Main menu

HighLight News

Powered by Drupal

ညောင်တုန်းမြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှု မရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်စေရေး မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ညောင်တုန်းမြို့နယ်ဆပ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်နယ်မြေစခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ၁၅-၈-၂၀၂၄ ရက်နေ့၊ ညနေပိုင်းတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချမှုရှိ/မရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခဲ့ကြသည်။

      ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ပူးပေါင်းစစ်ဆေးရေးတာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ၊ အကန့်အသတ်ဖြင့်ရောင်း‌ချမှုရှိ/မရှိ၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စက်သုံးဆီများသိုလှောင်ထားရှိမှုအခြေအနေတို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး မိုးတွင်းကာလ မိုးများရွာသွန်းသဖြင့် ရေများမြင့်တက်ဝင်ရောက်လာပါက သိုလှောင်ကန်များ၏ ဗားများစနစ်တကျပိတ်ထားရန်နှင့် စက်သုံးဆီဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ စက်သုံးဆီများကို  သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊  မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီလုံလောက်စွာရောင်းချပေးနိုင်ခြင်းရှိ/မရှိ၊ စက်သုံးဆီလက်ကျန်ကျန်ရှိမှုအခြေအနေစစ်ဆေးခြင်း၊ ပြင်ပတွင် ပြန်လည်ရောင်းချရန်အလို့ငှာ အကြိမ်ကြိမ်လာရောက် တန်းစီဝယ်ယူမှုများမရှိစေရေးနှင့် တရားမဝင်သိုလှောင်၍ ပြန်လည်ရောင်းချမှုများမရှိစေရေးတို့အတွက် စက်သုံးဆီဆိုင်ပိုင်ရှင်များအား သတိပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ပုဒ်မ၅၏ ပြစ်မှုပြစ်ဒဏ်အနေဖြင့် အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံးထောင်ဒဏ် (၃)နှစ်အထိချမှတ်နိုင်သည်ကို ဆီဆိုင်ရောင်းချသူလုပ်ငန်းရှင်များသိရှိနိုင်ရန်နှင့် အပတ်စဉ် ယခုကဲ့သို့ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းကို ပညာပေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

      ထိုသို့တင်ပြမှုများဆောင်ရွက်လျက်ရှိရာ (၁၈-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်အတွင်း တာဝန်ကျဝန်ထမ်းများက တာမွေမြို့နယ်ရှိ ၂၀၀၀စက်သုံးဆီဆိုင်၊ သူရိယစွမ်းအင်စက်သုံးဆီဆိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ Max Energy စက်သုံးဆီဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး PPRD မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်သည့်အချိန်၊ ဆီကားရောက်ချိန်နှင့် ဆီဈေးနှုန်းတင်ထားသည့် Ledboard များကိုပါစစ်ဆေးခဲ့ပြီး တရားမဝင်စက်သုံးဆီများကိုရောင်းချခြင်းမပြုကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီရောင်းချရာတွင် အရည်အသွေးမှန်ကန်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရောနှောဆီများအပါအဝင် စားသုံးဆီအမျိုးမျိုးကို စာသုံသူကာကွယ်ရေးဥပ‌‌‌ဒေအရ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် သက်ဆိုင်ရာဌာများ၏ဥပဒေအရ ထုတ်ပြန်ချက်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သင်္ဃန်ကျွန်းမြို့နယ်များရှိ စားအုန်းဆီအရောင်းဆိုင်များအား ဌာနဆိုင်ရာအဖွဲ့များဖြင့် (၁၇-၈-၂၀၂၄) ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။  ထိုသို့စစ်ဆေးခဲ့ကြရာ၌ ယနေ့ခေတ်လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် စားအုန်းဆီဈေးကွက်တည်ငြိမ်မှုကိုပျက်ပြားစေနိုင်သည့်  မမှန်မကန်သတင်းများ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းစဉ်တစ်လျှောက် ထုတ်ပြန်ထားသည့် ရည်ညွှန်း‌ဈေးနှုန်းမျာအပေါ် သယ်ယူပို့ဆောင်ခများအပါအဝင် ၂ % အမြတ်ဖြင့်သာရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးတို့ကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သတ်မှတ်ဈေးနှုန်းများဖြင့်ရောင်းချနိုင်ရေး မြို့နယ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်

      မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပြည်တွင်းဆန်စပါးဈေးကွက်တည်ငြိမ်စေပြီး စိုက်ပျိုးတောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးပြည်သူများအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းများဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြည်တွင်း၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်ရောင်းချနိုင်ရေး လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၏လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များရှိ ဈေးအရောင်းစင်တာများနှင့် ဒေသဈေးကွက်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချနိုင်ရေး၊ မြို့သက်ဆိုင်ရာနယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ ၁၆-၈-၂၀၂၄ ရက်နေ့တွင်  မြောက်ဒဂုံမြို့နယ်၊ (၃၅) ရပ်ကွက်အတွင်းရှိ ဆန်ဆိုင် (၄)ဆိုင်အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ရန်ကုန်)

မြိတ်မြို့သို့ စားအုန်းဆီများရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

       ၂၀၂၄ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ ခွဲဝေရောင်းချပေးသော စားအုန်းဆီ ၇၇ပေပါ (သို့) ပိဿာ၈၄၇၀သည် ရန်ကုန်မြို့မှ 2J-5724 မော်တော်ယာဥ်ဖြင့် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရသဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)  

မြိတ်မြို့ရှိ စားသုံးဆီဆိုင်များသို့သွားရောက်၍ သုံးစွဲရန်မသင့်သော စားသုံးဆီများရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      လူမှုကွန်ရက်ပေါ်တွင် ဖြစ်ပေါ်လျက်ရှိသော စျေးကွက်အတွင်း စားသုံးရန်မသင့်သော ဆီများရောင်းချနေမှုအပေါ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၁၈) ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်၌ ဗဟိုစာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြိတ်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်(၆)ဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

        အဆိုပါဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကြော်ပြီးသောဆီ (ဝက်ဆီ၊ ဝက်ဆီဖတ်ဆီ၊ အာလူးကြော်ဆီ၊ ကြက်ကြော်ဆီ) စသော သုံးစွဲပြီးသည့် စားသုံးဆီများ ပြန်လည်ရောင်းချနေခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီး စားသုံးဆီရောင်းချရာတွင် ဘေးအန္တရာယ်ကင်းသော ဆီများသာရောင်းချကြရန်နှင့် စားသုံးသူများထိခိုက်နစ်နာမှုရှိစေမည့် စားသုံးရန်မသင့်သောဆီများအား ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ဆန်ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှုအတွက် အခြားပြည်နယ်များမှဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၁၆)ရက်နေ့တွင် ပြည့်ဖြိုးအောင်(၉)ရေယာဉ်တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ ဆန်တန် (၁၅၀)၊ အိတ်ရေ (၃၀၀၀)တို့အားသယ်ယူလာခဲ့ပြီး မြိတ်မြို့သို့ (၁၈-၈-၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ ဆန်တင်ဆောင်လာသော ရေယာဉ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့်  ဆန်တန် (၁၅၀)၊ အိတ်ရေ (၃၀၀၀) တို့အားစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ဓာတ်မြေဩဇာဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဩဂုတ်လ ပထမပတ်တွင် ဓာတ်မြေဩဇာရောင်းချသည့် ဓာတ်မြေဩဇာဆိုင်များသို့ ရည်ညွှန်းဈေးထက် ဈေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး၊ ဝယ်ယူစရိတ်နှင့် အမြတ်ရာခိုင်နှုန်းဖြင့်သာရောင်းချပြီး စိုက်ပျိုးတောင်သူများ၏ သွင်းအားစုဈေးနှုန်းများမြင့်တက်မှုမှ ကာကွယ်နိုင်ရေး၊ မြို့နယ်မိတ်ဖက်ဌာနအဖွဲ့အစည်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စီမံကိန်းဦးစီးဌာနများနှင့်ပူးပေါင်းကာ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရှိ စိုက်ပျိုးရေးဆေး၊ ဓာတ်မြေဩဇာဆိုင်များတွင် သွင်းအားစုဖြစ်သော ဓာတ်မြေဩဇာအမျိုးအမည်အလိုက်ရောင်းချကြရန်၊ လက်ကျန်နည်းပါးမှုများရှိနေပြီး စိုက်ပျိုးတောင်သူများအနေဖြင့် ဇွန်လ နောက်ဆုံးပတ်မှစတင်ပြီး ကြိုတင်ဝယ်ယူထားမှုများရှိရာ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ရောင်းချနေသောဈေးနှုန်းများမှာ  ကွန်ပေါင်း(Complex)  ဓာတ်မြေဩဇာ 15:15:15 ပတ်လည် 50g  တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ နွားခေါင်းတံဆိပ် 10:10:5 ကွန်ပေါင်းဓာတ်မြေဩဇာ 50g တစ်အိတ်လျှင် (၁၂၂၀၀၀မှ ၁၃၀၀၀၀)ကျပ်ဖြစ်ပြီး အခြားအာမို၊ ဩဘာနှင့် ကောမတ်တံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာများမှာ လက်ကျန်မရှိကြောင်းတွေ့ရှိရပြီး ယူရီးယား (၄၆%) SU SAN အမှတ်တံဆိပ် ဓာတ်မြေဩဇာတစ်အိတ်လျှင်  (၉၅၀၀၀မှ ၁၁၀၀၀၀)ကျပ်နှုန်းဖြစ်ကြောင်းသိရပြီး တောင်သူများသွင်းအားစုအသုံးပြုကာလအပေါ် သယ်ယူစရိတ်၊ အမြတ်ရာခိုင်နှုန်းအပေါ်မူတည်ပြီး အခြားယူရီးယားအမှတ်တံဆိပ်များကိုလည်း ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိသည်ကိုတွေ့ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

အခြေခံစားသောက်ကုန်ဈေးနှုန်းများအား ကွင်းဆင်းမေးမြန်းခြင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြို့မဈေးအတွင်း/ အပြင်ရှိ ကုန်စုံဆိုင်များကို ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅-၈-၂၀၂၄)ရက်နေ့တွင် ဈေးကွက်အတွင်းသို့သွားရောက်ပြီး ဆီများရောင်းချနေမှုအခြေအနေများကိုသိရှိရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရ၌ မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဆန်၊ ဆီ၊ မီးဖို ချောင်သုံးပစ္စည်းများ၊ သား၊ ငါး၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ဒေသတွင်းထုတ်လုပ်နိုင်မှုအပေါ်အခြေခံသော သင့်တင့်သည့်ဈေးနှုန်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရန် ဈေးနှုန်းကောက်ယူကွင်းဆင်းမေးမြန်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

      စားသုံးသူရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁၅-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ စားသုံးသူအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟော‌ပြောပွဲတို့အား အခြေခံပညာမူလတန်း(လွန်) (ဥတ္တမ္မာရုံ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်တံခါးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်ဇင်မာထွေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဆိုးဆေးအန္တရာယ်အကြောင်းသိကောင်းစရာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။

       ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်သန်းသန်းစိုးက ကျောင်းသား/ ကျောင်းသူများအား စက္ကူပြဇာတ်၊ ရုပ်ပုံပါပုံပြင်စာအုပ်ဖြင့် ပုံပြင်ဟောပြောခြင်း၊ စာဖတ်ခြင်းများဆောင်ရွက်ပြီး မူးယစ်ဆေးအကြောင်းသိကောင်းစရာ၊ ကလေးအလုပ်သမားအခွင့်အရေးဆိုင်ရာနှင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာသိ‌ကောင်းစရာတို့ကို နံရံကပ်စာစောင်များဖြင့် ပြသခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News