Main menu

HighLight News

Powered by Drupal

“ ဒလမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များ၏ စားအုန်းဆီ လက်လီ၊ လက်ကားရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ စည်ပင်သာယာဈေးအတွင်းရှိ လက်လီ၊ လက်ကားရောင်းချလျက်ရှိသော စားအုန်းဆီဆိုင်များသို့ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများအနေဖြင့် ဆီများအလွယ်တကူရရှိနိုင်ရေး ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒလမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကမာကဆစ် စည်ပင်သာယာဈေးမှ ဈေးတာဝန်ခံနှင့်အဖွဲ့များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကမာကဆစ်စည်ပင်သာယာဈေးအတွင်းရောင်းချနေသည့် စားအုန်းဆီရောင်းချနေသည့်ဆိုင်များမှ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီများကိုဈေးနှုန်းမှန်ကန်စွာ အခက်အခဲမရှိဘဲဝယ်ယူစားသုံးစေနိုင်ရန်အတွက် သတ်မှတ်ခွဲတမ်းများခွဲဝေချထားပြီးဖြစ်ပါ၍ ရရှိသည့်ခွဲတမ်းအလိုက် ဈေးကွက်အတွင်း သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပြီး ရရှိသောခွဲတမ်းအလိုက် အမှန်တကယ်ရောင်းချခြင်းများမရှိပါက ဝင်ရောက်စစ်ဆေး၍ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဆိုင်ရှင်မျာအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မော်လမြိုင်မြို့၊ အစိုးရနည်းပညာတက္ကသိုလ်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၉-၆-၂၀၂၄ ရက်နေ့တွင် အစိုးရနည်းပညာတက္ကသိုလ်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့်အတူ ကျောင်းသား/သူစုစုပေါင်း (၄၀၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ 

     အဆိုပါဟောပြောပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူးက တိုင်ကြားနိုင်မှုနှင့် ဝန်ဆောင်မှုအကြောင်းသိကောင်းစရာများဟောပြောခဲ့ပြီး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဥပဒေ၏ရည်ရွယ်ချက်၊ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ကုန်စည်များဝယ်ယူသည့်အခါ သတိပြုရမည့်အချက်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေများ၊ Online Sales နှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်အတွင်းရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၉-၆-၂၀၂၄) ရက်နေ့၌ မော်လမြိုင်မြို့၊ အောက်လမ်းမကြီး၏ လမ်းဘေးဝဲယာကုန်စုံဆိုင်ကြီးများရှိ  ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Wah-Lah၊ MA MA (ပုစွန်ချဉ်စပ်)၊ MA MA (ပင်လယ်စာချဉ်စပ်)၊ ယံယံ (ပုစွန်ချဉ်စပ်)၊ MA MEE (ကြက်သားဆီချက်) အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များ၌ မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/မပါနှင့် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သော ခေါက်ဆွဲခြောက်ထုပ်များရောင်းချခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ စားသုံးသူများဘေးအန္တရာယ်ကင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ခေါက်ဆွဲခြောက်ထုပ်များကိုသာ ရောင်းချလျက်ရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပညာပေးဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးနှင့် ရတနာထွန်းပွဲရုံတို့၌ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၇-၆-၂၀၂၄ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့ရှိ အမှတ်(၁)စျေးနှင့် ရတနာထွန်းပွဲရုံတို့၌  ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

 ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအရထုတ်ပြန်သည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တို့နှင့်ကိုက်ညီမှုရှိ/မရှိ အခြေအနေများအားလည်းကောင်း၊ အမျိုးသားအစားအသောက်ဥပဒေအရထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရောင်းချရာတွင် လိုက်နာရမည့် အရည်အသွေး၊ အာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်အမှတ် (၂/၂၀၂၄)တို့နှင့်ကိုက်ညီမှုရှိ/မရှိ အခြေအနေများကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီစွာ ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရသည်။ 

         စားသုံးဆီအမျိုးမျိုးသည် ပြည်သူများ၏ နေ့စဉ်စားသောက်မှုတွင် မပါမဖြစ်အသုံးပြုရသည့် အခြေခံစားသောက်ကုန်ဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်များကိုက်ညီမှုမရှိသော စားအုန်းဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများကိုဘေးအန္တရာယ်ဖြစ်စေနိုင်ပြီး ထိခိုက်နိုင်ခြေများသော ကုန်စည်ဖြစ်ခြင်းကြောင့် စားသုံးသူရေးရာဦးစီးဌာနသည် ရောနှောဆီ (Blended Oil) များအပါအဝင် စားသုံးဆီအမျိုးမျိုးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပြေးညီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

