Main menu

HighLight News

Powered by Drupal

ပုသိမ်မြို့နယ်အတွင်းရောင်းချနေသည့် အချိုရည်ဆိုင်အား ကွင်းဆင်းစစ်ဆေး

   ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မင်းကြီးလမ်းရှိ ဆူမိုစတိုးဆိုင်တွင်ရောင်းချနေသော အချိုရည်မျိုးစုံများအား စားသုံးသူများ ဘေးဥပဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  အဆိုပါအချိုရည်ဆိုင်အတွင်းရှိ အချိုရည်မျိုးစုံ၌ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှု ရှိကြောင်းစိစစ်တွေ့ရှိရပြီး လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသော ကုန်စည်များမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေပါ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ လုပ်ငန်းရှင်နှင့်အသိပညာပေးဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်တာဝန်ခံရုံး၌ နေလမင်းရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ပါသည်။

 ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန်နှင့် (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်လုပ်ခြင်းရောင်းချခြင်းများပြုလုပ်ကြရန်အလို့ငှာ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျုံပျော်မြို့နယ်တာဝန်ခံရုံး၌ မုန့်လုပ်ငန်းရှင်နှင့်အသိပညာပေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ကျုံပျော်မြို့နယ်၊ ကျုံတနီးရွာရှိ မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တာဝန်ခံက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန်နှင့် (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချခြင်းများပြုလုပ်ကြရန်အလို့ငှာ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကျော် City Mark ရှိ ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ရေကျော် City Mark သို့ (၂၃-၁-၂၀၂၄) ရက်နေ့တွင် သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးမှုများကို ဒေါ်အေးအေးမော် (ဌာနခွဲစာရေး) နှင့်အတူ ဝန်ထမ်း (၂)ဦးသည် ရေကျော် City Mark ရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ City Mark အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သော Baby Mild, KoDoMo, Annaku, စသည့်အမှတ်တံဆိပ်များရှိသည့် ရေချိုးဆပ်ပြာ၊ ပေါင်ဒါ၊ ခေါင်းလျော်ရည်၊ Lotion, Cream, Diaper စသည့်ပစ္စည်းများကို စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးသားဖော်ပြထား သည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာတာဝန်ခံများကိုလည်း City Mark အတွင်းရောင်းချမည့် ကုန်စည်များနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကိုသာရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

MAKRO ရှိ ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ MAKRO သို့ (၂၂-၁-၂၀၂၄) ရက်နေ့တွင် သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးမှူများကို ဦးနေလင်း (ဒုကြီးကြပ်ရေးမှူး) နှင့်အတူ ဝန်ထမ်း(၃)ဦးသည် MAKRO ၏ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ MAKRO အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သော Baby Mild, KoDoMo, Annaku, စသည့်အမှတ်တံဆိပ်များရှိသည့် ရေချိုးဆပ်ပြာ၊ ပေါင်ဒါ၊ ခေါင်းလျော်ရည်၊ Lotion, Cream, Diaper စသည့်ပစ္စည်းများကိုစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာတာဝန်ခံများကိုလည်း MAKRO အတွင်းရောင်းချမည့် ကုန်စည်များနှင့်ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီမှုရှိသော ကုန်စည်များ၊ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ စားအုန်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်၊ မြို့နယ်များအတွင်းရှိ မြို့နယ်စည်ပင်သာယာဈေးများတွင်ရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်များ၌ ပြည်သူများအနေဖြင့် စားအုန်းဆီများကို တန်းစီတိုးဝယ်နေခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများကို (၂၃-၁-၂၀၂၄) ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ တောင်ညွှန့်ဈေးနှင့် သိမ်ဖြူဈေး၊ ပုဇွန်တောင်မြို့နယ်ရှိ ပုဇွန်တောင်ဈေးနှင့် ရေကျော်ဈေး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဘိုကလေးဈေးနှင့် ဒေါပုံမြို့နယ်၊ ဒေါပုံဈေးတို့ရှိ စားအုန်းဆီရောင်းချနေသောဆိုင်များသို့ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ မြိုနယ်တာဝန်ခံ ဝန်ထမ်းများက သက်ဆိုင်ရာဈေးစည်ပင်တာဝန်ခံများနှင့်ပူးပေါင်း၍ မြေပြင်စစ်ဆေးမှုများသွားရောက်ဆောင်ရွက်ခဲ့ရာ ပြည်သူများအနေဖြင့် ပုံမှန်သာဝယ်ယူလျက်ရှိပြီး တန်းဆီတိုးဝယ်နေမှုမျိုးမရှိကြောင်းတွေ့ရှိရပါသည်။ ယခုအခါ ဈေးကွက်အတွင်း စားအုန်းဆီရောင်းချမှုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်သည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် သက်ဆိုင်ရာမြို့နယ်စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ထုတ်ယူသည့်ကိုယ်စားလှယ်များကလည်း ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်ရောင်းချမှုများမတွေ့ရှိရဘဲ ထိုက်သင့်သည့်အမြတ်ဖြင့်သာ ရောင်းချလျက်ရှိနေကြကြောင်းတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒု-ဦးစီးမှူး ဒေါ်နီလာဦးအပါအဝင် ဝန်ထမ်း(၄)ဦးတို့သည် အင်းစိန်မြို့နယ်၊ မြို့သစ်ဈေး၊ ဈေးတာဝန်ခံအပါ (၃)ဦးတို့နှင့်အတူ စားသုံးဆီအမျိုးမျိုးဖြစ်သော Lotus၊ မေဇင်၊ ဒီဒီ၊ Goody၊ Cook၊ အမေထွားအမှတ်တံဆိပ်ပါ စားသုံးဆီများတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံစွာပါရှိကြောင်းတွေ့ရှိရပါသည်။

