Main menu

HighLight News

Powered by Drupal

ကန့်ဘလူခရိုင်၏ (၁၂/၂၀၂၃) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆောင်ရွက်မှုအခြေအနေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအား လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း (၃) ကြိမ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ကွင်းဆင်းဆောင်ရွက်မှုများအနေဖြင့် (၈-၁၂-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ “ရတနာ” ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း၊ (၁၁-၁၂-၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “သိန္ဒိအောင်” ဆီစက်လုပ်ငန်းရှင်နှင့် (၁၅-၁၂-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊အမှတ်(၃)ရပ်ကွက်ရှိ “ထိန်သဇင်”မုန့်မျိုးစုံလုပ်ငန်းရှင်တို့အား တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာရန်လိုအပ်ကြောင်း၊ ထို့နောက် “ထိန်သဇင်”မုန့်မျိုးစုံလုပ်ငန်းရှင်က ကုန်အညွှန်းအမှတ်အသားများတင်ပြလျှောက်ထားလာရာ စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီမှုရှိကြောင်း အတည်ပြု‌ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ (၁၂/၂၀၂၃) လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်နှင့် ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ် စသည်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း စုစုပေါင်း(၄)ကြိမ်နှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ပြီး  စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူးရေးသိပ္ပံကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်လူမှုဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့နှင့်ပူးပေါင်းပြုလုပ်သော လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲကို (၂၂-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

 ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက တက်ရောက်လာသော ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား မိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များကိုသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) ၏ www. doca. mm. Website တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk show ပြုလုပ်ခဲ့မှုသတင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ (၁၂)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌  စားသုံးသူကာကွယ်ရေးအသိပညာပေး Talk show ပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ဘိုကလေးမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့်ပက်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများရွေးချယ်ဝယ်ယူခွင့်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာတိုင်း/ခရိုင်/မြို့နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www. doca. gov. mm သို့ဝင်ရောက်၍တိုင်ကြားနိုင်ကြောင်း  အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်၊ တမံ အ.ထ.က(ခွဲ)ရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ တမံ အ.ထ.က(ခွဲ) ရှိ ကျောင်းသား / သူ(၁၅၆)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တားမြစ်ဆိုးဆေးများ၊ တာရှည်ခံ ဆိုးဆေးများဖြင့်ပြုလုပ်ထားသော အစားအစာများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှတားမြစ်ထားသော ကုန်စည်များ၊ စားသောက်ကုန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် အစားအသောက်များကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော စားသောက်ကုန်များကိုဝယ်ယူသုံးစွဲကြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်စည်များကိုဝယ်ယူအသုံးပြုကြရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးမှူးရုံးတွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်  ၂၀၂၃ခုနှစ်၊  ဒီဇင်ဘာလ( ၁၉ )ရက်နေ့ ၊ နံနက်(  ၁၀:၃၀  )နာရီ အချိန်တွင် ဒေးဒရဲမြို့နယ်၊  စားသုံးသူရေးရာဦးစီးမှူးရုံး၌  ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်( ၈ )ဦးအား   စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏တာဝန်များ၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထားသောကုန်စည်များကိုရောင်းချခြင်းမပြရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိပါက အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။   

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “စားသုံးသူအခွင့်အရေး” အကြောင်းသိကောင်းစရာ အသိပညာပေး Talk show ပြုလုပ်ခဲ့သည့်သတင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ “စားသုံးသူအခွင့်အရေး” အကြောင်းသိကောင်းစရာ Talk show ပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲသည့်အခါ ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်များအကြောင်း၊ တရားမဝင်ဆေးဝါးများနှင့်ကုန်ပစ္စည်းများအကြောင်း၊ ကုန်ပစ္စည်းများကိုရွေးချယ်ဝယ်ယူစားသုံးရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ အခြားသာသာတစ်ခုထက်ပို၍ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်ပစ္စည်းများကိုရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးများဖြစ်ပေါ်လာပါက သက်ဆိုင်ရာမြို့နယ် ခရိုင်များရှိ စားသုံးသူရေးရာဦးစီးဌာနများနှင့် တိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်း၊ Call Center No. (1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOcA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင်ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်တွင်ကျင်းပပြုလုပ်သော စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတို့က ဆောင်ရွက်လျက်ရှိသည့် စာရင်းဇယားအချက်အလက်များနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာရင်းဇယားများကွာဟမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်၊၊

       အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဦးစီးမှူးနှင့်အတူ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့တက်ရောက်ခဲ့ကြပြီး အဆိုပါတာဝန်ခံများကလည်း လုပ်ငန်းပိုင်းဆိုင်ရာစာရင်းဇယားများညှိနှိုင်း၍ ရုံးချုပ်၏ညွှန်ကြားလာမှုများအပေါ် ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၌ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၁၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၁၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၁ရက်နေ့၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သော တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စည်ပင်သာယာရေးအဖွဲ့ သက်ဆိုင်ရာအဖွဲ့ဝင်များနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါသည်၊၊

      လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ရန်လျှောက်ထားသည့် ကွင်းဆင်းစစ်ဆေးပြီးသော လုပ်ငန်း ၃ခုဖြစ်သော ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ရှိ ဦးခင်ဇော်နိုင်၏ အကြီးစားအစားအစာထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟင်္သာတမြို့၊ အေးမြသာယာရပ်ကွက်နေ ဦးကျော်ကျော်နိုင်၏ အလတ်အစားရော်ဘာနှင့် ပလတ်စတစ်ပစ္စည်းများထုတ်လုပ်မှုလုပ်ငန်း၊ မအူပင်မြို့၊ မလက်တိုကျေးရွာနေ ဦးမင်းနိုင်ဦး၏ အငယ်စားစက်နှင့်စက်ပစ္စည်းကိရိယာမှအပ သတ္တုသန့်စင်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတို့အား ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေပုဒ်မ (၂)၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မ (၄)၊ ပုဒ်မခွဲ(က) တို့နှင့်အညီ စက်မှုလုပ်ငန်းမှတ်ပုံတင်ရန် လျှောက်ထားလာသော ဥပဒေပုဒ်မ (၁၁)၊ ပုဒ်မခွဲ( ဂ) အရ လိုအပ်သော အချက်အလက်များနှင့်ကိုက်ညီမှုရှိသဖြင့် တိုင်းဦးစီးမှူး၏ ထောက်ခံတင်ပြလာသည့်အပေါ်  အဖွဲ့ဝင်ဌာနဆိုင်ရာများက စိစစ်ခဲ့ပြီး ထောက်ခံကြောင်း သဘောထားမှတ်ချက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)  

အင်္ဂပူမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ မြို့မရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၂၀၀ဦး အား (၁၉-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည်များပေါ်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ဟောပြောပွဲအပြီးတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသောမုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News