Main menu

HighLight News

Powered by Drupal

ပခုက္ကူခရိုင်အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး စစ်ဆေးရေးအရာရှိ ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူမြို့အတွင်းရှိ ဆေးဆိုင်(၅)ဆိုင်၌ လည်းကောင်း၊ ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းမှ နေ့လယ်(၁၄:၀၀)နာရီတွင် ဆိပ်ဖြူမြို့ပေါ်ရှိ ဆေးဆိုင်(၂)ဆိုင်တွင် လည်းကောင်း မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဆေးဝါးပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

မအူပင် တော်တလုပ်ကျေးရွာအုပ်စု ကျီးချောင်းကျေးရွာတွင် ပြောင်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း အကျိုးအမြတ်ရရှိနေ

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစံကြည် ဦးဆောင်၍ မအူပင်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင် မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာရှိ ရှူးဂါးဂိမ်း ပြောင်းစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းမှုများကို (၂၀.၁၂.၂၀၂၁) ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀) နာရီ အချိန်အထိ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။
မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာတွင် တောင်သူ ဦးဌေးဝင်း စိုက်ပျိုးထားသည့် (၁)လသားအရွယ်ပြောင်းပင်များကို ကွင်းဆင်းလေ့လာရာ၌ တောင်သူဦးဌေးဝင်း က မိမိ၏ ကိုင်းမြေ(၁)ဧကပေါ်တွင် ရှူးဂါးဂိမ်း ပြောင်းမျိုး (၁)ထုပ်လျှင် (၁၅၀၀၀)ကျပ်ဖြင့် (၃)ထုပ် ဝယ်ယူစိုက်ပျိုးခဲ့ပါသည်။
ထိုသို့စိုက်ပျိုးရာတွင် သွင်းအားစုအနေဖြင့် ထိုင်းပုလဲ (၁)အိတ် အသုံးပြုခဲ့ရပြီး ပြောင်းပင် များအတွက် ရေလိုအပ်ပါက ရေတင်ပေးရကြောင်း၊ ပြောင်းပင်များသည် တစ်ပင်လျှင် (၁)ဖူး၊ (၂)ဖူး ထွက်ရှိနိုင်ပြီး ပြောင်းပင်များမှာ (၂၅၀၀)ခန့်ရှိ၍ (၁)ပင်လျှင် (၁)ဖူးနှုန်း ဖြင့်တွက်ချက်ပါက ပြောင်းဖူး (၂၅၀၀)ဖူးခန့် ထွက်ရှိနိုင်သဖြင့် ယနေ့မအူပင်ဈေးကွက်တွင် ပြောင်း (၁)ဖူးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ရှိကြောင်း၊ ပြောင်းပေါ်ချိန်တွင် ကျဈေး ဖြစ်ပါက (၁)ဖူးလျှင် (၂၀၀)ကျပ်နှုန်းထက်မနိမ့်ကျနိုင်သဖြင့် ထွက်ရှိသော ပြောင်းဖူးမှ ရောင်းရငွေ(၅)သိန်းခန့် ရရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ တွက်ချေကိုက်ပြီး အကျိုးအမြတ်ရှိသော စိုက်ပျိုး သင့်သည့် သီးနှံဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဌာနခွဲ့မှူးဦးစံကြည်နှင့် ခရိုင်ဦးစီးမှူး ဦးဇော်မင်းတို့သည် မြို့နယ်ဈေးကွက်မှ ရန်ကုန်ဈေးကွက်ရရှိနိုင်ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်ရန် သွင်းအားစုများကို စနစ်တစ်ကကျ သုံးစွဲရန်နှင့် တောင်သူအများ စုအားကျလာသည့် ဈေးကွက်ဝင်သီးနှံ အဆင့်ထိဆောင်ရွက်နိုင်ရန်တို့ကို အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

၂၉.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၉.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

၂၈.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၈.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

၂၇.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၇.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

၂၃.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၃.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

ဟင်္သာတခရိုင်၏ အစေ့ထုတ်ပြောင်းစိုက်တောင်သူများ တွက်ချေကိုက်၍အကျိုးအမြတ်ရရှိနိုင်

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် အောက်တိုဘာလဆန်းမှစ၍ မိုးစပါးများ စတင်ရိတ်သိမ်းပြီး၊ နိုဝင်ဘာလဆန်းတွင် သီးထပ်အဖြစ် မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ နွေစပါး စသည်တို့ကို တောင်သူများစိုက်ပျိုးလျက်ရှိကြပါတယ်။ ဟင်္သာတခရိုင်တွင် စုစုပေါင်း စိုက်ဧက ငါးသိန်းကျော်ရှိပြီး၊ မတ်ပဲ စိုက်ဧက လေးသိန်းကျော်၊ အစေ့ထုတ်ပြောင်းစိုက်ဧက သုံးသောင်းငါး ထောင်ကျော်၊ နွေစပါး စိုက်ဧက သုံးသောင်းကျော် စိုက်ပျိုးသော ဒေသလည်း ဖြစ်ပါသည်။

