Main menu

HighLight News

Powered by Drupal

ရွှေဘိုမြို့ရှိစားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၀.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ အေးမေတ္တာဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်ရှိ  စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့်ပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၉.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေလယ်ယာကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဒူးရင်းသီးနှင့် ကြက်မောက်သီး ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်တွင် ဒူးရင်းသီးနှင့် ကြက်မောက်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဒူးရင်းသီးနှင့် ကြက်မောက်သီး များကိုဒေသတွင်း စားသုံးခြင်းသာမက ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒူးရင်းနှင့် ကြက်မောက်သီး စိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိပြီး အသီးသီးပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ 

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ဒူးရင်းသီး တစ်လုံးလျှင် (၁၂၅၀၀)ကျပ်၊ အလားတူ ကြက်မောက်သီးဈေးနှုန်းများမှာ တစ်လုံးလျှင် (၃၅၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးစီးမှူးရုံးမှ၊ ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးရုံးမှ၊ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်နှင့်ဆူးလေကုန်းရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရတနာသိန်း၊ ရွှေတိုက်စိုး၊ သီရိအောင်၊ သဇင် စသည့် အရောင်းဆိုင်များမှ စားအုန်းဆီတစ်ပိဿာ (၇၄၀၀) ကျပ်၊ လူတစ်ဦးလျှင် (၅၀) ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီများကို အလေးချိန်ပြည့်မှီစွာ ရောင်းချပေးရန်၊ မိမိရရှိသောခွဲတမ်းရရှိသည့်အတိုင်းအားလုံးရောင်းချပေးရန်၊ အသိပေးပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မတ္တရာမြို့နယ် ဓာတ်မြေဩဇာ(သွင်းအားစု)များ အရည်အသွေး စစ်ဆေးရန်အတွက် နမူနာ ရယူခြင်းဆောင်ရွက်

          မန္တလေးတိုင်းသေကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မတ္တရာမြို့နယ် အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်းအထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) ဖြန့်ဖြူးရောင်းချပွဲအခမ်းအနားကို  ၄-၉-၂၀၂၅ ရက်နေ့တွင် မတ္တရာမြို့နယ်လင်းမြွေချောင်းရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မတ္တရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   (ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းက  တောင်သူများ လိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်း ဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး မြို့နယ်ဓာတ်မြေဩဇာဝယ်ယူ ဖြန့်ဖြူးရာင်းချခြင်းလုပ်ငန်း ကြီးကြပ်ကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်ခဲ့မှုအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြီးအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်က ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) အား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်မြတ်သီတာ၊ မြို့နယ် သမဝါယမဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်အေးအေးမြင့်နှင့်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာတို့က လုပ်ငန်အစီမံများ လမ်းညွှန်ချက်များအပေါ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး(ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီးနောက် မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  ဓာတ်မြေဩဇာ(သွင်းအားစု)များ အရည်အသွေး စစ်ဆေးရန်အတွက် နမူနာရယူခြင်းဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

မတ္တရာမြို့နယ်ရှိ မိုးရာသီ စပါးစိုက်တောင်သူများသို့ သီနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

            မန္တလေးတိုင်းသေကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မတ္တရာမြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးပန်းတိုင်းအထွက် တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးခြင်းကို  ၅.၉.၂၀၂၅ ရက်နေ့တွင် မတ္တရာမြို့နယ် လင်းမြွေချောင်းရွာ၊ ထီးတော်မိုးရွာ၊ တောင်ပြုံး၊ ဝသုန္ဒရ၊  ဝက်ခဲ၊ ရတနာဘုမ္မီ၊ သမင်တွင်း၊ ဝါးရင်းတုတ်၊ ကမ်းတဘက်၊ မင်္ဂလာသီရိ ကျေးရွားအုပ်စုများမှ တောင်သူများလက်ဝယ်သို့ တိုက်ရိုက်ရောင်းချ ပေးလျက်ရှိပါသည်။ အဆိုပါ ဓာတ်မြေဩဇာရောင်းချခြင်းကို မတ္တရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   (ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဒေါ်အေးအေးနွယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာ၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမြင့်နှင့်    စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာတို့က  မတ္တရာမြို့နယ်ရှိ  မိုးရာသီ စပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မတ္တရာမြို့နယ်အဆင့် ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကြီးကြပ်မှုကော်တီမှ မိုးရာသီ စပါးစိုက်တောင်သူများသို့ သီနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ(သွင်းအားစု)ဖြန့်ဖြူးရောင်းချပွဲ အခမ်းအနားကျင်းပ

