Main menu

HighLight News

Powered by Drupal

“မိတ္ထီလာမြို့ပေါ်ရှိ အထူးစျေးနှုန်းဖြင့် ရောင်းချနေသော စားအုန်းဆီဆိုင်များသို့ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း’’

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၂၅.၇.၂၀၂၂) ရက်နေ့ (၉:၃၀) အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် မိတ္ထီလာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့်ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီများအား ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့စားသုံဆီများ ရောင်းချပေးခြင်းဆောင်ရွက်ရာတွင် စားသုံးဆီတစ်ပိဿာလျှင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြစ်သော (၅၅၀၀) ကျပ်ဖြင့်  ပိဿာချိန် (၁၅၄၀) ပိဿာအား မိတ္ထီလာမြို့မစျေးနှင့် ရပ်ကွက်နေပြည်သူများသို့ ရောင်းချပေးခဲ့ပါကြောင်း သိရပါသည်။

DOCA(မန္တလေး)

“ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်ရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း’’

            စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၇-၂၀၂၂) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရမည်းသင်းမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းရောင်းချနေသောဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူစားသုံးသူစားသုံးသူများ ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့်အခြားဘာသာတွဲလျက် ဖော်ပြထားသော ကုန်စည်များကို ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်စုံဆိုင် (၁၀) ဆိုင်အား စစ်‌ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်း’’

             စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၂၂.၇.၂၀၂၂) ရက်နေ့ (၁၀:၀၀) အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်အဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်နှင့်ပူးပေါင်းအဖွဲ့တို့သည်  မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေ‌ရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေ‌‌ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို ရွက်ခဲ့ပါသည်။

          ဆေးဆိုင်များတွင် ဆေးဝါးလိုင်စင်များရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ Bell Plus ပလာစတာမှာ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registeration No (IR) များ ဖော်ပြထားခြင်းမရှိပဲ စျေးကွက်အတွင်း ရောင်းချလျက်ရှိနေခြင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံထားခြင်းမရှိပဲ Online ပေါ်တွင် ရောင်းချနေသည့် ထိုင်းနိုင်ငံမှ သုံးစွဲရန်မသင်းထုတ်ပြန်ထားသော ရသေ့ဆေး (သို့) ထိုင်း တိုင်းရင်းဆေးသည် စားသုံးသူများသုံးစွဲမိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ရောင်းချခြင်းမရှိစေရေး ယခုလို စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့ပြီး ဆေးအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် Up Date ဖြစ်သောဆေးများ ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသောကုန်ပစ္စည်းများနှင့် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ ဆိုင်တင်ရောင်းချရန် အသိပညာပေးခဲ့ပါသည်။

DOCA(မန္တလေး)

သာစည်မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ( ၂၀ ) ရက်နေ့  နံနက် (၁၀း၃၀) အချိန်တွင် သာစည်မြို့နယ်၊ မြို့မဈေးသို့သွားရောက်လေ့လာ၍ ဈေးဆိုင်များအတွင်း ရောင်းချလျက်ရှိသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

           သာစည်မြို့နယ်၊ မြို့မဈေးအတွင်း သွားရောက်စစ်ဆေးရာတွင် သာစည်မြို့နယ်တာဝန်ခံ ဦးသက်ချိုဦး (ဒု-ကြီးကြပ်ရေးမှူး)ဦးဆောင်သောအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့မဈေးအတွင်းရှိဈေးဆိုင်များအား မြန်မာဘာသာဖြင့်ဖော်ပြထားသည့် ကုန်စည်များကို ရောင်းချခြင်းရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးရန် အသိပေး‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

                ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ (၁၀း၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးခန်းတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးနေသောကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စားသုံးသူပြည်သူများအား မှန်ကန်စွာသိရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ပေးရေး ဥပ‌‌ဒေပြဌာန်းချက်များကို လိုက်နာပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းများကို ထုတ်လုပ်အသုံးပြုနိုင်ရေးနှင့် စားသုံးသူအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။

