Main menu

HighLight News

Powered by Drupal

ဒေးဒရဲမြို့၊ ဗိုလ်တဲ အ.မ.က တွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ဒေးဒရဲမြို့၊ ဗိုလ်တဲ (အ.မ.က) ရှိ ကျောင်းသား / ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စာသုံးသူအခွင့်အရေးနှင့်တာဝန်များ၊  စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊   စားသုံးသူများအနေဖြင့်  ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့် အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ်  စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိပါက အရေးဆိုတိုင်ကြားနိုင်သည့် Consumer Call Center No. (1535) သို့ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၈၀)ဦး၊ စုစုပေါင်း (၈၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ အ.ထ. က (၂) ရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်  ကျိုက်လတ်မြို့၊ အ.ထ.က (၂) ရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျိုုက်လတ်မြို့နယ်တာဝန်ခံက စာသုံးသူကာကွယ်ရေးဥပဒေများအနက် စားသုံးသူအခွင့်အရေးများ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် ကိစ္စများအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိပါက အရေးဆိုတိုင်ကြားနိုင်သည့် Consumer Call Center No. (1535) သို့ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း ပြောကြားခဲ့ကြောင်း၊ အခမ်းအနားသို့ ဆရာ / ဆရာမ(၅)ဦး၊ ကျောင်းသား / ကျောင်းသူ(၉၅)ဦး၊   စုစုပေါင်း(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

 

 

ကျိုက်လတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေဒေါင်းဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်‌ရေး ကွင်းဆင်းစိစစ်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ(၁၇)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်ကျိုက်လတ်မြို့၊  အမှတ်(၂)ရပ်ကွက်ရှိ ရွှေဒေါင်းဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်‌ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဆန်စက်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆန်စပါးအရည်အသွေး ပြည့်မီစေရေး၊ အချင်အတွယ်များပြည့်မီမှန်ကန်မှုရှိ/မရှိ၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများ တည်ငြိမ်မှုရှိ /မရှိ၊ ပုဂ္ဂလိကကဏ္ဍနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်  MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်‌စေရေး၊ စက်ကိရိယာနှင့်ပတ်သက်၍ နည်းစနစ်သစ်များ၊ တပ်ဆင်မှုများခေတ်မီဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှသာ အလုပ်သမားမိသားစုများအတွက် စားဝတ်နေရေးပြေလည်စေနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်နိုင်ခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်ဦးစီးမှူးရုံး၏ Community Center ခန်းမတွင် စားသုံးသူကာကွယ်ပေးရေး Talk Show အစီအစဉ်အောင်မြင်စွာကျင်းပပြီးစီး

  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် Talk Show အစီအစဉ်ကို (၁၇-၁-၂၀၂၄)ရက်နေ့၊  နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါစီအစဉ်၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်နှင့် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းတို့က အဓိကပါဝင်ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများလည်းပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

     အခမ်းအနားတွင်  ကျိုက်လတ်မြို့နယ်၊  စားသုံးသူရေးရာဦးစီးဌာနမှ    မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၉)ပါ ဥပဒေပုဒ်မ(၁၉)နှင့် (၂၀)တွင်ပြဋ္ဌာန်းထားသော စားသုံးသူများအသုံးပြုသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ထုတ်ပြန်ထားသော အခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊   အခန်း(၁၀)၊  ဥပဒေပုဒ်မ( ၂၁ )ပါ   စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်( ၁၁  )ချက်ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အကျယ်တဝင့်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်ထိုမြို့နယ်တာဝန်ခံသည် “လနတ်သား”အမှတ်တံဆိပ် ဂျစ်ပ်ဆမ် သဘာဝကျောက်မှုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ

    စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် (၂၂-၁-၂၀၂၄) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ “လနတ်သား” အမှတ်တံဆိပ် ဂျစ်ပ်ဆမ်သဘာဝကျောက်မှုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် ယခင်ထုတ်လုပ်မှုအခြေအနေ၊ ယခုလက်ရှိထုတ်လုပ်မှုအခြေအနေ၊ ကုန်ကြမ်းဝယ်ယူစုဆောင်းမှုအခြေအနေ၊ ဖြန့်ဖြူးမှုအခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ရာ လုပ်ငန်းရှင်က ယခင်ကာလ၌ တစ်နှစ်လျှင် ဂျစ်ပ်ဆမ်ကျောက်မှုန့်တန်ချိန် (၇၀၀၀) ခန့်ထုတ်လုပ်ခဲ့ရာမှ ယခုအခါ တစ်နှစ်လျှင် ဂျစ်ပ်ဆမ်ကျောက်မှုန့်တန်ချိန် (၁၀၀၀၀) ခန့်ထိတိုးမြှင့်ထုတ်လုပ်နိုင်ကြောင်း၊ ကုန်ကြမ်းများဖြစ်သော ဂေါ်ဒန်ကျောက်များကို ကရင်ပြည်နယ်မှ တစ်တန်လျှင် ကျပ် (၁) သိန်းဖြင့်ဝယ်ယူရရှိကြောင်း၊ ကုန်ချောဈေးနှုန်းမှာ (၂၅) ကီလိုတစ်အိတ်လျှင် စက်ရုံအထိုင်ဈေး (၅၀၀၀) ကျပ်ရှိပြီး ကျိုက်ထိုမြို့နယ်အပြင် ရန်ကုန်မြို့သို့ပါတင်ပို့ရောင်းချကြောင်း ပြန်လည်ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မွန်)

ဆိပ်ဖြူမြို့၊ ရေလယ်ကျွန်းကျေးရွာရှိ ကုလားပဲခွေထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်တင်မာရီတို့သည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံးခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၅-၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ ၊ ရေလယ်ကျွန်းကျေးရွာရှိ ကုလားပဲခွေထုတ်လုပ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ကုလားပဲခွေထုတ်လုပ်ရောင်းချဖြန့်ဖြူးတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာရေးသားဖော်ပြပြီးမှသာ ရောင်းချသွားရန် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်ဆည်းမှုအညွှန်းတို့ကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့်အချက်များနှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိသောကုန်စည်များ ဈေးကွက်အတွင်းရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့ပေါ်ရှိ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်တင်မာရီတို့သည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံးခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၂-၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီရောင်းဝယ်ရေးဆိုင်များသို့ရောက်ရှိပြီး စားသုံးဆီများကြိတ်ခွဲထုတ်လုပ်ရောင်းချဖြန့်ဖြူးလျက်ရှိသော ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက စားသုံးဆီများကြိတ်ခွဲထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးဆီထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဆီများကြိတ်ခွဲထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာကြိတ်ခွဲထုတ်လုပ်ဆောင်ရွက်ရေး အသိပညာပေးပြောကြားခဲ့ပြီးနောက် ပဲဆီ၊ နှမ်းဆီများနှင့် ဆီအမျိုးအစားအလိုက် စားသုံးသူများမြင်သာအောင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာရေးသားဖော်ပြပြီးမှသာရောင်းချသွားရန်နှင့် အချင်အတွယ်မှန်ကန်စေရေးနှင့် စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် နစ်နာမှုမရှိစေရေး အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်ဆည်းမှုအညွှန်းတို့ကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိသောစားသုံးဆီများ ဈေးကွက်အတွင်းရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ Royal King Land စီးကရက်လုပ်ငန်းအား စက်မှုမှတ်ပုံတင်သက်တမ်းတိုးမြှင့်ရန်အတွက် ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည် (၁၇-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဗုဒ္ဓကုန်းရပ်၊ ပခုက္ကူ-ရေစကြိုလမ်း ရှိ Royal King Land Manufacturing & Distribution Co.,Ltd စီးကရက်လုပ်ငန်း အမှတ်(၃)ရှိ စီးကရက်စက်ရုံအား စက်မှုမှတ်ပုံတင် သက်တမ်းတိုးမြှင့်ရန်အတွက် သက်ဆိုင်ရာဌာန(၇)ခုနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      ကွင်းဆင်းစစ်ဆေးသည့်အဖွဲ့များမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန စသည့်ဌာန(၇)ခုဖြင့်စစ်ဆေးခဲ့ကြောင်း၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး ကျန်ဌာနများသည် အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းထားကြောင်း၊ စက်မှုမှတ်ပုံတင်မှာ (၁)နှစ်လျှင် (၁)ကြိမ်သက်တမ်းတိုးရာတွင် လိုအပ်သည့်အချက်အလက်များကိုစစ်ဆေးရန် သက်ဆိုင်ရာဌာနများဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