          ဟင်္သာတခရိုင်သည်  ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး နှစ်စဉ် မြေနုကျွန်း များပေါ်ထွက် သော ဒေသများ ဖြစ်သည့် ၊ ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ်၊ ဇလွန်မြို့နယ်၊ မြန်‌အောင်မြို့နယ်များ ရှိ မြေနုကျွန်းများပေါ်တွင် ဆောင်းသီးနှံအဖြစ် အစေ့ထုတ်ပြောင်းများကို စိုက်ပျိုးကြပါသည်။

          အစေ့ထုတ်ပြောင်းသည် မြေတွင်းအာဟာရဓာတ်ကို စုပ်ယူမှုများသော သီးနှံဖြစ်သည့်အတွက် နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေများတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ ထို့ကြောင့် အစေ့ထုတ်ပြောင်း ကို ဟင်္သာတခရိုင်တွင် ဧရာဝတီမြစ်ရေကျချိန် ဆောင်းရာသီအစ အောက်တိုဘာအကုန်၊ နိုဝင်ဘာလဆန်းမှာ စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလကုန် မတ်လဆန်းမှာ ရိတ်သိမ်းကြပြီး တချို့နုန်း မြေတွေမှာ မျိုးစေ့ကို စူးထိုး၍လည်းစိုက်ပျိုးကြပါသည်။

          ပြောင်းသည် လေဖြင့်ဝတ်မှုန်ကူးသော အပင်ဖြစ်ပြီး ၊ အပင်တန်းများကို လေသွားလမ်း ကြောင်းအား ကန့်လန့်ဖြတ်စိုက်ပျိုးကြပါသည်။ အပြည့်အဝ ကြီးထွားဖြစ်ထွန်းရန် ရေ ၁ဧကလျှင် (၂၂-၂၅) လက်မ/ဧက လိုအပ်ပြီး ဆောင်းရာသီတွင် စိုက်ပျိုးသည့်အတွက် လစဉ်ရေသွင်းပေးရပါသည်။ ပြောင်းမျိုးမှာ ကုမ္ပဏီထုတ် (888,333,808,GT 722,SA 282) ကဲ့သို့သောမျိုးစေ့များကို စိုက်ပျိုးကြပြီး၊ အထွက် နှုန်းမှာ တစ်ဧကလျှင် တင်း(၉၀) မှ (၁၀၀) ကြားထွက်ရှိပါသည်။ ၂၀၂၀-၂၀၂၁ တစ်ဧက ကုန်ကျ စရိတ်မှာ ကျပ် (၄၀၀၀၀၀) မှ (၅၀၀၀၀၀)ကြားကုန်ကျမှုရှိပြီး ၊ ၂၀၂၁ခုနှစ် မတ်လ ပြောင်းစပေါ် ချိန်ပေါက်ဈေးမှာ တစ်တင်းလျှင် (၉၀၀၀) ကျပ်ခန့်ရှိ သည့်အတွက် တင်း(၁၀၀) နှုန်းဖြင့် တွက် မည်ဆိုပါက (၉၀၀၀၀၀)ကျပ်ခန့်ဝင်ငွေရှိပြီး၊ တစ်ဧကပျမ်းမျှ (၄၅၀၀၀၀) ကျပ်ခန့် အကျိုးအမြတ် ရရှိသည့်သီနှံလည်းဖြစ်ပါ သည်။

          ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၁၅) နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူး နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် ရွှေဟင်္သာကျွန်းတွင် အစေ့ထုတ်ပြောင်း (၆) ဧက စိုက်ပျိုးသော ပြောင်းစိုက်တောင်သူ ဦးစိုးဝင်း၏ စိုက်ခင်းသို့ ကွင်းဆင်းတွေ့ဆုံခဲ့ရာ၊ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးမည့် အစေ့ထုတ်ပြောင်း တစ်ဧကကုန်ကျစရိတ်သည် မြေပြင်ခ၊ သွင်းအားစုဈေး၊ ပိုးသတ်ဆေး၊ ရေသွင်းရာတွင်အသုံးပြုရသည့် စက်သုံးဆီဈေး၊ ရိတ်ခြွေစက်ငှားရမ်းခများပေါ် မူတည်၍ တစ်ဧက လျှင် ကျပ်(၆၀၀၀၀၀) မှ (၇၀၀၀၀၀) ကြားကုန်ကျနိုင်သည့် အတွက် ပြောင်းပေါ်ချိန် ဈေးကောင်းရမှသာ တောင်သူများတွက်ချေကိုက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် မနှစ်က ပြောင်းပေါ်ချိန် ဖေဖော်ဝါရီလကုန်တွင် ဟင်္သာတ ကုန်စည်ဒိုင်၌ ပိဿာ(၂၀) တစ်တင်းလျှင်  (၉၀၀၀) ကျပ်၊တစ်ပိဿာ (၄၅၀) ကျပ်မှ တဖြည်း ဖြည်း မြင့်တက်လာခဲ့ပြီး မေလတွင် တစ်တင်း လျှင် (၁၃၅၀၀) ကျပ်၊ တစ်ပိဿာ (၆၇၅)ကျပ် ဈေးထိ မြင့်တက်လာချိန်တွင် တောင်သူ အများစုလက်ဝယ်တွင် ပြောင်းမရှိတော့ပဲ လှောင်လက် နှင့် ကုန်သည်များ ထံတွင်သာပြောင်းလက်ကျန်ရှိတော့သည့်အတွက် အမြင့်ဈေးနှုန်းကို တောင်သူများ အကျိုးခံစားခွင့်မရကြောင်း သိရှိရပါသည်။