    ဆက်လက်၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၅)ရပ်ကွက်ဈေးသို့လည်းကောင်း၊ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်တို့ရှိ မြို့မဈေးများ၌လည်း စားသုံးဆီအမျိုးမျိုးကွင်းဆင်းစစ်ဆေးခြင်းကို တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

အင်းစိန်မြို့နယ်၊ အမှတ်(၁၂)၊ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်နီလာဝင်းဦးဆောင်၍ ဝန်ထမ်း (၅) ဦးတို့သည် (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်ရှိ အမှတ်(၁၂)၊ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်ကာ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် အမှတ်(၁၂)၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘုန်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ရွှေ၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၊ ဌာန၏ဆောင်ပုဒ်၊ စားသုံးသူရရှိနိုင်သည့်အခွင့်အရေး (၈)ချက်နှင့် လိုက်နာရမည့်တာဝန် (၄)ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာသိကောင်းစရာ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော အစားအသောက်များကိုသာရွေးချယ်ဝယ်ယူရန်၊ သက်တမ်းလွန်အစားအစာနှင့် ခွင့်မပြုဓာတုဆိုးဆေးများအသုံးပြုထားသော အစားအသောက်များကိုရှောင်ကြဉ်ရန်၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန်အလို့ငှာ တိုင်ကြားမှုနည်းလမ်းကိုလည်းရှင်းလင်းဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦး၊ ဆရာ/ဆရာမ (၁၃)ဦး၊ စုစုပေါင်း (၂၆၃)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကျိုက်လတ်မြို့နယ်ရှိ ဦးမြင့်စိန်ငါးရံ့ခြောက်ဖုတ်လုပ်ငန်းအား SMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

    ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဦးမြင့်စိန်ငါးရံ့ခြောက်ဖုတ်လုပ်ငန်းသို့သွားရောက်၍ SMEs ဖွံ့ဖြိုးတိုးတက်ရေး  ကွင်းဆင်းစိစစ်မှုများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစိစစ်ရာတွင် လုပ်ငန်းရှင်က ကုန်ကြမ်းဝယ်ယူရာတွင် ယခင်ကဲ့သို့ မြို့ပေါ်၌ အထိုင်ဖြင့်ဝယ်ယူ၍မရကြောင်း၊ ကျေးရွာများရှိ အင်းချောင်းများသို့ဆင်း၍ ဝယ်ယူရကြောင်း၊ ထိုသို့ဝယ်ယူမှသာ မိမိထုတ်လုပ်ရေးလုပ်ငန်းအတွက် တစ်နှစ်စာကုန်ကြမ်းများသာရရှိမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းဈေးနှုန်းများလည်းအနည်းငယ်မြင့်တက်လာပြီး ကုန်ချောဈေးနှုန်းမှာလည်း မြင့်တက်လာသောကြောင့် ယခင်နှစ်များကဲ့သို့ ရောင်းအားမကောင်းကြောင်း လုပ်ငန်းရှင်ကဖြေကြားခဲ့ပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့နိုင်သမျှ လျှော့နိုင်အောင် ကြိုးစားထုတ်လုပ်နိုင်ရေးနှင့် တွက်ချေကိုက်သော  လုပ်ငန်းများဖြစ်စေရေး  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိစေရေးနှင့် မိမိတို့ဌာနအနေဖြင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၊ နံသာချောင်း (အ.မ.က) ရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်  ဒေးဒရဲမြို့၊ နံသာချောင်း အ.မ.က ရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်မှုအခြေအနေများနှင့် ရွေးချယ်စားသုံးသင့်သည့် အစားအစာများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ/ဆရာမ ( ၆ )ဦး၊ ကျောင်းသား /  ကျောင်းသူ( ၈၅ )ဦး၊  စုစုပေါင်း(၉၁)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News