      စစ်ဆေးတွေ့ရှိချက်အရ စက်ရုံအနေဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ထံမှ (၅)နှစ် (၁)ကြိမ် စာချုပ်ဖြင့် ငှားရမ်းထားကြောင်း၊ Boiler (၁)လုံးအား သက်တမ်းကြာရှည်စွာအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းနိုင်ရေးအတွက် နှစ်စဉ်သက်တမ်းတိုးစစ်ဆေးမှုခံယူခြင်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် စက်ရုံအတွင်းရှိ ထရန်စဖော်မာနှင့် လျှပ်စစ်ပစ္စည်းများကို (၁)နှစ်(၁)ကြိမ်အစစ်ဆေးခံလျက်ရှိကြောင်း၊ စက်ရုံမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ (စက္ကူ/နံကာ၊ ပလတ်စတစ်များ)အား ပြင်ပသို့ စနစ်တကျရောင်းချကြောင်း၊ Boiler  မှာလည်း FO ဆီအသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

    စက်ရုံတာဝန်ခံက စီးကရက်လုပ်ငန်း၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းခဲ့ပြီးနောက် စစ်ဆေးသည့်အဖွဲ့စုံသည် ကုန်ထုတ်လုပ်မှုအပြည့်အဝလည်ပတ်နိုင်ပါက လေဝင်/ လေထွက်ကောင်းစေရန် လေအေးပေးစနစ်များကို အမြဲအသုံးပြုသင့်ကြောင်း၊ စက်လည်ပတ်နေစဉ် ဝန်ထမ်းများ၏ကျန်းမာရေးအတွက် နှာခေါင်းစည်း၊ ခေါင်းစည်းနှင့် Apron များအမြဲဝတ်ဆင်ပြီးမှသာ လည်ပတ်သင့်ကြောင်း၊ ဒေသခံများအနေဖြင့် စက်ရုံစဉ်ဆက်မပြတ်လည်ပတ်နိုင်လျှင် ဝင်ငွေပိုရရှိ၍ အဆင်ပြေနိုင်ကြောင်း အကြံပြုခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကန်သာကျောင်း၌ အသိပညာပေးဆွေးနွေးပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာနသည် ကျောင်းသား/ ကျောင်းသူများ၊ ကျေးလက်နှင့် မြို့ပြနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များသိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များကိုလည်းသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့် ကုန်စည်များ ရွေးချယ်ဝယ်ယူစားသုံးအသုံးပြုနိုင်စေရန် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများသည် (၁၈-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်မှ နေ့လယ်(၁၅:၀၀)နာရီအချိန်ထိ မကွေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကန်သာကျောင်း၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အခြေခံ ကျောင်းသား/ ကျောင်းသူများသိသင့်သော စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများ၏အခွင့်အရေး (၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေါ်ခင်စုစုမွန် (ဒုတိယဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

     အဆိုပါအသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကန်သာကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မြတ်ခိုင်နှင့် ဆရာ/ဆရာမ(၃၆)ဦး၊ ကျောင်းသား/ ကျောင်းသူ (၉၉၄)ဦးတို့တက်ရောက်ခဲ့ကြပြီး ဌာနအနေဖြင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ရန်အောင်ကျောင်း၌ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာနသည် ကျောင်းသား/ ကျောင်းသူများ၊ ကျေးလက်နှင့် မြို့ပြနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုသိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များကိုလည်းသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့် ကုန်စည်များရွေးချယ်ဝယ်ယူစားသုံးအသုံးပြုနိုင်စေရန် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့်ဝန်ထမ်းများသည် (၁၇-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်မှ နေ့လယ်(၁၄:၃၀)နာရီအချိန်ထိ မကွေးမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ရန်အောင်ကျောင်း၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အခြေခံကျောင်းသား/ ကျောင်းသူများသိသင့်သော စားသုံးသူ/ စီးပွားရေးလုပ်ငန်းရှင်/ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများ၏အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ ဒေါ်ခင်စုစုမွန် (ဒုတိယဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  အဆိုပါအသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ရန်အောင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြစိုးနှင့် ဆရာ/ဆရာမ(၁၇)ဦး၊ ကျောင်းသား/ ကျောင်းသူ(၃၄၀)ဦးတို့တက်ရောက်ခဲ့ကြပြီး ၎င်းတို့အား ဌာနကထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - HighLight News