          အစေ့ထုတ်ပြောင်းကိုသိုလှောင်ရန် အစိုဓာတ်ရာခိုင်နှုန်းမှာ ၁၃.၅ ရာနှုန်းဖြစ်ရာ ရိတ်သိမ်းချိန် ဖြစ်သည့် ဖေဖော်ဝါရီလကုန်တွင် နှင်းကျချိန်ဖြစ်၍ အစိုဓာတ်၂၅ ရာနှုန်းနှင့် အထက်ဖြစ်သဖြင့် သိုလှောင်ရန် အတွက် အခြောက်ခံသည့်စရိတ်၊ ရိတ်သိမ်းစရိတ်များကို ပေးချေရန် လိုအပ်သည့် အတွက် ဈေးစောင့်ဆိုင်းခြင်းမရှိဘဲ ပေါ်ပေါ်ချင်းရောင်းလိုက်ရသည့်အတွက် တောင်သူအများစုမှာ ၊အမြင့်ဈေး၊ ဈေးကောင်း မရရှိခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်တွင် ရှမ်းပြည်နယ်မှ ထွက်ရှိ သော အစေ့ထုတ်ပြောင်းအသစ်မျာလည်း ရန်ကုန်ဈေးကွက်သို့ဝင်ရောက်နေပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ ဘုရင့်နောင် ပြောင်းတစ်ပိဿာပေါက်ဈေးမှာ တစ်ပိဿာ ၇၀၀ ကျပ်မှ ၇၂၀ ကျပ်ဈေးရှိသည့်အတွက် ဟင်္သာတခရိုင်ပြောင်းပေါ်ချိန် ၂၀၂၂ ခုနှစ် မတ်လ ဆန်းတွင်လည်း ယခုကဲ့သို့ တစ်ပိဿာ ၇၀၀ ကျော်ရရှိခဲ့ပါက ပြောင်းစိုက်တောင်သူများအနေနှင့် တွက်ချေကိုက် အကျိုးရှိနိုင်မည်ဖြစ်ပါသည်။

          ဟင်္သာတခရိုင်အနေဖြင့် အစေ့ထုတ်ပြောင်းစိုက်ဧက (၃၅၇၅၃) ခန့်ရှိပြီး၊ အထွက်နှုန်း ပျမ်းမျှ (၉၀-၁၀၀) တင်းခန့်ထွက်ရှိကြောင်း၊ ၎င်းတို့ကို ၂၀၁၈ ခုနှစ်အထိ ရန်ကုန်အစာစပ်စက်ရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် မြဝတီမှတဆင့် ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချခဲ့ရာ ဟင်္သာတခရိုင်မှ ထွက်ရှိသည့် အစေ့ထုတ်ပြောင်း ပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော် တင်ပို့ ရောင်းချ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်အသင်းထံမှသိရှိရပါသည်။  ပြည်တွင်းမှ ထွက်ရှိသော အစေ့ထုတ်ပြောင်းများကို တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ အဓိကဝယ်ယူလျက်ရှိပြီး မြန်မာ နိုင်ငံပြောင်းလုပ်ငန်းရှင်အသင်း အနေနှင့်လည်း ပြောင်းစိုက်တောင်သူများအတွက် သိုလှောင်ရုံ များ၊ အခြောက်ခံစက်များ တည်ဆောက်ပေးရန် အစီအစဉ်ရှိသော်လည်း ကိုဗစ်-၁၉ ကြောင့် နှောင့်နှေး ကြန့်ကြာလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ခရိုင်အတွင်း သိုလှောင်ရုံများ၊ အခြောက်ခံစက်များတည်ဆောက်ပေးနိုင်ပါက တောင်သူများအတွက် ပိုမိုအကျိုးရှိမည်ဖြစ်‌ကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ထိန်းချုပ်အစားအသောက်ထုတ်ပြန်ခြင်းအကြောင်းဆွေးနွေးစရာများ

      အမှတ်တံဆိပ်ပါဘူးသွင်းသောက်ရေသန့်နှင့် အမှတ်တံဆိပ်ပါ စားသုံးဆီကို ထိန်းချုပ်အစား အသောက်အဖြစ်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တဲ့အပေါ်မှာ အမိန့်စာ မထုတ်ခင် ကထက် ဘာတွေထူးခြားသက်ရောက်လာနိုင်လဲလို့ ဆွေးနွေးမေးမြန်းကြသလို ထိန်းချုပ်အစားအ သောက် အမိန့်စာကို စားသုံးသူရေးရာဦးစီးဌာနက ထုတ်တယ်လို့ထင်လို့ မေးလာသူလဲရှိပါတယ်။ မိမိတို့စားသုံးသူရေးရာဦးစီးဌာနကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနလို့ ထင်နေတာ မျိုးလဲမကြာခဏ ကြုံရတတ်ပါတယ်။  ဒါကြောင့်ထိန်းချုပ်အစားအသောက်ကို မဆွေးနွေးခင် ဌာန နှစ်ခုကို ကွဲပြားအောင် အောက်ပါဇယားနဲ့ အကြမ်းဖျဉ်း တင်ပြချင်ပါတယ်-

