Main menu

HighLight News

Powered by Drupal

လေးမျက်နှာမြို့နယ် သခွတ်ချောင်းကျေးရွာအုပ်စု စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

 စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လေးမျက်နှာမြို့၊ သခွတ်ချောင်းကျေးရွာအုပ်စုရှိ ဓမ္မာရုံ၌ စားသုံးသူပြည်သူ(၆၀)ဦးအား (၁၆.၆.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူ တတ်စေရန် ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသား များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစား နိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ ကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါကwww.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသည့် အချိုရည်ဆိုင်အားကွင်းဆင်းစစ်ဆေး

   ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်နှင့်အတူ မင်းကြီးလမ်းရှိဆူမိုစတိုးဆိုင်တွင် ရောင်းချနေသောအချိုရည်မျိုးစုံများအား စားသုံးသူများဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဇန်နဝါရီလ(၁၅)ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါအချိုရည်ဆိုင်အတွင်းရှိ အချိုရည်မျိုးစုံအား ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိကြောင်းတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသောကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချရန်အသိပညာပေးဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း  ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)နှင့်အညီ ထည့်သွင်းဖော်ပြလာစေရန် ရည်ရွယ်၍ (၁၉.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ပခုက္ကူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ပခုက္ကူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင်  ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူ ဈေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ၏ ညွှန်ကြားချက်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်)အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရ မည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်း ကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြ ရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ် ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူ ဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့်စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူ နိုင်သည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

လုံခြုံစိတ်ချရမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်စေရေး သွားရောက်တွေ့ဆုံအသိပညာပေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၇.၆.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဒေသတွင်းစားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက် ရှိသော ကိတ်နှင့်ဆီကြော်မုန့်၊ အီဆိမ့်ကွင်း၊ ငါးလေးနှမ်းကပ်ကြော်လုပ်ငန်းရှင်များထံသို့  သွားရောက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ဒုတိယခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက် များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထား သော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အ လက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ ထုတ်လုပ်သောကုန်စည်အမျိုးအစားအလိုက် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီ သည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း ဆွေးနွေး ခဲ့ပါသည်။

    စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာတွင် မိမိတို့ဌာနမှ ဝန်ထမ်း များသည်  စားသုံးသူများအား ဟောပြောဆွေးနွေးရာတွင် စားသုံးးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်းအား ကျယ်ကျယ်ပြန့်ပြန့်ဟောပြောမှုကြောင့်  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့် အခွင့်အရေးများသိရှိ၍ ရိုးရှင်းမှန်ကန်စွာ သတင်းအချက် အလက်ပေးစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အချက်အလက် များအား ပြည့်စုံစွာထည့်သွင်းဖော်ပြစေလိုကြောင်း၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေမည့် ကုန်စည်များ အား တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ရောင်းချခြင်းမပြုရန်၊  စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များ ပိုမိုရရှိလာနိုင်ပြီး စားသုံးသူများမှလည်း လုံခြုံစိတ်ချရသော ကုန်စည်များအား ရွေးချယ် ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများရရှိစေလိုကြောင်း၊ အခက်အခဲများကိုလည်း ရင်းနှီးပွင့်လင်းစွာ ပြောပြစေလိုကြောင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ “ ပန်းကံ့ကော် ” ပေါင်မုန့်/ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဈေးနှုန်း၊ ဈေးကွက်များမေးမြန်းဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည်  ပြည်တွင်း MSME ကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ (၁၇.၆.၂၀၂၄)ရက်နေ့ ၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ “ပန်းကံ့ကော်” ပေါင်မုန့်/ကိတ်မုန့်၊ ဆီကြော်မုန့် လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ပေါင်မုန့်/ကိတ်မုန့်၊ ဆီကြော်မုန့် လုပ်ငန်းရှင်မှ ယခုလုပ်ငန်းသည် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်ကြောင်း၊ ယခင်အချိန်ထက် ရောင်းအားနည်းကြောင်း၊ ပခုက္ကူမြို့ မဈေးနှင့် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များသို့ ရောင်းချကြောင်း၊ ဆီကြော်မုန့်တစ်ဘူးလျှင် ကျပ် (၁၈၀၀)၊ ပေါင်မုန့် တစ်ဘူးလျှင် ကျပ်(၁၃၅၀)၊ ကိတ်မုန့် တစ်ဘူးလျှင် ကျပ်(၁၅၀၀)ရောင်းကြောင်း၊ ရှမ်းပြည်နယ်သို့လည်း အမှာရှိလျှင် တင်ပို့ရောင်းချကြောင်း၊ တစ်လ လျှင် မုန့်ဘူး(၇၀)ပါ ပုံး(၃၀) ရောင်းချရကြောင်း၊ အလုပ်သမား(၃)ယောက်လောက်သာ ငှားရမ်းပြီး မိသားစုများ ဝိုင်းဝန်းလုပ်ကိုင် ကြကြောင်း၊ လုပ်အားခ တစ်နေ့လျှင် ကျပ်(၅၀၀၀)ပေးရကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်လဝင်ငွေ ကျပ်(၅၀၀၀၀၀ - ၆၀၀၀၀၀)ကြားရှိကြောင်း၊ လျှပ်စစ်မီး မလာသည့်အချိန်တွင် မီးစက်ဖြင့် လုပ်ကိုင်ရသောကြောင့် အကျိုးအမြတ်နည်းကြောင်း၊ ကုန်ဈေးနှုန်း မှာ အစစအရာရာ ဈေးတက် နေသည့် အချိန်ဖြစ်၍ မိသားစု စားဝတ်နေ‌ရေးနှင့် မုန့်ဖောက်သည်များ စဉ်ဆက်မပြတ် ရရှိရေးအတွက် လုပ်ကိုင်နေပါကြောင်း၊ ယခင်အချိန်က နယ်ပေါင်းစုံ တင်ပို့ရ သည့်အတွက် ရောင်းအား ကောင်းကြောင်း၊ ယခုလက်ရှိအချိန်မှာလည်း နားရက်မရှိ လုပ်ငန်း လုပ်ကိုင်နေပါ ကြောင်း၊“ပန်းကံ့ကော်” အမှတ်တံဆိပ်ကိုလည်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ အောင်ပြင်ဆင် ပြီး စိစစ်ခွင့်ပြုချက်ရရှိအောင် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်လျှောက်ထား မည်ဖြစ်ကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့ ဈေးကွက်အတွင်း ရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေဿကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ရုံးမှ ဦးကျော်ရွှေ၊ ဒုတိယကြီးကြပ် ရေးမှူးနှင့် ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည်(၁၉.၆.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့မစည်ပင်ဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိကုန်စုံဆိုင်များတွင် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

 ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးရောင်းချသော ဈေးဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အားလည်းကောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့၏ အမိန့်အမှတ်(၂/၂၀၂၄) ညွှန်ကြားချက်အားလည်းကောင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အားလည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ရောနှောဆီအပါအဝင်စားသုံးဆီဘူး အမျိုးမျိုးတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော စားသုံးဆီများကိုသာရောင်းချစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်ရွှေနှင့် ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းသည် (၁၇.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းအရောင်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းနှင့် မိတ်ဖက် ဌာနဆိုင်ရာများမှ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး အတွက်ကံမမြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးများဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းမြှင့်ဖြန့်ဖြူးမှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများမရှိစေရေး၊ မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားပြီး ဆီးချိုရောဂါနှင့် သက်ဆိုင်သည့် Mixtard-Insulin ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ဆေးရောင်းချသည့်လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်စည် အုပ်စု(၈)အုပ်စုအနက် ကုန်စည် အုပ်စု(င)တွင်ပါရှိသည့် ဆေးဝါးနှင့်ဖြည့်စွက်စာများတွင် ပါဝင်ရမည့်အချက်များ ပြည့်စုံစွာပါရှိသည့်ဆေးဝါးများ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြထားသည့် ဆေးဝါးများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်ငူခရိုင်၊ ထန်းတပင်မြို့ရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းအသိပညာပေး

