Main menu

HighLight News

Powered by Drupal

ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့်  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦး၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍ ကန့်ဘလူမြို့၊ “မြို့မဈေး”ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့စစ်ဆေးရာ ဈေးကွက်အတွင်းရောင်းချနေသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်အတိုင်း ဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုသိရှိနားလည်းထားရန်လိုကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၌ အမှတ်တံဆိပ်ဖြင့်ရောင်းချသည့် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၉-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း(၂)ဦးတို့သည် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များ၌ စားသုံးဆီများအား အမှတ်တံဆိပ်ဖြင့်ရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် စားသုံးဆီများကိုသာစစ်ဆေးတွေ့ရှိရသဖြင့် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား ဒု-ခရိုင်ဦးစီးမှူးက ဌာန၏ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့်အသေးစိတ်အချက်များ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center အကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ အသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျောင်းများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများ စသည့်နေရာဒေသများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း (၂/၂၀၂၃)ရှိ  သင်တန်းသူ/သား (၂၈)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ  အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊  မတ်လ(၁၅)ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပြီး အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁)၊ ပုဒ်မ-၂ ပါ အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်များ၊ အခန်း(၂)၊ အခန်း(၃)၊ အခန်း(၇)၊ အခန်း(၅)၊ အခန်း(၉) ပုဒ်မ (၁၉) နှင့် ပုဒ်မ(၂၀)တွင်ပြဋ္ဌာန်းထားသည့် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူ၏တာဝန်များ၊ အခန်း(၁၁)၊ အခန်း(၁၃)၊ အခန်း(၁၂)၊ အခန်း(၁၄)၊ အခန်း(၁၇) ၊ အခန်း (၁၈)ပုဒ်မ (၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့်အချက်(၈) ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန်ကို ပုဒ်မ(၆၈)၌ ပြဋ္ဌာန်းထားပြီး ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၂၀၀ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကိုကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကိုထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ အခန်း(၁၉) ပုဒ်မ-၄၄အရ သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားသူများသည် စားသုံးသူအခွင့်ရေးနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Facebook page မှဖြစ်စေ၊  Website၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားရန် လိပ်စာများပါသည့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်းများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှူဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော အသင့်သောက်အချိုရည်များကို ဝယ်ယူသောက်သုံးနိုင်ရန်အတွက် (၁၈-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့အတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော အသင့်သောက်အချိုရည်များအား စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရပါမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အသင့်သောက်အချိုရည်များရောင်းချသည်ကိုစစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြား၍ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့နယ်၊ ချင်တောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်ဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက် ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် (၁၅-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ချင်တောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ ဆရာမ(၂၈)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၅၂)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဦးဇော်နေလင်းက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၉)ပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူအခွင့်အရေး ဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ အသိပညာပေးရခြင်းဖြစ်ကြောင်း၊ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခွင့်မှာ အရေးကြီးကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် သတင်းအချက်အလက်မှန်ကန်ပြည့်စုံစွာရရှိရန်လိုအပ်ကြောင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိကြောင်း၊ စားသုံးသူများအတွက် ကုန်စည်သုံးစွဲရာတွင်ဖြစ်စေ၊ ဝန်ဆောင်မှုရယူရာတွင်ဖြစ်စေ၊ ဘေးအန္တရာယ်ကင်းရှင်းမှုမှာ အလွန်အရေးကြီးသောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များအား စိစစ်ရွေးချယ်ဝယ်ယူစေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခဲ့ကာ ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာမပါလျှင် ဝယ်ယူစားသောက်ရောင်းချခြင်းမပြုစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် ဝယ်ယူသုံးစွဲစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များနှင့် CICC ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများအနေဖြင့်  DOCA Website၊  Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application တို့တွင် ဝင်ရောက်တိုင်ကြားနိုင်ကြောင်း၊နှင့်  Consumer Call Center No. (1535)သို့လည်းတိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည်သုံးစွဲကြ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို သိရှိလိုက်နာဆောင်ရွက်တတ်လာစေရန်၊ စားသုံးသူများအနေဖြင့် ကုန်စည်များကိုဝယ်ယူအသုံးပြုရာ၌ စိတ်ချယုံကြည်မှုရရှိလာစေရန်တို့အတွက် (၁၅-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသော မြေပဲဆားလှော်၊ ပဲပွကြော်၊ ကြက် အရေခွံကြော်၊ မုန့်ကျိုးလိမ်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ဖွင့်လှစ်ထားရှိမှုများအကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

      ၎င်းနောက် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက မိမိတို့ဌာနသည် စီးပွားရေးလုပ်ငန်းရှင်များကိုသာ အသိပညာပေးခြင်းမဟုတ်ဘဲ စာသင်ကျောင်းများ၊ ကျေးရွာနေပြည်သူ လူထုများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့  စသည့တို့အား ကုန်အညွှန်အမှတ်အသားနှင့် လုံခြုံစိတ်ချရမှုရှိနိုင်မည့်စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူတတ်စေရန် အကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်း၊ ထုတ်လုပ်သူများအနေဖြင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်မှာ အရေးကြီးသောကြောင့် လိုက်နာဆောင်ရွက်စေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့ပေါ် စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းများသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၈-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ ၊ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီရောင်းဝယ်ရေးဆိုင်(၃)ဆိုင်သို့သွားရောက်ပြီး စားသုံးဆီများကြိတ်ခွဲထုတ်လုပ်ရောင်းချဖြန့်ဖြူးလျက်ရှိသော ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။   

   ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက စားသုံးဆီများကြိတ်ခွဲထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၅) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီဆံများကြိတ်ခွဲထုတ်လုပ်ရာတွင် ထုတ်လုပ်မှုအဆင့်ဆင့်တိုင်း၌ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဆောင်ရွက်ရေး အသိပညာပေးပြောကြားခဲ့ပြီး ပဲဆီ၊ နှမ်းဆီများ ပဲရော/ နှမ်းရောဆီများရောင်းချပါက ဆီအမျိုးအစားအလိုက် ရောစပ်မှုများကို စားသုံးသူများမြင်သာအောင် Label တပ်၍ ရေးသားဖော်ပြ၍ရောင်းချသွားရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောစားသုံးဆီများ ဈေးကွက်အတွင်းရောင်းချသည်ကိုစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၂၉) လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ သရက်ပင်လှ၊ (အ-မ-က) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေကြည်မြို့နယ်၊ သရက်ပင်လှ အ-မ-က ရှိ ဆရာ/မ (၈)ဦးနှင့် ကျောင်းသား/သူ (၁၈၇) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူများ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းကိုသိရှိနိုင်ရန်အလို့ငှာ စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များကိုရှင်းလင်းခဲ့ကြောင်း၊ ၎င်းနောက်  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်စွာအသုံးပြုခွင့်ရရှိရေး၊ စားသုံးသူ၏နစ်နာဆုံးရှုံးမှုများကို တိုင်ကြားသည့်နေရာများနှင့် စားသုံးသူရေးရာကော်မတီဖွဲ့စည်းထားရှိမှု စသည်တို့အပြင် ဘေးအန္တရာယ်ရှိသောကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခြင်း (သို့မဟုတ်) ရောင်းချဖြန့်ဖြူးခြင်းကိုတားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသောဝန်ဆောင်မှုကိုတားမြစ်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေ အခန်း (၁၆)၊ ပြဋ္ဌာန်းချက်များကိုလည်း ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ (၃/၂၀၂၃) ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်‌ရေးသင်တန်းပို့ချ

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် (၁၈-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ (၂/၂၀၂၃) ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်‌ရေးသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းက (၁၈-၁၂-၂၀၂၃) ရက်နေ့နှင့် (၁၉-၁၂-၂၀၂၃) ရက်နေ့ (၂) ရက်သင်ကြားမည်ဖြစ်ပြီး ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရန်ရည်ရွယ်ကြောင်း အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ပါသည်။

      (၁၈-၁၂-၂၀၂၃) ရက်နေ့တွင် စီမံရေးရာဌာနခွဲတာဝန်ခံ ဒေါ်မိုးမိုးခိုင်၊ ဦးစီးအရာရှိက ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ အမှုထမ်းများအား ခွင့်ယူခြင်းနှင့်ပတ်သက်သည့် ဝန်ထမ်များသိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံ၊ ဒေါ်စောမို့မို့၊ ဦးစီးအရာရှိက ဘဏ္ဍာရေးစည်းမျဉ်းစည်ကမ်းများနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲတာဝန်ခံ ဦးစံကြည် (လက်ထောက်ညွှန်ကြားရေးမှူး)က ပြည်တွင်းကုန်သွယ်မှုကဏ္ဍနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း အသီးသီးသင်တန်းပို့ချပေးခဲ့ပါသည်။

    (၁၉-၁၂-၂၀၂၃) ရက်နေ့တွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ဦးမင်းမင်းဦး၊ ဦးစီးအရာရှိက ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ အမှုထမ်းများအား သတင်းရေးသားရာတွင် (ဘ) (၆) လုံးအခြေခံကိုရေးသားပြီး သတင်းရေးသားနည်းနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ နံနက် (၁၀:၀၅) နာရီအချိန်တွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ (ကိုယ်စား)  ဒေါ်စုသင်းအောင် (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ (ကိုယ်စား) ဒေါ်မိုးမိုးခိုင် (ဦးစီးမှူး) က စားသုံးသူများအသုံးပြုသည့် ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိနှင့် အခြားသက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရယူထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား အသီးသီးသင်တန်းပို့ချခဲ့ပြီး သင်တန်းသူ/ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များအသီးသီးပေးအပ်ခဲ့ပြီး သင်တန်းအခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် မြန်မာ့နိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဝင်းမြင့်သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်ဝင်းအောင်၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာအောင်ကျော်ကျော်၊ မြို့နယ်အထွေထွေချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးထွန်းလင်းအောင်၊ အငယ်တန်းစာရေး ဦးကျော်မျိုးသက်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒု-လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ချမ်းမြေ့စိုးဝင်း၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြန်မာ့နိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်အောင်နိုင်၊ ရဲတပ်ကြပ်ဇေယျာမောင်တို့နှင့်အတူ မြို့ပေါ်ရှိဆေးဆိုင်များသို့စစ်ဆေးရန် သွားရောက်ခဲ့ပါသည်။

    ထိုသို့သွားရောက်ခဲ့ရာ၌ ပုသိမ်မြို့ပေါ်ရှိ မြတ်မေတ္တာဆေးဆိုင်၊ ချိုချိုမွှေးဆေးဆိုင်၊ စေတမာန်ဆေးဆိုင်၊ နဝရတ်ဆေးဆိုင်၊ ကိုမြင့်လွင်ဆေးဆိုင်နှင့် အေးရိပ်ထင်ဆေးဆိုင်များတွင်ရောင်းချလျက်ရှိသော ဆေးဝါးများတွင် မြန်မာ့နိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများနှင့် စပ်ဆေးများရောင်းချခြင်းရှိ/မရှိကို ကော်မတီအဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News