Main menu

HighLight News

Powered by Drupal

မင်းလှမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ၂၀၂၂-၂၀၂၅ သက်တမ်းကာလ အမှုဆောင် အဖွဲ့ဝင်များ ရွေးချယ်ခြင်း

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ လက်ရှိအမှုဆောင်များသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈ ရက်နေ့တွင် ၃ နှစ်တာကာလ သက်တမ်းပြည့်မည်ဖြစ်သဖြင့် ၂၀၂၂-၂၀၂၅ သက်တမ်းကာလအတွက် ဗဟိုလ်တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် အမှုဆောင်အဖွဲ့  ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကို ၉.၆.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အမှုဆောင်အဖွဲ့  ပြန်လည်ရွေးချယ်တင်မြှောက်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ၊ မြို့နယ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ရေးကော်မတီမှ မြို့နယ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဗဟိုလ်တိုင်းဒေသကြီး အသင်းအတွက် ကိုယ်စားလှယ် ၂ ဦးကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“မိတ္ထီလာခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် (၇.၆. ၂၀၂၂)ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးခန်းအတွင်း မိတ္ထီလာခရိုင်အတွင်း စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များ နှင့် စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်နှင့်တာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိပြီး အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား လိုက်နာစေလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ သက်ဆိုင်ရာကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြရမည့် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး၊ မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်‌ပေးရေးဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက စားသုံးသူကာကွယ်ပေးရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်‌ဆောင်ရွက်ခြင်းဖြင့် စျေးကွက်များ ပိုမိုရရှိလာနိုင်ပြီး စားသုံးသူများမှလည်း လုံခြုံစိတ်ချရသောကုန်စည်များအား ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများရရှိစေလာမည်ဖြစ်ကြောင်း၊ သိရှိလိုသည်များ၊ အခက်ခဲများကို ရင်းနှီးပွင့်လင်းစွာတင်ပြစေလိုကြောင်း ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုပါက www.doca.gov.mm Website တွင်ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

 

“မိတ္ထီလာခရိုင်အတွင်း စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ်၊ လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိကို မိတ္ထီလာမြို့နယ်အတွင်းရှိ Danko(1၊2၊3)နှင့် Max Myanmar (1၊3) ဆီဆိုင်များအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှု ရှိရမည်ဖြစ်ကြောင်း၊  အရည်အသွးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့်ကိုက်ညီသော စက်ဆီ၊ ချောဆီများကိုသာ တင်သွင်း၊ဖြန့်ဖြူးရောင်းချရစေလိုကြောင်း ၊သတ်မှတ်ချက်နှင့်မကိုက်ညီသော ပစ္စည်းများဖြစ်ပါက ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်သုံးဆီများကို ပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောင်းချပေးစေလိုကြောင်း၊  အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဆီဆိုင် များမှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာရောင်းချမှုရှိပြီး၊ အချိန်အတွယ် ၊လီတာ၊ ဂါလံများကိုလည်း  (၂၀) လီတာစံဝင်ခွက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“(မိတ္ထီလာ/ရမည်းသင်း)ခရိုင်အတွင်း ဘေးအန္တရာယ်ဖြစ်စေသော တိုင်းရင်းဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း”

           စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈  ရက်နေ့ (၁၀း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (မိတ္ထီလာ/ ရမည်းသင်း)ခရိုင်အတွင်း မြို့နယ်များရှိ တိုင်းရင်းဆေးရောင်းချသည့်ဆေးဆိုင်များသို့ သွားရောက်၍ ရသေ့ဆေး(သို့) ထိုင်းတိုင်းရင်းဆေးများ ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  “ ရသေ့ဆေး(သို့)ထိုင်းတိုင်းရင်းဆေး ”သည် အကိုက်ခဲပေါင်းစုံပျောက်သည်ဟုဆိုကာ ကြောငြာရောင်းချလျက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံ၏ FDA က ဘေးအန္တရာယ်ရှိသည့်ဆေးအဖြစ် ထုတ်ပြန်ထားကြောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနသို့ အကြောင်းကြားညှိနှိုင်းခဲ့ရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်း အဆိုပါ ဗိန်းတောဆေးသည် မြန်မာနိုင်ငံတွင်လည်း တရားဝင်မှတ်ပုံထားခြင်းမရှိကြောင်းနှင့် ဘေးအန္တရာယ်ဖြစ်စေသည့် တိုင်းရင်း‌ဆေးဝါးဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအား ဘေးဥပါဒ်ဖြစ်စေသော ပစ္စည်းများ တရားမဝင်တင်သွင်းရောင်းချခြင်းဖြစ်သဖြင့် စားသုံးသူနစ်နာမှုများရှိခြင်းကြောင့် ရောင်းချရန်မသင့်ကြောင်း၊ ရောင်းချပါက ဥပ‌ဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း တိုင်းရင်းဆေးရောင်းချသည့် ဆေးဆိုင်များသို့ ရှင်းလင်းပြောကြားခဲ့ပါသည်။ (မိတ္ထီလာ/ရမည်းသင်း)ခရိုင် အတွင်း “ ရသေ့ဆေး(သို့)ထိုင်းတိုင်းရင်းဆေး ”များ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေးတွေ့ဆုံဆွေးနွေးခြင်း”

              မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စက်ကြီးဆည်မြောင်း(၁၄)လမ်း ၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့၌ “MAY” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်း ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူ ကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန်၂၀၂၂ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

               အဆိုပါတွေ့ဆုံမှုအရ “MAY” အမှတ်           တံဆိပ်ဆပ်ပြာလုပ်ငန်းတွင် ဆပ်ပြာခဲအမျိုးစား (၂၃)မျိုး၊ သဘာဝခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်၊ ဆံကေသာအားဖြည့်ပေါင်းဆီ၊ ခြင်ယင်ပြေးဆေး၊ အဝတ်လျှော်ပန်းကန်ဆေးဆပ်ပြာ၊ Scrub စသည့် ကုန်စည်များကို မိသားစုထုတ်လုပ်ကြောင်း၊ မိတ္ထီလာမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးမှ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားရှိသည့်ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတွဲလျှက်ရှိစေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)

 

ဖြူးမြို့ တိုက်ကွမ်ဒိုသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

                   ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဖွင့်လှစ်သည့် တိုက်ကွမ်ဒိုသင်တန်းသို့ တက်ရောက်ကြသော ကျောင်းသား၊ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

              အဆိုပါ သင်တန်းတွင် ဖြူးမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အခွင့်အရေးများနှင့် စားသုံးသူ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးနေသည့် အကြောင်း အရာများကိုလည်းကောင်း၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများကို ဦးစားပေး ဖတ်ရှုသင့်သည့် အကြောင်းများကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် ပါက အလွယ်တကူ တိုင်ကြားနိုင်သည့်နည်းလမ်းများကို  ရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောပွဲသို့ သင်တန်းသား ၊သင်တန်းသူ ၃၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တာချီလိတ်ခရိုင်၊ တာလေမြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများအား ထုတ်ကုန်များလုံခြုံစိတ်ချမှု ရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တာလေမြို့စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇွန်လ(၈)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ တာလေမြို့ပေါ်ရှိသောက်ရေသန့်စက်ရုံများအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန်နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          တာချီလိတ်မြို့နယ် တာဝန်ခံနှင့် ဌာနဆိုင်ရာများသည် သောက်ရေသန့်လုပ်ငန်းရှင်များအား စက်ရုံဝန်ထမ်းများ၏တစ်ကိုယ်ရေသန့်ရှင်းရေးအားဂရုပြုရန်၊ သောက်ရေသန့်များကို စနစ်တကျ ထုတ်ပိုး၍ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများ၏လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင် ရွက်ရန်၊ လုပ်ငန်းလိုင်စင်၊ FDAထောက်ခံချက်များ သက်တမ်းတိုးခြင်းနှင့် ရေသန့်ဓါတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများကို ပုံမှန်ပေးပို့စစ်ဆေးကြရန်မှာကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ‘‘ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့်၊  အခန်း(၁၀)ပါ ‘‘စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”အား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦစီးဌာန၊ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၁၀.၆.၂၀၂၂ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ လက်လီလက်ကားကုန်စုံဆိုင်မျာသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ လက်လီလက်ကား ရောင်းချနေသည့် ကုန်စုံဆိုင်ဆိုင်ပိုင်ရှင်များအား အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန်နှင့် ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ကချင်)

