မော်လမြိုင် မြို့နယ် ဆန်စက် လုပ်ငန်းရှင်များအသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေး အခမ်းအနား ကျင်းပ
မော်လမြိုင်မြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေး အခမ်းအနားကို ၃.၆.၂၀၂၂ ရက် နေ့လည် ၂ နာရီက မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ဆန်စက်လုပ်ငန်းရှင် (၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ပထမဦးစွာ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်စက်များကို အဆင့်မြှင့်တင်၍ ဆန်ရည်အသွေးကောင်းမွန်ပြီး ပြည်ပတင်ပို့နိုင်သည့် အခြေအနေရောက်အောင် ကြိုးစားသင့်ကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း ဆန်စက်လုပ်ငန်းရှင်အသင်းအား ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဦးတင်ဝင်းမောင်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခိုင်ဦးက ရှင်းလင်းဆွေးနွေးရာတွင် ကော်မတီရွေးချယ် တင်မြောက်ခြင်းကို (၃)နှစ်လျှင် တစ်ကြိမ် ရွေးချယ် တင်မြောက်ကြောင်း၊ ယခု ရွေးချယ်တင်မြောက်ခြင်းသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ နှစ်အထိ သက်တမ်းရှိကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဆန်စက်ပိုင်ရှင်များမှ မြို့နယ်အမှုဆောင်များကို ရွေးချယ်တင်မြှောက်ခဲ့ကြရာ ဥက္ကဌအဖြစ် ဦးအောင်နိုင်ဝင်းအား ရွေးချယ်တင်မြှောက်ခဲ့ကြပြီး အဖွဲ့ဝင် (၁၂) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက်ကော်မတီဝင်များမှ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းများကိုရှင်းလင်း ဆွေးနွေးပြီး အခမ်းအနားအား (၁၆:၀၀) ချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
DOCA(မွန်)