ဒီဌာနနှစ်ခုဟာ သူ့ဌာနကော်မတီထဲကိုယ်ပါ၊ ကိုယ့်ဌာနကော်မတီထဲသူပါနဲ့ မိတ်ဖက်ဌာနအဖြစ် အတူတွဲဆောင်ရွက်ဖြစ်ကြပါတယ်။ ဈေးဆိုင်များကိုအတူကွင်းဆင်းစစ်ဆေးကြသလို လူထုအသိပညာ ပေးဟောပြောပွဲနှင့် ဆွေးနွေးပွဲများမှာလည်း တိုက်ဆိုင်ရင် အတူတွဲ၍ တလှည့်စီရှင်းလင်းဆွေးနွေး ခဲ့ကြပါတယ်။ ဒီလို ဌာန(၂)ခုတွဲပြီးတွေ့ကြရင်တော့ မတူမှန်းသတိထားမိကြပြန်ပါတယ်။ ဌာန(၂)ခုကို တူတယ်လို့ဘာကြောင့်ထင်ကြတာလဲဆိုတဲ့ အချက်လေးတွေကို လေ့လာကြည့်တဲ့အခါ

  • စားသုံးသူရေးရာဆိုတာကို စားသုံးသူဆိုတဲ့စကားလုံးတွေ့တာနဲ့ အစားအသောက်ပဲလို့ ထင်ပြီး ဌာနကို တူတယ်ထင်မှတ်ကြပါတယ်၊ အမှန်က စားသုံးသူဆိုတာ ကုန်စည်နှင့် ဝန်ဆောင်မှုအမျိုးမျိုးကို သုံးစွဲသူများကိုဆိုလိုတာပါ။
  • စားသုံးသူရေးရာဌာနဝန်ထမ်းတွေက စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ တွေကို ရပ်ကွက်၊ ကျေးရွာ၊ ကျောင်း၊ ဈေး၊ လုပ်ငန်းရှင် စသည်ဖြင့် နယ်ပယ်စုံတွင် အသိပညာပေးဟောပြောပွဲ၊ ကွင်းဆင်းစစ်ဆေးခြင်း၊ တွေ့ဆုံညှိနှိုင်းအကြံပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။ စားသုံးသူအခွင့်အရေးတွေ တိုင်ကြားနိုင်တာတွေ၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုတွေ ဟောပြောနေပေမယ့် အချို့မူလတန်းကျောင်းအဆင့်လေးတွေမှာ နားလည်လက်ခံနိုင်စွမ်းအရ မှတ်သားနိုင်တာလေးတွေပဲ ရွေးပြောပေးကြပါတယ်။ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကို နားလည်အောင်ပြောပေးရာမှာ မြင်သာတဲ့ အရောင်ဆိုးဆေးတွေနဲ့ ဥပမာပေးဖြစ်ကြတော့ FDA ဌာနကအသိပညာပေးမှုနဲ့ ရောထွေးသွားတတ်ကြတာကိုလည်း မိမိတို့ဌာနက ဝန်ထမ်းများကပဲ ကွဲပြားအောင်ရှင်းရှင်း လင်းလင်း ဟောပြောအသိပညာပေးကြရပါမယ်။
  • နောက်တစ်ချက်က ကုန်စည်၊ ဝန်ဆောင်မှု ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာမှာ ဈေးတွေ၊ ကုန်စုံဆိုင်တွေကို အဓိက သွားရောက် စစ်ဆေးမှုများရာ အများအားဖြင့် အစားအသောက်တွေနဲ့ပဲ ထိတွေ့နေရတော့ ဌာနချင်းရောထွေးမှုမဖြစ်အောင် ယခုဆိုရင် အခြားကုန်စည်အုပ်စုတွေဖြစ်တဲ့ ကလေး ကစားစရာပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ စသည်ဖြင့် အခြားအုပ်စုများကိုလည်း အလေးပေးဆောင်ရွက်ကြရန် တိုက်တွန်းထားပါတယ်။ ဒါပေမယ့် စားသုံးသူကာကွယ်ရေး ဆိုတာကလည်း စားသုံးသူအသုံးပြုမှုများပြီး ထိခိုက်နိုင်ခြေမြင့်မားတဲ့ကုန်စည်၊ ဝန်ဆောင်မှု များကို ဦးစားပေးကဏ္ဍများသတ်မှတ် ဆောင်ရွက်ကြရတာဖြစ်တော့ အစားအသောက်က  ပါဝင်နေတာပဲဖြစ်ပါတယ်။
  • “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”ကို ဆောင်ရွက်ရာမှာလည်း FDA ဌာနက  FDA ထောက်ခံချက်လာလျှောက်ထားတဲ့ သို့မဟုတ် ပြည်ပကတင်သွင်းလာတဲ့ အစားအသောက်၊ ဆေးဝါး၊ အလှကုန်များကို ထောက်ခံချက်ထုတ်ပေးရာမှာ “အမှတ်တံဆိပ်ကပ်ခြင်း”ဆိုတဲ့ ကဏ္ဍပါဝင်တဲ့အတွက် လာရောက်လျှောက်ထားတဲ့ကုန်ပစ္စည်းကို ညွှန်ကြားချက်နှင့်အညီ စိစစ်ခြင်းဖြစ်ပြီး စားသုံးသူရေးရာဌာနကတော့ ဈေးကွက်မှာရှိနေတဲ့ ကုန်စည်အားလုံးကို စိစစ်ခြင်းဖြစ်ပါတယ်။

