မော်လမြိုင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများက ခေတ်ဦးရေသန့်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းလေ့လာ
(၂၅-၄-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ ခေတ်ဦးရေသန့်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေသန့်ထုတ်လုပ်မှုအခြေအနေ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ သန့်ရှင်းမှုရှိ/မရှိ၊ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ၂/၂၀၁၉ ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)