Main menu

HighLight News

Powered by Drupal

ကုန်အညွှန်းအမှတ်အသားနဲ့ပတ်သက်၍ စားသုံးသူအသိပညာပေး Talk Showပြုလုပ်ခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ၂၃ရက်နေ့ ဧပြီလ ၂၀၂၆ခုနှစ် နံနက် (၁၀း၀၀) နာရီ အချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်(၁၁)ချက်အား အသေးစိတ်ပြောကြားခဲ့ပြီး၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊  အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီဆောင်ရွက်ကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ်၏ www.do ca.gov.mmwebsite တွင်လည်းဝင် ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်းစားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အမှတ် (၁)ဈေးအတွင်းရှိ အိုင်အိုဒင်းဆားရောင်းချမှုနှင့် ပတ်သက်၍ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

        ၂၇.၄.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သတ္တုတွင်းဦးစီးဌာန၊   ဆားလုပ်ငန်းဌာနခွဲမှ ဒေါ်ဗေဒါထွန်း (လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ် ချူပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ သာကေတမြို့နယ်၊ အမှတ် (၁)ဈေးအတွင်းရှိ အိုင်အိုဒင်းဆား လက်လီ/လက်ကားရောင်းချနေသော အရောင်းဆိုင်များသို့ အိုင်အိုဒင်းဆားများတွင် သတ်မှတ် အိုင်အိုဒင်းစံချိန်စံညွှန်းပြည့်မီမှုရှိ/ မရှိကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင်  စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ ) က စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့်တိုင်း စနစ်တကျရှိစေရန်၊ ပစ္စည်းများ၏ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာ ကွယ်ရေးဥပဒေပါအခန်း (၁၈) ၌ ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိခြင်း ရှိ/ မရှိကိုလည်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တာမွေမြို့နယ်၊ ရာပြည့်ဈေးရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့် ဒေါ်မွန်မွန်အောင်(အကြီးတန်းစာရေး)သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့(၂၄-၄-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကုန်စုံဆိုင်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့် အညီ သိသာထင်ရှားစွာဖော်ပြရမည့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို  သိသာထင်ရှားစွာ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကို သာ ဈေးကွက်အတွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show  ပြုလုပ်ခြင်း

          ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ်တာဝန်ခံ ဒေါ်မိုးမိုးကြည်သည် (၂၃.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူပြည်သူများအား ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ အသိပညာပေး Talk show ပြုလုပ်ခဲ့ပါသည်။

        ထိုသို့ဟောပြောပွဲတွင် ဒေါ်မိုးမိုးကြည်က စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွား ကိုကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက် နေ့တွင်အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ စားသုံးသူအခွင့်အရေး ()ချက်အကြောင်းအရာများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ရှိကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ စားသုံးသူထိခိုက်နစ် နာလျှင် တိုင်ကြားနိုင်မည့်နည်းလမ်းများဖြစ်သည့် (www.doca.gov.mm)၊  Facebook Pages၊  Messengerနှင့် Consumer Call Center Hotline 1535 တို့ကို တိုင်ကြားနိုင်သည့်အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြန်အောင်မြို့နယ် စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၀.၄.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့၊ ရုံးလမ်း၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူမည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မိမိတို့လုပ်ငန်းလိုအပ်ချက်အရ စက်မှုလုပ်ငန်းသုံးဆီ လျှောက်ထားမှုအပေါ် ခွဲဝေဖြန့်ဖြူးမှုနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ၂၀၂၆ ခုနှစ် ဧပြီလအတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်းကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ်လိုအပ်သောဆီများ ထုတ်ယူသုံးစွဲနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊  စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတွင်အသုံးပြုလျက်ရှိသော  ဆီလိုအပ်ချက်များတင်ပြရာတွင် မိမိတို့ အမှန်တစ်ကယ်သုံးစွဲ‌နေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက်ထားရန်၊ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်များနှင့် အခွန်ပေးဆောင်မှု အထောက်အထားများ ထားရှိစေ‌ရေး၊ မိမိတို့ လုပ်ငန်းအတွက်သာ သုံးစွဲရန်လိုအပ်ကြောင်း၊ ပြင်ပရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ထို့နောက် ၂၀၂၆ ခုနှစ် ဧပြီလအတွက် ခွဲဝေရရှိသော စက်မှုလုပ်ငန်းသုံးဆီများအား သတ်မှတ်ဈေးနှုန်းဖြင့် လုပ်ငန်းရှင်တစ်ဦးချင်း မိမိတို့ ရရှိသော လုပ်ငန်းသုံးဆီများအား ထုတ်ယူသုံးစွဲနိုင်ရေး၊ စနစ်တကျ စာရင်းခွဲဝေဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းရှင်(၈၆)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အမှတ်(၇)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များမှ ရပ်ကွက်နေပြည်သူများအားစားအုန်းဆီရောင်းချပေးမှု ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် လပွတ္တာမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိကုန်မျိုးစုံ ရောင်းချသောဆိုင်များသို့ (၂၂.၄.၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံသည် ဌာနမှထုတ်ပေးထားသော စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများအား သတ်မှတ်ဆီဆိုင်များတွင် သတ်မှတ်ထားသောနှုန်းထားဖြင့် အဆင်ပြေစွာဝယ်ယူနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအနေဖြင့် ရောင်းချရာတွင် အလေးချိန်ပြည့်ဝမှန်ကန်စေရေး၊ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချခြင်းမရှိစေရေး၊ တစ်လလျှင် အိမ်ထောင်စုတစ်စုအား (၁ပိဿာ ၅၀ သား)အား သုံးကြိမ်ခွဲပြီးတစ်ကြိမ်လျှင် (၅၀)ကျပ်သားရောင်းချပေးနိုင်ရန် စားသုံးဆီဝယ်ယူရာတွင်လည်း မလိုလားအပ်သောပြသနာ တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လုပ်ငန်းရှင်များအနေဖြင့် အထက်ဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ) 

