Main menu

HighLight News

Powered by Drupal

ကော့သောင်းမြို့၊ အ.ထ.က (၁၀)မိုင်စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

      ကော့သောင်းမြို့၊ အ.ထ.က (၁၀)မိုင်စာသင်ကျောင်း၌  ကော့သောင်းခရိုင်၊ စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မေဇင်ဦး(ဦးစီးအရာရှိ)သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် အ.ထ.က (၁၀)မိုင် စာသင်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းရှိ သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များနှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာရောင်းချရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်  ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ  ၅ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် များရှိသည့်အနက် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၈) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့် ဆေးပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချ/ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး၊ ဈေးနှုန်းမြှင့်တင်ရောင်းချ/ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆေးဆိုင်များပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော  ဆေးဝါးများကိုရောင်းချခြင်းမပြုကြရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများကိုရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ ဥပဒေများကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ်၊ မြို့ပေါ်ရှိ ဆေးဝါးနှင့်ဆေးပစ္စည်းရောင်းချသောဆိုင်များတွင် ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး ဈေးကွက်စောင်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ပင်ခရိုင်၊ မအူပင်မြို့နယ်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်ကြသော မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဆင့် (၁)၊ ကျန်းမာရေးမှူးတို့ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန​မှ မြို့နယ်တာဝန်ခံ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့လိုက်ပါလျက် (၈-၂-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းအချိန်၌ မအူပင်မြို့ပေါ်ရှိ ဆေးဆိုင်များသို့သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါစစ်ဆေးမှုတွင် မြို့နယ်အတွင်း ဆေးဝါးမှတ်ပုံတင်ရရှိပြီးသော ဆေးဝါးများနှင့် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် တရားမဝင်တင်သွင်းထားသောဆေးဝါးများ၊ ဆေးများရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကံကြီးဒေါင့်ကုန်းကျေးရွာ၊ (အ-မ-က) ကျောက်ဝိုင်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၈-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ကံကြီးဒေါင့်ကုန်းကျေးရွာရှိ (အ-မ-က) ကျောက်ဝိုင်းကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံက မိတ်ဆက်စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့ကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓာတုဆိုးဆေးများအလွန်အကြူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစား အသောက်များအား မိမိ၏အသိစိတ်ဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန်လိုအပ်ကြောင်း ဟောပြောဆွေးနွေးပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့နယ်၊ (အ.မ.က) ထီကွေ့ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာဆောင်ရွက်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့်ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနှင့်ပူးပေါင်း၍  (၇-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ထီကွေ့(အ.မ.က)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ/ ဆရာ/ဆရာမ (၁၆၂)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြသည်။

    အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးငယ်များအတွက် စာကြည့်တိုက်ထားရှိ၍ စာဖတ်ခြင်းနှင့် ပန်းချီကာတွန်းရေးဆွဲခြင်းအကြောင်းကို ပညာပေးဆောင်ရွက်ခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ကလေးငယ်များအနေဖြင့် အစားအစာများကိုဝယ်ယူစားသောက်ရာတွင် ရွေးချယ်ဝယ်ယူစားသောက်တတ်စေရန်၊ ကုန်ဆုံးရက်စွဲကြည့်ရှု၍ ဝယ်ယူရန်၊ ဘေးအန္တရာယ်ရှိသော ဆိုးဆေးများပါရှိသည့်မုန့်များကို ဝယ်ယူစားသောက်ခြင်းမပြုရန်နှင့်၊ FDA ကတားမြစ်ထားသော မုန့်များကိုစားသောက်ခြင်းမပြုကြရန် ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဥပမာပေးကာ ကလေးငယ်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်ရှိ ဇေယျတုသောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုတွက် ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးနှင့် တာဝန်ရှိဝန်ထမ်းများသည် (၈-၂-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ ဇေယျတုသောက်ရေသန့်လုပ်ငန်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူသွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရေသန့်လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို မေးမြန်းစစ်ဆေးဆောင်ရွက်ခဲ့သည်။ ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားနင့်ပတ်သက်၍ စစ်ဆေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စစ်ဆေးခြင်း၊ တားမြစ်ချက်များ၊ သောက်ရေသန့်ထုတ်လုပ်သည့် စက်ရုံအတွင်း/ပြင်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ အသုံးပြုသောသောက်ရေသန့်ဘူးခွံများသန့်ရှင်းမှုရှိစေ‌ရေး၊ ကောင်းမွန်သောထုတ်လုပ်မှုစနစ်နှင့်အညီ ထုတ်လုပ်စေရေးအတွက်  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သီတာဖြိုး(အငယ်တန်းစာရေး)သည် (၉-၂-၂၀၂၄) ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုခန်းမ၌ အောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၃၀)ဦးနှင့် ဆရာ/ဆရာမ(၄)ဦး၊ စုစုပေါင်း (၃၄)ဦးအား ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့သည်။

   အဆိုပါဟောပြောပွဲတွင် ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ပြည်ထောင်စုနေ့အကြိုသိကောင်းစရာများအသိပညာပေးပြောကြားခဲ့ပြီးဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ  ဒေါ်သီတာဖြိုး (အငယ်တန်းစာရေး) က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ သိရှိလိုက်နာရမည့်အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေတိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရန်နည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm တွင်လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့မှုကိုသိရှိရပါသည်။

DOCA(ကချင်)

“ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း”

    ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား (၈-၂-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား ဈေးနှုန်းမြှင်တင်ရောင်းချဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက် ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရနိုင်ကြောင်း၊ သက်တမ်းလွန်ဆေးဝါးများအား ရောင်းချခြင်းမပြုလုပ်ဘဲ စနစ်တကျဖြင့် ကျန်းမာရေးဦးစီးဌာနသို့အပ်နှံ၍ သိမ်းဆည်းဖျက်ဆီးစေရေးများကို ပူးပေါင်းအဖွဲ့က အသိပေးပြောကြားခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ပြင်ဦးလွင်မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်(၁၀)ဆိုင် စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

 

“ အခြေခံစက်ချုပ်သင်တန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ”

   သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်မှကြီးမှူး၍ အခြေခံစက်ချုပ်သင်တန်းအား ပြင်ဦးလွင်မြို့နယ်၊ ဆင်ဖြူအင်းကျေးရွာတွင် (၇-၂-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၁:၄၅)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စီမအုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ သင်တန်း၌ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီ ဦးစိုင်းကြည်ညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြင်ဦးလွင်ခရိုင်၊ စားသုံးသူဦးစီးဌာန၊ ခရိုင်တာဝန်ခံကလည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူတို့၏တာဝန်၊ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံစက်ချုပ်သင်တန်းသို့တက်ရောက်လာသော သင်တန်းသား/သင်တန်းသူ  (၂၀)ဦးအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

 

“ကျောက််ဆည်မြို့၊ ဈေးကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး”

  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် (၇-၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူပူးပေါင်း၍ ကျောက်ဆည်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းလက်လီလက်ကားအရောင်းဆိုင်များသို့သွားရောက်၍ စောင့်ကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ထို့သို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးနှင့် အလှကုန်များရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးစိုးမင်းထွန်းက ဆေးဝါးနှင့်ဖြည့်စွက်စာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားအမှတ် (၂/၂၀၂၁၉) ဖြင့်ထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းညွှန်ကြားချက်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးနှင့်သောက်ဆေးအမျိုးမျိုး၊ လိမ်းဆေးအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက် စသည့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား စျေးကွက်အတွင်း ဈေးနှုန်းမြှင်တင်ရောင်းချခြင်းနှင့် ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်၍ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် (၉)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News