ပလတ်စတစ်သုံးစွဲမှုလျော့ချရေး ပူးပေါင်းဆောင်ရွက်ရင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၈-၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ မြို့မဈေး၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး သတ်မှတ်ထားရှိပြီး ပလတ်စတစ်အိတ်အစား အင်ဖတ်၊ ငှက်ပျောဖတ်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဈေးကော်မတီတို့နှင့်အတူပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ကုန်မျိုးစုံရောင်းချနေသော ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း မရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးရန်မသင့်ဟု တားမြစ်ထားသော ဂူးရှဲမရမ်းပေါင်း အမှတ်တံဆိပ်အား ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိတို့ကို ပူးပေါင်းအဖွဲ့နှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)