          မန္တလေးတိုင်းသေကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မတ္တရာမြို့နယ် အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်းအထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) ဖြန့်ဖြူးရောင်းချပွဲအခမ်းအနားကို  ၄.၉.၂၀၂၅ ရက်နေ့တွင် မတ္တရာမြို့နယ် လင်းမြွေချောင်းရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မတ္တရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   (ခေတ္တ) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းက  တောင်သူများ လိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်း ဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး မြို့နယ်ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရာင်းချခြင်း လုပ်ငန်းကြီးကြပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့မှုအပေါ်  ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြီးအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်က ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာ၊ မြို့နယ်သမဝါယမ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမြင့်နှင့်    စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာတို့က လုပ်ငန်အစီမံများ လမ်းညွှန်ချက်များအပေါ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး (ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပုသိမ်ကြီးမြို့နယ်အဆင့် ယူရီးယား ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်မှု ကော်တီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

           မန္တလေးတိုင်းသေကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်း အထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁-၉-၂၀၂၅ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပုသိမ်ကြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက  တောင်သူများလိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး မြို့နယ်ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရာင်းချခြင်း လုပ်ငန်းကြီးကြပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့မှုအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP) အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်အစီမံများ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဓာတ်မြေဩဇာ(သွင်းအားစု)တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

         နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိတောင်သူများအား မိုးစပါးပန်းတိုင်းအထွက်တိုးရရှိရန် ဓာတ်မြေဩဇာ(သွင်းအားစု) တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၃၀.၈.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ၊ သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများ တာဝန်ရှိသူများ တက်ရောက်ကျပါသည်။ ပထမဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများလိုအပ်နေသည့် ယူရီးယားနှင့် ကွန်ပေါင်း ဓာတ်မြေဩဇာ သွင်းအားစုများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရာင်းချခြင်း လုပ်ငန်းကြီးကြပ် ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP)အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်အစီမံများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက လမ်းညွှန်ချက်များအပေါ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

မြင်းခြံမြို့ စံပြဈေးတွင် ပြည်သူသက်သာဈေးရောင်းချပေးမှုအား ပူးပေါင်းပါဝင်ဆောင်ရွက်

           မြင်းခြံမြို့နယ် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူ သုံးစွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူသက်သာဈေးရောင်းနေ့အား (၅.၉.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မြင်းခြံမြို့ စံပြဈေးတွင် ရောင်းချခဲ့ကြောင်းသိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှဦးဆောင် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဆန်အသင်းအဖွဲ့၊ ဆီအသင်းအဖွဲ့နှင့် ဈေးကော်မတီဝင်များပူပေါင်း၍ ဆန်တစ်ပြီ ၃၆၀၀/ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၇၆၈၀/-ကျပ်၊ ကြက်ဥတစ်လုံး ၄၀၀/- ကျပ်၊ အမဲသားတစ်ပိဿာ ၂၅၀၀၀/-ကျပ်၊ ဝက်သား တစ်ပိဿာ ၂၆၀၀၀/-ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၈၀၀၀/-ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ (၃၀၀၀) ကျပ်၊ ရောင်းချပေးခဲ့ပြီး လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်သည့်အတွက် ရပ်ကွက်စုံမှလာရောက်ဝယ်ယူကြကြောင်း ဦးဆောင်ဆောင်ရွက် သူထံမှသိရပြီး ယင်းရောင်းချမှုအစီအစဉ်အား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီး မှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းနှင့် မြင်းခြံမြို့ရှိ မြို့မဈေး၊ စံပြဈေးနှင့် အေးမြသီတာဈေးတို့တွင် အလှည့်ကျပုံမှန်ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News