စားအုန်းဆီဈေးကားများရောင်းချနေမှုအား ကြပ်မတ်ဆောင်ရွက်
စားသုံးသူမိဘပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ (၁၀-၄-၂၀၂၃) ရက်နေ့မှ (၂၃-၄-၂၀၂၃) ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး၊ လက်ကားဈေးနှုန်းများမှာ စားအုန်းဆီတစ်ပိဿာလျှင် ၄၇၉၀ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါရန်ကုန်အထိုင်ဈေး၏ ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူကုန်ကျစရိတ်များပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရန်၊ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချခြင်းနှင့် ဈေးနှုန်းအဆမတန်ရောင်းချနေမှုများရှိ/မရှိ၊ အလေးအချိန်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် အရည်အသွေးပြည့်မီစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၉-၄-၂၀၂၃) ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လွတ်လပ်ရေးလမ်းနှင့် ဘောဂလမ်းထောင့်၊ (ဂ) ရပ်ကွက်၌ Zabu Kan Tun Trading Co.,Ltd က စားသုံးသူပြည်သူများကို တန်းစီစနစ်အားကျင့်သုံး၍ တစ်ဦးလျှင် တစ်ပိဿာ (၅၀၀ဝိ/-) ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများကို စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)