Main menu

HighLight News

Powered by Drupal

မအူပင်မြို့ပေါ်ရှိ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး မအူပင်မြို့နယ်အတွင်း အချိုရည်အရောင်းဆိုင်များတွင်ရောင်းချနေသော အသင့်သောက်အချိုရည်များ၌ ကုန်အညွှန်းအမှတ်အသားပါဝင်ခြင်းရှိ/မရှိကို (၁၆-၈-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မအူပင်မြို့ပေါ်ရှိ အချိုရည်အရောင်း(၄)ဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ) နှင့် ရုံးအဖွဲ့သည် အသင့်သောက်သုံးနိုင်သောအချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီဖော်ပြပါဝင်ခြင်း ရှိ/မရှိ၊ FDA ၏ ထောက်ခံချက်ပါဝင်မှုရှိ/မရှိကိုစစ်ဆေးခဲ့ကြပါသည်။ လုပ်ငန်းရှင်များအား မိမိတို့ရောင်းချနေသောကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်သော ကုန်စည်များကိုသာရောင်းချရန်ကြရန်ပြောကြားခဲ့ပြီး မအူပင်မြို့၊ အချိုရည်ရောင်းချနေသောဆိုင်များတွင် အချိုရည်များသည် သက်ဆိုင်ရာဌာန တို့၏ထောက်ခံချက်၊ ခွင့်ပြုချက်နှင့်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော အချိုရည်များကိုရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

DOCA(ဧရာဝတီ)

         

မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk ဆွေးနွေးပွဲကျင်းပပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအနေဖြင့် အပတ်စဉ်အလိုက် Thursday Talk ဆွေးနွေးပွဲကိုလေ့ကျင့်ပြုလုပ်ပြီး စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော “စားသုံးသူအခွင့်အရေး ဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကိုဟောပြောဆွေးနွေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာန၏ ဌာနလုပ်ငန်းများကျွမ်းကျင်ရုံသာမက အတွေ့အကြုံဗဟုသုတရှိစေရန်ရည်ရွယ်၍ လူငယ်များအား လေ့ကျင့်ဟောပြောမှုကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

    အဆိုပါဟောပြောပွဲကို (၁၆-၈-၂၀၂၃) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဒေါ်အိအောင်ဟိန်း (အငယ်တန်းစာရေး) က စီမံရေးရာဌာနခွဲ၏ လုပ်ငန်းတာဝန်များအကြောင်းကိုရှင်းလင်းတင်ပြခြင်း၊ စားသုံသူကာကွယ်ရေးဥပဒေပါ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းတင်ပြခြင်း၊  အခန်း(၁၂)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုင်နိုင်သည့်အခွင့်အရေးများအကြောင်း၊ အခန်း(၁၄)ပါ ဝန်ဆောင်မှုလုပ်ငန်းများ၏ အားမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးတို့ကိုရှင်းလင်းပြီး စာပေဗဟုသုတများဖတ်ရှု၍ လေ့လာသင့်သောစာအုပ်စာပေများကိုဖတ်ရှုခြင်းဖြင့် ကောင်းကျိုးများရရှိပုံတို့ကိုလည်းရှင်းလင်းဆွေးနွေးပြီး Thursday Talk ဆွေးနွေးပွဲသို့ ဝန်ထမ်း (၁၂)ဦး တက်ရောက်လေ့လာမေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အခွန်လွတ်ဈေး၊ မြို့မဈေး၊ မင်္ဂလာဈေးအတွင်းရှိ စားသုံးဆီများရောင်းချနေသော ကုန်မျိုးစုံဆိုင်(၈)ဆိုင်သို့သွားရောက်ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)အရ ဖော်ပြပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     အဆိုပါ စစ်ဆေးမှုတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရန်အတွက် ပြည်သူများနစ်နာဆုံးရှုံးမှုဖြစ်မည့်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှုကိုရှောင်ကျဉ်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည်စုံမှန်ကန်စွာဖော်ပြထားသောကုန်စည်များကို ဦးစားပေးရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

         

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-တိုင်းဦးစီးမှူးသည် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးဦး၊ စားသုံးသူရေးရာဦးစီးဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်တို့သည် ဟင်္သာတမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာရောင်းချလျက်ရှိသော လုပ်ငန်းရှင် (၄)ဦးတို့နှင့် ဩဂုတ်လ (၁၆)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

  ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ စစ်ဆေးရေးမှူးနှင့်ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ (၂၈) ရက်နေ့နှင့် ဩဂုတ်လ (၁၀) ရက်နေ့တို့တွင် ဟင်္သာတမြို့ရှိ ဓာတ်မြေဩဇာရောင်းချလျက်ရှိသော အရောင်းဆိုင် (၄) ဆိုင်၌ ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုမရှိခြင်းနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းကိုမတွေ့ရှိရပါသဖြင့် နောင်တွင် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်၊ စားသုံးသူရေးရာဦးစီးဌာနကသတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော ဓာတ်မြေဩဇာများကိုသာရောင်းချရန် ကတိဝန်ခံချက်ရေးထိုးခိုင်းပြီးနောက် ဒု-တိုင်းဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကိုရှင်းလင်းပြောကြား၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံကလည်း ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များအကြောင်းကိုအသိပညာပေးခဲ့ပြီးနောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံကလည်း ကုန်ညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီးမှ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) တွင်ကျင်းပပြုလုပ်သော Commodity Price Data Base Software သုံးစွဲခြင်းအစည်းအဝေးသို့တက်ရောက်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် (နေပြည်တော်)၊ ရုံးအမှတ် (၅၂) ၌ ဩဂုတ်လ (၁၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် Commodity Price Data Base Software သုံးစွဲခြင်းအတွက်  လိုအပ်ချက်များကို ထပ်မံရှင်းလင်းခြင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးမှ လုပ်ငန်းတာဝန်ခံများတက်ရောက်ခဲ့ကြပါသည်။

   ရုံးချုပ်၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးဆန်းမြင့်၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးတို့မှ ပြည်နယ်/ တိုင်းဒေသကြီးများရှိ Commodity Price Data Base Software သုံးစွဲသူများအားတွေ့ဆုံ၍ လိုအပ်သည်များကို ရှင်းလင်းမှာကြားခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး၊  သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးစံကြည်၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲတာဝန်ခံ ဦးလှိုင်ထွဋ်၊ ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်နှင့် စာရင်း‌‌ရေးသွင်းသူ (၂) ဦး၊ ခရိုင်များမှ ဈေးနှုန်းကောက်ယူသောတာဝန်ခံနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးတွင် MSME အား ပေးမြှင့်တင်ရန် Action Plan ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီးအတွင်း MSME များကိုအားပေးမြှင့်တင်ရန် One region One Product ထုတ်ကုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် Action Plan ရေးဆွဲရန်တို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာကော်မတီအဖွဲ့ဝင် တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဦးစီးမှူး ဦးစိုးဦးတက်ရောက်ခဲ့ပါသည်။

   ဧရာဝတီတိုင်းဒေသကြီးအတွင်း One Product ထုတ်ကုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် Action Plan ရေးဆွဲရာတွင် အဓိကထုတ်ကုန်အမျိုးအစားများဖြစ်သော ဆန်၊ ဆန်ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရေထွက်ပစ္စည်း၊ အသားငါး၊ ပြောင်း၊ နှမ်း၊ ဝဥ၊ ကော်ဖီစေ့၊ ရော်ဘာ၊ သီဟိုဠ်၊ ပီလောပီနံ စသည့်လယ်ယာထွက်ကုန်သီးနှံများအား အကောင်အထည်ဆောင်ရွက်မည့် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့် ထို့ပြင် ပြည်တွင်းထုတ်ကုန်များကိုပေးမြှင့်တင်ရန်၊ သွင်းကုန်အစားထိုးလုပ်ငန်းများဆောင်ရွက်ရန်သာမက ဧရာဝတီမှ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့်အချိန်အကန့်အသတ် Target Time Line ဖြင့်ဆောင်ရွက်ရန် MSME များကို အားပေးမြှင့်တင်ရေးအစီအစဉ် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်တို့အတွက် Action Plan ရေးဆွဲခဲ့ကြကြောင်းသိရသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး ကွန်ပြူတာသင်တန်း(၂/၂၀၂၃) အခမ်းအနားပိတ်ပွဲကျင်းပ

    ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားလာစေရေးအထောက်အကူဖြစ်စေရန်အတွက် ရုံးလုပ်ငန်းသုံး အစီရင်ခံ ကွန်ပျူတာ(မွန်းမံ)သင်တန်းပိတ်ပွဲအခမ်းအနားအား (၁၆-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

    အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အမှာစကားပြောကြားခဲ့ပြီးနောက် ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က သင်တန်းတက်ရောက်ရခြင်းကြောင့် ရရှိသောအကျိုးကျေးဇူးကိုပြောကြားပြီး သင်တန်းနည်းပြ ဦးဇေယျထူးက ကျေးဇူးတင်နှုတ်ဆက်စကားပြောကြား၍ အခမ်းအနားပိတ်ပွဲအစီအစဉ်ကျင်းပခဲ့ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၁၅) ဦးသင်တန်းတက်ရောက်ခဲ့ပြီး သင်တန်းတွင် အခြေခံရုံးသုံးကွန်ပျူတာဘာသာရပ်များဖြစ်သော Microsoft word, Microsoft Excel, Powerpoint နှင့် Email ပေးပို့ခြင်း/ လက်ခံခြင်းများ, Software အဖြုတ်/အတပ် စသည်တို့ကို (၁၄-၈-၂၀၂၃) ရက်နေ့မှ (၁၆-၈-၂၀၂၃)  ရက်နေ့အထိ (၃) ရက်တာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

