Main menu

HighLight News

Powered by Drupal

အုတ်တွင်းမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် (စစ်ဆေးရေးမှူး)နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး၏ညှိနှိုင်းချက်အရ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်နေ့၊ နံနက်ပိုင်းအချိန်၌ အုတ်တွင်းမြို့ပေါ်တွင်ရောင်းချနေသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ဆေးဝါးများအား ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

      ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အစားအသောက်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓာတုဆေးများပါဝင်မှုရှိ/မရှိနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများရှိ/မရှိတို့ကိုလည်းကောင်း၊ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်သူသူဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီး မှူးရုံးမှ ကျန်းမာရေးမှူး ဒေါ်သန္တာညွန်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းထိန်း-၄ ဦးထွန်းအောင်ကျော်တို့ ဦးဆောင်သော အဖွဲ့ဝင်များလည်းပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောကုန်စည်များကိုဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ (၁၄-၂-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့အတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်းထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကိုစစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကိုဆွေးနွေးခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ နိုင်ငံပိုင်သတင်းစာများတွင် စားသုံးရန်မသင့်ဟုကြေညာထားသော အစားအသောက်များ၊ သက်တမ်းလွန်အစားအသောက်များရောင်းချခြင်းရှိ/မရှိကို ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းမှုအခြေအနေ

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်ထူးနှင့်အဖွဲ့သည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ မြင်းခြံမြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းလက်လီ/လက်ကားအရောင်းဆိုင်များသို့သွားရောက်၍ ဆေးပစ္စည်း(၃၄)မျိုးအား ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေး ပစ္စည်းအရောင်းဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဆေးဆိုင်အများစု၌ နှလုံးသွေးကြောရောဂါဆေးဝါးများ၊ ဆီးချိုသွေးတိုးကျဆေးများမှာ အများပြည်သူအနေဖြင့် အရေးပေါ်လိုအပ်ခြင်းမျိုးမဟုတ်ဘဲ တစ်လ၊ နှစ်လစာ အများအပြားကြိုတင်ဝယ်ယူထားရှိမှုများရှိနေပြီး စားသုံးသူပြည်သူများအနေဖြင့် မလိုအပ်ဘဲ ဝယ်ယူထားခြင်းမပြုကြလျှင်လည်း ဆေးဝါးများပြတ်လပ်မှုမဖြစ်နိုင်ကြောင်း၊ လိုသလောက်ကို အမြန်ဆုံးမှာယူရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ဆေးဆိုင်များမှ အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများကို ယခင်နှစ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လာခဲ့ပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများတွင် အသုံးများသောအခြေခံဆေးဝါးများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိသော်လည်း နှလုံးရောဂါဆေးများ၊ ဆီးချိုဆေးများကို စားသုံးသူပြည်သူများသည် စိုးရိမ်ကြောင့်ကြမှုများဖြင့် ဝယ်ယူမှုများပြားလာသဖြင့် ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ဆေးနှင့်ဆေးပစ္စည်းများအား ဝန်ကြီးဌာနက အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားပါသဖြင့် စားသုံးသူပြည်သူများအား ထိုက်သင့်သည့်ဈေးနှုန်းများဖြင့်သာရောင်းချရန်၊ ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ရန်နှင့် ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ဆေးသိုလှောင်ထားသည့်ကုမ္ပဏီများအား ကွင်းဆင်းစစ်ဆေး

     ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင်  မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်းပါဝင်သောအဖွဲ့သည် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဆေးသိုလှောင်ထားသည့် ကုမ္ပဏီများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုမ္ပဏီများ၏ ဆေးနှင့်ဆေးပစ္စည်းလက်ကျန်စာရင်းများနှင့် မြေပြင်သိုလှောင်ထားမှုအခြေအနေမှန်ကန်မှုရှိ/မရှိ  တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆေးဝါးများ နည်းစနစ်မှန်ကန်စွာသိုလှောင်ထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက်ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေးနှင့် လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူနိုင်သည့်အခြေအနေများ၊ ကုမ္ပဏီများအနေဖြင့်လည်း အခက်အခဲ၊ ထူးခြားမှု တစ်စုံတစ်ရာရှိပါက အချိန်မီဆက်သွယ်တင်ပြနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