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တာဝန်ခံ ဦးမြတ်သူသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလှမြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းအေးဖြူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲအုပ်သက်နောင်စိုးတို့နှင့်အတူ ဇွန်လ ၁၅ရက်နေ့ နံနက်ပိုင်းတွင် ထန်းတပင်မြို့ရှိ စားသုံးဆီရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းသွားရောက်ပြီး အမှတ်တံဆိပ်ပါစားသုံးဆီများရောင်းချရာတွင် ဥပဒေပါပြဋ္ဌာန်းချက်များ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် အသိပညာပေးခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်များနှင့်အညီဖော်ပြသော စားသုံးဆီများကိုသာရောင်းချရန်၊ ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရာတွင် အမျိုးအစားနှစ်မျိုးသာရောစပ်ရန်၊ ရောစပ်ရာတွင် ဟင်းသီးဟင်းရွက်ဆီတစ်မျိုးသည် အနည်းဆုံး ၄၀ရာခိုင်နှုန်းဖြစ်ရန်၊ မည်သည့်အနံ့မျှ ထည့်သွင်းခြင်းမပြုရန်၊ တိရစ္ဆာန်အဆီနှင့် ဝါစေ့ဆီကြမ်းတို့ကို ရောနှောဆီအဖြစ်အသုံးမပြုရန်နှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

         စားသုံးဆီအမျိုးမျိုးသည် နေ့စဉ်စားသောက်မှုတွင် မပါမဖြစ် ထည့်သွင်းအသုံးပြုရသည့် အဓိကကုန်စည်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသော ဆီများကိုစားသုံးမိပါက စားသုံးသူကို ဘေးအန္တရာယ်ဖြစ်စေနိုင်ခြင်းကြောင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များကို ဖော်ပြခြင်းမပြုပါက စားသုံးသူများအတွက် ယင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသည့် စားသုံးဆီများကိုရွေးချယ်ဝယ်ယူရန် အခက်အခဲဖြစ်နိုင်ခြင်းကြောင့်လည်းကောင်း စားသုံးဆီများကို အထူးဦးစားပေးစစ်ဆေးဆောင်ရွက်ရန်လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သည့် ဗဟုသုတများသိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကို ဇွန်လ ၁၇ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့၊ ထီးနီကုန်း အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တောင်ငူမြို့ ပန်းပဲတန်းအခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

           ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူမြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစောသန်းထိုက်ကျော်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေးဟောပြောခဲ့ပါသည်။

             ဟောပြောပွဲများတွင် ထီးနီကုန်းအခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူ ၁၄၈ဦးနှင့် ပန်းပဲတန်း အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူ ၁၈၆ဦးတက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောပွဲများမစတင်မီ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးစောသန်းထိုက်ကျော်သည် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျက်ရှိသောမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့် တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ရေနံထွက်ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် ပဲခူးမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

       စက်သုံးဆီဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ပဲခူးမြို့အတွင်းရှိ Max၊ ကျွန်းသာယာ၊ မြတ်မေတ္တာမွန်၊ Moon  Sun နှင့် မိုးထက် စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချနေမှု အခြေအနေများ၊ ဈေးနှုန်းနှင့် လက်ကျန်အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် လိုအပ်သည်များမှာကြားခဲ့ပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက စက်သုံးဆီရောက်ရှိမှုအခြေအနေ၊ အမှန်တကယ်ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ၊ ရောင်းချရာတွင် အလေးချိန်အချင်အတွယ်မှန်ကန်စွာရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချခြင်းဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲသူများ ထိခိုက်နစ်နာမှုမရှိစေရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်းနှင့် အဆိုပါပူးပေါင်းအဖွဲ့တွင် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News