ရုံးတွင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းလေ့လာ

    ဝန်ထမ်းများအသိပညာဗဟုသုတများတိုးပွားစေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတင်းအချက်အလက်များမျှဝေနိုင်ရေး၊ ကိုးကားဖော်ပြနိုင်ရေးနှင့် အလွယ်တကူရှာမှီးနိုင်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများတွင် ရုံးတွင်းစာကြည့်တိုက်များထားရှိလျက်ရှိရာ စာကြည့်တိုက်လုပ်ငန်းဖွံ့ဖြိုးစေရေးနှင့် စနစ်တကျရေရှည်လည်ပတ်နိုင်စေရေးအလို့ငှာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းနည်းဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင်နှင့် ရုံးတွင်းစာကြည့်တိုက်တာဝန်ခံ ဒေါ်သီတာဌေး (ဒု-ကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်းများသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့သွားရောက်၍ စာကြည့်တိုက်လုပ်ငန်းများကို ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

   ထိုသို့ လေ့လာရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေးက ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၏ ဖွဲ့စည်းဆောင်ရွက်မှု၊ စာအုပ်စာတမ်းများကို အမျိုးအစားရာစုအလိုက် ထားသိုသိမ်းဆည်းမှု၊ စာအုပ်ငှားရမ်းမှု နှင့် e-Library စနစ်ဖြင့်  Data Base စာရင်းထည့်သွင်းမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများက သိလိုသည်များကို ပြည်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ရုံးတွင်းစားကြည့်တိုက်အား ၂၀၂၂ခုနှစ်  အောက်တိုဘာလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာစာအုပ်များဖြစ်သည့် သိမှတ်ဖွယ်ရာများ၊ ဥပဒေ/မူဝါဒဆိုင်ရာစာအုပ်စာတမ်းများ၊ ကုန်သွယ်မှုဆိုင်ရာအချက်အလက်များ၊ သမိုင်းမှတ်တမ်းများ၊ သုတ/ရသစာပေများနှင့် မဂ္ဂဇင်း၊ သတင်းစာ၊  ဂျာနယ် စသည့်စာအုပ်စာတမ်းပေါင်း ၁၁၄အုပ်ကိုစုဆောင်းထားရှိပြီး ဝန်ထမ်းများသို့ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် ဝန်ထမ်းများသည် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သောသတင်းအချက်အလက်များကို အချိန်တိုအတွင်း ရှာဖွေကိုးကားနိုင်မည်ဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်တက်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

ဂွမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

   ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်၊ ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေးသည် (၁၄-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ဂွမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ အခြားလူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာအသိပညာများကို ဟောပြောဆောင်ရွက်ခဲ့ပါသည်။  

    ဆွေးနွေးပွဲတွင် ဂွမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကောင်းစံမြတ်က ကျောင်းကျန်းမာရေးအတွက် သီတင်းပတ်လှုပ်ရှားမှုများနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်းကိုရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (မိခင်နှင့်ကလေးကျောင်းကျန်းမာရေးအာဟာရ) ဌာနမှ ဒေါ်နီလာအေး (ဦးစီးမှူး) က အစားအစာအာဟာရများနှင့်ပတ်သတ်၍ လူတစ်ဦးလျှင် တစ်နေ့တာလိုအပ်သည့် အာဟာရအုပ်စု(၃)မျိုးအကြောင်းကိုအကျယ်တဝင့်ရှင်းပြခြင်း၊   စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်များ၊ ကုန်ပစ္စည်းများပေါ်တွင် ရေးသားဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းဆိုင်ရာအချက်များ၊ မည်သည့်ကုန်စည်မဆို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထား‌သော ကုန်စည်များကိုသာဝယ်ယူစားသုံး/ အသုံးပြုစေရေး၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်သူအသုံးပြုခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။

    အဆိုပါ ဆွေးနွေးပွဲသို့ (၁၃၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)       

ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းနှင့် ငါးမုန့်ကြော်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေး

     ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ပါလျှံ(၂)၊ ရန်အောင်မြေရပ်ကွက်ရှိ “VIP”တံဆိပ်ကိတ်/ပေါင်မုန့်လုပ်ငန်းနှင့် ပန်ဟတ်ကျေးရွာရှိ ပုစွန်တံဆိပ် ငါးမုန့်ကြော်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ စစ်ဆေးရာတွင် “VIP”တံဆိပ်ကိတ်မုန့်/ပေါင်မုန့်နှင့် ပုစွန်တံဆိပ် ငါးမုန့်ကြော်သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြုလုပ်ရန်၊ လုပ်ငန်းတွင်အသုံးပြုသော စက်ပစ္စည်းများကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News