Main menu

HighLight News

Powered by Drupal

ဈေး၊ ဈေးတန်းများရှိ ကုန်မျိုးစုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူတို့သည် (၁၀-၁-၂၀၂၄)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ မြို့မဈေး၊ ရပ်ကွက်ဈေးများတွင် ရောင်းချနေသော ကုန်မျိုးစုံအား မိတ်ဖက်ဌာနများဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ တိမွေးကု၊ ငါးမွေးမြူရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   အဆိုပါစစ်ဆေးမှူတွင် စည်ပင်သာယာရေးအဖွဲ့က အသားအမျိုးမျိုးရောင်းချသူများအား သတ်မှတ်လိုင်စင်များစစ်ဆေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက်ရောင်းချသူများအား တာရှည်ခံဓာတုဆေးဝါးများကိုမသုံးစွဲဘဲ သဘာဝအတိုင်းရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးခဲ့ပြီးနောက် စစ်ဆေးခြင်းကိုလည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ အေးခဲအသားများရောင်းချခြင်းရှိ/မရှိကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြပါသည်။

  ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး(အငယ်တန်းစာရေး)က ဈေးအတွင်းရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ခြင်းမရှိသော ကုန်စည်များရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီးနောက် ဆက်လက်၍ ရောင်းချသူကုန်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ  စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်အဓိပ္ပါယ်၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုရှိလာပါက ဖြစ်ပေါ်လာသည့်ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ရသည့် ကိစ္စရပ်များကို ရှင်းလင်းခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များကိုလည်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များကိုရှင်းလင်းခဲ့ပြီးနောက် ကုန်စည်အမျိုးမျိုးကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များကိုသာ ဓနုဖြူမြို့မဈေးနှင့် ရပ်ကွက်ဈေးများတွင် ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူဝန်ထမ်းများသည် (၁၀-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ပန်းတနော်ဆန်စပါးဈေးကွက်နှင့် ဒေသတွင်းစပါးစိုက်ပျိုးထွက်ရှိမှုအပေါ် ဝယ်ယူကြိတ်ခွဲမှုနှင့် တင်ပို့ရောင်းချမှုအခြေအနေများကိုမေးမြန်းခဲ့ပြီး ဆန်စက်အတွင်း စပါးကြိတ်ခွဲလည်ပတ်မှုနှင့် ဆန်သိုလှောင်ထားရှိမှုအခြေအနေများ၊ ကောင်းမွန်သော ထုတ်ကုန်ဖြစ်စေရန်အတွက် ဆန်စက်တွင်အသုံးပြုလျက်ရှိသည့် Gasifier အသုံးပြုသော ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များကို အသုံးပြုစေရေး စစ်ဆေး၍ အသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

အခြေခံပညာကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင့်နှင့်ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၀-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဋ္ဌာန်းချက်ပါ စားသုံးသူအခွင့်အရေး(၈)ချက်၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ ကိုလည်းကောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား အလေးထားသတိပြုသင့်ကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို  အသိပညာပေးဟောပြောခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူအန္တရာယ်ဖြစ်စေနိုင်သော ကြာရှည်အထားခံသည့် ဆေးဝါးအသုံးပြုမှုအန္တရာယ်၊ ဓာတုဆိုးဆေးအန္တရာယ်၊ ဆေးသကြားအသုံးပြုမှုအန္တရာယ်အကြောင်းတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ၎င်းအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/သူ (၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကျောင်းမုန့်ဈေးတန်းရှိ မုန့်မျိုးစုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင့်နှင့်ဝန်ထမ်းများသည် (၁၀-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂း၄၀) နာရီအချိန်တွင် ကဇန်းလမိုင်း (အ-ထ-က)ခွဲကျောင်းမုန့်ဈေးတန်းရှိ မုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးမှုတွင် မုန့်ဈေးတန်းရှိ မုန့်ဆိုင်(၇)ဆိုင်မှ ရောင်းချနေသောမုန့်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီပါဝင်ဖော်ပြသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ ခွင့်မပြုသည့် ဆိုးဆေးပါဝင်သောမုန့်များ၊ FDA က တားမြစ်ထုတ်ပြန်ထားသော မုန့်များရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီးနောက် ရောင်းချသူလုပ်ငန်းရှင်မျာအား ကျန်းမာရေးနှင့်အညီရောင်းချရန် အသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှရှိစေရေး ရွှေဝါနဒီဆန်စက်အား ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ ရွှေဝါနဒီဆန်စက်သို့သွားရောက်၍ (၁၁-၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုပြုလုပ်ခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်သည်  ဆန်စက်ပိုင်ရှင် ဦးလူမော်မြင့်မောင်နှင့်တွေ့ဆုံ၍ ရွှေဝါနဒီဆန်ကြိတ်ခွဲသန့်စင်စက်လုပ်ငန်းအကြောင်းကို မေးမြန်းခဲ့ရာ လုပ်ငန်းရှင်က ဆန်စက်အကျယ်အဝန်း (၁၆.၂၆)ဧကရှိပြီး ၂၀၁၉ခုနှစ်မှစတင်ခဲ့ကြောင်း၊ ဝန်ထမ်းအင်အား (၁၁၇)ဦးရှိပြီး လုပ်သားအင်အား(၄၀၀)ခန့်ရှိကြောင်း၊ စပါးသန့်စင်စက်၊ အခြောက်ခံစက်၊ စပါးသိုလှောင်ရုံ၊ ဆန်သိုလှောင်ရုံများ၊ ဆန်စပါးခွံချွတ်စက်၊ ဆန်အချောထုတ်စက်၊ ဆန်ကွဲသန့်စင်စက်များ၊ ကုန်ကြမ်း၊ ကုန်ချောသိုလှောင်ရုံများမှာ စနစ်တကျလည်ပတ်နေပြီး ကောင်မွန်သောဆန်အရည်အသွေးဖြင့် ဖြန့်ချိနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကိုလည်း ပူးပေါင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်းကိုရှင်လင်းခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ မုန်ကူကနစိုးချောင်းကျေးရွာ၊ အ-လ-က(ခွဲ)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉-၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ မုန်ကူကနစိုးချောင်းကျေးရွာ၊ အ-လ-က (ခွဲ) တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံက မိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့ကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့စားသောက် နေသောအစားအသောက်များတွင် ဓာတုဆိုးဆေးများအလွန်အကြူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များကို မိမိတို့၏အသိဉာဏ်ဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၇၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကူးတို့ဈေးရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၂-၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင်  ကူးတို့ဈေးရှိ ကုန်မျိုးစုံဆိုင်များ၌ရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်ဦးစီးမှူးက ကူးတို့ဈေးရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော Goody Meizan စားသုံးဆီဘူးများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုရှိ/မရှိ စစ်ဆေးခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် (၂/၂၀၁၉) ကိုလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း ဌာနအနေဖြင့် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးရှိ စားသုံးဆီဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂-၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးအတွင်းရှိ စားသုံးဆီဆိုင်များတွင်ရောင်းချနေသော စားသုံးဆီဘူးများတွင်  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ ပြည့်စုံမှုရှိ/မရှိကို နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက ဈေးအတွင်းရှိရောင်းချနေသော ကုန်မျိုးစုံဆိုင်(၃)ဆိုင်ရှိ Meizan Lotus, Goody စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ပါ ဥပဒေပြဋ္ဌာန်းချက်များအနက် ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် (၂/၂၀၁၉)  ကိုလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကန့်ဘလူမြို့၊ အမှတ်(၅)၊ (အ-လ-က) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာများကို စားသုံးသူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် Online မှလည်းကောင်း၊ မြေပြင်ကွင်းဆင်း၍လည်းကောင်း အသိပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကန့်ဘလူမြို့ ၊ အမှတ်(၅)၊ (အ-လ-က) ကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ် လာပုံ၊ ပြည်ထောင်စုနေ့အကြောင်းဟောပြောခြင်း၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်တို့ကို ရွေးချယ်ဝယ်ယူသုံးစွဲခြင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေခြင်းကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။

     ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီဝင်များနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့ ၊ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များအား စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ ဈေးကွက်အတွင်း၌ ဒေသထွက်မြေပဲဆီများ၊ ခွက်ချင့်စား အုန်းဆီများနှင့် ဂွတ်ဒီဟင်းရွက်ဆီ အဆင့်မြင့်သန့်စင်ထားသော စားအုန်းဆီတို့ကိုစိစစ်တွေ့ရှိရပြီး ဂွတ်ဒီဟင်းရွက်ဆီ အဆင့်မြင့်သန့်စင်ထားသော စားအုန်းဆီဘူးပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့ကို စိစစ်တွေ့ရှိရကြောင်း၊ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသောဆီများကို ရောင်းချမှုမရှိစေရေး လုပ်ငန်းရှင်များအား အသိပေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News