Main menu

HighLight News

Powered by Drupal

ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်းတည်မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းသည် (၂၃-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပေါင်းတည်မြို့၊  ရွှေတည်(၁) ကွက်သစ်၊ (၉)လမ်းနေ “Aung” ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းပိုင်ရှင် ဦးမြတ်သူအောင်နှင့်သွားရောက်တွေ့ဆုံ၍ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက “Aung” ကိတ်မုန့်၊ ပေါင်မုန့်ထုတ်လုပ်ရောင်းချနေမှုနှင့်ပတ်သက်၍ ဘေးန္တရာယ်ကင်းရှင်းပြီး သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်  ရောင်းချနိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြပြီးမှသာ ဈေးကွက်အတွင်းရောင်းချစေရေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ  အခန်း(၁၀)၊ ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလည်း ရှင်းလင်းဆွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပ

    ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၀၉း၀၀) နာရီအချိန်တွင် မူလွန်အမှတ် ()ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါအသိပညာပေးဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းဦးက လူငယ်နှင့်ခေါင်းဆောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အား/ကာ သိပ္ပံကျောင်း သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ မျိုးမြင့်က စားသုံးသူကာကွယ်ရေးအသိပညာပေးခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့​ပါသည်။

      အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ (၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့၊ စည်ပင်သာယာဈေးတွင် ဈေးကွက်စောင်ကြည့်စစ်ဆေးခြင်း

    ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ (၂၃-၁-၂၀၂၄) ရက်နေ့ ၊ နံနက်ပိုင်းအချိန်၌ ကျောက်တံခါးမြို့၊ စည်ပင်သာယာဈေးတွင် ရောင်းချနေသော  စားသုံးဆီအမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်တံခါး (စည်ပင်သာယာ)ဈေးအတွင်းရောင်းချနေသော စားသုံးဆီများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသည်ကိုတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စားအုန်းဆီများဖြန့်ဖြူးရာတွင် လုပ်ငန်းများစနစ်တကျရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်း

     နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စားအုန်းဆီများဖြန့်ဖြူးရောင်းချလျက်ရှိရာ လုပ်ငန်းများစနစ်တကျရှိစေရေးအတွက် မြို့နယ်အလိုက် လက်ကားကိုယ်စားလှယ်များနှင့် လက်လီရောင်းချသူများ၏အမည်၊ လုပ်ငန်းတည်နေရာ၊ လိပ်စာ၊ ဖုန်းနံပါတ် စသည့်အချက်အလက်များကိုပြုစုပေးပို့နိုင်ရေးနှင့် စားအုန်းဆီပေပါများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ထုတ်ယူမှုရှိ/မရှိ၊ သတ်မှတ်အလေးချိန်၊ ပမာဏပြည့်မီစွာရရှိမှုရှိ/မရှိ၊ သတ်မှတ်အရည်အသွေးကိုက်ညီမှုရှိ/မရှိတို့ကို စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်/ပင်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ  ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

    အဆိုပါအဖွဲ့သည် နတ်တလင်းမြို့နယ်အတွင်း လက်ကားကိုယ်စားလှယ်များနှင့် လက်လီရောင်းချသူများ၏ နေ့စဉ်ခွဲတမ်းရသော စားအုန်းဆီပေပါများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ထုတ်ယူမှုရှိ/မရှိ၊ သတ်မှတ်အလေးချိန်၊ ပမာဏပြည့်မီစွာရရှိမှုရှိ/မရှိ၊ သတ်မှတ်အရည်အသွေးကိုက်ညီမှုရှိ/မရှိနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချရေး (၁၉-၁-၂၀၂၄) ရက်နေ့တွင် ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

MSMEs လုပ်ငန်းများ၏ ဒေသထုတ်ကုန်များဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆွေးနွေး

    နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် MSMEs လုပ်ငန်းများ၏  ဒေသတွင်းထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည်    (၂၄-၁-၂၀၂၄) ရက်နေ့၊ နံနက်   (၁၁:၀၀) နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ မေတ္တာလမ်း “ယောကျ်ားကြီး”  ငါးငါးပိလုပ်ငန်းရှင် ဦးကျော်လင်းဇော်နှင့် သွားရောက် တွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  ထုတ်ကုန်များအရည်အသွေးပြည့်မီစေရေး၊ ကုန်ညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြရန်၊ လုပ်ငန်းခွင်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊  ဈေးကွက်ရရှိမှုအခြေအနေ၊ လုပ်ငန်းချဲ့ထွင်နိုင်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးတို့ကို အပြန်အလှန်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျောင်းကုန်း (အ.မ.က)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

     နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများအဖွဲ့သည် (၂၅-၁-၂၀၂၄) ရက်နေ့၊  နံနက် (၀၉:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊  အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်သူများအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

       အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)၊ (ဂ)နှင့် (ဆ) တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး  ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိသည့် မုန့်အမျိုးအစားများကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်လိုအပ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အေးစုစံက လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးပြောကြားခဲ့ပြီး နံရံကပ်ပိုစတာများဖြင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၆၅) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

မင်းလှမြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ပဲခူးတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာ၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးက   ကြီးကြပ်၍  ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များနှင့် ဈေးကွက်အတွင်းသို့သွားရောက်ကာ ဆီများရောင်းချနေမှုအခြေအနေများကိုသိရှိရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့စစ်ဆေးရာတွင် သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ သတင်း/နည်းဌာနခွဲတာဝန်ခံ၊ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊ ငွေစာရင်းဌာနခွဲမှ ဝန်ထမ်းတို့သည် (၂၂-၁- ၂၀၂၄) ရက်နေ့တွင် မင်းလှမြို့ဈေးအတွင်း ရောင်းချလျက်ရှိသော ဒေါ်စိုးစိုးကုန်စုံဆိုင်နှင့် အခြားကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားအုံးဆီခွဲတမ်းရရှိမှု၊ ရောင်းချမှုအခြေအနေ၊ သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/မရှိ၊ အလေးချိန်၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိ၊  စားအုံးဆီကို အရောဆီပြုလုပ်၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးတို့ကို သတိပေးပြောကြားခဲ့ပါသည်။ ဆိုင်ပေါ်တွင် တင်ရောင်းထားသော ပါကင်ဘူးတံဆိပ်ပါ စားဆီများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့၊ မြို့မဈေးအပြင်တန်းဘက် စန္ဒာမြိုင်ဆေးဆိုင်ရှိ ဆေးပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိကို မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ စစ်ဆေးရာတွင် စားသုံးသူများအနေဖြင့်  တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စိတ်ကျေနပ်မှုရရှိစေရန်တို့အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်နှင့် ဝန်ဆောင်မှုများဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကိုသိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၎င်းအပြင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်တွင် ကွင်းဆင်းပညာပေးဆွေးနွေး

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုသည် စိုက်ပျိုးရေး၊ စည်ပင်၊ အခွန်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့် (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင်  သိုက်ဝါးချောင်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စု၊ မကျီးကွင်းကျေးရွာအုပ်စုများသို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာ၌ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲသီးနှံများစိုက်ပျိုးမှုတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက်  အထွက်ကောင်းမျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးရန်နှင့် စပါးစိုက်ပျိုးရာတွင် မျိုးစေ့ကြဲပက်စိုက်ပျိုးခြင်းမပြုလုပ်ဘဲ အစေ့ချတိုက်ရိုက်စိုက်ပျိုးနည်းဖြင့်လည်းကောင်း၊ ပျိုးထောင်၍ လက်စိုက် (သို့မဟုတ်) ကောက်စိုက်စက်များဖြင့် စိုက်ပျိုးရန် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်း ပျိုးထောင်စိုက်ပျိုးနေမှုအခြေအနေများနှင့်  စိမ်းစိုမြေဩဇ ာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ စိုက်ကွင်းသို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီးမှူးသည် တောင်ငူမြို့မှ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင်  ခရိုင်ဦးစီးမှူးရုံး၌ တောင်ငူမြို့ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။

      ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများသို့ သက်သောသောနှုန်းထားဖြင့် ဆန်နှင့် စားသုံးဆီများကိုရောင်းချပေးရန် လမ်းညွှန်ထားကြောင်း၊ ယခုလဆန်းမှစ၍ အပတ်စဉ် အင်္ဂါနေ့တိုင်း ရောင်းချပေးလျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ဆန်များကို သင့်လျော်သောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရန် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ပဏာမရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆန်စက်လုပ်ငန်းရှင်များနှင့် သက်သာနှုန်းထားဖြင့် ဆန်များရောင်းချနိုင်ရေးကို ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

      တွေ့ဆုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး၊ ဆန်စပါးဒေသကော်မတီ ၂ (တောင်ငူခရိုင်) ဥက္ကဋ္ဌ၊ ပြည်သူ့မေတ္တာဆန်စက်လုပ်ငန်းရှင် ဦးကျော်စိုးမိုးနှင့် ဆန်စက်လုပ်ငန်းရှင် ၉ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News