Main menu

HighLight News

Powered by Drupal

ရွှေဘိုခရိုင်၏ (၅/၂၀၂၄)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

    ရွှေဘိုခရိုင်အနေဖြင့် (၅/၂၀၂၄)လအတွင်း ခရိုင်ဦးစီးမှူးမှဦးဆောင်ပြီး ရွှေဘိုမြို့နယ်တာဝန်ခံ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံ (၂)ခုအားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်အားလည်းကောင်း အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည်ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်(၁)ဆိုင်အားလည်း‌ကောင်း၊ အမှတ် (၁၀)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်(၃)ဆိုင်အားလည်းကောင်း  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ မတ်လတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ

   စစ်ကိုင်တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအားဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနတွင် ဝန်ထမ်းမိသားစုများအား စားသုံးသူအသိပညာပေးခြင်း၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်  စားသုံးသူအသိပညာပေးခြင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်တိုင်းဦးစီးမှူးဦးဆောင်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို လေ့လာထားရန်နှင့် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးဟောပြောခြင်း၊  ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးခရိုင်ဦးစီးမှူးရုံးတွင် ရေသန့်လုပ်ငန်းရှင်များအသင်းအားလည်ကောင်း၊ ကလေးခရိုင်၊ တမူးမြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ “ပညာအလင်းတံခါး” ကိုယ်ပိုင် အထက်တန်းကျောင်းတွင်လည်းကောင်း၊  ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “ခေတ်ကြိုက်” သောက်ရေသန့်စက်ရုံတွင်လည်ကောင်း၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မြို့မဈေးတွင်ဈေးသည်များအားလည်းကောင်း၊  စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ခရိုင်ပြန်ဆက်မှဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင်လည်ကောင်း၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးပူးပေါင်းအဖွဲ့ဝန်ထမ်းများအားလည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ အ.ထ.က(၂)တွင် ပြုလုပ်သည့် အလယ်အလတ်အဆင့် မွမ်းမံသင်တန်းတွင်လည်ကောင်း၊ မုံရွာခရိုင်၊ မုံရွာမြို့ စက်မှုဇုန်ရှိ “ရာဇာ” ပဲကြော်စက်ရုံတွင်လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၁၀)ကုန်းဘောင်ရပ်ရှိ အကျဉ်းဦးဌာနတွင်လည်းကောင်း၊ စုစုပေါင်း (၁၂)ကြိမ်နှင့် ၂၀၂၄ ခုနှစ်၊ မေလအတွင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

     လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေနွေးအသိပညာပေးမှုများတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ(၃)ကြိမ်၊ စစ်ကိုင်းတိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၇)ကြိမ်၊ မုံရွာမြို့နယ်တာဝန်ခံရုံးမှ(၂)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၅)ကြိမ်၊ စုစုပေါင်း(၂၇)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာပေးပို့ရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သောလက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ မေလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

       ၂၀၂၄ခုနှစ်၊ မေလအတွင်း စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ကာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီးသော ကုန်စည်များ၏  ဘေးအန္တရာယ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိစစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “နီနီ” စတိုးတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးရှိ “ဒေါ်မူမူခိုင်” ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်နှင့် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ “ရွှေဝါဝင်း”စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် ကုန်စည် များကို  ရောင်းချခြင်းမပြုရန် အသိပညာပေးမှာကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၏ မေလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEs လုပ်ငန်းများ၏လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၄ခုနှစ်၊ မေလအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်စားရေး) တို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “မြသဇင်” မုန့်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း၊ ဌာနအနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အထက်အဆင့်ဆင့်သို့တင်ပြခဲ့ရာ ကိုက်ညီမှုရှိကာ အတည်ပြုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “နှင်းမိုးလှိုင်” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကိုအတည်ပြုပေးနိုင်ရေး အထက်အဆင့်ဆင့်သို့တင်ပြပေးနိုင်ခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ်တာဝန်ခံသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “သိန်းသန်းဖြိုး” ဆီစက်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်နယ်ဦးစီးမှူးမှ စားအုန်းဆီဖြန့်ဖြူးသည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    ၂၉.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ စားအုန်းဆီဖြန့်ဖြူးသည့်လုပ်ငန်းရှင်များနှင့် ‌တွေ့ဆုံဆွေးနွေးခဲ့သည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက စားအုန်းဆီဖြန့်ဖြူးသည့် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ မွန်ပြည်နယ်အတွင်း နေရာအနှံ့ရောက်ရှိအောင်ဖြန့်ဖြူးရန်၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