စားသုံးဆီလက်ကားကိုယ်စားလှယ်နှင့်တွေ့ဆုံဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည်  ၁၉-၆-၂၀၂၄ ရက်နေ့တွင် ကဒါမြို့သစ် (၃) လမ်းရှိ စားသုံးဆီလက်ကားကိုယ်စားလှယ်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

         ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပေါင်မြို့နယ်တာဝန်ခံသည် စားသုံးဆီလက်ကားရောင်းချနေသော လုပ်ငန်းရှင်အား စားသုံးဆီများဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်အရေအတွက်ပြည့်မီစွာရောင်းချပေးရေး/ စျေးနှုန်းမြှင့်တင်ရောင်းချမူမရှိစေရေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း စသည်ဖြင့် အကျယ်တဝင့်အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

အွန်လိုင်းရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည်  (၁၇-၆-၂၀၂၄) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌ မော်လမြိုင်မြို့မှ အွန်လိုင်းရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ဖြင့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ  လုပ်ကိုင်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်လျှောက်ထားမှုအဆင့်ဆင့်၊ လိုအပ်သော စာရွက်စာတမ်းပြင်ဆင်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

အအေးခန်းလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည်  (၁၇-၆-၂၀၂၄) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌ မော်လမြိုင်မြို့၊ ခရွမ်းရှမ်းရွာမှ “ကိုး”အအေးခန်းလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဆောင်ရွက်လျက်ရှိရာ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ “ကိုး” အအေးခန်းလုပ်ငန်း၏ အအေးခန်းတည်ဆောက်ထားရှိမှု အခြေအနေ၊ ဝန်ဆောင်မှုပေးခြင်းများ၊ အအေးခန်းတွင် လက်ရှိကုန်သိုလှောင်ထားရှိမှုများ၊ ကြုံတွေ့ရသောအခက်အခဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးရာ အအေးခန်းလုပ်ငန်းရှင်က “ကိုး” အအေးခန်းကို (၂၀၁၆) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအချိန်တွင် အအေးခန်း (၆) ခန်းတည်ဆောက်ပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် အအေးခန်း၌ ငရုတ်သီးခြောက်၊ ငါးခြောက်နှင့် အေးခဲသောအသားများကိုသိုလှောင်ထားကြောင်း၊ ဝန်ဆောင်ခအနေဖြင့် တစ်နေ့လျှင် တစ်ပိဿာသိုလှောင်ခ (၄) ကျပ်နှုန်းဖြင့် ဝန်ဆောင်ခပေးလျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် လုပ်သား (၄) ဦးကို အလုပ်အကိုင်ပေးနိုင်ကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မွန်)

ဂန့်ဂေါမြို့နယ်၌ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်းသည်  စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးရည်ရွယ်၍ (၁၇-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဂန့်ဂေါမြို့ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ (၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆဲမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ကြိုတင်သတိပေးချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ဆက်လက်ဆွေးနွေးပြီး ကုန်စုံဆိုင်တွင် သက်တမ်းလွန်အစားအသောက်များရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့ပေါ်ရှိဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းရှိ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် သရက်ခရိုင်၊ အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၇-၆-၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာတွင် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ၎င်းတို့၏ Register No. မပါရှိသည့်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများကိုရောင်းချခြင်းမပြုရန်၊ ဆေးများကို စနစ်တကျထားသိုသိမ်းဆည်းရန်ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆေးဆိုင်အခွန်များကိုပုံမှန်ဆောင်ရွက်ရန်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်၊ ဆေးဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာရောင်းချစေရန်၊ ဆေးပစ္စည်းများလက်ကျန်ပြတ်လပ်မှုရှိ/မရှိမေးမြန်းခဲ့ရာ ပစ္စည်းများလက်ကျန်ကျန်ရှိနေကြောင်း ဆိုင်ရှင်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့နယ်၊ အမှတ်(၁)ရွှေပုံတောင်အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေး‌ဟောပြောပွဲကျင်းပ

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၁) ရွှေပုံတောင်အခြေခံပညာအထက်တန်းကျေင်း(ခွဲ)၌ ဌာနဆိုင်ရာများစုပေါင်း၍ (၁၉-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောပွဲကျင်းပပေးခဲ့ပါသည်။

       ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “စာဖတ်သည့်အလေ့အကျင့်မှသည် စာဖတ်စွဲမြဲသော အလေ့အထကောင်းများမွေးမြူရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသောက်ရန်မသင့်သောအစားအသောက်များနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်သည့်ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူသူအောင်က “စနစ်တကျအမှိုက်စွန့်ပစ်‌ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး  အဆိုပါအသိပညာပေး‌ဟောပြောပွဲသို့ ပြည်သူစုစုပေါင်း(၇၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News