မြင့်ရွှေဝါလူသုံးကုန်ထုတ်လုပ်သည့် လုပ်ငန်းအားစစ်ဆေးခြင်း
စားသုံးသူရေးရာဦးစီးဌာန၊ အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် "ပြည်တွင်းကုန်သွယ်မှုကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန်" ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်ရာ၌ အခက်အခဲများမရှိစေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ရာ၌ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများသည် ၅-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံစက်မှုဇုန်ရှိ မြင့်ရွှေဝါလူသုံးကုန်ထုတ်လုပ်သည့်လုပ်ငန်းသို့ သွားရောက်စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းမှာ လူသုံးကုန်ထုတ်လုပ်သည့်လုပ်ငန်းအမျိုးအစားဖြစ်ပြီး ပလတ်စတစ်ပါကင်များထုပ်လုပ် သောလုပ်ငန်းဖြစ်ကြောင်း၊ အလုပ်ရုံ၌ လုပ်သားဦးရေ (၃၃၀)ခန့်ရှိကြောင်း လုပ်ငန်းရှင် ဦးလှသိန်းက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)