Main menu

HighLight News

Powered by Drupal

မိတ်ဖက်ဌာနများနှင့်ပူပေါင်း၍ မြောက်ဥက္ကလာပမြို့နယ်တွင် ရောင်တခင်ကွင်းဆင်းခြင်း

     (၁၆-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန စသည့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းနှင့် ခေမာသီလမ်းထောင့်ရှိ Kan Thar Yar Shopping Mall သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါ Kan Thar Yar Shopping Mall သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် Shopping Mall ရှိ ရောင်းချနေသောကုန်စည်များအနက် ဦးစားပေးကုန်စည် (၈) မျိုးအား  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရယူထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (စစ်ဆေးရေးမှူး)ကလည်း စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဋ္ဌာန်းထားသည့် အခန်း (၁၈)၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာလက်ခံရောင်းချရမည်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ညောင်ဦးမြို့နယ်ရှိ စားသုံးဆီအရောင်းဆိုင်များမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး (ဦးစီးအရာရှိ) သည် (၈-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ညောင်ဦးမြို့နယ်ရှိ မဏီစည်သူဈေး၊ ဘုန်းဇင်ဈေးနှင့် ပုဂံမြို့သစ်ဈေးအတွင်း/အပြင်ရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍လည်းကောင်း၊ ညနေ (၁၇:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့၊ အောင်မြေသာရပ်ကွက်ရှိ BT Restaurant တွင် ညောင်ဦးခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) နှင့်လည်းကောင်း တွေ့ဆုံ၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုသိရှိလိုက်နာမှုရှိစေရေး၊ နိုင်ငံတော်မှ စားသုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရောင်းချပေးနေသောစားအုန်းဆီများကို သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချစေရေး၊ ရရှိလာသော စားအုန်းဆီခွဲတမ်းများကို တိတိကျကျမှန်မှန်ကန်ကန်ပြန်လည်ရောင်းချစေရေးနှင့် အလေးချိန်၊ အချင်အတွယ်၊ အရည်အသွေးပြည့်မီစွာရောင်းချစေရေးတို့အတွက် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် ဦးသန်းစိုး(ဦးစီးအရာရှိ)က လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းနှင့်သက်ဆိုင်သည့် သက်ဆိုင်ရာဌာနအသီးသီး၏ ဥပဒေပါပြဋ္ဌာန်းချက်များကို တိတိကျကျလိုက်နာဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအနက် စီးပွားရေးလုပ်ငန်းရှင်များ မဖြစ်မနေသိရှိလိုက်နာကြရမည့်အချက်များကို မိမိအနေဖြင့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးမှုများတွင် မကြာခဏပြောကြားနေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် သိရှိမှတ်သားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ အချက်အလက်များ၊ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍လည်း သိရှိလိုသည်များရှိပါက ဆွေးနွေးနိုင်ကြောင်း၊ ရုံးချိန်များအတွင်းမှာလည်း လာရောက်တွေ့ဆုံမေးမြန်းဆွေးနွေးနိုင်ကြောင်း၊ သက်ဆိုင်ရာဌာန၊ အစိုးရအဖွဲ့အစည်းများမှ စားသုံးရန် (သို့မဟုတ်) အသုံးပြုရန်မသင့်ဟု သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည်များကိုရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် မိမိတို့ဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်းကာ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး ဈေးကွက်များနှင့်လုပ်ငန်းခွင်များသို့သွားရောက်၍ ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုများလည်းဆောင်ရွက်လျက်ရှိကြောင်း စားအုန်းဆီများကို ပြန်လည်ရောင်းချရာတွင်လည်း စားသုံးသူများအပေါ် စိတ်စေတနာထား၍ မှန်မှန်ကန်ကန်ရောင်းချရန်လိုအပ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးနှင့်လုပ်ငန်းခွင်များအား ကွင်းဆင်းစစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(ဦးစီးအရာရှိ)၏ ဦးဆောင်မှုဖြင့် (၁၂-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုလိုက်နာမှုရှိစေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်က သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများအား လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုမှုရှိစေရေးတို့အတွက် ညောင်ဦးခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ညောင်ဦးမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်း၊ အာလူးကြော်လုပ်ငန်းနှင့် ပေါင်မုန့်လုပ်ငန်းခွင်များသို့သွားရောက်၍ ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် (၁၂-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်ပိုင်းအချိန်နှင့် (၁၄-၁-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းအချိန်တို့တွင် ညောင်ဦးမြို့ရှိ မဏီစည်သူဈေးနှင့် ဘုန်းဇင်ဈေးအတွင်း/အပြင်ရှိ စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိစေရေး၊ သက်ဆိုင်ရာဌာန၊ အစိုးရအဖွဲ့အစည်းများက ရောင်းချခြင်းမပြုရန်ဟုထုတ်ပြန်ထားသော စားသုံးဆီများရောင်းချမှုမရှိစေရေး၊ နိုင်ငံတော်မှ စားသုံးဆီများပြတ်လပ်မှုမရှိစေရေးနှင့် စားသုံးသူပြည်သူများအား ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရောင်းချပေးသောစားအုန်းဆီများကို သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချစေရေးနှင့် အလေးချိန်၊ အချင်အတွယ်နှင့် အရည်အသွေးများပြည့်မီမှန်ကန်စေရေးတို့အတွက် ကွင်းဆင်းကြီးကြပ်မှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင်အတွင်းရှိ ဆီစက်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်ရေးအတွက် ခရိုင်အတွင်း ထုတ်လုပ်လျက်ရှိသော ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်နေ့တွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ရတနာမာန်အောင်ရပ်ကွက်ရှိ ရွှေပြည်စိုးဆီစက်၊ စက်မှုဇုန်ရှိ ဇင်ယော်ဆီစက်နှင့် မိဘမေတ္တာဆီစက်သို့သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးအချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများကို မှန်ကန်စွာထည့်သွင်း၍ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဆောင်ရွက်မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစား၊ မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး FDA  ၏ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့်  နောက်ပိုင်းကာလများ၌ ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားဆောင်ရွက်သွားကြရန် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