            ကုန်စည်များ ထုတ်လုပ်ရောင်းချရာ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရန် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားသည် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၇၃) အရ (၂) နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း (၂၀၀ )ထက် မပိုသောငွေဒဏ်ဖြစ်စေ ၊ ဒဏ် (၂) ရပ်လုံးဖြစ်စေ အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် စာသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။ဟောပြောပွဲကို နံနက် (၁၁း၁၅) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မကွေးတိုင်းဒေသကြီးအတွင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်

            မကွေးတိုင်းဒေသကြီးအတွင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည် ဖွဲ့စည်းနိုင်ရေးအတွက် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ မကွေးခရိုင်ဦးစီးမှူး၊ ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာအစည်းအဝေးခန်းမတွင် ပခုက္ကူခရိုင် ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြကြောင်းသိရှိရပါသည်။

            အဆိုပါတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ ဒေသအလိုက် ကုန်စည်ဒိုင်အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ ကျေးလက်နေတောင်သူများ လူမှုဘဝမြင့်မားတိုးတက်လာစေရေး၊ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ မကွေးတိုင်းဒေသကြီး ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှာ သက်တမ်းကုန်ဆုံးပြီဖြစ်၍ ပြန်လည် ဖွဲ့စည်းရာတွင်ဒေသစုံ၊ ကဏ္ဍစုံမှ ကုန်သည်စက်မှုလုပ်ငန်းရှင်များ စုံညီစွာ ပါဝင်ဖွဲ့စည်းနိုင်ရေး၊ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။

            ထို့တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာဝန်ထမ်း(၁၀)ဦး၊ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ စုစုပေါင်း (၄၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီး၊ စားသုံးသူအသိပညာပေးဆွေးနွေးပွဲသင်တန်း(၁/၂၀၂၂) ကျင်းပပြုလုပ်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိ ပညာပေးသင်တန်း(၁/၂၀၂၂)အား ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍သင်တန်းတွင် ဟောပြောဆွေးနွေးမည့် သင်တန်းသား/သူများမှ အလှည့်ကျ မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဟောပြောရန် အလှည့်ကျသည့် ဒုကြီးကြပ်ရေးမှူး ဦးမြင့်ကြည် မှ စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံ အဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေးဥပဒေဖြစ်ပေါ်လာပုံ၊ စားသုံးသူကာကွယ်ရေးနှင့် အသိ ပညာပေးလုပ်ငန်း များဆောင်ရွက်နေမှုများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုကြီးကြပ်ရေးမှူး ဒေါ်တင်လျမ်းဝေမှလည်း မိမိ တာဝန်ယူ ဆောင်ရွက်နေရသော မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲမှ လုပ်ငန်းတာဝန်များ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဒု-ဦးစီးမှူး ဒေါ်ဇင်ဝေဦးမှ စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူတာဝန်များ၊ စားသုံးသူတိုင်ကြား မှုဖြေရှင်းခြင်းဆိုင်ရာ ကိစ္စရပ်များအားလည်း ကောင်း၊ ဒု-ဦးစီးမှူး ဒေါ်ခင်စုစုမွန်မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည်များ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းများအား လည်းကောင်း Power Point များဖြင့် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ ဆွေးနွေးဟောပြောမှုများအပေါ် ပြန်လည်သုံးသပ်၍ လိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ ယခုကဲ့သို့ အလေ့အကျင့်များပြုလုပ်ပေးခြင်းအားဖြင့် မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းများ၊ စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အမှား အယွင်းမရှိ ကောင်းမွန်စွာ ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာ စကားပြောကြားကာ ဆွေးနွေးပွဲအား (၁၅:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများ နှင့် ဌာနခွဲတာဝန်ခံများ၊ အရာထမ်း/ အမှုထမ်းများ စုစုပေါင်း(၄၅)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
DOCA(မကွေး)