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆင့်ပွားသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်ဆောင်ရွက်ခဲ့

             ကယားပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အနေဖြင့်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆင့်ပွား သင်တန်း (၁/၂၀၂၂)ကို ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး ခန်းမ၌  ဇွန်လ(၇)ရက်နေ့မှ (၁၀)ရက်နေ့ထိ ၊နံနက်(၀၉:၃၀)အချိန်မှ ညနေ (၁၅: ၃၀)အချိန်ထိ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ အဆိုပါသင်တန်းတွင် ကယားပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများ စုစုပေါင်း (၁၉ )ဦး တက်ရောက်ခဲ့ပါသည်။

             အဆိုပါ သင်တန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒု-ပြည်နယ်ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး တင်ရွှေက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့မှဆောင်ရွက်နေ မှုအခြေအနေများ၊ မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်များ၊ တရားမဝင်ကုန်သွယ်မှုနှင့် သက်ဆိုင် သည့် ဥပဒေ၊တရား မဝင်ကုန်သွယ်မှုပပျောက်ရေးအတွက် ဆောင်ရွက်သင့်သည့်နည်းလမ်းများ သင်ကြားပို့ချခြင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ညွှန်ကြားရေးမှူး ၊ဦးညိုဝင်းက အခြေခံလုံခြုံရေးသဘောတရားများ ပတ်သက်၍ ပို့ချသင်ကြားခြင်း၊ အကောက်ခွန်ဦးစီးဌာန ၊ ယာယီပြည်နယ်ဦးစီးမှူး၊ ဦးဝင်းနိုင်က အကောက်ခွန်ဌာန၏မူဝါဒနှင့်တာဝန်များ၊ တားဆီးဖမ်းဆီးစစ်ဆေးခြင်းများ၊ OSS များ၌ စစ်ဆေးမှုလုပ်ငန်းစဉ်များ၊ တင်သွင်း၊တင်ပို့မှုဆိုင်ရာ လုပ်ငန်းစဉ်များ ၊ ဆုငွေဆိုင်ရာဘာသာရပ်များ ပို့ချခဲ့ကြောင်း၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးသန်းဗိုလ်က အခွန်နှင့်ပတ်သက်၍ သိမှတ် ဖွယ်ရာများ၊ အခွန်အယူခံအကြောင်း သိကောင်းစရာများ သင်ကြားပို့ချခြင်း၊ သစ်တောဦးစီးဌာန၊ ပြည် နယ်ဦးစီးမှူး၊ ဦးစောဗဟိဏ်းက သစ်တောဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ၊ တောရိုင်း တိရိစ္ဆာန်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆိုင်ရာနှင့် စပ်လျဉ်း၍ သင်ကြားပို့ချခဲ့ကြောင်း ၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးကိုကိုဦးက  ယစ်မျိုး  စီမံခန့်ခွဲ့မှုနှင့်   ပတ်သက်၍  သင်ကြားခြင်း၊   အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ၊ ဒေါက်တာနွေဦးဆွေက မိမိတို့ဌာနအနေဖြင့် တရားမဝင်အစားအသောက်နှင့် ဆေးဝါးများစိစစ်ခြင်းနှင့် စပ်လျဉ်း၍ပို့ချခြင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ၊ ဒေါက်တာဝင်းဦးက တိရိစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် တင်သွင်း/တင်ပို့မှု မရှိစေရန် ဆောင်ရွက်နေမှု အခြေအနေအား  သင်ကြားပို့ချခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးသန်းလှိုင်က တင်သွင်း/ တင်ပို့လာသည့် အပင်နှင့် အပင်ထွက်ပစ္စည်းများအား သီးနှံပိုးမွှားရောဂါပြန်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းသင်ကြားခြင်း၊ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး၊ ဦးမြင့်စိုး က ပြည်ပမှတင်သွင်း ဖြန့်ဖြူးသည့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းလိုင်စင်များ၊ရေနံထွက်ပစ္စည်းဆိုင်ရာ ၂၀၁၇ ဥပဒေ အကြောင်းနှင့် ပတ်သက်၍ သင်ကြားခြင်း၊  စားသုံးသူရေးရာဦးစီးဌာန ၊ ဦးစီးအရာရှိ၊ ဦးမိုးညွှန့်ဦးက တရားမဝင်ကုန်စည်များနှင့် ဘေးအန္တရာယ်ရှိ ကုန်စည်များမှ စားသုံးသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာဆောင် ရွက်မှု လုပ်ငန်းစဉ်များ၊ ယှဉ်ပြိုင်မှု ဥပဒေအကြောင်းသိကောင်းစရာများ၊ ကုန်သွယ်ရေးဆိုင်ရာ ဥပဒေများအား အကျယ်တဝင့် ရှင်းလင်းပို့ချခဲ့ပါကြောင်း ၊ ဆက်လက်၍ ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးကျော်စွာဝင်းက မိမိဌာန၏ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်း၊ ဗဟိုစက်ပစ္စည်း၊ စာရင်း အင်းနှင့် စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ ၊ ကျောက်မျက်ရတနာ  ကဏ္ဍနှင့် သက်ဆိုင်သော အချက်အလက်များကို သင်ကြားပို့ချခဲ့ ကြောင်း၊ သင်တန်းသားများ အနေဖြင့် အဆိုပါ သင်တန်းမှ တရားမဝင်ကုန်သွယ်မှုပပျောက်စေရေးနှင့် စပ်လျဉ်း၍ အသိပညာများ ရရှိပါကြောင်း၊  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွား သင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၂ခုနှစ်၊ ဇွန်လ(၁၀) ရက်နေ့ ၊ညနေ(၁၅ : ၃၀ ) အချိန်တွင် အောင်မြင်စွာ သင်တန်းဆင်းပွဲ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း သိရပါသည်။

DOCA(ကယား)

 

 

ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့  

                 စားသုံးသူရေးရာဦးစီးဌာန၊  ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးသည် ၂၀၂၂  ခုနှစ်၊ ဇွန်လ (၈)ရက် နေ့နှင့်(၉)ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအ​ဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဆင့်ပွားသင်တန်း ၁/၂၀၂၂ တွင် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ  သင်တန်းသားများနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း (၃၁)ဦး တက်ရောက်ခဲ့ပါသည်။ 

           အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးညွန့်ဦးက စားသုံးသူ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူများ၏ တာဝန်များအား ရှင်းလင်းပြောကြားပြီး စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန် လိုအပ်ပါကြောင်း၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များနှင့် မိမိတို့နေ့စဉ်ဝယ်ယူ သုံးစွဲသည့် ကုန်ပစ္စည်းများအပေါ် ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိရေးကို လည်းကောင်း၊ TV များတွင် ကလေးများ အတုယူမမှားသင့်သော အလွန်အကြူး ချဲ့ကားကြော်ငြာနေသော ကြော်ငြာများနှင့် ပတ်သက်၍လည်းကောင်း၊ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော သင်တန်းသားများက သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြား၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

 

 

Pages

Subscribe to RSS - HighLight News