နေသော အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာရောင်းချရေး သတ်မှတ်အချိန် အတွယ်ပမာဏနှင့် အလေးချိန်ဈေးနှုန်း မှန်ကန်မှုရှိစေရေးတို့အတွက်  အခြေခံစားသောက်ကုန် ဈေးနှုန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်/ ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကော်မတီအဖွဲ့ ဝင်များသည်  မြို့နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်း မှန်ကန်စွာ ရောင်းချနိုင်ရေးအတွက်  ဒီဇင်ဘာလ (ပထမ)ပတ်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာရောင်းချရေးကြီးကြပ်မှု ကော်မတီအဖွဲ့မှ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန် ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် နတ်တလင်းမြို့နယ် မြို့မဈေးအတွင်း ရောင်းချ နေသော အခြေခံစားသောက်ကုန်လုပ်ငန်းရှင်များအား ဈေးနှုန်းမှန်ကန်စွာရောင်းချရေး သတ်မှတ် အချိန်အတွယ်ပမာဏနှင့် အလေးချိန် ဈေးနှုန်းမှန်ကန်မှု ရှိစေရေးတို့အတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့နယ် အထက(၂)ဇေယျဝတီတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

              တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး အခြေခံပညာကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဖြူးမြို့နယ် ဇေယျဝတီမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

             ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

           ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းမှ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၁၆၈ ဦးတက်ရောက်ကြောင်း၊ ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသော အသင့်စားမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ မြို့မဈေးကြီးတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်သော စစ်ဆေးရေးမှူးများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ ဒီဇင်ဘာလ ၉ ရက်နေ့နံနက်ပိုင်းတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်ဦးဆောင်သောအဖွဲ့သည် တောင်ငူမြို့ မြို့မဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

              အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် တောင်ငူမြို့ မြို့မဈေးအတွင်း ရောင်းချနေသော မုန့်ဟင်းခါးခြောက်များ၊ ပဲပြားများ၊ ဂျင်းများနှင့်  အသားတုများအား နမူနာကောက်ယူပြီး Mobile Laboratory ဖြင့် ဓါတ်ခွဲစမ်းသပ်ခြင်းကိုဆောင်ရွက်ခဲ့ရာ ခွင့်မပြုဓါတုဆေးများ ပါဝင်ခြင်းမရှိကြောင်းကိုတွေ့ရှိရပါသည်။

            ကွင်းဆင်းစစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးသည် စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးကို အလေးထား၍ဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းမရှိ သောကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ကြောင်းနှင့် ပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News