DOCA(မွန်)

ကန့်ဘလူခရိုင်၏ မေလအတွင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

       စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုင်ပိုင်ခွင့်အခွင့်အရေးများကို သိရှိနားလည်၍ နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးလျက်ရှိပါသည်။

        ထိုသို့ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ မေလအတွင်း ကန့်ဘလူမြို့ “မြို့မဈေး” ရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များကိုလည်းကောင်း၊ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “ခေတ်ကြိုက်” သောက်ရေသန့်စက်ရုံဝန်ထမ်းမျာအားလည်းကောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ဟောပြောပွဲ၌ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုလည်းကောင်း သိရှိနားလည်းထားရန်လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုများကို စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application၊ ဌာန၏ Website၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်များတွင်ဖွင့်လှစ်ထားသည့် (CICC) များမှတစ်ဆင့်လည်းကောင်း၊ Consumer Call Center No. (1535) ကိုခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  ၂၀၂၄ခုနှစ်၊ မေလ(၂၇)ရက်နေ့၊ နံနက် (၀၈း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြိုနယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတိုပူးပေါင်းကာ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်မှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ၊ စံမညီဆေးဝါးများ၊ တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမရှိစေရေးတို့အတွက် အဖွဲ့စုံဖြင့် ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးနှန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

      ၎င်းနောက် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်

    ၃၀.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၄ခုနှစ်၊ မေလအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း(၈)ဦး၊ အမှုထမ်း(၂၆)ဦး၊ စုစုပေါင်း (၃၄)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  ပထမဦးစွာ ပြည်နယ်ဦးစီးမှူးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံများက မေလအတွင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအားကျင်းပခဲ့ရာ ဝန်ထမ်းများမှအခက်အခဲများအား တင်ပြခဲ့ပြီး ပြည်နယ်ဦးစီးမှူးက တင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် Commerce Journal တွင် သတင်း/ ဆောင်းပါးရေးသားဖော်ပြခြင်းခံရသည့် ဝန်ထမ်းများအားဆုချီးမြှင့်ခဲ့ပြီး ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအား နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တာဝန်ခံမှ စားအုန်းဆီတင်ဆောင်ယာဉ်ဝင်ရောက်မှုအားစစ်ဆေးခြင်း

     ၂၄.၅.၂၀၂၄ ရက်နေ့နှင့် ၂၅.၅.၂၀၂၄ ရက်နေ့တို့တွင် မော်လမြိုင်မြို့၊ ရတနာထွန်းပွဲရုံနယ်မြေသို့ ယာဉ်အမှတ်၊ 6B/3787 ဖြင့်တင်ဆောင်လာသော စားအုန်းဆီ တစ်ပေပါလျှင် ပိဿာ(၁၁၀)ပါရှိသည့် စားအုန်းဆီပေပါပေါင်း(၉၀)လုံးရောက်ရှိလာသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   အဆိုပါ စားအုန်းဆီပေပါ (၉၀)အား အထိုင်ရောင်းချနေသည့်စားအုန်းဆီလုပ်ငန်းရှင် (၃) ဦးတို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ရုံးချုပ်မှ ကျင်းပပြုလုပ်သော စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်

    ၂၈.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရုံးချုပ်မှကျင်းပပြုလုပ်သော စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏(၂/၂၀၂၄)ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးခန်း၌ Virtual စနစ်ဖြင့်တက်ရောက်ခဲ့ကြောင်းသိရပါသည်။

    အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ၁/၂၀၂၄ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တိုင်ဒေသကြီး/ ပြည်နယ်အလိုက် စားသုံးမှုအတွက် ဆီလိုအပ်ချက်များနှင့် စက်မှုလုပ်ငန်းသုံးအတွက်ဆီလိုအပ်ချက်များ၊ စားသုံးဆီလိုအပ်ချက်နှင့် တင်သွင်းမှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စားသုံးဆီ တင်သွင်းခွင့်ခွဲတမ်းလျာထားဆောင်ရွက်မှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် စားသုံးဆီအမှန်တင်သွင်းရောက်ရှိမှုအခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဈေးကွက်အတွင်း စားအုန်းဆီဖြန့်ခွဲမှုစာရင်းများကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News