Main menu

HighLight News

Powered by Drupal

ကျောက်တံခါးမြို့နယ်တွင် ဆန်စက်ပိုင်ရှင်များနှင့် ဆန်လုပ်ငန်းရှင်များပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးခြင်း

       ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ စာသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၃) ရက်နေ့တွင် ကျောက်တံခါး မြို့နယ် ဆန်လုပ်ငန်းရှင်နှင့် ဆန်ကုန်သည်များအသင်းတို့နှင့်ပူးပေါင်း၍ ဆန်ရောင်းချမှုပြုလုပ်ခဲ့ကြပါသည်။

      ထိုသို့ ဒိုက်ဦးမြို့နယ်အတွင်း ဆန်ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်ဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း၊        ဆန်စက်တစ်စက်စီ အလှည့်ကျရောင်းချပေးလျက်ရှိ ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့ပေါ်တွင် အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ  ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူဝန်ထမ်းများသည် (၁၄-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် ညောင်လေးပင်မြို့ပေါ်ရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားသောက်ကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များသို့သွားရောက်၍ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ်  နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရန်နှင့် စားသုံးသူအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိစေရေး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၁၅-၈-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်အတွင်းရှိ အသင့်စားမုန့်အမျိုးမျိုးရောင်းချနေသော မုန့်မျိုးစုံဆိုင်များသို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်၏ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများရေးသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားရေးသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ကုန်စည်များအား ရောင်းချ ခြင်းမပြုကြရန် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့ ထန်းကုန်း အ-လ-က(ခွဲ)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများသိရှိစေရန် အသိပညာပေးဟောပြောပွဲများကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၆ရက်နေ့၊ နံနက်ပိုင်းတွင် ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

  ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန်အရေးကြီပုံများ၊ စားသုံးသူနစ်နားဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို အသိပညာပေးဟောပြောခဲ့ပါသည်။

       ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကျောင်းသား/ ကျောင်းသူများအား စာဖတ်ချိန်မြှင့်တင်ရေးအကြောင်း သိကောင်းစရာများကို ပညာပေးဟော​ပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူ ၉၈ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   (၁၄-၈-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၄၅)နာရီအချိန်တွင် ဖြူးမြို့မဈေးအတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

        ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချကြရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ်တွင် စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

       လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မိုးအောင်သည် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရန် သိကောင်းစရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များကိုအသိပညာပေးပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်ဆွေးနွေးခဲ့ပါသည်။

        စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် စာပေဝါသနာရှင်(၉)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီးမှူး စားသုံးဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၄ရက်နေ့၊ နံနက်ပိုင်းတွင် ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တောင်ငူခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်သိန်းနှင့် ဆီလုပ်ငန်းရှင်များအားတွေ့ဆုံပြီး စားသုံးဆီများရောင်းချဖြန့်ဖြူးမှုအခြေအနေများကိုဆွေးနွေးခဲ့ကြပါသည်။

       ခရိုင်ဦးစီးမှူးက ကုမ္ပဏီများမှ ရည်ညွှန်းဈေးဖြင့် ခွဲဝေရရှိသည့် စားသုံးဆီများအား အခြေခံလူတန်းစားများအားလုံးရရှိနိုင်ရေး စနစ်တကျဆောင်ရွက်ရန်၊ အလေးချိန်၊ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရန်၊ တရားမဝင်ဝင်ရောက်လာသော စားသုံးဆီများနှင့် ကုန်အညွှန်းအမှတ်အသားမပါရှိသော အမှတ်တံဆိပ်ပါ စားသုံးဆီများရောင်းချခြင်းမပြုရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

         ထို့နောက် တက်ရောက်လာသည့် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၅)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အ.မ.က တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ်သစ်တောဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၈ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရန် သိကောင်းစရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်၍ တိုင်ကြားလာပါက ဖြေရှင်းဆောင်ရွက်ပေးခြင်းများကိုဟောပြောခဲ့ပါသည်။

      ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သော်ဇင်အောင်နှင့် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထက်လင်းတို့ကလည်း သက်ဆိုင်ရာဌာနများအလိုက် ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများကိုဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၈၄ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဝေါမြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် တာဝန်ကျ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၆-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဝေါမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားဖြင့် ‌ရေးသားဖော်ပြ၍ရောင်းချကြရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတတ်ရေး ချိတ်ဆက်ပေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေးလုပ်ငန်းရှင်များအသင်းကဦးဆောင်၍ ပဲခူးမြို့တွင် ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းကြီးမြင့်မှုမရှိစေရေးရည်ရွယ်၍ ပြည်သူများသုံးစွဲလျက်ရှိသည့်ဆေးဝါးများကို ဆေးဝါးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ရောင်းချပွဲအား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ သီရိဉဿာစျေးကြီးအပေါ်ထပ်တွင်  ၂၉-၇-၂၀၂၄ ရက်နေ့မှ ၃-၈-၂၀၂၄ ရက်နေ့အထိဖွင့်လှစ်၍ စားသုံးသူပြည်သူများကို ဆေးဝါးကုမ္ပဏီများမှဆေးဝါးများအား သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ပဲခူးမြို့ရှိ ဆေးဝါးအရောင်းဆိုင်လုပ်ငန်းရှင်များအား ဆေးဝါးကုမ္ပဏီကြီးများနှင့် တိုက်ရိုက်ဝယ်ယူရရှိရေး ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ပေးနိုင်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)  

Pages

Subscribe to RSS - HighLight News