“တွံတေးမြို့နယ်ရှိ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်မှုနှင့် တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်နှင့်စတိုးဆိုင်များသို့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များကို အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် တွံတေးမြို့၊ အုန်းပင်စုရပ်ကွက်၊ မင်းပိုင်ရပ်ကွက်များရှိ ဆေးဆိုင်များ၊ စတိုးဆိုင်ကြီးများသို့ သွားရောက်ခဲ့ကာ ဈေးကွက်အတွင်းရောင်းချနေသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများဖြစ်သော Baby Mild ကုန်အမှတ်တံဆိပ်၊ ပေါင်ဒါ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဝိုင်အိုလတ်ပေါင်ဒါနှင့် Phay Phay အမှတ်တံဆိပ်တစ်ရှူးအစိုတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ဆိုင်ပိုင်များအနေဖြင့် မိမိတို့၏ဆိုင်များတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော၊ သုံးစွဲသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေနိုင်သော ကုန်ပစ္စည်းများကိုသာဝယ်ယူဖြန့်ဖြူးရောင်းချစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော၊ သက်တမ်းကုန်ဆုံးနေသော၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့ကို မိမိတို့၏ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်လိုအပ်ကြောင်း လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်ရှိ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း”

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင် ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်နှင့်စတိုးဆိုင်များသို့သွားရောက်၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကို အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးပြင်ပ/ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးစတိုးဆိုင်နှင့် စတိုးဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ သုံးစွဲသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ တရားဝင်ခွင့်ပြုချက်မပါရှိသော၊ သက်တမ်းကုန်ဆုံးနေသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့အား မိမိတို့၏ဆိုင်များတွင် ရောင်းချခြင်းများမပြုစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းလုံးဝမပြုလုပ်ရန် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကလေးတစ်ကိုယ်ရည်သန့်ရှင်းသုံးပစ္စည်းတို့ကို မိမိတို့၏ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေခြင်းများစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးတို့ကို ဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၊ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်များ၊ ကုန်စုံဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ပည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့ကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုစေရေး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်းဆေးခဲ့ကြပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်နှင့်ကုန်စုံဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ကာ စားသုံးသူပြည်သူများ၏ အဓိကစားသောက်ကုန်ပစ္စည်းများဖြစ်သော စားသုံးဆီအမျိုးမျိုးတို့ကို ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေးတို့အတွက် စံချိန်၊ စံညွှန်းများနှင့်ကိုက်ညီမှုမရှိသော စားသုံးဆီများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသုံးဆီအမျိုးမျိုးတို့ကို ရောင်းချခြင်းမပြုစေရေး စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အကြံပြုဆွေးနွေးခဲ့ပြီးနောက် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများကို မိမိတို့၏ဈေးဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်ဟုသိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီလက်လီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၁၅-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီရောင်းချနေသော ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်မှူးအပါအဝင် (၃)ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးသုခလှိုင်ဦးစီး (၃)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီး (၃)ဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ AE အပါအဝင် (၂) ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး၊ ဦးသန်းထိုက်စိုးနှင့် အင်းစိန်မြို့နယ်၊ စားအုန်းဆီကိုယ်စားလှယ် ဦးအောင်ဝင်းတို့ပါဝင်သော အဖွဲ့စုံဖြင့် စားအုန်းဆီလက်လီဆိုင် (၆)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ရာ လူတစ်ဦးလျှင် ဆီလက်ကားဈေး (၅၀)ကျပ်သားနှုန်းကို (၂%) အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ရောင်းချနေပြီး ဆီချင်တွယ်မှုမှာလည်းပြည့်ဝကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်မှ ဒု-ကြီးကြပ်ရေးမှူးနှင့် ဒေါ်ဖြူဖြူမြင့်တို့ (၂)ဦးသည် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၁၅-၁-၂၀၂၄) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အောင်မင်္ဂလာ(တပ်) အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူ (၂၀၄)ဦး၊ ဆရာမ (၇)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

    ရှေးဦးစွာ မှော်ဘီမြို့နယ်၊ အောင်မင်္ဂလာ(တပ်) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များအနက် စားသုံးသူ၏အဓိပ္ပါယ်၊ အခွင့်အရေးနှင့်တာဝန်များ၊ ဦးစီးဌာန၏ဆောင်ပုဒ်မှာ “စားသုံးသူအခွင့်အရေး ဦးစားပေး” ဆိုသည့်အတိုင်း အခွင့်အရေးနှင့်တာဝန်များကိုသိရှိနားလည်မှသာ အခွင့်အရေးများကိုရယူနိုင်မှာဖြစ်ကြောင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက ဌာနသို့တိုင်ကြားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်း၊ အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးတတ်ရန်လိုအပ်ကြောင်းနှင့် စားသုံးသူ၏တာဝန်များကိုလည်း သိရှိနားလည်အောင် ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)        

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးနိုင်မှုအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးဆီများတွင်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိ၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း (City Mart)၊ လှိုင်မြို့နယ်၊ လှိုင်ရတနာဈေး၊ ဗဟန်းမြို့နယ်၊ ဗဟန်းဈေး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးတို့တွင်ရောင်းချလျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန်များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ၎င်းနောက် စားသုံးဆီများအား ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်နှင့် စားသုံးဆီများနှင့်စပ်လျဉ်း၍ ရောင်းချသောစီးပွားရေးလုပ်ငန်းရှင်များအား  ထောက်ခံချက်မရှိသော ကုန်ပစ္စည်းများကို ရောင်းချမှုမရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံသော စားသောက်ကုန်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကိုသိရှိနားလည်စေရန် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News