Main menu

HighLight News

Powered by Drupal

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

    ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ()ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (/၂၀၂၄)ကြိမ်မြောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်ဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများ၊ စုစုပေါင်း(၁၇)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

     အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက မကွေးတိုင်းဒေသကြီး၏ (/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်သည် အမှာစာ (၇) စောင်ဖတ်ကြားတင်ပြခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ အတည်ပြုချက်များရယူခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မကွေးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၃-၂-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃-၂၀၂၄)၌ တက်ရောက်လာကြသော အသင့်သောက်အချိုရည်အမျိုးမျိုးထုတ်လုပ်ရောင်းချမည့် လုပ်ငန်းရှင်(၁၃)ဦးတို့ထံသို့သွားရောက်၍ အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါအစည်းအဝေးပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်စန္ဒာစိုးလွင် (ဦးစီးမှူး)က စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် အာမခံရမည့်အချက်များကိုပြောကြားခဲ့ပြီး ဆက်လက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်အေးအေးခိုင်(ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

တောင်ကြီးမြို့ပေါ်ရှိ ဆေးဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများ သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိ တောင်ကြီးဆေးဆိုင်အမှတ်(၂)၊ အောင်ဆေးဆိုင်နှင့် ရှမ်းချယ်ရီဆေးဆိုင်များ၌ ဆေးနှင့်ဆေးဝါးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ဈေးကွက်၌ ဆေး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စေရေး၊ ပြည်သူများအနေဖြင့် လိုအပ်သည့်ဆေးဝါးများကို အလွယ်တကူဝယ်ယူရရှိစေရန်ရည်ရွယ်၍ ဆေးဆိုင်များ၌ နေ့စဉ်ဖွင့်လှစ်ရောင်းချပေးရေး၊ သတ်မှတ်အရည်အသွေးနှင့်ပြည့်ဝသည့် ဆေးဝါးများသာရောင်းချ‌ရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချရေးတို့ကိုဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးကာကွယ်ရေးဥပဒေပါ ၎င်းတို့၏တာဝန်များကိုသိရှိနားလည်လိုက်နာဆောင်ရွက်စေရန်လိုအပ်ကြောင်းအသိပညာပေးဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

                  

ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဆွေးနွေး

     မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဦးကျော်မိုးလွင် (ဌာနခွဲစာရေး) သည် (၅-၂-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဆင်ဘိုကုန်းကျေးရွာရှိ ဦးမောင်တင့် (ကုန်စုံဆိုင်) ၌ ကုန်စည်နှင့် ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အသိပညာပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြပါရှိမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကိုက်ညီသည့် ကုန်စည်များကိုသာဝယ်ယူရောင်းချရန်၊ ကုန်စည်/ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း (၂၀၀)ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ကချင်)

လားရှိုးမြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ( ၅ ) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် လားရှိုးမြို့မဈေးထဲရှိ ဆေးဆိုင် (၁၁) ဆိုင်၌ တရားမဝင်ဆေးဝါးများရောင်းချနေခြင်းရှိ/မရှိနှင့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များ၌ တရားမဝင်ဆေးဝါးများရောင်းချနေခြင်းမရှိကြောင်းနှင့် ကုန်ဈေးနှုန်းများမြှင့်တင်ရောင်းချနေခြင်းမရှိကြောင်းတွေ့ရှိရပြီး ဒုတိယပြည်နယ်ဦးစီးမှူးက တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်နှင့် ကုန်ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ ဆေးနှင့်ဆေးပစ္စည်းများရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သက်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရောင်းချကြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရှမ်း)

မအူပင်မြို့နယ်၊ ခုနစ်အိမ်တန်းကျေးရွာ၊ (အ-ထ-က) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် မအူပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ ခုနစ်အိမ်တန်းကျေးရွာ (အ-ထ-က) သို့သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲအခမ်းအနားတွင် မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနအနေဖြင့် သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာနှင့် လူငယ်နှင့်ပညာရေးအကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ကျန်းမာရေးနှင့်အားကစားအကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဌာနအနေဖြင့် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးခြင်းအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဋ္ဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်(၈)ချက်၊ အခန်း (၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား အလေးထားသတိပြုသင့်ကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့သည်။  ၎င်းနောက် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများကို ကျန်းမာရေးစောင့်ရှောက်မှုစစ်ဆေးပေးခဲ့ပြီး ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများအနေဖြင့် ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/သူ (၁၈၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

သနပ္ပင်မြို့နယ်အတွင်းရှိ စားအုန်းဆီဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း (ဦးစီးမှူး) နှင့် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သနပ္ပင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ သနပ္ပင်ဈေးတာဝန်ခံတို့နှင့်ပူးပေါင်း၍ သနပ္ပင်မြို့ရှိ စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

       ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် သနပ္ပင်မြို့၊ ဈေးအတွင်းနှင့် ဈေးပြင်ပရှိ ရပ်ကွက်ကုန်စုံဆိုင်များတွင်ရောင်းချသော စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိတို့ကိုလည်းကောင်း၊ စားသုံးဆီဘူးများပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိတို့ကိုလည်းကောင်း စစ်ဆေးခဲ့ပြီးနောက် ဌာနအနေဖြင့် ရောင်းချသူများအား ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်အတွက် ညွှန်ကြားချက်များကိုပြောကြားခဲ့ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ပဲခူး)

သနပ္ပင်မြို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်၌ သနပ္ပင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်စပ်လျဉ်း၍ Talk Show အစီအစဉ်ဖြင့် ကျင်းပပြုလုပ်၍   အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါစကားဝိုင်းတွင် ဌာနခွဲတာဝန်ခံက ကုန်စည်များတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသည့်ကုန်အညွှန်းအမှတ်အသားများကို  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထပ်ပို၍ဖြစ်စေတွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကြည့်ရှု၍ ဝယ်ယူသုံးစွဲမှသာလျှင် ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ၍ ထုတ်လုပ်ရန်လိုအပ်ကြောင်းဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

       ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် ထုတ်လုံတာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သနပ္ပင်မြို့နယ်တာဝန်ခံ ဒေါ်ညိုပြာလည်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/မရှိတို့၏ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

     ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၄) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊  ပုဇွန်တောင်မြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့လည်းကောင်း၊ (၂၉-၁-၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် အရှေ့ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့လည်းကောင်း သွားရောက်ကာ ဆိုင်တာဝန်ခံများနှင့်တွေဆုံ၍ PPRD မှထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ ဆီကန်ဝင်ဆံ့နိုင်မှုပမာဏ၊ ဆီပြတ်လပ်ခြင်းရှိ/မရှိ၊ Terminal များမှ ဆီထုတ်ယူမှုအခြေအနေ၊ ဆီဘောက်ဆာကားများပုံမှန်ဝင်ရောက်နိုင်ခြင်းရှိ/မရှိ တို့ကိုမေးမြန်းခဲ့ရာ ဆိုင်တာဝန်ခံများက ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း၊ ဆီဘောက်ဆာကားများမှာ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်းတွေ့ရှိခဲ့ရပါသည်။ စက်သုံးဆီဆိုင်များ၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ယုဇနဥယျာဉ်မြို့တော်ဈေးအတွင်းရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဌာနခွဲစာရေး ) နှင့် ဝန်ထမ်း (၂) ဦးတို့သည် (၂၄-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀ ) နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်ဈေးအတွင်းရှိ စားသောက်ကုန်နှင့်လူသုံးကုန်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်ညွှန်း အမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာစေလိုကြောင်းနှင့် ဈေးအတွင်းရှိ စားသောက်ကုန်နှင့် လူသုံးကုန်များကိုစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိကြောင်းတွေရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News