       ထိန်းချုပ်အစားအသောက်အကြောင်းကို လေ့လာကြည့်ရင် အမျိုးသားအစားအသောက် ဥပဒေတွင် ထိန်းချုပ်အစားအသောက်ဆိုသည်မှာ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က အခါအားလျော်စွာအမိန့်ကြော်ငြာစာထုတ်ပြန်၍ ထိန်းချုပ်အစားအသောက်ဟု သတ်မှတ် ထားသော အစားအသောက်ကို ဆိုသည်ဟု ပြဌာန်းထားပါသည်။ မည်သူမျှလိုင်စင်မရှိဘဲထိန်းချုပ် အစားအသောက်ကို ထုတ်လုပ်ခြင်းမပြုရ၊ မည်သူမျှလိုင်စင်မရှိဘဲ ထုတ်လုပ်ထားသော ထိန်းချုပ်အစားအသောက်ကို ပြည်ပသို့ တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရဟု တားမြစ်ထားပြီး၊ ဖောက်ဖျက်သော ထုတ်လုပ်သူကို ထောင်ဒဏ်၅နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ပြစ်မှုနှင့်သက်ဆိုင်သည့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်၊ သိုလှောင်ရောင်းချသူဖြစ်ပါက အထက်ပါပြစ်ဒဏ်အတိုင်းမှာပင် ထောင်ဒဏ် ၃နှစ်နှင့် ငွေဒဏ် အများဆုံးသုံးသိန်းဖြစ်ကြောင်း ဥပဒေမှာပြဌာန်းထားပါသည်။

       ဒီလိုစီမံဆောင်ရွက်ခြင်းရဲ့ရည်ရွယ်ချက်များမှာ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းသောအစားအသောက်ကို အများပြည်သူတို့ စားသုံးနိုင်ရန်၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သော ကျန်းမာရေးကိုထိခိုက်စေနိုင်သော အစားအသောက်ကို အများပြည်သူတို့ စားသုံးမိခြင်းမှ ကာကွယ်ရန်၊ အစားအသောက်များ ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများကို စနစ်တကျ ကွပ်ကဲထိန်းသိမ်းရန်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ အမျိုးသားအစားအသောက်ဥပဒေတွင် ဖော်ပြပါရှိပါသည်။

         ထိန်းချုပ်အစားအသောက်ထုတ်လုပ်လိုသူတွေအနေနဲ့ လိုင်စင်ထုတ်ပေးခွင့်ရှိတဲ့ အစိုးရဌာန (သို့) အဖွဲ့အစည်းကို လိုင်စင်လျှောက်ထားရမှာဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအောက်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကို လျှောက်ထားရမှာဖြစ်ပါတယ်။ FDA ဌာနကနေ ဆေးဝါးပိုင်းမှာတော့ သာမန်ထိန်းချုပ်ဆေးဝါးများနှင့် အထူးထိန်းချုပ်ဆေးဝါးများဆိုပြီး သတ်မှတ်ကွပ်ကဲဆောင်ရွက်လျက်ရှိပြီးဖြစ်ပါတယ်။ အစားအသောက်အနေနဲ့တော့ ယခုမှ ထုတ်ပြန်ခြင်းဖြစ်လို့ ရင်းနှီးမှုမရှိသေးတာဖြစ်ပါတယ်။ ထိန်းချုပ်အစားအသောက်နှစ်မျိုးအနက် သောက်ရေသန့်စက်ရုံများဟာ ယခင်ကတည်းက  ထုတ်လုပ်ဖြန့်ဖြူးခွင့်ရရှိဖို့ FDA ထောက်ခံချက် မဖြစ်မနေလျှောက်ထားရတဲ့အတွက် အမှတ်တံဆိပ်ပါဘူးသွင်းသောက်ရေသန့်ပိုင်းကတော့ ထူးခြားမှု သိပ်မရှိဘဲ ပိုမိုလေးနက်သွားတာပဲရှိပါတယ်။ သောက်ရေသန့်ထုတ်လုပ်မှုလိုင်စင်မရှိဘဲ ပိုက်လိုင်း မှဖြစ်စေ၊ အခြားနည်းဖြစ်စေ ရေဖြန့်ဖြူးရောင်းချသူကတော့ သောက်ရေသန့်ဟုဖော်ပြရောင်းချခြင်း ပြုလုပ်လို့မရပါဘူး။