         

“ကွမ်းခြံကုန်းမြိုနယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း”

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနများပူးပေါင်း၍ လူငယ်ရေးရာကိစ္စရပ်များနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တော်ကူး အ.ထ.က ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရပါသည်။

      အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဆွေနွယ်ဦးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေပိုင်းဆိုင်ရာအချက်များစာပေကို အချိန်နှင့်အမျှလေ့လာဖတ်ရှုလျှင် လူငယ်များအနေဖြင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များရရှိလာမည်ဖြစ်သောကြောင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များနှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ လုပ်ငန်းရှင်များ၏ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများအပေါ်  အာမခံပေးခြင်းဆိုင်ရာအချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်က တိုင်းရင်းဆေးအကြောင်းသိကောင်းစရာများအနက် လူတိုင်း နေ့စဉ်ကျန်းမာရေးနှင့်ပတ်သက်၍ ပြုကျင့်နေထိုင်ရမည့်အလေ့အကျင့်များနှင့် ဆေးဖက်ဝင်အပင်များ၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးဟောပြောခဲ့ပြီး အစားအစာနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးဇော်လွင်ထွန်းက လူငယ်ရေးရာနှင့်ပတ်သက်သော လူငယ်နှင့်အားကစားဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ၎င်းနောက် တော်ကူးကျေးရွာ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အဆိုပါလူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့  ကျောင်းသူ/ ကျောင်းသား (၁၂၀)ဦးနှင့် ဆရာ/ဆရာမ (၁၁)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်းဝေငှပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်ရှိ ( 5Star ) ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဌေး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန့်၊ သတ္ထုတွင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဆွေ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာထွန်း၊ အမှတ်(၃) ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှ ဒုတိယရဲမျူးနိုင်လင်းနှင့်   အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးအောင်နိုင်ဦးတို့ပါဝင်သောအဖွဲ့များသည် (၉-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ်ရှိ ( 5Star ) ဆိပ်ကမ်း သို့သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါ (5Star) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV, MCL 3 ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ပို့ဆောင်မည့် Aluminum Scrap UBC များကိုစစ်ဆေးခဲ့ရာ Aluminum Scrap UBC သည် ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန်လိုင်စင်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုလည်းရယူထားခြင်းဖြစ်ကြောင်းစိစစ်တွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့် အဆိုပါကုန်ပစ္စည်းများကို Multi Resources Co., Ltd နှင့် Water Front Co., Ltd တို့မှ တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မော်လမြိုင်ဘူတာမှထွက်ခွာလာသည့် ရထားအမှတ်- ၈2 DN (အစုန်) တွင် တရားမဝင်ကုန်စည်များသယ်ဆောင်လာခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၏ သက်ဆိုင်ရာဧရိယာအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း၌လည်း ခရိုင်အဆင့်ဖွဲ့စည်းထားသဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကုန်သွယ်မှု/ ကုန်စည်စီးဆင်းမှုများအပေါ်  သတ်မှတ်ထားသည့်လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ဆောင်ရွက်စဉ်အတွင်း  ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မီးရထားမှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ရန်ကုန်ဘူတာကြီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးသို့ (၁၂-၂-၂၀၂၄) ရက်နေ့၊ နံနက် (၀၆:၀၀) နာရီအချိန်၊ မော်လမြိုင်ဘူတာမှထွက်ခွာလာသည့် ရထားအမှတ်- ၈၂ DN (အစုန်) သို့သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါရထားမှာ ဘူတာကြီးသို့ ည(၆:၀၀) နာရီအချိန်တွင်ဆိုက်ကပ်ခဲ့ကြောင်း၊ ၎င်းနောက် ရထားတွင်ပါလာသည့် ကုန်တွဲများကို အဖွဲ့စုံရှေ့တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ  တရားမဝင်ကုန်ပစ္စည်းများကို သယ်ဆောင်လာခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မန္တလေးဘူတာကြီးမှထွက်ခွါလာသည့် ရထားအမှတ်- 2 DN (အစုန်) ရထားတွင် တရားမဝင်ကုန်စည်များသယ်ဆောင်လာခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၏ သက်ဆိုင်ရာဧရိယာအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဠာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း၌လည်း ခရိုင်အဆင့်ဖွဲ့စည်းထားသဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကုန်သွယ်မှု/ ကုန်စည်စီးဆင်းမှုများအပေါ်  သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ဆောင်ရွက်စဉ်အတွင်း  ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မီးရထားမှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ရန်ကုန်ဘူတာကြီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးသို့ (၁၃-၂-၂၀၂၄) ရက်နေ့၊ နံနက် (၀၄:၀၀) နာရီအချိန်၌ မန္တလေးဘူတာကြီးမှထွက်ခွာလာခဲ့သည့် ရထားအမှတ်- 2DN (အစုန်) ကိုသွားရောက်စစ်ဆေးရာ အဆိုပါရထားမှာ ဘူတာကြီးသို့ ည (၁၀:၀၀) နာရီအချိန်တွင် ဆိုက်ကပ်ခဲ့ကြောင်း၊ ၎င်းနောက် ရထားတွဲပေါ်တွင်ပါလာသည့် ပါဆယ်ထုပ်များကို  (၁၄-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အဖွဲ့စုံရှေ့၌ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ တရားမဝင်ကုန်ပစ္စည်းများကို သယ်ဆောင်လာခြင်းမရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လမ်းမတော်မြို့နယ်အတွင်းရှိ ဆေးကုမ္ပဏီများအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့်ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့များပူးပေါင်း၍ (၉-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လမ်းမတော်မြို့နယ်အတွင်းရှိ Shwe Yadanar Myay Co.,Ltd, Grand Pharmceuticals  Co., Ltd စသည့်ဆေးဝါးနှင့် ဆေးပစ္စည်းများရောင်းချသည့် ဆေးကုမ္ပဏီသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါဆေးကုမ္ပဏီများသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူပြည်သူများအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများကိုဝယ်ယူသုံးဆွဲရာတွင်  ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့် ဆေးကုမ္ပဏီများအနေဖြင့် ဆေးဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးများသိုလှောင်ထားခြင်းရှိ/မရှိ၊  ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်းများကို နေ့စဉ်ပုံမှန်ထုတ်ပေးခြင်း/ ဖြန့်ဝေပေးခြင်း၊ ဆေးလက်ကျန်များစစ်ဆေးခြင်းနှင့် လုပ်ငန်းများဆက်လက်လုပ်ကိုင်ခြင်းရှိ/မရှိအခြေအနေတို့ကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဆေးကုမ္ပဏီများအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့များပူးပေါင်း၍    (၈-၂-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Medilink Co., Ltd, Asia Health & Wealth Co., Ltd , Shwin Lann Co., Ltd စသည့်  ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချနေသော ဆေးကုမ္ပဏီများသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

       အဆိုပါဆေးကုမ္ပဏီများသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူပြည်သူများအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများကိုဝယ်ယူသုံးဆွဲရာတွင်  ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့် ဆေးကုမ္ပဏီများအနေဖြင့် ဆေးဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးများသိုလှောင်ထားခြင်းရှိ/မရှိ၊  ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်းများ နေ့စဉ်ပုံမှန်ထုတ်ပေးခြင်း/ ဖြန့်ဝေပေးခြင်း၊ ဆေးလက်ကျန်များကိုစစ်ဆေးခြင်းနှင့် လုပ်ငန်းများဆက်လက်လုပ်ကိုင်ခြင်းရှိ/မရှိအခြေအနေတို့ကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News