“မော်လမြိုင်ကုန်စည်ဒိုင်နှင့် မွန်ပြည်နယ်အတွင်းရှိ ကွမ်းသီးနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းရှင်များ မိတ်ဆက်တွေ့ဆုံပွဲကျင်းပ”

           ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက် ၊နေ့လည် (၁း၀၀) မှ ညနေ (၃း၀၀) အချိန်ထိ မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ မော်လမြိုင်ကုန်စည်ဒိုင်သည် ကွမ်းသီးနှင့်ဆက်စပ်လုပ်ငန်းရှင်များအကြား အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုအားကောင်းလာစေရန်နှင့် ကွမ်းသီးနှင့်ဆက်စပ်စီးပွားရေးလုပ်ငန်းကဏ္ဍများ းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မိတ်ဆက်တွေ့ဆုံပွဲကို ကျင်းပခဲ့ရာ အဆိုပါတွေ့ဆုံပွဲသို့ စုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ကြသည်။

          ဆွေးနွေးပွဲရလဒ်အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ ကွမ်းသီးနှင့်ဆက်စပ်စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့၏သက်ဆိုင်ရာကဏ္ဍအလိုက် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ကြပြီး မော်လမြိုင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်းကာ အဖြေရှာဆွေးနွေးနိုင်ခဲ့သည်။ မော်လမြိုင်ကုန်စည်ဒိုင်အသင်းဝင်များနှင့် အခြားသောဆက်စပ်စီးပွားရေးလုပ်ငန်းရှင်များပါဝင်သော Social Media တစ်ခုဖြစ်သည့် Viber Group အား ဖွဲ့စည်းပေးနိုင်ခဲ့သည်။ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ကွမ်းသီးလုပ်ငန်းရှင်များနှင့် ကွမ်းသီးသယ်ဆောင်ပေးနေသော ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းရှင်များအားလုံး၏ သဘောတူညီမှုဆန္ဒအရ အသင်းဝင်များကို စုစည်းနိုင်ခဲ့ပြီး အမြန်ဆုံး “ကွမ်းသီးစိုက်ပျိုးတင်ပို့ရောင်းချသူများအသင်း” ဖွဲ့စည်းသွားကြရန် ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုကို ရရှိခဲ့ကြကြောင်း သိရှိရသည်။

DOCA(မွန်)

ကော့မှူးမြို့နယ်၊ မကျီးတန်းရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

               စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ဇူလိုင်လ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကော့မှူးမြို့နယ်၊ မကျီးတန်းရပ်ကွက်အတွင်းရှိ ရပ်ကွက်သူ၊ ရပ်ကွက်သားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး းဟောပြောခဲ့ပါသည်။

        မြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူအများပြည်သူတို့၏ စားသုံးသူအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန်အတွက် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေတစ်ရပ်ကို (၂၀၁၄) ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ယင်းဥပဒေတွင် ခေတ်နှင့်မလျော်ညီသည့် ပြဌာန်းချက်များ းပါဝင်နေသည့်အတွက် (၂၀၁၉) ခုနှစ်တွင် ဥပဒေအဟောင်းကို ရုပ်သိမ်းပြီး စားသုံးသူကာကွယ်ရေးဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉)၊ (၂၀၁၉) ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ထပ်မံပြဌာန်းလိုက်သည်။

     စားသုံးသူကာကွယ်ရေးဥပဒေတွင် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၎င်းကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များထဲမှ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းသုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်သည်။

       စားသုံးသူအများပြည်သူတို့အား ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူပြည်သူများအနေဖြင့် အမှန်တကယ်နစ်နာဆုံးရှုံးမှုများအပေါ် စားသုံးသူသတင်းအချက်အလက်နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားပါကြောင်း အသေးစိတ် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)        

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကျုံတုံးအုပ်စု၊ မကျီးကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် (၁၈.၇.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံက စားသုံးသူပြည်သူ (၅၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် အခန်း (၂၅) ခန်း၊ ပုဒ်မ (၈၄) ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၂) ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ဥပဒေတွင်ပါရှိသော စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း  စည်သည်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News