       စားသုံးဆီပိုင်းမှာတော့ ယခင်တုန်းက ထုတ်လုပ်ဖြန့်ဖြူးရန်အတွက် FDA မဖြစ်မနေ လျှောက်ထားရန်မလိုတဲ့အတွက် နာမည်ကျော်ကြားသောအမှတ်တံဆိပ်အချို့သာ ထောက်ခံချက်ရယူ ထားကြပါတယ်။  ယခုအမိန့်ထုတ်ပြန်ပြီးနောက် အမှတ်တံဆိပ်ပါစားသုံးဆီဆိုရင်တော့ FDA လျှောက်ထားရတော့မှာဖြစ်ပါတယ်။ ယခင်ကတည်းက ဘူးသွင်းတံဆိပ်ကပ်စားသုံးဆီများအနက် ပဲဆီသန့်ဟု တံဆိပ်ကပ်ထားပြီး စားအုန်းဆီကို ပဲဆီအနံ့ထည့်ပြီး လိမ်ညာရောင်းချတော့ စားသုံးသူက မတန်တဲ့ဈေးနှုန်းကိုပေးဝယ်ရတဲ့ပြဿနာ၊ ပဲဆီ၊နှမ်းဆီ၊ နေကြာဆီစစ်စစ်ဟု အာမခံတံဆိပ်ကပ် ရောင်းချလို့ ယုံကြည်စားသုံးကြရာမှာ စစ်စစ်ဖြစ်ရုံကသာအဓိကမဟုတ်သေးဘဲ မှိုကဲ့သို့ မပါဝင်ရမည့်ဓာတ်များ မပါအောင် သန့်စင်မှုကအဓိကဖြစ်တဲ့ပြဿနာတွေကို ထိန်းချုပ်နိုင်သွားမယ်လို့ ယူဆရပါတယ်။ တံဆိပ်တပ်မရောင်းတဲ့စားသုံးဆီတွေက ထုတ်ပြန်ချက်မှာ အကျုံးမဝင်ဘူး၊ မထိန်းချုပ်တော့ဘူးလားဆိုရင်တော့ FDA ဌာနက Mobile Lab တွေနဲ့ မုန့်တီ၊ သရက်ချဉ်၊ ပဲပြားတွေလို ထုတ်ပိုးထားတာမဟုတ်တဲ့ အစားအသောက်တွေတောင် နမူနာကောက်ယူစစ်ဆေးပြီး စားသုံးရန်မသင့် တွေ့ရှိပါက သိမ်းဆည်းအရေးယူမှုတွေဆောင်ရွက်ခဲ့သလိုပဲ ဈေးကွက်ထဲမှာ ခွက်ချင်ရောင်းချတဲ့ စားသုံးဆီများကိုလည်း စစ်ဆေးမှုတွေရှိလာမှာဖြစ်တဲ့အတွက် ဘေးကင်းမှုအပိုင်းကိုတော့ ထိန်းသိမ်းကွပ်ကဲမှုရှိနေမှာပါ။ ထိန်းချုပ်အစားအသောက်လို့ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ပိုမိုစနစ်ကျစေဖို့ အသေးစိပ်အစီအမံများကို သက်ဆိုင်ရာဌာနနှင့် ဆက်စပ်ဌာနများက ထုတ်ပြန်သွားမှာပါ။

     ထိန်းချုပ်အစားအသောက်အကြောင်းအချက်များကို တင်ပြပြီးနောက်မှာတော့ အမှတ်တံဆိပ် ပါတာတွေကိုပဲ ထိန်းချုပ်မှာဆိုတော့ အမှတ်တံဆိပ်မပါရင် မထိန်းချုပ်တော့ဘူးလား၊ ဒါဆိုအမှတ်တံဆိပ်မပါဘဲ ရောင်းတော့မှာပေါ့ ဆိုလာသူတွေအတွက် ဆက်လက်ဆွေးနွေးလိုပါတယ်။ စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ယခင်ကတည်းက သောက်ရေသန့် ၊ စားသုံးဆီများနှင့်ပတ်သက်ပြီး စားသုံးသူနစ်နာမှု တိုင်ကြားချက်များကို လက်ခံညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ရပါတယ်။ သောက်ရေသန့်နှင့် စားသုံးဆီမှာ သန့်ရမယ်ဆိုတဲ့ အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း ဆိုတဲ့ စားသုံးသူအခွင့်အရေးများရရှိအောင် ဆောင်ရွက်ခဲ့ ပါတယ်။ စားသုံးသူကာကွယ်ရေးဥပဒေမှာ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက လုပ်ငန်းရှင်ဘက်က ကုန်စည်အပေါ်တာဝန်ရှိမှုဆိုတာ ဥပဒေမှာပြဌာန်းထားလို့ စားသုံးဆီများကို ဘူးသွင်းတံဆိပ်ကပ် မရောင်းချနိုင်ရင်တောင် ဆီစက်၊ ဆီဆိုင်အမည်၊ နေရပ်လိပ်စာဖြင့် ရောင်းချပြီး လက်ကားကနေ ရယူရောင်းချရင်လည်း ဘယ်ကဝယ်ရောင်းတယ်ဆိုတဲ့ ပြေစာအထောက်အထား သိမ်းဆည်း သတ်မှတ်ထား၍ ရောင်းချရန်အသိပေးတိုက်တွန်းခဲ့ပါတယ်။ စားအုန်းဆီတင်သွင်းလာကတည်းက စားသုံးရန်သတ်မှတ်အဆင့်ဖြင့်တင်သွင်းခွင့်ပြုပြီး အရည်အသွေးစစ်ဆေး‌ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးမှ ဖြန့်ဖြူးစေခြင်းဖြစ်ရာ  လုပ်ငန်းရှင်များအနေနဲ့ သယ်ယူသိုလှောင်ဖြန့်ဖြူးရေး ကွင်းဆက်တလျှောက်သန့်စင်မှုရှိစေရေး အလေးထားဆောင်ရွက်သင့်ပါတယ်။

      စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကို ထုတ်လုပ်ရောင်းချခြင်းမပြုရဟု ပြဌာန်းထားပါသည်။ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များ ထုတ်ပြန် ထားရာ သောက်ရေသန့်နှင့် စားသုံးဆီတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းကို မြန်မာဘာသာဖြင့်ဖော်ပြရမှာဖြစ်ပါတယ်။ အမှတ်တံဆိပ်မပါဘဲ ရောင်းချပါက ဈေးကွက်ထိုး ဖောက်နိုင်စွမ်းကျယ်ပြန့်မှုမရှိတော့ဘဲ၊ ကုန်အညွန်းအမှတ်အသား အပြည့်အစုံပါတဲ့ အမှတ်တံဆိပ် ဆိုရင် စားသုံးသူတွေ စိတ်ချယုံကြည်မှုမြင့်မားစေပါတယ်။  အချို့အမှတ်တံဆိပ် များသည် မိမိ ကုန်အမှတ်တံဆိပ်ကို တန်ဖိုးထားပြီး တံဆိပ်တူ ကုန်စည်များ တုပမှုများမှ ရှောင်ရှားပြီး ဥပဒေရဲ့အကာအကွယ်ပေးမှုကို ရရှိနိုင်ရန်အတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေနှင့်အညီ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်က မူပိုင်ခွင့်ဦးစီးဌာနကို လျှောက်ထားဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်း သာမက ပြည်ပဈေးကွက်ကို ထိုးဖောက်လျက်ရှိသည့် ကုန်စည်များအမှတ်တံဆိပ်များဟာ နိုင်ငံစီးပွားဖွံ့ဖြိုးရေးအတွက် တတပ် တအားမို့ အားပေးရမှာဖြစ်ပါတယ်။

       နိုင်ငံတကာမှာ သောက်ရေသန့်နှင့်စားသုံးဆီကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့တာကြာပါပြီ။ တိုက်ရိုက်သောက်သုံးကြတဲ့ ရေနဲ့ နေ့စဉ်သုံးစွဲမှုများပြားတဲ့ စားသုံးဆီ တို့ဟာ သန့်ရှင်းဘေးကင်းမှုမရှိရင် စားသုံးသူတွေအတွက် ထိခိုက်နိုင်ခြေမြင့်မားပါတယ်။ ဒါကြောင့် နိုင်ငံနှင့်လူမျိုးအတွက် ကျန်းမာရေး၊ စီးပွားရေး အထောက်အပံ့ကောင်းများစွာရရှိမယ့် ဒီလုပ်ငန်းစဉ်ကို ကြိုဆိုပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

ရီလင်းထွဋ်(စားသုံးသူရေးရာ)

အရောင်းအဝယ်သွက်လာသည့်ကျောက်ဆည်ဒေသထွက် ငှက်ပျော(ဖီးကြမ်း)စျေးကွက်

         မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့နယ်သည် အညာဒေသ လယ်တွင်းကိုးခရိုင်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး စိုက်ပျိုးရေးကို အခြေခံ၍ စပါး၊ နှမ်း၊ ပဲမျိုးစုံ၊ ငရုတ်၊ သရက်၊ငှက်ပျော စသည့်သီးနှံများအားအဓိကစိုက်ပျိုးလျက်ရှိပါသည်။၄င်းသီးနှံများအနက် ငှက်ပျော သီးနှံစိုက်ပျိုးမှုအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုမှစီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ငှက်ပျောကို မေလ နှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး တစ်ပင်နှင့်တစ်ပင်(၈)ပေခြားကာ စိုက်ပျိုးရပြီး     (၉-၁၀)လ အကြာတွင် ငှက်ပျောဖူးများ စတင်ထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး(၃)လကြာလျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်များရရှိလာပါသည်။