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံရုံးတွင်  စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးသည် (၂၁.၄.၂၀၂၆)ရက်နေ့၊နေ့လယ်   (၁၄း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊   လပွတ္တာခရိုင်တာဝန်ခံရုံးတွင်   အမှတ်(၁) ရပ်ကွက်၊ စားအုံးဆီလက်လီလက်ကားလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန  လပွတ္တာမြို့နယ်တာဝန်ခံမှ  တက်ရောက်လာသော  စားသုံးဆီလုပ်ငန်းရှင်များအား  မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊  မြို့နယ်တာဝန်ခံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ညွှန်ကြားချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးဆီများအားဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန် ဈေးနှုန်းမြှင့်တင် ရောင်းချနေခြင်း စစ်ဆေးတွေ့ရှိပါက ဥပဒေများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်၊၊ ထို့နောက်စားသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်၊၊ ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၃၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အွန်လိုင်းမှန်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများအား Talk Show ပြုလုပ် အသိပညာပေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်သည် (၂၁.၄.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်နိုင်ရေးအတွက် အွန်လိုင်းမှတ်ကပုံတင်ခြင်းနှင့် စပ်လျဉ်း၍ သိရှိစေရန်အတွက် TalkShow ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ဌာန၏ လုပ်ငန်းစဉ်များအကြောင်းကို သိရှိနိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ရာ စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင် လက်မှတ်ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.eComreg.gov.mm  မှတဆင့် မှတ်ပုံတင် လျောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ၊ ပုဒ်မ (၅)အရ အရေးယူခံရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ အွန်လိုင်းစနစ်ကိုကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိပါကလည်း မိမိတို့ပတ်ဝန်းကျင်၌ လုပ်ကိုင်ဆောင်ရွက်သူများရှိပါက အသိပေးပြောကြားရန်လိုအပ်ကြောင်း၊ ယခုအခါအွန်လိုင်း စနစ်ဖြင့် ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုစသည် တို့မှာများစွာရှိကြောင်း၊ အွန်လိုင်းစနစ်ကို မှတ်ပုံတင်ခြင်း အားဖြင့် လုပ်ငန်းလုပ်ကိုင်သူနှင့် ဝယ်ယူစားသုံးသူနှစ် ဦးနှစ်ဖက်လုံခြုံစိတ်ချရမှုရှိမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသူပြည်သူများ သိရှိနိုင်စေရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်စုံဆိုင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူ စားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရရှိပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်ခရိုင်အတွင်း ဘူးသွင်းဆီအမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့တွင် ရောင်းချလျက်ရှိသော ဘူးသွင်းဆီအမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများ သက်ဆိုင်ရာဌာနဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဧပြီလ အတွင်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ မြန်အောင်ခရိုင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ ကြံခင်းမြို့မဈေးနှင့် အင်္ဂပူမြို့နယ် မဲဇလီကုန်းစည်ပင်ဈေးအတွင်း ရောင်းချသော ဘူးသွင်းဆီ အမှတ်တံဆိပ်ပါ ပဲဆီ၊ ပဲပိစပ်ဆီနှင့် ဟင်းသီးဟင်းရွက်ဆီအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ သက်ဆိုင်ရာ ထောက်ခံချက်များ ပြည့်စုံစွာ ဖော်ပြထားမှုရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဘူးသွင်းဆီများတွင် FDA ထောက်ခံချက် ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာ ဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များစသည်တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News