         ကျောက်ဆည်ဒေသ၌ အများအားဖြင့် ဖီးကြမ်းငှက်ပျောမျိုးများကို အဓိကထား စိုက်ပျိုးကြပါသည်။ ငှက်ပျောစတင်စိုက်ပျိုးသည့်အချိန်တွင်ငှက်ပျောအပင်ပေါက်တစ်ပင်လျှင် (၅၀/-)ကျပ် နှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရပြီး ငှက်ပျောတစ်ဧကလျှင် အပင်(၈၀၀)စိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ငှက်ပျောအပင်ပေါက် ဝယ်ယူခ၊ ကျင်းတူးခ၊ စိုက်ခ၊ စက်မောင်းခ ၊ သွင်းအားစု ၊ လုပ်သားခ ၊ စုစုပေါင်း(၉၀၀၀၀ဝိ/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်းနှင့် တစ်ဧက အထွက်နှုန်းအနေဖြင့် ငှက်ပျောအခိုင်(၄၀)ပါ လှည်းအစီး ပျမ်းမျှ(၁၆-၁၇)စီးခန့် ထွက်ရှိကြောင်း ငှက်ပျောစိုက်တောင်သူများထံမှ လေ့လာသိရှိရပါသည်။

         ငှက်ပျော စျေးနှုန်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ငှက်ပျောအခိုင်(၄၀)ပါ လှည်းတစ်စီးကို (၁၄၀,၀၀ဝိ/-မှ၁၅၀,၀၀ဝိ/-)ကျပ်အထိ စျေးနှုန်းရရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ငှက်ပျောလှည်းတစ်စီးလျှင် (၈၀၀၀ဝိ/- မှ ၈၅၀၀ဝိ/-)ကျပ်သာ ရရရှိခဲ့ပြီး၊ ယခုအချိန်တွင်ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုလျော့နည်းလာ သည့်အတွက် ငှက်ပျောစျေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ငှက်ပျောအခိုင်(၄၀)ပါ လှည်း တစ်စီးလျှင်(၁၁၀၀၀ဝိ/- မှ ၁၂၀၀၀ဝိ/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့်(၈၀၀၀၀ဝိ/-)ကျပ်ဝန်းကျင်ခန့် အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

          ကျောက်ဆည်မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် တောင်သူများ၏ ငှက်ပျောခြံအထိ လာရောက်ဝယ်ယူလေ့ရှိကြပြီး၊ အဓိကစျေးကွက်အနေဖြင့် ရန်ကုန်၊မန္တလေး၊ပဲခူးသို့ တင်ပို့ခြင်းနှင့် ကျောက်ဆည်မြို့နယ်၊ ရွှေသိမ်တော်ဘုရားရှိ ကန်တော့ပွဲရောင်းချသည့်ဆိုင်များသို့ ပေးပို့ရောင်းချ လျက်ရှိပါသည်။ ရွှေသိမ်တော်ဘုရားသည် ဆုတောင်းပြည့်စေတီဖြစ်၍ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများစဉ်ဆက် မပြတ်လာရောက်ကြပြီး ကန်တော့ပွဲထိုး၍ ဆုတောင်းအဓိဌာန်များ ပြုလုပ်ကြသဖြင့် ငှက်ပျောသီးဈေးကွက်ခိုင်မာမှုရှိပြီး လက်လီ/လက်ကား ရောင်းဝယ်မှု အနေဖြင့် လည်း ဈေးကွက်အသင့်အတင့်ရှိပြီး၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသော အချိန်တွင် ဘုရားစေတီများ ဖူးမျှော်ခြင်းကို ယာယီပိတ်ထားသောကြောင့် ငှက်ပျောစျေးနှုန်းများ ကျဆင်းလာ၍ တောင်သူများ အတွက် အကျိုးအမြတ်ဖြစ်ထွန်းမှု နည်းပါးခဲ့ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများ တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်ရာ ဘုရားစေတီဖူးမျှော်ခြင်းများအား ပြန်လည် ဖွင့်လှစ်ပေးခဲ့သည့်အတွက် ငှက်ပျောစျေးကွက်များမှာ ယခင်နှင့်မတူဘဲ အရောင်းအဝယ် အားကောင်းလာပြီး တောင်သူများအတွက် အကျိုးအမြတ်ဖြစ်ထွန်းမှု ရှိလာပြီဖြစ်ကြောင်း လေ့လာသိရှိရသည်။

       ငှက်ပျောပင်များသည် စိုက်ပျိုးပြီး(၁)နှစ်နီးပါး အချိန်ကြာကြာစောင့်ရသော်လည်း စိုက်ပျိုးပြီးစီး၍ ရောင်းတန်း ဝင်အပင်များဖြစ်လာပါက ငှက်ပျောခိုင်၊ အရွက်၊ ငှက်ပျောအပင်ပေါက်ကလေးများပါ ရောင်းချရသည့်အတွက် ဖီးကြမ်းငှက်ပျောမျိုးများကို စီးပွားဖြစ် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

          ၂၀.၁၂.၂၀၂၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုံး ခေါင်းဆောင်၍ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက်၊ မြတ်မွန်ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်တွင် ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်(၃)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များဖြစ်သော စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊   တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ တားမြစ်အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀ ထုတ်ပြန်ထားရှိမှု အခြေအနေနှင့် ပြစ်မှုပြစ်ဒဏ်များတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)           

Pages

Subscribe to RSS - HighLight News